စိတ်တူကိုယ်တူဖြစ်ဖို.


နားလည်ပေးနိုင်မူ့မရှိတဲ့  အချစ်မှာ
စားပြီးပြီးလားမေးရင်တောင်
ဒီချိန်ကြီးမေးရလားလို့  ပြန်ဖြေတက်တာမျိုးမဟုတ်လား.............

သဘောထားချင်းတိုက်ဆိုင်ဖို့ ဆိုတာ
သည်းခံတက်တဲ့  စိတ်ကလေးတော့  မွေးမြူထားနိုင်ရမယ်.....

စိတ်တူကိုယ်တူဖြစ်ဖို့ ဆိုတာ...
သူ့စိတ်ထဲကိုလည်း ခဏလောက် ၀င်နားလည်ပေးနိုင်မှ ရမယ်.....

အမြဲတမ်း ချစ်နိုင်ဖို့ အတွက်ဆိုတာ...
စိတ်ဆိုး တိုင်း လမ်းခွဲစကားမပြောမိဖို့ လိုတယ်............

တကယ်တော့ 
လူတစ်ယောက်ကို ချစ်မိလိုက်လို့ 
ကိုယ်ကိုကံဆိုးစေတဲ့  အချစ်ဆိုတာမရှိပါဘူး....
ကိုယ်ချစ်မြတ်နိုးတဲ့ သူနဲ့  ကိုယ်ခံစားရတာတွေ
တိုက်ရိုက်အချိုးမကျတဲ့ အခါ
ငါကံမကောင်းတဲ့ အချစ်နဲ့ တွေ့တယ်ဆိုပြီး
လွယ်လွယ်အပြစ်တင်မိတက်ကျတဲ့  သဘောပါ

လမင်းလေး

ချစ်သူအတွက် အမှတ်တရနေ.စွဲလေးတစ်ခု


အဲ့ဒီနေ့ကပေါ့....

ချစ်သူကိုကြည့်လိုက်ရင် ချစ်သူရဲ့အမှုအယာတွေက အမြဲတမ်း တည်ငြိမ်အေးချမ်းနေတာပဲ…

ချစ်သူကိုစတွေ့တဲ့နေ့က နွေနံနက်ခင်းလေးဆိုပေမယ့် ချိုသာတဲ့ လေပြေ နုနုလေးတွေက

ကိုကို့ရင်ထဲမှာ ညှင်သာစွာ တိုက်ခတ်နေသလိုမျိုး အေးမြနေခဲ့တာပါ…

အမှန်တစ်ကယ် မညာတမ်းဝန်ခံရရင် အဲ့ဒီအချိန်ထဲက ချစ်သူရဲ့ ပုံရိပ်လေးတွေ၊ ချစ်သူရဲ့

စကားသံတွေကို ရင်ထဲမှာနက်ရှိုင်းစွာနဲ့ မြတ်နိုးနေခဲ့မိတာပါ…

အချိန်တိုင်းမှာလဲ ကိုကို့ရင်ထဲ အသွေးအသားထဲ စိမ့်စမ်းရေတွေ စီးဆင်းနေသလို

အေးချမ်းမှုတွေပဲ ဖြစ်ပေါ်စေပါတယ်… လည်တိုင်ဖွေးဖွေးလေးနဲ့ သေသပ်ကျနစွာ

ဝတ်စားဆင်ယင်တက်တဲ့ ချစ်သူရဲ့ ဟန်ပန်တွေက အားလုံးထက် တစ်မူထူးခြားနေလို့ ချစ်သူအပေါ်

