သိပ်ချစ်ခဲ့ဖူးတဲ့သူတွေက
ချစ်သူနဲ့ အကြောင်းအမျိုးမျိုးကြောင့်
ကွဲကွာသွားတဲ့အခါ
တချို့က အချစ်သစ်ကို
ဦးဏှောက်နဲ့သာ ရွေးချယ်ကြတော့တယ်
တချို့ကတော့ အချစ်သစ်ကိုရှာဖွေရမှာ ကြောက်သွားကြတယ်
တချို့ကတော့ အချစ်သစ်ရဲ့စစ်မှန်တဲ့ချစ်ခြင်းမှာ ပျော်ရွှင်ကြည်နူးရတယ်
သေချာတာကတော့
အသည်းမကွဲဖူးတဲ့သူဆိုတာ မရှိသလောက်နီးပါးပါပဲ
သင့်ရဲ့ နောက်ထပ်အချစ်ဟာ
တတိယအမျိုးအစားဆိုရင် တော့
သာယာကျေနပ်ဖွယ်ကောင်းတဲ့ သက်တံ့ရောင်အနာဂါတ် ပေါ့

0 comments:
Post a Comment