Samsung မှ အလယ်အလတ်တန်းစား Galaxy Core Advance စမတ်ဖုန်း အားကြေညာ

12/17/2013 03:48:00 pm


 Samsungက ၁၆-၁၂-၂၀၁၃ တနင်္လာနေ့တွင် အလယ်အလတ်
တန်းစားစမတ်ဖုန်းဖြစ်သော Galaxy Core Advance အားကြေညာလိုက်
သည်။

မျက်နှာပြင် 4.7 လက်မ WVGA Display ဖြစ်ပြီး နောက်ကျော်ဖက်
သည် "Soft Feel" ဟုခေါ်ဆိုသောနူးညံ့သည့် ကာဗာဖြင့်အုပ်ဖုံးထားကာ
နွေးထွေးနူးညံ့သော အတွေ့အထိဖြင့် အကြမ်းခံနိုင်မှာဖြစ်ပါတယ်။သက်
သောင့်သက်သာကိုင်တွယ်နိုင်စေရန်ပြုလုပ်ထားခြင်းလည်းဖြစ်သည်။

မကြာခဏသုံးစွဲရသော Home,Back စသည်တို့ကို ခလုတ်များဖြင့်
ပြုလုပ်ထားပြီး Voice Recorder, Camera,Volume,Menu,Home,Power စည့်ခလုတ်များပါဝင်သည်။

ချိတ်ဆက်မှုပိုင်းအနေဖြင့် Bluetooth 4.0,နေရာကိုပိုမိုတိကျစေ
သည့် GLONASS နည်းပညာဖြင့်အဆင့်မြှင့်တင်ထားသည် GPS, S Beam စနစ်ပါဝင်သည့် NFC စသည်တို့ပါဝင်သည်။အခြားသော Galaxy Series စ
မတ်ဖုန်းများကဲ့သို့ပင် S Voice, S Translator, Sound & Shot, Group Play နှင့် Easy Mode များပါဝင်သည်။ထို့ပြင် မျက်မမြင်နှင့်မျက်စိမှုန်ဝါးသူ
များပါသုံးစွဲနိုင်စေရန်လည်း အထူးပြုလုပ်ထားသည်။

အရောင်က တော့ Deep Blue နှင့် Pearl White တို့ကိုရရှိနိုင်မှာ
ဖြစ်ပါတယ်။

Processor ကတော့ 1.2 GHz Dual Core သုံးစွဲထားပြီးRAM က1GB ဖြစ်ကာ သိုလှောင်မှုပိုင်းအတွက် Internal Memory က 8GB ပါဝင်မှာဖြစ်ပါတယ်။ထို့ပြင် micro SD ကဒ်မှလည်း 64 GB အထိ ထပ်မံ
ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

OS ကတော့ Android 4.2 သုံးစွဲထားပြီး GSM ကွန်ရက်လိုင်းများ
အတွက်သုံးနိုင်မှာပါ။ဘက်ထရီကတော့ 2000 mAh သိုလှောင်နိုင်စွမ်းရှိပြီး
ကင်မရာ Resolution ကတော့ 5MP AF ဖြစ်ပါတယ်။အထူကတော့ 9.7mm ဖြစ်ပြီး အလေးချိန် က 145g ဖြစ်ပါတယ်။

2014 အစောပိုင်းလောက်မှာဈေးကွက်မှာတင်သွင်းရောင်းချသွားမယ်
ိလို့ Samsung ကဆိုထားပါတယ်။

အခြားပါဝင်သော Feature များမှာ Optical Scan, Light Sensing technology, Instant Voice Recorder, Screen Curtain, Voice Guided Camera တို့ပဲဖြစ်ပါတယ်။

ဈေးနှုန်းကတော့မသတ်မှတ်ရသေးဘဲ အလယ်အလတ်တန်းဈေးနှုန်း
လောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။

Ref: http://global.samsungtomorrow.com/?p=31300

===========================

Nyein Chan (TSJ Tech Team)

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

Related Posts Plugin for WordPress, Blogger...
 
Toggle Footer