သံယောဇဉ်တွယ်နေခဲ့မိတယ်... ကိုကို့ရင်ထဲက

ချစ်ခြင်းမေတ္တာတွေကို ချစ်သူ သိနေမှာပါ …

ချစ်သူရဲ့ ရိုးသားဖြူစင်တဲ့ မျက်ဝန်းတွေနဲ့ ဆုံလာတိုင်း အဆုံးအစမရှိတဲ့

မြတ်နိုးခြင်းတွေနဲ့ ရင်ခုန်မိခဲ့တယ်ဆိုတာတော့ ၀န်ခံပါရစေ…


ချစ်သူကိုအရမ်းချစ်တယ် ....ထာဝရထိပေါ့


16.9.2013 ချစ်သူအတွက်အမှတ်တရနေ့စွဲလေးတခုပေါ့ — အရာအားလုံးထက်ပိုချစ်တယ် 
 
 La Minlay. ... ♥♥♥

iPhone 6 မျက်နှာပြင်ကျယ်ဖြင့် ထွက်ရှိမည်

iPhone 5S နဲ့ 5C တောင်ထွက်တာ မကြာသေးဘူး။ iPhone 6 နဲ့ ပက်သက် တဲ့ သတင်းတွေက ထွက်ရှိလာ လာပြန်ပါပြီ။ Apple က ယခုရက်ပိုင်း အတွင်းတင်ပဲ ၎င်းတို့ရဲ့  အသစ်ထုတ်လုပ်မယ့် ဖုန်း အတွက် မူပိုင်ခွင့် တင်လိုက်တဲ့ သတင်းကြောင့် iPhone 6 ဘယ်လိုဖြစ်လာ မယ်ဆိုတာ ပညာရှင်များက ခန့်မှန်းခြင်း ဖြစ်ပါတယ်။

အဓိက ကတော့ မျက်နှာပြင် ပိုကျယ်လာခြင်း ဖြစ်ပါတယ်။ အနည်းဆုံး ၄.၈ လက်မ ကနေ ၆ လက်မ ကြားအထိ ကျယ်လာနိုင်ပြီး Retina+IGZO အမျိုးအစား အရည်အသွေးကောင်း မျက်နှာပြင်ကို အသုံးပြုပြီး ကမ္ဘာ့ အကြည်လင်အပြတ်သားဆုံး စမတ်ဖုန်း မျက်နှာပြင်အဖြစ် စံချိန်တင်အုံးမှာ လို့ ဆိုပါတယ်။ Chip အမျိုးအစားက A7 ထက်တစ်ဆင့်မြင့် တဲ့ A7X 64 Bit architechture, ကင်မရာက 13 Megapixel (1.5u pixels f/2.2 aperture တို့ပါဝင်ပြီး မထုတ်ရသေးတဲ့ iOS ဗားရှင်း အသစ်နဲ့ မြင်တွေ့ ရမယ်လို့ ဆိုပါတယ်။

Samsung နဲ့ LG တို့က ကွေးကောက်မျက်နှာပြင် ထုတ်လုပ်မှုနဲ့အတူ Apple ကလည်း လိုက်လံ စမ်းသပ် နေပေမယ့် iPhone 6 မှာ လက်တွေ့ အသုံးချ ရန် ရှိမရှိ ကတော့ ဘယ်သူမှ မပြောနိုင် သေးပါဘူး။ သေချာ တာကတော့ မျက်နှာပြင်ကြီးကြီးနဲ့ ထုတ်မှာမို့ Display အကျယ်များနဲ့ တကယ် လက်တွေ့ စမ်းသပ်လျက် ရှိပါတယ်။

iPhone 6 အနေနဲ့ ဘယ်လိုဖြစ်လာမယ်ဆိုတာကို အောက်ပါ ဗီဒီယိုက ခန့်မှန်းချက်မှာ လေ့လာ နိုင်ပါတယ် ။
 
 

ပျော်ပါစေ ...ချစ်သူ


အာရုံမှာ ကြည်နူးစရာ
နင်.ရဲ.စကားသံမရှိတော.
ငါ.ရေးတဲ.ကဗျာတွေ
အတွေးသံစဉ်တွေမှာ
အထီးကျန်ဆိုတဲ.စကားတစ်လုံးတည်းနဲ.
ထင်တိုင်းကြဲနေတာ
အဲဒါ နင်ပေးတဲ. ကဗျာပဲလေ...ချစ်သူ...........
နင်.ရဲ.အချစ်ကိုတွေ.ရှိတဲ.အချိန်မှ
မြင်မြင်သမျှ
သာယာနေတတ်တယ်
နှလုံးသားက နူးညွန်.နေတတ်တယ်
အရုးတစ်ယောက်လိုပါပဲ
တစ်ယောက်တည်းနေလည်း
ပြုံးပျော်နေတတ်တယ်...ချစ်သူ...........
အခုတော.
အကြင်နာ အတုယောင်တွေနဲ.
ငါ.အချစ်ကိုပြုစားသွားတယ်
ဟန်ဆာင်ကာ မုသား
မာယာတွေအများကြီးနဲ.
နာကျည်းစရာများ  ပေးသွားခဲ.တယ်
ရုန်းထွက်မရအောင် ချုပ်နှောင်ထား
လှည်.ကွက်တရားနဲ.
အချစ်တွေကို ပြုစားသွားခဲ.တယ်...ချစ်သူ....
နင်ပျော်ပါစေ လို.ပဲ ဆုတောင်းပေးပါတယ်

