Dysentery ဝမ်းကိုက်ရောဂါ


                       



အင်္ဂလိပ်လို Bloody diarrhoea သွေးဝမ်းသွားတယ်လို့ အရေးများတယ်။ ဆေးစာနဲ့ဆို Dysentery ခေါ်တယ်။ WHO ကနေသတ်မှတ်ထားတာက ဝမ်းအရည်သွားပြီး သွေးပါတာတဲ့။ အမေရိကန် CDC ကတော့ ဝမ်းသွားတာထဲမှာ မြင်သာတဲ့သွေး ပါနေတာကို သတ်မှတ်တယ်။

ကူးစက်ရောဂါဖြစ်တယ်။ စအိုကထွက်-ပါးစပ်က ဝင်လာတာဖြစ်တယ်။ ဗက်တီးရီးယားပိုးကနေဖြစ်ရင် Bacillary dysentery လို့ခေါ်ပြီး Entamoeba histolytica (အမီးဘား) ပိုးကနေဖြစ်ရင် Amoebic dysentery လို့ခေါ်တယ်။ တခြား E coli, Salmonella နဲ့ Campylobacter ပိုးတွေကနေလဲဖြစ်တယ်။ ဒါ့အပြင် သန်ကောင်တွေ၊ ဓါတုဆေး နဲ့ ဗိုင်းရပ်စ် တွေကနေလဲ ဖြစ်နိုင်သေးတယ်။ ဝမ်းကို ဓါတ်ခွဲခမ်းမှာ စစ်ရင် အတိအကျ သိရမယ်။

အများဆုံးဖြစ်စေတာ Shigella ဗက်တီးရီးယားကြောင့်ပါ။ Bacillary dysentery ခေါ်တယ်။ သူ့ဖါသူပျောက်နိုင်တယ်။ Amoeba Entamoeba histolytica ကြောင့်ဖြစ်တာကို Amoebic dysentery ခေါ်တယ်။ ဆိုးတယ် နောက်ဆက်တွဲ ရောဂါတွေ ဆက်ဖြစ်တတ်တယ်။ ဥပမာ အသဲရောင် (အသားမဝါ)၊ ဦးနှောက်ရောင်။

ဝမ်းခဏခဏသွားမယ်၊ သွားရင် ဗိုက်ရစ်ပြီး နာမယ်။ သွေးက မများဘူး။ ဝမ်းမှာ အကျိအချွဲပါမယ်။ တချို့မှာ ကိုယ်နဲနဲပူတတ်တယ်။ တချို့က ကိုယ်မပူဘူး။ တချို့မှာ နဲနဲသာခံရပြီး တချို့ကြ ဆိုးလှတယ်။ ရက်တိုသူ၊ ရှည်သူ ရှိတယ်။ အူမကြီးမှာ ရောင်တာ၊ နာတာ၊ ဝမ်းခဏခဏသွားမယ်။ ဝမ်းထဲသွေးပါမယ်၊ ကိုယ်ပူမယ်၊ ဗိုက်နာမယ်၊ အားယုတ်မယ်။

ဘယ်လိုကုမလဲ။ ရေများများသောက်ပါ၊ ဓါတ်ဆားရည်သောက်ပါ။ နားပါ။ တကိုယ်ရေ သန့်ရှင်းရေး ပိုလုပ်ပေးပါ။ ပါးစပ်ထဲဝင်တာ မှန်သမျှ ဂရုစိုက်ပါ။ ရေသန့်မယ်၊ အစားအစာသန့်မယ်ဆိုရင် မဖြစ်နိုင်တော့ပါ။ ပူအောင်လုပ်ထားတဲ့ အစာထဲ၊ ရေထဲမှာ ပိုးမပါနိုင်ပါ။

(၁) Bacterial dysentery ဗက်တီးရီးယား ဝမ်းကိုက်ရောဂါအတွက် -
• Ceftriaxone 250 mg ကနေ 2 grams အထိ၊ တနေ့ တကြိမ်ကနေ ၂ ကြိမ်ခွဲပေးတယ်။ ၇-၁၄ ရက်။ ကလေးတွေဆိုရင် 50-100 mg/kg တနေ့ တကြိမ်ကနေ ၂ ကြိမ်ခွဲပေးတယ်။ ၇-၁၄ ရက်။
• Ciprofloxacin 500 mg ကို ၁၂ နာရီတခါ၊ ၅-၇ ရက်။
• Trimethoprim-sulfamethoxazole (Bactrim, Septra, Septrin) တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၁ဝ-၁၄ ရက်။

(၂) Amebic dysentery (အမီးဘား) ဝမ်းကိုက်ရောဂါအတွက် -
• Amebic dysentery (အမီးဘား) ဝမ်းကိုက် = Metronidazole 750 mg တနေ့ ၃ ကြိမ်၊ ၅-၁ဝ ရက်။

Metronidazole (Flagyl) ဆေးအကြောင်းလေးပါ ထည့်ရေးပါရစေ။ အသုံးလဲများ ဆေးအဆလဲ ကွာခြားလို့ပါ။ ရောဂါအတော်များများမှာ သုံးတယ်။

