herocomet အတွက်


နင်.ကိုချစ်တာ
စကားလုံးတွေနဲ. ဖော်ပြဖို မလုံလောက်ပါဘူး
ရင်ထဲက နှစ်နှစ်ကာကာ အမြစ်စွဲနေတာမို.
နင်သိတာထက် အများကြီးလေးနက်ခဲ.ပါတယ်
မမေ.ပါနဲ.ချစ်သူ
ရင်ခုန်သံချင်းဖလှယ် ခံစားချက်တူညီစွာနဲ.
ဘ၀တွေကို အတူတူလက်တွဲလျှောက်ခဲ.ဖူးတယ်ဆိုတာ
ဖမ်းဆုပ်ပြလို.မရ
တမ်းတရတဲ. အလွမ်းညတွေမှာ
ခွန်အားမဲ.နေခဲ.လည်း နင်သတိရပေးရင်
ငါ.အတွက် ပြည်.စုံတဲ.ညလေးပါပဲ
အမာရွတ်ရဲ. မလှပခြင်းတွေဟာ

ဒဏ်ရာရဖူးတဲ.သူမှသိလိမ်.မယ်
မျက်ရည်ရဲ. ခါးသီးခြင်းတွေကိုလည်း
ငိုကြွေးဖူးတဲ. သူမှသိတာ
အလွမ်းရဲ. နာကျင်ခြင်းတွေဟာလည်း
အရမ်းချစ်ခဲ.ဖူးတဲ. သူမှ သိတာပါ
နင်.ရဲ.အပြုံးတစ်ချက်နဲ.
ငါ.အနာဂတ်နဲ.လက်ရှိဘ၀ကို
အကြိမ်ကြိမ်လဲယူ ရိုက်ချိုးရဲတဲ.သူပါ
ပန်းလေးတစ်ပွင်. ကြွေကျသလို
ငါ.ရှေ.မှာ နင်.အပြုံးလေး ကြွေကျတဲ.အခါ
သစ်ရွက်ခြောက်တစ်ရွက်မြေခသလို
ငါ.နှလုံးသားလေးလည်း
နင်.ရဲ.ခြေရင်းသက်ဆင်းရတယ်
ငါကိုယ်တိုင်က ကြွေကျသွားခဲ.ရှာတာပါ

No comments:

Post a Comment