Breaking News
Loading...

အမေ မျက်ကန်းမကြီး

1/04/2014 02:47:00 pm
ကျနော့အမေဟာ မျက်စိတစ်ဖက်ကန်းနေခဲ့တယ်… ။ ကျနော်သူ့ကို သိပ်မုန်းတာပဲ… ကျနော့ဘဝတစ်လျှောက်လုံးအတွက် အရှက်တကွဲဖြစ်စေခဲ့တဲ့..အမေ…။

ကျနော် မူလတန်းကျောင်းတက်နေတုန်းက တစ်နေ့မှာ အမေ ကျနော့ကိုလာတွေ့တယ်…။ ကျနော်ရှက်လိုက်တာဆိုဗျာ…။ သူဘာလို့အဲ့လိုလာတွေ့ခဲ့ရတာလဲ… ။ ကျနော်မသိချင်ယောင်ဆောင်နေခဲ့လိုက်တယ်… ဒေါသတကြီး မျက်စောင်းတစ်ချက်ထိုးပစ်ခဲ့ပြီး ထွက်ပြေးသွားလိုက်တယ်…။ ထင်တဲ့အတိုင်းပဲ…နောက်တစ်နေ့ကျောင်းရောက်တော့ အတန်းထဲကသူငယ်ချင်းတွေလှောင်တော့တာပဲ…

“ဟား…ဟား … ငရန်မန်ကန်းမကြီးရဲ့ သားလာပြီဟေ့… ဟား…ဟား…ဟား”

ကျနော် ကိုယ့်ကိုယ်ကိုယ်သာ သတ်သေလိုက်ချင်တော့တယ်ဗျာ…။ ဒီအမေ လောကထဲ မရှိတော့ရင်ကောင်းမှာပဲလို့လဲ တွေးခဲ့မိတယ်..။ အဲ့ဒီနေ့မှာပဲ... အမေ့ကို ထိပ်တိုက်ရင်ဆိုင်တွေပြီးပြောလိုက်တယ်…

“ အမေ…ခင်ဗျားက ကျုပ်ကို သူများဟားစရာကောင် ဖြစ်အောင်လုပ်နေတာလား… ခင်များ မသေသေးဘူးလားဗျာ…”

အမေ ကျနော့ကိုဘာမှပြန်မပြောခဲ့ပါဘူး…။ ကျနော်လည်းဒေါသကထွက်နေတော့…ကိုယ့်ပါးစပ်ကိုယ် ဘရိတ်မအုပ်နိုင်ခဲ့ဘဲ စိတ်ထဲရှိတဲ့အတိုင်းပြောပစ်ခဲ့တယ်…။ အမေဘယ်လို ခံစားခဲ့ရမယ်ဆိုတာတောင် သတိမထားမိခဲ့ဘူး…။
ကျနော် ဒီအိမ်မှာဆက်မနေချင်တော့ဘူး…။ ဒီအမေနဲ့လည်း မပက်သက်ချင်တော့ဘူး…။ ဒါ့ကြောင့် ကျနော်စာကိုဖိကြိုးစားခဲ့တယ်… စကောလားရှစ်ရပြီး နိုင်ငံခြားသွားနိုင်အောင်ပေါ့…။

ဒီလိုနဲ့ ကျနော်အရွယ်လေးရောက်လို့ အိမ်ထောင်ရက်သားကျတော့… အိမ်တစ်လုံးဝယ်လိုက်ပြီး…ခွဲနေခဲ့တယ်…။ သားသမီးလေးတွေလည်းရလာခဲ့တယ်…။ ကျနော့ရဲ့ မိသားစုနဲ့ ကျနော့စည်းစိမ်တွေနဲ့ ဘဝကသာယာပျော်ရွှင်ဖွယ်ကောင်းခဲ့ပါတယ်…။

တစ်နေ့မှာတော့ အမေကျနော့အိမ်ကို လာလည်တယ်…။ သူနဲ့မတွေဖြစ်တာလည်း နှစ်နဲ့ချီကြာခဲ့ပြီလေ…သူ့မြေးလေးတွေကိုတောင်သူတစ်ခါမှ မမြင်ဖူးသေးဘူး…။

အမေ ကျနော့အိမ်ရှေ့ ရောက်တော့ ကလေးတွေက ဝိုင်းရယ်ကြတယ်…။ ကျနော်ကတော့ မခေါ်ဘဲလာရမလားဆိုပြီး အော်လွှတ်လိုက်တယ်..။