ဘီယာအကြောင်း ဘယ်လောက် သိသလဲ


“ဘီယာဟာ အရက်တော့ မ ဟုတ်ပါ”

ဆိုတဲ့သီချင်းလိုပဲ။အရက်မဟုတ် ဘူးလို့ အတင်း ဇွတ်ကန်ငြင်းပြီး လူတွေက ဘီယာ ကို နှစ်နှစ်ခြိုက်ခြိုက် သောက်လာ ကြပါတယ်။ယောက်ျားလေး တွေသာမကဘဲ မိန်းကလေး တွေလည်း သောက်လာ ကြတာပါ။ အဲဒီလို ဖက်ရှင်လိုရော၊ သောက်ချင်လို့ ရောနဲ့ အကြောင်းအ မျိုးမျိုးနဲ့ သောက်ကြတဲ့ သူတွေဘီ ယာ အကြောင်း သိပါရဲ့လား။ ဘီယာ နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ ကိုပြောပြပါ့မယ်။

Light (or) Lite ဘီယာမှာ
ကယ်လိုရီ ၁၀၀ ထက်ပိုပါတယ်။ ပျမ်းမျှ ၁၂ အောင်စပဲရှိတဲ့ lite ဘီ ယာတိုင်းမှာ ကယ်လိုရီ ၁၀၀ က နေ ၁၃၀ အထိပါပါတယ်။ ရိုးရိုးဘီ ယာဆိုရင် ၁၅၀ ကနေ ၂၀၀ ကယ် လိုရီပါပါတယ်။ ရိုးရိုးဘီယာ နဲ့ lite ဘီယာက အနည်းဆုံး ကယ်လီုရီ ၂၀ ကနေ ၁၀၀ အထိ ကွာပါတယ်။

ဘီယာက အဆီ ဓာတ်ကင်း တယ်။
ဘီယာက ၀ိုင်လိုပဲ အဆီဓာတ် ကင်းပါတယ်။ နောက်ပြီး အာဟာရ ဓာတ်အနည်းငယ် လည်းပါဝင်ပါ တယ်။ ဘာတွေလဲ ဆိုရင် ပရိုတင်း၊ ပိုတတ်ဆီယမ်၊ ဖောလစ်အက်ဆစ်၊ ဗီတာမင်ဘီ ၁၂ နဲ့ ဆီလီယမ် တွေ ပါ။ ဒါပေမယ့် အမေရိကန်အမျိုး သား အစားအစာ ညွှန်ကြားမှုဌာ န ကတော့ ဘီယာဟာ ကယ်လိုရီ အများဆုံး အစားအစာငါးမျိုးမှာပါ ၀င်နေပြီးတော့ အာဟာရဓာတ်လုံးဝ မရှိ ဘူးလို့ ကြေညာ ထားပါတယ်။

နေ့စဉ်ဘီယာသောက်လို့ရသလား
ဘီယာကို နေ့စဉ် သောက်ရင် ကယ်လိုရီ ၃၀၀ ကနေ ၄၀၀ အထိရှိ လာတတ် လာမယ်။ ဒါက ဟမ်ဘာ ဂါစား တာရဲ့ နှစ်ဆ၊ ရိုစ့်ဆင်းဒ၀တ် နဲ့ ချိစ်ပီဇာနှစ်ခုစားသလောက်ကို တက်မှာပါ။
ဘီယာမှာ အယ်လ်ကိုဟောဘယ်လိုပါဝင်လဲ
အယ်လ်ကိုဟောမှာ ကယ်လိုရီ ၇ ဂရမ်ပါဝင်ပါတယ်။ ဒီတော့ အယ်လ်ကို ဟောများလေ ကယ်လိုရီ များ လေပါ။ ကိုယ်အလေးချိန် လျှော့ ချချင်သူတွေကတော့ အယ်လ်ကို ဟောရော ဘီယာကိုပါရှောင်ရမှာပါ။

