Breaking News
Loading...

ငါနားလည်တဲ.အချစ်

1/01/2014 11:51:00 am

စွန်တစ်ကောင်လို လွင့်မျောနေတဲ့

ငါရဲ့စိတ်ကို မင်းရဲ့အချစ် ....

ကြိုးစလေးနဲ့ ချည်နှောင်လိုက်မယ်ဆိုရင်

မင်းရဲ့အချစ်ကို ငါမခံစားတတ်ဘူး...


ကျောက်ဆစ်ရုပ်တစ်ခုလို တည်ငြိမ်နေတဲ့

ငါရဲ့စိတ်တွေကို ထိန်းချုပ်ချင်နေတဲ့ ...

မင်းရဲ့အချစ်အတွက် ခံစားချက်မရှိတော့ဘူး ...


ငါနားလည်ထားတဲ့ အချစ်ဆိုတာ

ထိန်းချုပ်ထားတဲ့ အချစ်မဟုတ်ဘူး

နူညံ့မှုပေးတဲ့ အချစ်ဆိုတာကို

ငါသိလိုက်တယ် .....

နူညံ့မှုတဲ့ အချစ်က သီချင်းတစ်ပုဒ်ကို

ခံစားရသလိုမျိုးလို့ ထင်တယ်......


အချစ်ဆိုတာ နားလည်ရင် ပျော်ရွှင်စရာ...

အချစ်ဆိုတာ နားမလည်ရင် ကြောက်စရာ...

အရာရာကို အချစ်နဲ့နှိုင်းရင် ရှုံးတတ်တယ်...

အချစ်ရှိရင် အရာအားလုံးဟာ ပြည့်စုံနေတယ်လို့ထင်တယ်........

လွမ်းလေး
 
 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 
Toggle Footer