အလွမ်းတွေ ဖန်ဆင်းတာ ဘယ်သူလဲ



မျှော်လင်.ချက်မဲ. သဲ.သဲ.ငိုရှိုက်ရင်း

ရူးမိုက်စွာချစ်ခဲ. ရင်ခုန်နေ.ရက်တွေ ဖဲ.နင်းချွေဖျက်

နင်ထားသွားရက်တယ် နော်

ချစ်သူလက်ကလေး ဆုပ်ကိုင်ရင်း ချစ်နေ.ရက်များ

ခုတော. အိပ်မက်လို စိတ်ထဲဒဏ်ရာ ချန်ထားကာ

နင်ထွက်သွားရက်တယ် ချစ်သူ

နင်မရှိတော.တဲ.နောက်

ငါ.ဘ၀က လမင်းပုန်းတဲ.ညလိုပါပဲ

အိပ်မက်တွေရဲ.မြစ်တစ်ဖက်မှာ နင်နဲ.ငါအချစ် ရှိနေခဲ.ဖူးတာ....

အပေါ်ယံမဟုတ်တဲ. ငါ.မေတ္တာ

တစ်နေ.တော. နင်နားလည်လာမှာပါ

ကာရံတွေ ပျောက်ဆုံး တေးသီချင်းတွေ ဆိတ်သုန်း

နင်နဲ.ငါကြား အလွမ်းတွေ ဖန်ဆင်းသွားတာ ဘယ်သူလဲ...

ရင်မှာမွန်းကြပ် အလွမ်းထပ်ဆင်.

ရင်မှာအုံဖွဲ. နွမ်းလျလို. ယောက်ချာယောင်တိနဲ. ကုစားခြင်းမဲ.

စိတ်လည်းဖောက်ပြန် တွေ.ရန်တမ်းတရင်း

လွမ်းသမျှအံတင်းလို. ချစ်သူ...ဒီလိုဘ၀မျိုးမှ ခဏထိုးထွက် လွတ်မြောက်ခွင်.ပေးပါနော်

အချစ်ကြောင်.


အချစ်တွေ ပြိုကျ

ရင်ခွင်တစ်ခုလုံး မွန်းကျပ်ပိတ်ဆို.နေပေမယ်.

ငါလေ....အချစ်မလိုဘူးလို. ငြင်းနေခဲ.သေးတယ်

အလွမ်းတွေ ပြိုကျ

နှလုံးသားတစ်ခုလုံး နာကျင်ကိုက်ခဲနေပေမယ်.

ငါလေ...ဟန်ဆောင်ပြုံးနေခဲ.သေးတယ်

အလွမ်းတွေထဲက ရုန်းမထွက်နိုင်မှာ ကြောက်သလို

အချစ်ဆိုတဲ. ကြိုးလေးကိုလည်း စွန်.မလွတ်နိုင်မှာ ကြောက်မိတယ်

အလွမ်းတွေ ၀င်လာတိုင်း အသံတိတ် ငိုကြွေးခဲ.ရပါတယ်

အထီးကျန်နေ.ရက်တွေကို ရေတွက်မိတိုင်းလေ တိတ်တဆိတ်လေးစောင်.စားခဲ.ရပါတယ်

နင်.ကြောင်. ငါ.နှလုံးသားတွေ ကွဲကြေ

မျက်ရည်တွေလည်း ခြွေခဲ.ရဖူးပြီ

ဘ၀ရည်မှန်းချက်လမ်းတွေကို စမ်းတ၀ါးနဲ့ လျှောက်ခဲ့ရဖူးပြီးပြီ

မျှော်လင့်ချက်တွေ တောက်ပခဲ့ဖူးသလို

စိတ်ကူးအိပ်မက်တွေလည်း တစ်စစီ ပြိုကွဲခဲ့ရပြီးပြီ

ရူးလောက်အောင် ချစ်ခဲ့ဖူးလို့  တစ်ဘ၀လုံး ရှုံးရမယ်ဆိုရင်

လွမ်းလို့ ကျန်ရစ်မယ့်ဒီရင်ဘတ်အတွက်

နင့်ပေးတဲ့အပြစ်က ကြီးမားလွန်းပါတယ်........။

ထားခဲ.ပြီးနောက်

လှပတဲ့ အိမ်မက်တွေ   ပြီးဆုံးခဲ့ပြီ

ကြေကွဲစရာဇာတ်လမ်းတွေလည်း အတိတ်မှာကျန်ခဲ့ပြီ
နှလုံသားရဲ.တစ်နေရာမှာ  နင်ရှိနေသေးတာတော.
ဘယ်လိုမှမတတ်နိုင်ခဲ.ဘူး
ဝေးပြီးတဲ.နောက်မှာ အထီးကျန်နေ.တွေကို
ရင်နာနာနဲ.ဖြတ်သန်းခဲ.ရတာ ငါကလွဲပြီး ဘယ်သူမှမသိနိုင်ပါဘူး
အဝေးတစ်နေရာမှာ နင်မသိနိုင်တော.တဲ.အချစ်တွေနဲ.
ငါဆက်ချစ်နေအုံးမယ်ဆိုတာ နင်မသိတာပဲကောင်းပါတယ်
သတိရမှုတွေနဲ. ရင်ထဲမွန်းကြပ်နေတော.မှ
နင်.ကိုအရမ်းလွမ်းနေတာ သိခဲ.ရတယ်
အတ္တတွေ/လိုချင်တပ်မက်မှုတွေ မရှိခဲ.တဲ.ငါ
နင်နဲ.ပတ်သက်ရင် အတ္တကြီးချင်မိတယ်
နင်.အလွမ်း နင်.အချစ်တွေ မက်မောမိတယ်
တကယ်တော့  တိုက်စားခံနေရတဲ့ ငါ့နှလုံးသား

လေးနက်မှုမရှိတဲ့ နင့်ရဲ့အချစ်တွေထဲ

မျော့ပါသွားတာကို နင့်မှမသိတာ

အစစ်အမှန်တွေကို နင်မမြင်နိုင်တော့တဲ့

ငါ့ရင်ထဲမှာပဲ သိမ်းထားတော့မယ်
တစ်ခါတစ်လေ တိုက်ဆိုင်မှုတွေရှိလာရင်တော့
ချည်နှောင်ခဲ့ဖူးတဲ့ သံယောဇဉ်တွေကြောင့်
ဘယ်ဘက်ရင်အုံက
တဆစ်ဆစ်နဲ့ နာနေတတ်တုန်းပါပဲ..........။ချစ်သူ