အရောင်တွေက ဘယ်လိုကွာသလဲ
ကယ်လိုရီဟာ အယ်လ်ကိုဟော ဘယ်လောက်ပါ သလဲ အပေါ်မှာမူ တည်တာပါ။ အရောင်အရင့်၊ အ ရောင် အနုပေါ်မှာ မူမတည် ပါဘူး။ အရောင်နုရင် ကယ်လိုရီ နည်းတာ လည်းမဟုတ်ပါဘူး။
ယောက်ျားတစ်ယောက်ဘီယာဘယ်လောက်သောက်ရမလဲ
လုံးဝ မသောက်ရင်ကောင်းပေ မယ့် မသောက်ရ မနေနိုင်ဘူးဆိုရင် တော့ နှစ်ခွက် ထက်ပိုမသောက်သင့် ပါဘူး။ တစ်ခွက်က ၁၂ အောင်စ ထက် မပိုရပါဘူး။

မိန်းမတွေကရော
မိန်းမတွေက လည်းနေရာတကာ လိုက်ပြီး ရင်ပေါင်တန်း ချင်တယ်။ သောက်ချင်တယ်ဆိုရင် တစ်နေ့ကို တစ်ခွက်ထက် ပိုမသောက်သင့်ပါဘူး။ ၀ိုင်ဆိုရင် ငါးအောင်စ တစ်ခွက်ပဲ သောက်သင့်ပါတယ်။


ဘာရောသောက်မလဲ
ဘီယာကို ပေါ့အောင်ဆိုပြီး တခြားအရည်ရော သောက်ရင် ကယ် လိုရီပို တတ်ပါတယ်။ ကိုလာလိုအ ရည်မျိုးရော သောက်မိပြီဆိုရင် ကယ် လိုရီ ၁၅၀ ကနေ ၂၀၀ လောက် အထိ ပိုသွားမှာပါ။
ဘီယာမသောက်လည်း ဗိုက်ပူတယ်
တချို့ ယောက်ျားတွေက အ သက်ရ လာရင် ဘီယာ သောက်ပြီး ဘီယာဗိုက် ဖြစ်လာကြပါတယ်။ အ မှန် ကတော့ ဘီယာမ သောက်လည်း ကယ်လိုရီ များရင်ဗိုက်ပူ တတ်ပါတယ်။


ကောင်းတာဘာရှိလဲ
ဒီတော့ ဘီယာဆိုင် ထိုင်၊ ဘီ ယာသောက်ရင် ကောင်းတာဘာရှိ လဲ။ အပေါင်းအသင်း တိုးတယ်၊ လူ မှုရေး အကျိုးရတယ်လို့ အများက တော့ဆင်ခြေ ပေးကြပါတယ်။ နောက် တစ်ချက် ရှိပါသေးတယ်။ ရေများများ သောက်ဖြစ်တဲ့ အတွက် ကျောက် ကပ် ကျောက်တည်တာ ကိုတော့လျော့ ကျစေ တာပါပဲ။

သဘာဝရဲ့အားအင် 
 
 

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်

ငယ်ငယ်တုန်းက စာသင်ကျောင်းမှာကျက်ခဲ့ရတဲ့ ကဗျာလေးတစ်ပုဒ်ရဲ့ အောက်ဆုံးအပိုဒ်လေးပါ။ အားလုံးရကြပြီးသာပါပဲ။ ဒါပေမဲ့ ကျနော့်ဘလော့မှာ စာလုံးအရေအတွက် များလိုများငြား ပြန်ရေးထည့်လိုက်ပါဦးမယ်။

ဇွန်ပန်းရုံအနီး၊
နွံထဲ၌လှည်းဘီး ကျွံနေသည်။
ကူ၍တွန်းပေးကြပါ။
လေးလွန်း၍ မတွန်းနိုင်ဘူးလား။
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။