• Amebic Giardia (ဂိုင်ယားဒီယား) ပိုးကြောင့် ဝမ်းပျက်ခြင်း = 250 mg တနေ့ ၃ ကြိမ်၊ ၅ ရက်။
• Amebic gingivitis (အမီးဘား) သွားဖုံးရောင်၊ Metronidazole 400 mg TDS x 5-7 days
• Amebic liver abscess (အမီးဘား) အသဲပြည်တည်ခြင်း = Metronidazole 250 မှ 750 mg တနေ့ ၃ ကြိမ်၊ ၅-၁ဝ ရက် သောက်ပါ။
 
• Amebic Urethritis (ဂိုင်ယာဒီးယား) ပိုးဝင်၍ ကျား-မ ဆီးပြွန်ရောင်ခြင်း၊ Metronidazole 500 mg BD x 7 days
• Anaerobic Bacterial Infections လေမကြိုက်တဲ့ ပိုးကြောင့် အူမကြီးရောင်ခြင်း၊ ထိုးဆေး 500 mg TDS (30 mg/kg/dose) IV တနေ့ ၃ ကြိမ်။ စားဆေး = 7.5 mg/kg တနေ့ ၄ ကြိမ်၊ ၇-၁ဝ ရက်။ တနေ့မှာ 4 grams ထက်မပိုရ။
 
• Bacterial Vaginosis မွေးလမ်းရောင်ခြင်း = Metronidazole 750 mg တနေ့ ၁ ကြိမ် ၇ ရက် သောက်ပါ။ Metronidazole Vaginal cream တနေ့ ၁=၂ ကြိမ် ၅ ရက် ညအချိန်မှာ မွေးလမ်းထဲ ထည့်ပါ။
• Clostridium difficile infection (ကလောဆထွိုင်ဒီးယား) ဝမ်းပျက်ရောဂါ = 250-500 mg တနေ့ ၄ ကြိမ်၊ ဒါမှမဟုတ် 500-750 တနေ့ ၃ ကြိမ်။
• H pylori infections အစာအိမ်အနာ Metronidazole 800-1500 mg နေ့စဉ် + ကို Clarithromycin and Omeprazole နဲ့တွဲပေးသည်။
 
• Pelvic inflammatory disease (PID) တင်ပါးဆုံတွင်း အင်္ဂါတွေရောင်ခြင်း = 500 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်၊ အခြားဆေးများနဲ့ တွဲပေးပါ။
• Rosacea အရေပြားနီရဲနေတဲ့ရောဂါ လိမ်းဆေး = Gel 0.75-1% တနေ့တကြိမ် လိမ်းပါ။ Metronidazole ကလွဲရင် Diloxanide furoate, Paromomycin (Humatin), or Iodoquinol (Yodoxin) ဆေးတွေကိုလဲ သုံးပါသေးတယ်။ Traveler's diarrhea ခရီးသွားဝမ်းလျှောခြင်း၊ Metronidazole 250 mg TDS x 5-7 days
 
• Trichomoniasis ပိုးကြောင့် STD/STI လိင်ကတဆင့် (ထရွိုင်ကိုမိုးနပ်စ်) နှင့် (ဂိုင်ယာဒီယား) ပိုးများကြောင့် မွေးလမ်းကြောင်း-သားအိမ်ရောင်ခြင်း၊ Metronidazole 2 grams တခါထဲသောက်ပါ။ ဒါမှမဟုတ် 1 gram ကို ၂ ခါခွဲ တရက်ထဲ သောက်ပါ။ ဒါမှမဟုတ် တခါသောက်။ ဒါမှမဟုတ် 250 mg တနေ့ ၃ ကြိမ်၊ ဒါမှမဟုတ် 375 mg တနေ့ ၂ ကြိမ်၊ စုစုပေါင်း ၇ ရက် သောက်ပါ။
• ဦးနှောက်ပြည်တည်ခြင်း၊ Metronidazole 7.5 mg/kg orally QID not to exceed 4 grams daily + Penicillin or (Cefixime, Cefdinir, Cefoperazone, Cefotaxime, Cefpodoxime, Ceftazidime, Ceftizoxime, Ceftriaxone)

ဘေးထွက်-ဆိုးကျိုးများ၊ အစာအိမ်ရောင်၊ ပျို့-အန်၊ အစာမကျေ၊ FDA ကနေ Pregnancy (B) လို့ သတ်မှတ်ထားတယ်။ ဆိုလိုတာက အကျိုးဟာ ဘေးထွက်-ဆိုးကျိုးတက် ပိုရင် သောက်နိုင်တယ်။

Dr. Tint Swe

ဆီးချို ပျောက်တဲ့နည်းတဲ့



မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ဆီးချိုဖြစ် တဲ့လူရှိခဲ့ရင် ကူညီပြီးပြောပေးကြပါ အင်မတန်မှ လွယ်သူတဲ့ နည်းလေးပါဇူလိုင်လ ၂၃ ရက် ၂၀၁၃အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ရခြင်း ဖြစ်ပါသည်။ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ 

အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။... ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။ခါးတာကတော့ ရက်စက်တယ်။ 

အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။ သကြားပါသည့် အချိုများ မစားရပါ။ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ 

ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။တူသောအကျိုး ခံစားရပါစေ။

ဦးစန်းမောင် (မန်း)


https://www.facebook.com/photo.php?fbid=519384131492756&set=a.351047714993066

ရင်နင့်အောင်ခံစားရသော အဖြစ်အပျက်ကလေးတစ်ခု




တစ်နေ့မှာ ကျနော်လမ်းလျှောက်နေတုန်း ဖုန်းသံမြည်လာတယ်…
ဖုန်းကောက်ကိုင်လိုက်တော့ ဖုန်းသံထဲက ကြားရတဲ့အသံက နုနယ်တဲ့ မိန်းကလေးလေးရဲ့အသံလေးပါ…
“ဖေဖေ မြန်မြန် ပြန်လာတော…့လေ… မီးမီး ဖေ့ဖေ့ကို အရမ်းသတိရနေတယ်…”
အာရုံမှာ ချက်ချင်းသိလိုက်တယ်… ဒါဟာ ဖုန်းမှားနေတယ်ဆိုတာ…
ဒီခေတ်ဒီခါမှာ ဒါမျိုးဟာ မထူးဆန်းတော့ပါဘူး…

ကျနော်လဲ စိတ်မရှည်စွာနဲ့ဘဲ ပြောလိုက်တယ်… “ဖုန်းမှားနေပြီ” ဆိုပြီး ဖုန်းကိုချလိုက်တယ်…

နောက်ရက်တွေမှာလဲ ဒီဖုန်းနံပါတ်နဲ့ ခဏခဏ မှားဝင်လာတယ်…
စိတ်အနှောင့်အယှက် ဖြစ်လာတယ်… တခါတလေ စိတ်တိုပြီး အော်ပြောလိုက်တယ်…
တခါတလေ ဖုန်းမကိုင်ဘဲ ဒီတိုင်းထားလိုက်တယ်…

တနေ့မှာ အဲဒီဖုန်းနံပါတ်နဲ့ ခဏခဏ ဖုန်းဝင်လာတယ်… ခါတိုင်းနဲ့မတူတာက ဖုန်းမကိုင်မချင်းကို ခေါ်နေတော့တာဘဲ…
နောက်ဆုံးတော့လဲ ကျနော် ဖုန်းကို လက်ခံပြီးနားထောင်လိုက်တယ်…
ဟိုးဘက်က ကြားရတဲ့အသံလေးက တော်တော်လေးကို အားပျော့နေတဲ့ မိန်းကလေးလေးရဲ့အသံလေးပါ…



“ဖေဖေ မြန်မြန်ပြန်လာတော့လေ… မီးမီး ဖေဖေ့ကို သတိရတယ်… မေမေက ပြောတယ်… ဒီဖုန်းနံပါတ်မမှားဘူးတဲ့… ဖေဖေ ရဲ့ဖုန်းနံပါတ်ဘဲတဲ့… မီးမီး အရမ်းနာနေတယ်…
မေမေကပြောတယ်… ဖေဖေက အလုပ်အရမ်းများနေတယ်တဲ့… သမီးကို မေမေ တစ်ယောက်တည်းဘဲ ပြုစုနေတာ … မေမေလဲ တော်တော်လေးပင်ပန်းနေပြီ…
သမီးသိတယ်… ဖေဖေ အလုပ်အရမ်းရှုပ်နေတယ်ဆိုတာ… ဖေဖေ မလာနိုင်ရင်လဲ မီးကို ဖုန်းကနေဘဲ မွေးမွေး တစ်ချက်ပေးပါနော်…”

ကလေးလေးရဲ့ ရိုးသားလှတဲ့တောင်းဆိုမှုလေးကို ကျနော် မငြင်းဆန်နိုင်ခဲ့ဘူး…
ဖုန်းနားကို ကပ်ပြီး မွက်မွက် ဆိုပြီး မွေးမွေးပေးလိုက်တယ်…

ဟိုဘက်က ကလေးလေးရဲ့ ပြောနေသံလေးကိုကြားလိုက်ရတယ်…
“ကျေးဇူးဘဲ ဖေဖေ… မီး အရမ်းပျော်သွားပြီ… မီး ဖေဖေ့ကို အရမ်းချစ်တယ်”

