ချစ်သော အမေ.အတွက် အမေများနေ.အမှတ်တရ

(ချစ်သော အမေ.အတွက် အမေများနေ့ အမှတ်တရ……..) 


ကာလရေကြည်
သန္ဓေတည်ကတည်းက
တယုတယစောင့်ရှောက်
ပြုစုခဲ့တဲ့ အမေ ……

ကိုးလလွယ် ဆယ်လဖွားပြန်တော့
နို့ချိုတိုက်ကျွေး
ပိုးမွေးသလိုမွေး
အရိပ်တကြည့်ကြည့်နဲ့ နေခဲ့တဲ့ အမေ ……..

ပညာသင်အရွယ်ရောက်ပြန်တော့
ပညာတတ်ဖြစ်အောင်
ပညာအမွေပေးခဲ့တဲ့ အမေ ……..

ဘယ်အရွယ်ရောက်ရောက်
ကလေးတစ်ယောက်လို သဘောထား
လမ်းမှန်ညွှန်ပြခဲ့တဲ့ အမေ …….

လောကလမ်းမှာ
ခလုတ်မထိ ဆူးမငြိအောင်
စောင့်ရှောက်လမ်းပြပေးတဲ့ အမေ ….

ဆပ်လို့ရယ်တဲ့ မကုန်နိုင်တဲ့
အမေ့ကျေးဇူး မြင်.မိုရ်ဦးကို
တုနှိုင်းလို့မှီတဲ့အရာ
ဒီကမ္ဘာမှာ မရှိပါဘူး အမေ …….

ချမ်းအေးတဲ့ ဆောင်းလပြာသိုမှာ
နွေးထွေးလှတဲ့
အမေ့ရဲ့ ရင်ငွေ့နွေးနွေးထဲ
တဖန်ပြန်ဝင် ခိုလှုံချင်တယ် အမေ ……..

ရှေ့ဆက်လျှောက်ရမယ့်
ဘဝခရီးလမ်းအတွက်
အားအင်တွေပေးတဲ့ အမေ …….

သမီးချစ်တဲ့ မေမေ ….
အသက်ရာကျော်ရှည်ပါစေကြောင်း
အမေ့အတွက် ရည်စူး
ဘုရားရှိခိုးတိုင်း ဆုတောင်းပါတယ် …..ချစ်ရတဲ့ မေမေ ။ ။
(အမေများနေ.မှာ ချစ်ရတဲ.မေမေနဲ. ဘဝအဆက်ဆက်ကတော်စပ်ခဲ့ဖူးသော အမေများ အတွက် အမှတ်တရ)


No comments:

Post a Comment