ဒီကဗျာလေးဟာ ညီညွတ်ခြင်းရဲ့ ခွန်အားကြီးမားပုံကို သရုပ်ဖေါ်ပေးပါတယ်။ ညီညွတ်ခြင်းဟာ အလွန်အရေးကြီးတယ် ဆိုတာ ကျနော်တို့ အားလုံးနားလည်ကြပြီးသားပါ။ ဒါပေမဲ့ နားလည်ရုံသက်သက်နဲ့တော့ ဘာမှ ဖြစ်မလာနိုင်ပါဘူး။ ရည်မှန်းချက်တစ်ခုအောင်မြင်ဖို့အရေး တစ်ယောက်လက် တစ်ယောက်တွဲရမည့်အချိန်မျိုးမှာ သူတစ်လူငါတစ်မင်းလုပ်ပြီး တစ်ယောက်တစ်စင်ထောင်နေရင်တော့ ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ဟာ ဝေးသထက်ဝေးနေဦးမှာပါပဲ။

ကျနော်တို့ ဗမာလူမျိုးတွေဟာ စေတနာသဒ္ဓါတရားထက်သန်အားကြီးကြတဲ့အတွက် ဘာသာရေးနဲ့ပတ်သက်လာရင်ဖြစ်စေ၊ လူမှုရေးနဲ့ ပတ်သက်လာရင်ဖြစ်စေ၊ လှူဖို့တန်းဖို့ ပေးဖို့ကမ်းဖို့ ဘယ်သောအခါမှ လက်မနှေးတတ်ကြပါဘူး။ သို့သော်သို့သော်---နိုင်ငံရေးလောကမှာတော့ရော-----။ နှစ်ယောက်ရှိရင် နှစ်အုပ်စုဖြစ်နေတတ်တဲ့အကျင့်ဟာ ကျနော့်အထင်ပြောရရင်တော့ ကုလို့မရတဲ့ ရောဂါတစ်ခုဖြစ်နေပုံရပါတယ်။

ကျနော်ဘယ်သူ့ဘယ်သူကိုမှလဲ ထိခိုက်စောင်းချိတ်ပြီးပြောနေတာမဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင်လဲ နိုင်ငံရေးသမားတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်နိုင်ငံရဲ့အရေးဟာ ကိုယ့်အရေးဖြစ်တယ်ဆိုတာကိုတော့ ကျနော်နားလည်ထားပါတယ်။ ကျနော်တို့ တိုင်းရေးပြည်ရေးနဲ့ ပတ်သက်ပြီး တွေ့နေရ၊ မြင်နေရ၊ ကြားနေရတဲ့ သတင်းမှန်သမျှ၊ အတင်းမှန်သမျှဟာလဲ စိတ်မချမ်းသာစရာတွေချည်းပါပဲ။ ကျနော်ကတော့ စိတ်ချမ်းသာချင်တာ တစ်ခုပါ။ တိုင်းပြည်ကောင်းစားတာကို မြင်ချင်တာ သက်သက်ပါ။

အဲဒီအတွက် ကျနော်တို့ ညီညွတ်ဖို့သိပ်လိုပါတယ်။ အခုလိုနိုင်ငံရဲ့ အပြင်ပရောက်နေရတဲ့အချိန်မှာ နိုင်ငံရေးလောကသားတွေရဲ့ ကွဲသတင်း၊ ပြဲသတင်းတွေဟာ နေ့စဉ်လိုလိုကြားသိနေရပါတယ်။ ကျနော်ပြောရဲပါတယ်။ ဒီပုံစံနဲ့တော့ ဘယ်တော့မှ ကျနော်တို့လိုချင်တဲ့ ပန်းတိုင်မရောက်နိုင်ပါဘူး လို့။ အဆိုးဆုံးကတော့ ကိုယ့်လောကသားအချင်းချင်း ဖေးမကူညီမည့်အစား မလိုရင်မလိုသလို တွန်းတိုက် ထိုးနှက်နေကြတာပါပဲ။