ကျနော်ဒီဖုန်းကို စိတ်ဝင်စားလာတယ်…
ဖုန်ကောက်ဆက်လိုက်တော့ ဖုန်းကိုင်လိုက်တာက မိန်းကလေးမဟုတ်ဘဲ အသံလေးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသံ…
“အစ်ကို့ကို တောင်းပန်းပါတယ်… ဒီရက်ပိုင်းမှာ အစ်ကိုလဲတော်တော်လေး စိတ်ရှုပ်သွားမိလိမ့်မယ်…
ကျမ လုပ်စရာလေးတွေ ပြီးလို့ရှိရင် အစ်ကိုဆီ ဖုန်းဆက်ပြီး တောင်းပန်ဖို့ စီစဉ်းထားတယ်…
ဒီ ကလေးလေးရဲ့ ကံကြမ္မာ မကောင်းရှာဘူး… မွေကတည်းက မွေးရာပါ အရိုးကင်ဆာ ပါလာတယ်… သူ့ဖေဖေကလဲ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကား တိုက်မိလို့…
ဆုံးသွားတာ မကြာသေးဘူး… ဒီကိစ္စ သူ့ကို ပြောပြဖို့ ကျမမှာ အင်အားမရှိဘူး…
နေ့တိုင်း ဆေးတွေထိုးရတာ အမြဲတမ်းလိုလို နာကျင်နေပြီ… ကလေးလေးလဲ ဒီဒဏ်ကို တော်တော်လေးခံနေရပြီ…
နာကျင်မှုဝေဒနာ အဆိုးဆုံး အချိန်တွေမှာ သူ့ပါးစပ်ကနေ တတွတ်တွတ် အော်နေတာကတော့ အရင်က သူ့အနားမှာ သူ့ကို သတ္တိ ရှိဖို့ အမြဲတမ်း အားပေးနေတဲ့ သူ့ဖေဖေ ပါဘဲ…
ကျမလဲ မကြည့်ရက်တော့လို့ ဖုန်းနံပါတ် တစ်ခုပေးလိုက်တာ အစ်ကိုရဲ့ဖုန်းနံပါတ်ဖြစ်နေတာပါ”
“အဲ့ ကလေး အခု အခြေအနေဘယ်လိုနေသေးလဲ” ကျနော်သိချင်စောနဲ့ကောက်မေးလိုက်တယ်…

“မီးမီးလေး လူ့ဘ၀ကနေ ထွက်သွားပါပြီ… အစ်ကို အဲဒီ အချိန်တုန်းက သူ့ကို ဖုန်းထဲကနေ အနမ်းလေးပေးလိုက်ပုံရတယ်… ဟုတ်တယ်မဟုတ်လား… ဘာလို့လဲဆိုတော့ သူက ပြုံပြီး ထွက်သွားတာပါ…
ထွက်သွားခါနီး သူ့ရဲ့လက်သေးသေးလေးထဲမှာ “ဖေဖေ့” အသံကို ကြားနိုင်တဲ့ ဖုန်းကို မြဲမြဲ ဆုတ်ကိုင်ထားရှာတယ်…”

Zane
မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်ခုပါပဲ


https://www.facebook.com/photo.php?fbid=519110608186775&set=a.351047714993066.

