အချစ်ကြောင်.


အချစ်တွေ ပြိုကျ

ရင်ခွင်တစ်ခုလုံး မွန်းကျပ်ပိတ်ဆို.နေပေမယ်.

ငါလေ....အချစ်မလိုဘူးလို. ငြင်းနေခဲ.သေးတယ်

အလွမ်းတွေ ပြိုကျ

နှလုံးသားတစ်ခုလုံး နာကျင်ကိုက်ခဲနေပေမယ်.

ငါလေ...ဟန်ဆောင်ပြုံးနေခဲ.သေးတယ်

အလွမ်းတွေထဲက ရုန်းမထွက်နိုင်မှာ ကြောက်သလို

အချစ်ဆိုတဲ. ကြိုးလေးကိုလည်း စွန်.မလွတ်နိုင်မှာ ကြောက်မိတယ်

အလွမ်းတွေ ၀င်လာတိုင်း အသံတိတ် ငိုကြွေးခဲ.ရပါတယ်

အထီးကျန်နေ.ရက်တွေကို ရေတွက်မိတိုင်းလေ တိတ်တဆိတ်လေးစောင်.စားခဲ.ရပါတယ်

နင်.ကြောင်. ငါ.နှလုံးသားတွေ ကွဲကြေ

မျက်ရည်တွေလည်း ခြွေခဲ.ရဖူးပြီ

ဘ၀ရည်မှန်းချက်လမ်းတွေကို စမ်းတ၀ါးနဲ့ လျှောက်ခဲ့ရဖူးပြီးပြီ

မျှော်လင့်ချက်တွေ တောက်ပခဲ့ဖူးသလို

စိတ်ကူးအိပ်မက်တွေလည်း တစ်စစီ ပြိုကွဲခဲ့ရပြီးပြီ

ရူးလောက်အောင် ချစ်ခဲ့ဖူးလို့  တစ်ဘ၀လုံး ရှုံးရမယ်ဆိုရင်

လွမ်းလို့ ကျန်ရစ်မယ့်ဒီရင်ဘတ်အတွက်

နင့်ပေးတဲ့အပြစ်က ကြီးမားလွန်းပါတယ်........။

No comments:

Post a Comment