တကယ်တော့ ကျနော်တို့တတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လွတ်မြောက်ရေးသို့ ရှေးရှုနေကြတာချည်းပါပဲ။ ဒါပေမဲ့ လွတ်မြောက်မည့်အစား ကြပ်သထက်ကြပ်ကြပ်ပြီးပဲ လာပါတယ်။ ဒီလိုဖြစ်ရတာဟာ မညီညွတ်တဲ့ တော်လှန်ရေးရဲ့ ရလာဒ်တွေပါပဲ။ တောမီးလောင်၊ တောကြောင်လက်ကမောင်းခတ် ဆိုသလို အခုလိုတော်လှန်ရေးအင်အားစုအချင်းချင်း မီးလောင်နေကြရင် တစ်ဘက်ရန်သူက ပြုံးပြုံးကြီးလုပ်ပြီး လက်ကမောင်းခတ်နေမှာ သေချာပါတယ်။

ကျနော်မြင်နေရ တွေ့နေရတဲ့ နိုင်ငံရေးအင်းအားစုတွေထဲမှာ တကယ့်နိုင်ငံရေးစိတ်ဓာတ်နဲ့ လှုပ်ရှားနေတဲ့သူတွေကို အနည်းအကျဉ်းပဲ တွေ့ရပါတယ်။ အများစုဟာ ပွဲလန့်တုန်းဖျာခင်းလုပ်ပြီး ကိုယ့်ကောင်းစားရေးအတွက် ကြိုးပန်းနေကြတာ များပါတယ်။ နိုင်ငံအတွင်း ရုတ်ရုတ်သဲသဲ သတင်းဖြစ်ရင် သက်ဆိုင်ရာ မြန်မာသံရုံးရှေ့သွား ဆန္ဒပြအော်ဟစ်ပြီး ဓာတ်ပုံအရိုက်ခံ၊ ပြီးရင် သက်ဆိုင်ရာနိုင်ငံရဲ့အစိုးရဆီမှာ ခုံလှုံခွင့်တောင်း၊ ရတဲ့အခါ အဲဒီလူတွေဟာ တိုင်းပြည်ထဲ ဘာဖြစ်နေ၊ ဖြစ်နေ။ သူတို့နဲ့ မသက်ဆိုင်တော့သလို လုပ်နေကြတော့တာပါပဲ။ အားလုံးကို မဆိုလိုပေမဲ့ ကျနော်မြင်နေရ သိနေရတဲ့လူတွေကို ရည်ညွှန်းပါတယ်။ ဒီလိုပြောတာကို သက်ဆိုင်ရာပုဂ္ဂိုလ်များက မကျေနပ်လို့ ဆဲလာရင်တော့ အားရပါးရကြိုဆိုလက်ခံပါတယ်ခင်ဗျား။

ဒါတင်မကသေးပါဘူး။ တကယ်တော့နိုင်ငံခြားရောက်နေကြတဲ့ ကျနော်တို့ မြန်မာပြည်သူပြည်သားတွေဟာ အားလုံးနိုင်ငံရေးသမားချည်းလဲ မဟုတ်ပါဘူး။ ရည်ရွယ်ချက်ကိုယ်စီနဲ့ ရောက်လာကြပါတယ်။ ဥပမာ ကျနော်ဆိုရင် ကျောင်းတက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်သက်သက်နဲ့ရောက်လာတာဖြစ်ပါတယ်။ ဒီနေ့ ကျောင်းပြီးရင် မနက်ဖန် ကိုယ့်တိုင်းပြည်ပြန်မှာပါပဲ။ ကျနော့်လို အခြားကျောင်းသူကျောင်းသားတွေလဲ အများကြီးရှိပါတယ်။ အဲဒီကျောင်းသူကျောင်းသားတွေဟာလဲ နိုင်ငံရေးလုပ်စားသူတွေအကြားမှာ နေရတာ မသက်သာလှပါဘူး။ သူတို့ဆန္ဒပြစရာရှိလို သံရုံးရှေ့သွားပြီး အော်ကြဟစ်ကြတော့မည့်အခါမျိုးဆို လိုက်လံစည်းရုံးလှုံ့ဆော်တတ်ပါတယ်။