နှစ်သစ် မှာ လူသစ် စိတ်သစ် ဘဝသစ် ကို ပိုင်ဆိုင် လို သူတွေ အတွက်


(၁) ကျန်းမာရေး ကောင်းအောင် ရေ များများ သောက်ပါ။
(၂) မနက်စာ ကို ရှင်ဘုရင် လို စားပါ။ နေ့လယ်စာ ကို သူဌေး လို စားပြီး ညနေစာ ကို သူတောင်း စား လို စားပါ။
(၃) သဘာဝ အစား အစာများ ကို များများ စားပါ။ ထုတ်လုပ်စာ များ ကို လျော့စား ပါ။
(၄) အလုပ် တစ်ခု လုပ်တော့ မယ် ဆိုရင် တွေးတော ဆင်ခြင် ပါ။
(၄) တရား ထိုင်ပါ။
(၅) အားကစား လုပ်ပါ။
(၆) စာဖတ် ပါ။
(၇) တိတ်ဆိတ် ငြိမ်သက် ပြီး စိတ်ကို လန်းဆန်း စေမည့် နေရာ မှာ တစ်နေ့ ကို ၁၀ မိနစ် ခန့် လောက် နေပေး ပါ။
(၈) တစ်နေ့ ကို ၇ နာရီ လောက် အိပ်ပေး ပါ။
(၉) တစ်နေ့ မှာ မိနစ် ၃၀ ခန့် လောက် လမ်းလျှောက် ပေးပါ။ လမ်းလျှောက် နေစဉ် မှာ ပြုံးပါ။
(၁၀) စိတ်တွေ အရမ်း မွမ်းကျပ် နေပြီး အလုပ် အတွက် ဘာမှ မကြံစည် နိုင်ဘူး ဆိုလျှင် စိတ်ကို လန်းဆန်း စေမည့် ခရီး တစ်ခု ထွက် လိုက်တာ ဟာ အကောင်း ဆုံး ဖြစ် ပါတယ်။
(၁၁) အလုပ် ကို ပုံမှန် လုပ်ပါ။ ဒီနေ့ နည်းနည်း လုပ်ပြီး နောက်နေ့ အများကြီး လုပ်တာမျိုး ကို ဖြစ်နိုင် ရင် ရှောင်ပါ။
(၁၂) အချိန်တိုင်း ကို တန်ဖိုး ရှိစွာ အသုံးချ ပါ။
(၁၃) တစ်ပါး သူ အောင်မြင် တာကို မြင်လျှင် မနာလို မဖြစ် ပါနဲ့။ မိမိ ကိုယ်တိုင် ကြိုးစား ပါ။
(၁၄) သူငယ်ချင်း တွေ အပေါ် မှာ အနစ်နာ ခံပါ။ ထိုသို့ အနစ်နာ ခံခြင်း ကြောင့် သင့်မှာ ပျော်ရွှင်မှု တွေကို ပိုမို ရရှိ စေနိုင် ပါတယ်။
(၁၅) ဘဝ ဟာ အလွန် တိုပါတယ်။ ဒါကြောင့် အမုန်းပွါး မှုတွေ ကို လျော့ ပြီး လူတိုင်း နှင့် တည့်အောင် ပေါင်းသင်း ဆက်ဆံ ပါ။
(၁၆) အရင် တုန်း က သူငယ်ချင်း တွေက ပေးခဲ့ သော လက်ဆောင် တွေကို သိမ်း ထား ပါ။ ထို လက်ဆောင် တွေ က နောင် တစ်ချိန် သင့် ကို ပျော်ရွှင် စေ ပါလိမ့် မယ်။
(၁၇) တစ်နေ့ တာ အတွက် များများ ပြုံးပါ။ များများ ရယ်ပါ။
(၁၈) အငြင်း အခုန် ဖြစ်လျှင် အလျော့ ပေးပါ။ အလျော့ ပေးခြင်း ဟာ သင့်စိတ် ကို သက်သာ စေပါတယ်။
(၁၉) အဝေး တစ်နေရာ ကို ရောက်နေ လျှင် မိသားစု ထံသို့ ဖုန်း ခဏ ခဏ ခေါ်ပါ။
(၂၀) အတွေး အခေါ် ကောင်းတဲ့ သူ ကောင်းသော အကြံဥာဏ် ပေးနိုင် သူ ထံမှ အကြံ ဥာဏ် ယူပါ။
(၂၁) ဖြစ်နိုင် လျှင် သူငယ်ချင်း တွေ အားလုံး ကို အဆက် အသွယ် မပြတ် ပါစေနဲ့။
(၂၂) အချိန်ပို တွေ သင့်မှာ ရှိတယ် ဆိုလျှင် အသက် ၇၀ ကျော် ဒါမှ မဟုတ် အသက် ၆ နှစ် အောက် သူတွေ နှင့် အတူ နေပါ။
(၂၃) နေမကောင်း ဖြစ် လျှင် အလုပ် မလုပ် ပါနဲ့။
(၂၄) မှန်ကန် သော နည်းလမ်းတွေ ကိုသာ ကျင့်ကြံ အားထုတ်ပါ။
( ၂၅) မနက်ခင်း အိပ်ယာ ထသော အခါ သဘာဝ အလှ အပ များ ကို ကြည့်ရှု ခံစားပါ။

မြန်မာ့ အလင်း

မြန်မာ အမျိုးကောင်းသမီးများ သိစေရန်အတွက် ( သ တိ ပေး ချက် )


အမျိုးသမီးငယ်များ ဂရုပြု ရှောင်ကြဉ်နိုင်စေဖို့ ပုံတွင် ဖော်ပြပါ
ဆေးအမျိုးအစားသည် အမျိုးသမီးများ သောက်သုံးမည့် အချိုရည် ၊ ရေ နှင့် အစားအသောက်များထဲသို့ ဆေးရေ နှစ်စက် သုံးစက်မျှ ထည့်သွင်းရုံဖြင့်
အမျိုးသမီးတို့၏ ကာမစိတ်ကို ပြင်းထန်လာစေသည်။ အရောင်၊ အနံနှင့် အရသာမရှိခြင်းတို့ကြောင့် လူငယ်ထုများ သုံးစွဲကြသည်ဟု ဆိုသည်။

ထို့ကြောင့် မိမိချစ်သူ ၊ အမျိုးသား သူငယ်ချင်းများ ကျွေးသော အစားအသောက်များကို အလွယ်တစ်ကူ စားသုံးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို ရှောင်လွဲ နိုင်ရန်စေရန် စေတနာဖြင့် အသိပေး ဖော်ပြလိုက်ပါသည်။

Credit To: ကြေးမုံသတင်းစာ

နှလုံသားရဲ.ငြီးတွားသံ



တမ်းတနေဆဲ........

