carrier logo မှာ မိမိတို့ပုံလေးတွေ အစားထိုးထည့်ကြရအောင်..
၁.ပထမဆုံးမိမိရဲ့ဖုန်းဟာ Jailbreaken ဖြစ်နေရပါမယ်
၂.iFile ရှိထားရပါမယ်
၃.zepplin ရှိထားရပါမယ်
၎.photo editor တခုခုရှိတားရပါမယ်..
iFile နဲ့ Zepplin ကို Cydia ကနေfree install လို့ရပါတယ်
photo edit လုပ်ဖို့အတွက် PE-Fotolr ကို Apple Store မှာ free ဒေါင်းယူနိုင်ပါတယ်..
အိုခေ. အားလုံးအဆင်သင့်ဖြစ်ပီဆိုရင် စလိုက်ရအောင်...
ပထမအဆင့်>> photo editor ကိုအသုံးပြုပြီး မိမိအသုံးပြုမည့်ပုံကို size >> Height 40 , Width 50 or 80 ထိရအောင် ပုံသေးလေးဖန်တီးရပါမယ် ပီးရင် save to camera roll နဲ့ save ထားလိုက်ပါ.အိုခေ..ပုံရပီဆိုရင် iFile ကိုသွားပါမယ်.
iFile >var >mobile > Media > DCIM > 100APPLE မှာ အခုနကလုပ်ထားတဲ့ ပုံလေး ဟိုးးးးးအောက်ဆုံးမှာ ရှိနေမှာပါ..သေခြားအောင် image Viewer နဲ့ ကြည့်လိုက်ပါ..မှန်တယ်ဆိုရင် အဲ့ပုံလေးကို copy ကူးပါ...ပီးရင် back ပြန်ထွက်လိုက်ပါ..
ဒုတိယအဆင့် >> iFile > Library > Zepplin မှာ Edit ကိုနှပ်ပီး Folder အသစ်တခုဆောက်ရပါမယ်... မိမိကြိုက်တဲ့ နံမည်ပေးလိုက်ပါ..ပီးရင် အဲ့ folder ထဲကို ခုနက ကူးလာတဲ့ ပုံကို paste ကပ်လိုက်ပါ သုံးခါ paste ကပ်ရပါမယ်... ပထမပုံကို black@2x.png လို့နံမည်ပေးရပါမယ် ဒုတိယပုံကို etched@2x.png ပါ တတိယပုံကို silver@2x.png လို့နံမည်ပေးလိုက်ပါ...ဒါဆိုရင်အားလုံးပြီးဆုံးသွားပါပီ...back ပြန်ထွက်ပီးး
setting > zepplin > Theme မှာ ကြည့်လိုက်ပါ..အခုလုပ်လိုက်တဲ့ပုံလေးရောက်နေပါလိမ့်မယ်
ကြယ် တာ ရာ

0 comments:
Post a Comment