လိုက်တဲ့လူတွေရှိသလို ကိုယ့်ရည်ချက်နဲ့ကိုယ် မလိုက်တဲ့လူတွေလဲ ရှိပါတယ်။ အဲလိုအခါမျိုးမှာ မလိုက်တဲ့လူတွေအပေါ်နားလည်မပေးနိုင်ကြပဲ တောင်ပြောမြောက်ပြောကြတာဟာ အတော်မခံချင်စရာပါ။ တကယ်တော့ စည်းရုံးရေးလုပ်တယ်ဆိုတာ နဂိုကတည်းကိုက အစည်းအရုံးခံချင်နေတဲ့လူတွေကို စည်းရုံးနိုင်တာထက် သူ့လူကိုယ့်ဖက်သားဖြစ်အောင် စည်းရုံးနိုင်မှသာ မိမိတို့အင်းအားဟာ ကြီးထွားလာမှာဖြစ်ပါတယ်။ မိမိတို့ဘက် မပါရုံနဲ့ ထင်ရာလျှောက်ပြောနေရင်တော့ ဘယ်တော့မှ တစ်ဘက်သားကို ကိုယ့်လူဖြစ်အောင် လုပ်နိုင်ကြမှာ မဟုတ်ပါဘူး။ တစ်ဘက်လူကို ကိုယ့်လူဖြစ်အောင်တောင် မစည်းရုံးနိုင်တဲ့လူဟာ တကယ်ကြီးကျယ်တဲ့ တိုင်းပြည်ကောင်းစားရေးကို ဘယ်နည်းနဲ့ လုပ်နိုင်မလဲ။ ကျနော်မေးချင်ပါတယ်။

ကျနော်ပြောချင်တာက သဘောထားကြီးကြဖို့ပါ။ သဘောထားကွဲလွဲမှုအပေါ်မှာ သဘောထားကြီးနိုင်ဖို့အရေးကြီးတယ် လို့ကျနော်မြင်ပါတယ်။ လူတစ်ယောက်စီရဲ့အခွင့်အရေး၊ ခံယူချက်အရ ကွဲလွဲခွင့်ရှိပါတယ်။ ကိုယ်နဲ့သဘောထားမတူရင်လဲ လိုက်လျှောညီထွေဆက်ဆံပြီး စည်းရုံးနိုင်ရပါ့မယ်။ ဒါမှ ကိုယ်လိုချင်တဲ့ အင်းအားကို ရမှာဖြစ်ပါတယ်။ အဲလိုအင်အားမျိုးကိုရမှသာ ကျနော်တို့လိုချင်တဲ့ပန်းတိုင်ကို တက်ညီလက်ညီချီတက်နိုင်ကြမှာပါ။

ကျနော်တို့ရှေ့မှာ ကာဆီးနေတဲ့ အကာအရံကြီးဟာ အလွန်အင်အားကြီးမားလှပါတယ်။ မင်းတစ်ယောက်တည်းနဲ့လဲမတွန်းနိုင်ပါဘူး၊ ငါတစ်ယောက်တည်းနဲ့လဲ မတွန်းနိုင်ပါဘူး၊ သူတစ်ယောက်တည်းနဲ့လဲ မတွန်းနိုင်ပါဘူး။ “မင်းသူငါ၊ ညီညာစုံမှ၊ အလုံးစုံ အကုန်ပြီး၊ ဖွဲ့ကြစုစည်း” ဆိုသလို သဘောထားကွဲလွဲမှုတွေကို လျှစ်လျှူရှုပြီး ညီညီညွတ်ညွတ်နဲ့ ၀ိုင်းတွန်းမှသာ အဲဒီအားကြီးလှပါတယ် ဆိုတဲ့ အတားအဆီးကြီးဟာ ရွေ့လျားသွားမှာဖြစ်ပါတယ်။ ကျနော်တို့ ညီညွတ်ကြပါစို့။ ညီညီညွတ်ညွတ်နဲ့ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။

အလင်းတန်း 
 
 

လေယာဉ်ပေါ်တွင် ဆဲလ်ဖုန်းအသုံးပြုခြင်း


အရင်ကဆိုရင် လေယာဉ်ပေါ်မှာ ဆဲလ်ဖုန်း အသုံးပြုခွင့်ကို ပိတ်ပင်ပါတယ်။ ယခုအချိန်ထိလည်း နိုင်ငံအများစုမှာ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ အကြောင်းအရင်းက ဒီလို ဖြစ်ပါတယ်။

