အဝေးရောက် ချစ်သူတွက်


ချစ်သူရေ…
တနယ်စီဝေးနေပေမဲ့
သစ္စာသံတိုင်တွေနဲ့
မေတ္တာတံတားကို
နင်ခိုင်မာအောင်ဆောက်ထားပေး
ပါ.
နင်လက်ကမ်းတဲ့အခါ
တစ်ဖက်ကမ်းက
ငါလျှောက်လာခဲ့မယ်

ချစ်သူရေ…
သစ္စာတရားဆိုတာ
သစ္စာထားတတ်တဲ့ငါ့အတွက်တော့
အသက်ထက်တန်ဖိုးရှိပါတယ်

ချစ်သူရေ..
ကောင်းကင်မိုးသားတွေ
အမြဲပြောင်းလဲနေကြတယ်
နင်.အချစ်ပြောင်းလဲမလား
သံသယမထားချင်ဘူး

ချစ်သူရေ…
မျှော်လင့်ခြင်းမနက်ဖြန်တွေကို
နင်.ဆီမှာအပ်ထားတယ်
ပျော်ရွှင်ခြင်းများနှင့်အတူ
နင်ငါ့ဆီ ပြန်ယူခဲ့ပါနော်………..။

No comments:

Post a Comment