လွမ်းနေဆဲ

ပြန်ရလိမ့်နိုး မျှော်လင့်ချက်တွေ ပွေ့ ပိုက်ရင်း

စောင့်မျှော်နေဆဲ...ချစ်သူ

အတိတ်တွေကလည်း

ငါ့အတွက်တော့ သစ်လွင်မြဲ

ခံစားဖူးတဲ့ ယုယခြင်းတွေလည်း

တောင့်တနေဆဲ

လတ်ဆတ်နေမြဲပဲ

လေပြေလေညှင်းလေးတွေကတဆင့်

ချည်နှောင်ခဲ့ ချစ်ခြင်းဖွဲ့ သံစဉ်တွေရဲ့ အကြား

ငါ့.....နှလုံးသားရဲ့  ငြီးတွားသံ

ကြားပါစေ.....ချစ်သူရယ်

သူစိမ်းတစ်ယောက်လို


ငိုနေလဲသူမသိပါဘူး

ရယ်နေလဲဘာထူးမလဲ

သူပေးခဲ့တဲ့ခဏတာအချစ်တွေ

အိပ်မက်လိုပဲပျောက်ကွယ်သွားခဲ့ပြီလေ...

ခုတော့...သူမဟုတ်သလိုပဲ

အကြည့်တွေကသူစိမ်းလို

သူ....ကျမကို...မသိတော့ဘူးထင်တယ်.

အကောင့်တစ်ခု စတင်ပြုလုပ်သည်မှစပီး အကုန် လုံခြုံစွာသုံးတတ်ရေး အကောင့်အခိုးမခံရအောင် ဆောင်ရန် ရှောင်ရန် နည်း

ဒီစာအုပ်လေးကတော့ အခုမှစသုံးတဲ့လူတွေရော သုံးတာကြာတဲ့ လူတွေအတွက်ပါ

အသေချာချာ ရေးပြထားပါတယ် ။အကောင့်တစ်ခု စတင်ပြုလုပ်သည်မှစပီး အကုန်

လုံခြုံစွာသုံးတတ်ရေး အကောင့်အခိုးမခံရအောင် ဆောင်ရန် ရှောင်ရန် နည်းတွေနဲ့ 

ချက်တင်ပိုင်းဆိုင်ရာ သူငယ်ချင်းပိုင်းဆိုင်ရာ အစုံအလင် ရေးပြထားတာမို့  လက်ရှိ

သုံးနေတဲ့သူများ အကောင့်ခဏခဏ ပျောက်သူများ ဖတ်သင်တဲ့စာအုပ်တစ်အုပ်ပါ

ကိုယ်နဲ့ အဆင်မပြေသူများ Block လုပ်နည်းနဲ့  ကိုယ့်စာမျက်နှာမှာ ညစ်ညမ်းပုံတွေ

မလိုအပ်တဲ့စာတွေ လာရောက်နှောက်ယှက် မရေးနိုင်အောင် ပိတ်ထားနည်းတွေ

အပြည့်အစုံရှင်းထားတာမို့  Facebook သုံးသူတွေအတွက် ဖတ်သင့်တဲ့ စာအုပ်ပ

အောက်ကလင့်မှာ ဒေါင်းလုပ်ယူဖတ်လိုက်ပါ


Facebook မှာ သူငယ်ချင်း List ကိုဖျောက်ချင်သူများ မေးလာတာဖြေရင်း


Facebook မှာ သူငယ်ချင်း List ကိုဖျောက်ချင်သူများ မေးလာတာဖြေရင်း

တိုက်ဆိုင်သူသုံးချင် အောက်ကနည်းအတိုင်းလုပ်ပါ လွယ်ပါတယ်နည်းက

ကိုယ့်ကဘယ်သူနဲ့ သူငယ်ချင်းဖြစ်နေလဲ ဘယ်သူတွေလဲ သူငယ်ချင်းက

ဘယ်လောက်များပီလဲ စပ်စုလို့ မရတော့ဘူး အဲ့တာ အရေးကြီးတယ်

ကျနော်ဆိုဖျောက်ထားတာ ကျနော်လည်း တခါတလေ စပ်စုဖူးတယ်

ငါ့ရည်းစား ဘယ်သူနဲ့  Friend ဖြစ်နေလဲ ဘယ်နှစ်ယောက်လဲပေါ့

အများကြီးအသုံးချရပါတယ် Own Privacy ပေါ့ လုပ်ချင်ရင်အောက်မယ်



ကိုယ့်Faceboo Wall သွားလိုက် Friend 3547 ဘာညာမြင်ရမယ်နှိပ်လိုက်

အပေါ်ဘက် ညာထောင့်မှာ Edit လုပ်ဖို့  ခဲတံပုံစံလေးမြင်လိမ့်မယ်

Search Your Friend ဆိုတဲ့အကွက်အထက်တည့်တည့်မှာရှိတယ်နော

နှိပ်လိုက် ပြီးရင် Edit Privacy ကိုနှိပ်..မမြင်စေချင်ရင် Only Me ထား

Friend only ဆိုလည်း ကိုယ်နဲ့  Friend ဖြစ်ထားသူပဲ ကြည့်လို့ ရမယ်

အဆင်ပြေတာထားပေါ့ လုပ်နည်းကတော့ လွယ်ပါတယ်..ရေထားပါတယ်

မဖတ်ဖြစ်လို့ နေမယ်..မသိသေးသူရှိပါက ပြန်ရှင်းပြလိုက်ပါ Share လိုက်ပါ


မောင်(စွယ်စုံကျမ်း)

