Breaking News
Loading...

အစိမ်းသက်သက် လမ်းခွဲခဲ.သူ

1/11/2014 03:00:00 pm

ငါသိတယ်
ပင်လယ်ကြီးရဲ့ မာယာတွေအကြောင်း
တောင်တန်းတွေရဲ့  တည်မြဲခြင်းအကြောင်း
ကြယ်စင်တွေရဲ့  ကကြိုးတွေအကြောင်း
နှင်းဆီကိုယ်ပေါ်က ဆူးတွေရဲ့အကြောင်း
ပြောင်းလဲတတ်တဲ့  တိမ်တွေရဲ့အကြောင်း
ခုနှစ်ရောင်ခြယ်  သက်တံတွေအကြောင်း
လှည့်စားတတ်တဲ့  လောကကြီးအကြောင်း
ပျက်စီးလွယ်တဲ့  ကတိတွေရဲ့အကြောင်း
သစ်ရွက်တွေညည်းတဲ့  သီချင်းတွေရဲ့အကြောင်း
ဒါပေမယ့်...
ခုထက်ထိ ငါ မသိသေးတာ
နင် ဘာလို့များ အစိမ်းသက်သက်
ငါ့ကို လမ်းခွဲခဲ့သလဲ ဆိုတာကိုပေါ.  ချစ်သူ
အရင်လို မဆိုင်တော.မှန်း သိပေမယ်.
ပိုင်ဆိုင်ခွင်.ရှိတဲ. အလွမ်းနဲ.ပဲ ကျေနပ်ပါတယ်
နင်ပို.ပေးဖူးတဲ.massage ဟောင်းလေးဖတ်ပြီး
ထပ်မရနိုင်တော.တဲ. ပျော်စရာချိန်လေးတွေ
ပြန်တမ်းတရင်း နင်.ကို လွမ်းနေပါရစေ
မသက်ဆိုင်တော.တဲ. တို.နှစ်ယောက်ရဲ.
အတိတ်က အမှတ်တရလေးတွေ
နင်ထားခဲ.တဲ. အလွမ်းတွေနဲ.သာ
ငါလွမ်းပါရစေဟာ........
ဝေးခဲ့ပေမယ့်လည်း
အစားထိုး မရတဲ့ နှလုံးသားက
ခုထိ နင့်တယောက်တည်းကိုပဲ
မုန်းမရ ချစ်နေမိသေးတယ် ဆိုတာ...

အားမိန်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 
Toggle Footer