“ သြော်…ခင်များက ကျုပ်အိမ်ထိတောင်လာရဲသေးတယ်ပေါ့…ကျုပ်ကလေးတွေလန့်အောင်လာခြောက်တာလား…သွား…ကျုပ်အိမ်ရှေ့ က ခုထွက်သွား…”

လို့ အော်ဟစ်လိုက်တယ်…။ အမေကတော့… မပွင့်တပွင့်ပြန်ဖြေပါတယ်…

“ တောင်းပန်ပါတယ်ကွယ်… လိပ်စာမှားသွားလို့ပါ…”

ဆိုပြီး ထွက်သွားခဲ့ပါတယ်…။

တစ်နေ့… ကျနော်နေခဲ့တဲ့ကျောင်းက အာစရိယပူဇော်ပွဲ ကျောင်းသားဟောင်းများတွေဆုံပွဲ အတွက်ဖိတ်စာတစ်စောင်ရောက်လာပါတယ်…။ ကျနော်လည်း မိန်းမကို အလုပ်အတွက်ခရီးသွားဖို့ရှိတယ်လို့ လိမ်ပြီး ကျနော်မြို့ လေးဆီ ခရီးထွက်ခဲ့တယ်…။ အာစရိယပူဇော်ပွဲပြီးတာနဲ့ ဘာရယ်မဟုတ် အမေ့ရဲ့ တဲစုတ်ကလေးဘက်ဆီ ထွက်လာခဲ့တယ်…။

အိမ်နီးနားချင်းတွေက ပြောတယ်…။ ကျနော့အမေ ဆုံးပြီတဲ့…။ ကျနော်မျက်ရည်မကျခဲ့ပါဘူး…။ နောက်ပြီး ကျနော်လာရင်ပေးဖို့ဆိုပြီး ထားခဲ့တဲ့ စာလေးတစ်စောင်ကို လည်းရခဲ့တယ်…။ စာလေးကိုဖောက်ဖတ်ကြည့်တော့…
...
...
...

" သို့...

အမေချစ်တဲ့သားလေး…

ငါ့သားကို အမေ တစ်ချိန်လုံးသတိရနေခဲ့တာ… အမေ တောင်းပန်ပါတယ်ကွယ်… သားအိမ်ကိုလာပြီး သားကလေး..အမေ့မြေးလေးတွေကို ခြောက်လှန့်သလိုဖြစ်ခဲ့တာ…
သားအာစရိယပူဇော်ပွဲကျရင် ပြန်လာမယ်ဆိုတာအမေကြားတော့ အမေဝမ်းသာလိုက်တာသားရယ်… ဒါပေမယ့် သားကိုလာတွေ့ဖို့ ဖြစ်နိုင်မှာမဟုတ်ဘူး…အမေအိပ်ယာထဲက ထနိုင်မှာမဟုတ်ဘူး…။
သားကိုအမေ တောင်းပန်ပါတယ်ကွယ်… အမေက သားကြီးပြင်းလာတဲ့တစ်လျှောက်လုံး သားအတွက်အရှက်ရစရာတွေ ဖြစ်စေခဲ့တဲ့အတွက်ပေါ့…။

သားသိရဲ့ လား …သား ဟိုးငယ်ငယ်လေးတုန်းကပေါ့…မတော်တဆမှုတစ်ခုကြောင့်သား မျက်လုံးထိခိုက်ပြီး…သားမျက်စိကြည်လွှာပျက်စီးသွားတယ်…မျက်စိတစ်ဖက်တည်းနဲ့ သားဘဝတစ်လျှောက်လုံးစခန်းသွားရမှာကို အမေ..ဘယ်ကြည့်ရက်ပါ့မလဲသားရယ်…အမေ့မျက်ကြည်လွှာကိုအစားထိုးပေးခဲ့တယ်…လောကရဲ့  မြင်ကွင်းစုံကို အမေ့အစား အမေချစ်တဲ့သားလေး မြင်ခွင့်ရတဲ့အတွက် အမေဂုဏ်ယူတယ်..သား…
သားကအမေ့အချစ်ဆုံးပါ …သားရယ်..
သားရဲ့  အမေ…”

အမေ့စာကို ဖတ်ပြီးချိန်မှာတော့ ကျနော့အာရုံထဲမှာ …ကမ္ဘာကြီးသွက်သွက်ခါသွားပါတော့တယ်….။ ။


Copy by-For the soul

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 
Toggle Footer