အဝေးရောက် ချစ်သူတွက်


ချစ်သူရေ…
တနယ်စီဝေးနေပေမဲ့
သစ္စာသံတိုင်တွေနဲ့
မေတ္တာတံတားကို
နင်ခိုင်မာအောင်ဆောက်ထားပေး
ပါ.
နင်လက်ကမ်းတဲ့အခါ
တစ်ဖက်ကမ်းက
ငါလျှောက်လာခဲ့မယ်

ချစ်သူရေ…
သစ္စာတရားဆိုတာ
သစ္စာထားတတ်တဲ့ငါ့အတွက်တော့
အသက်ထက်တန်ဖိုးရှိပါတယ်

ချစ်သူရေ..
ကောင်းကင်မိုးသားတွေ
အမြဲပြောင်းလဲနေကြတယ်
နင်.အချစ်ပြောင်းလဲမလား
သံသယမထားချင်ဘူး

ချစ်သူရေ…
မျှော်လင့်ခြင်းမနက်ဖြန်တွေကို
နင်.ဆီမှာအပ်ထားတယ်
ပျော်ရွှင်ခြင်းများနှင့်အတူ
နင်ငါ့ဆီ ပြန်ယူခဲ့ပါနော်………..။

မောင်.အတွက် ကျမ ကဗျာ


ချစ်ပါတယ်
မြတ်နိုးစွာ ဆိုချင်တယ်
ယုံတ၀က် မယုံတ၀က်
မလုပ်ပါနဲ့
ရူးမိုက်စွာ ချစ်တာပါ။

စွဲလမ်းတယ်
မမြင်ရရင် ရူးချင်တယ်
တောင့်တတာ
နေတိုင်းကို
လွမ်းစိတ်နဲ့ ချစ်တာပါ။

အကြိမ်တစ်ထောင်မက
ပြောနေရလဲ
ရင်ထဲက စကားလုံးတွေ
မကုန်ခမ်းနိုင်အောင်
ချစ်တာပါ ။

ကျမ မောင့်ကို
ဘ၀တစ်ခုလုံးအတွက်
သိပ်ချစ်တယ်

အချစ်ဦးမဟုတ်တောင် အချစ်ဆုံးတော.ဖြစ်ချင်ပါရဲ.



ငါက
နင့်ရဲ့ နေမ၀င်အချစ်မဟုတ်ခဲ့ရင်တောင်
ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ

နင့်ရဲ့ကောင်းကင်တစ်ခု မဖြစ်ခဲ့ရင်တောင်
အရိပ်ပေးမယ့်
တိမ်စိုင်းလေးတော့ဖြစ်ပါရစေ

နင့်ဘ၀ရဲ့လမင်းကြီမဟုတ်ခဲ့ရင်တောင်
လမ်းပြမယ့် ကြယ်တစ်ပွင့်တော့ဖြစ်ပါစေ

နင့်ဘေး
အချိန်တိုင်းနေခွင့်မရရင်တောင်
အနားက အရိပ်လေးတော့ဖြစ်ပါရစေ

နင့်အတွက်
တောက်ပတဲ့အလင်း မဖြစ်ချင်နေပါ
ဖရောင်းတိုင်လေးတော့ဖြစ်ပါရစေ

နင့်ရဲ့အချစ်ဦးမဟုတ်ခဲ့ရင်တောင်
အချစ်ဆုံးတော့ဖြစ်ပါရစေ

မြန်မာ TV လိုင်း ၄ လိုင်း ၊ မလေးရှား TV လိုင်း ၆ လိုင်းကို အွန်လိုင်းကနေ တစ်နေရာတည်း တိုက်ရိုက် ကြည့်နိုင်ပြီ


မြန်မာ TV လိုင်း ၄ လိုင်း ၊ မလေးရှား TV လိုင်း ၆ လိုင်းကို
အွန်လိုင်းကနေ တစ်နေရာတည်း တိုက်ရိုက် ကြည့်နိုင်ပြီ

မလေးရှားနိုင်ငံရောက် မြန်မာများ နှင့် နိုင်ငံခြားရောက် မြန်မာများအတွက်
ရည်ရွယ်ကာ မြန်မာ TV လိုင်းများ ၊ မလေးရှား TV လိုင်းများကို အွန်လိုင်းကနေ
အလွယ်တကူ ကြည့်ရှုနိုင်အောင် ကျွန်တော် ဖန်တီးထားတဲ့
TV ဝဘ်ဆိုဒ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

TV လိုင်းပေါင်း ၁၀ လိုင်းကို တစ်နေရာတည်း ကြည့်လို့ရပါတယ်။
ကြည့်နိုင်တဲ့ TV လိုင်းတွေကတော့

1. MR TV
2. MR TV - 4
3. SKY NET TV
4. Channel 7 TV
5. TV1 (Malaysia)
6. TV2 (Malaysia)
7. TV3 (Malaysia)
8. NTV7 (Malaysia)
9. 8TV (Malaysia)
10. TV9 (Malaysia) ဖြစ်ပါတယ်။

ညက တစ်ညလုံး လုပ်နေတာ မနက် ၄ ကျော်မှ ပြီးသွားပါတယ်။
အသစ်ဖန်တီးထားတဲ့ အတွက် လိုအပ်ချက်တွေ ရှိနေပါသေးတယ်။
အချိန်ရရင် ရသလို ဆိုက်အပြင်အဆင်နဲ့ နောက်ထပ် TV လိုင်းတွေကို
ထပ်မံ ထည့်သွင်း ပေးပါ့မယ် ခင်ဗျာ။

ဒီလိပ်စာလေးကို နှိပ်ပြီး နှစ်သက်ရာ TV လိုင်းတွေကို
ဝင်ရောက်ကြည့်နိုင်ပါတယ်။

ငါနားလည်တဲ.အချစ်


စွန်တစ်ကောင်လို လွင့်မျောနေတဲ့

ငါရဲ့စိတ်ကို မင်းရဲ့အချစ် ....

ကြိုးစလေးနဲ့ ချည်နှောင်လိုက်မယ်ဆိုရင်

မင်းရဲ့အချစ်ကို ငါမခံစားတတ်ဘူး...


ကျောက်ဆစ်ရုပ်တစ်ခုလို တည်ငြိမ်နေတဲ့

ငါရဲ့စိတ်တွေကို ထိန်းချုပ်ချင်နေတဲ့ ...

မင်းရဲ့အချစ်အတွက် ခံစားချက်မရှိတော့ဘူး ...


ငါနားလည်ထားတဲ့ အချစ်ဆိုတာ

ထိန်းချုပ်ထားတဲ့ အချစ်မဟုတ်ဘူး

နူညံ့မှုပေးတဲ့ အချစ်ဆိုတာကို

ငါသိလိုက်တယ် .....

နူညံ့မှုတဲ့ အချစ်က သီချင်းတစ်ပုဒ်ကို

ခံစားရသလိုမျိုးလို့ ထင်တယ်......


အချစ်ဆိုတာ နားလည်ရင် ပျော်ရွှင်စရာ...

အချစ်ဆိုတာ နားမလည်ရင် ကြောက်စရာ...

အရာရာကို အချစ်နဲ့နှိုင်းရင် ရှုံးတတ်တယ်...

အချစ်ရှိရင် အရာအားလုံးဟာ ပြည့်စုံနေတယ်လို့ထင်တယ်........

လွမ်းလေး
 
 

မြန်မာမိန်းကလေးဆိုတာ



သနပ်ခါး ပါးကွက်ကြားလေးနဲ့ လှနေလိုက်တာ....
အဲ့တာ မြန်မာ မိန်းကလေးတဲ့....။

ရင်ဖုံး အင်္ကျီ၊လုံချည်လေးနဲ့ တည်ငြိမ်စွာနေထိုင်တတ်တာ
အဲ့တာ မြန်မာ မိန်းကလေးတဲ့.....။

အရှက်နဲ့ ကိုယ်ကျင့်တရား အတွက်ဆိုရင်...အသက်ကိုတောင် စွန့်ရဲတာ
အဲ့တာ မြန်မာ မိန်းကလေးတဲ့.....။

ဘာသာ ၊သာသနာကို ရိုသေကိုင်းရှိုင်းပြီး ထိန်းသိမ်းစောင့်ရှောက်တတ်တာ
အဲ့တာ မြန်မာ မိန်းကလေးတဲ့....။

စိတ်ထားဖြူစင် မေတ္တာထားပြီး ကူညီတတ်တာ
အဲ့တာ မြန်မာ မိန်းကလေးတဲ့.....။

ကိုယ့်ယဉ်ကျေးမှု.. ကိုယ့် ဓလေ့ထုံးတမ်းစဉ်လာတွေကို ထိန်းသိမ်း ဂုဏ်ယူတတ်တာ
အဲ့တာ မြန်မာ မိန်းကလေးတဲ့...။

ကြီးသူကို ရိုသေ ငယ်သူကိုလေးစား အားငယ်သူကို ဖေးမကူညီတတ်တာ
အဲ့တာ မြန်မာ မိန်းကလေးတဲ့....။

ချိုသာ ယဉ်ကျေး ချစ်ခင်စဖွယ် ပြောဆိုတတ်တာ
အဲ့တာ မြန်မာ မိန်းကလေးတဲ့....။

မြန်မာ မိန်းကလေး ဖြစ်ပြီး မြန်မာ မိန်းကလေး မစစ်တာတွေ များလွန်းနေတဲ့ ခေတ်


ဖော်ချင်တိုင်း ဖော်....ပျော်ချင်တိုင်း ပျော်

ပြောချင်တိုင်းပြော.... လုပ်ချင်တိုင်းလုပ်လို့ရနေတဲ့ ခေတ်

ဒါကြောင့် ဆုတောင်းလေး တစ်ခုတော့ ပြည့်ချင်ပါရဲ့

မြန်မာ မိန်းကလေးတိုင်း မြန်မာမိန်းကလေးစစ်စစ် ဖြစ်ကြပါစေ....။