အကယ်၍ တစ်ယောက်ယောက်က လေယာဉ်ပေါ်မှာ ဖုန်းပြောရင် ထိုခိုက်စေမယ့် ယူနစ် သုံးခု ရှိပါတယ်။ အဲဒါတွေကတော့

၁။ လေယာဉ် GPS

လေယာဉ်ရဲ့  GPS တင်မကပဲ ဂြိုလ်တုဆက်သွယ်ရေးနစ်၊ မြေပြင် ဆက်သွယ်ရေးလမ်းကြောင်းအားလုံးမှာ ဆဲလ်ဖုန်းရဲ့  Wave တွေရောနှောနေမျာ ဖြစ်ပါတယ်။ ဒီတော့ လိုချင်တဲ့ သတင်းအချက် အလက်ကို မှန်မှန်ကန်ကန် မရရှိတော့ပဲ လေယာဉ်တိမ်းမှောက်တဲ့အထိ ဖြစ်စေပါတယ်။

၂။ နိုင်ငံပိုင် ဆက်သွယ်ရေးတိုင်များ

လေယာဉ်ပေါ်မှာ ဖုန်းပြောပြီဆိုရင် ဘယ်နိုင်ငံရောက်ရောက် ရောက်လေရာ နိုင်ငံက နီးစပ်ရာ တာဝါတိုင်နဲ့ သွားချိတ်ပါတယ်။ ချိတ်တာမှ တစ်ခုတည်းနဲ့ မဟုတ်ပ တိုင်အားလုံးမှာ သွားညှိပါတယ်။ ဒီတော့ နိုင်ငံရဲ့  ဆက်သွယ်ရေး ကွန်ရက်ကြီး တစ်ခုလုံးကို ထိခိုက်စေပါတယ်။

၃။ လေဆိပ်ဆက်သွယ်ရေး

လေယာဉ်အဆင်း၊ အတက်တွေမှာ အထူးသဖြင့် ဖုန်းပြောခွင့်ကို ပိတ်ပင်ထားပါတယ်။ ဘာလို့လဲဆို လေဆိပ်မှာရှိတဲ့ ဆက်သွယ်ရေး တာဝါ တိုင်များနဲ့ သွားညှိပါတယ်။ အကျိုးဆက်ကတော့ လေယာဉ်မောက်ဖို့ ပါပဲ။

မော်ဒန်ခေတ်နှင့် လေယာဉ်ပေါ် ဆက်သွယ်ရေး

အခုတော့ ခေတ်မှီသွားပါပြီ။ နိုင်ငံကြီးက လေယာဉ်တွေမှာ သီးသန့် ဂြိုလ်တုဖုန်း ခွဲထားပေးတာတော့ အမေရိကန်မှာဆို ၁၀ နှစ်မကတော့ပါဘူး။ လေယာဉ်ပေါ်ကနေ အင်တာနက်သုံးလို့ရအောင်တောင် ဖန်တီးပေးပါတယ်။ ဒါက လေယာဉ်နဲ့ မြေပြင်က ဆက်သွယ်ရေး တာဝါတိုင်များနဲ့ ဆက်စပ်မှု မရှိအောင်လည်း ဖန်တီးထားပါတယ်။ ယခုဆို ကိုယ့်ဖုန်းကို လေယာဉ်ပေါ်မှာ အသုံးပြုလို့ရတဲ့အထိ ဆားဗစ်ပေးတဲ့ လေယာဉ်လိုင်းနဲ့ ကုမ္မဏီများ ရှိလာပြီ ဖြစ်ကြောင်း သိရပါတယ်။ 
 
 
 

ကလစ် ၂ ချက်နှိပ်ရုံနဲ့ဖူးဗားရှင်းဖြစ်တဲ့ IDM လာပါပြီ



အမြဲတမ်းတင်ပေးနေကျ Just double Click IDM လေးပါ
 
IDM 6.17.9 ရဲ့ နောက်ဆုံးထွက် update လေးကို Crack တွေ Patch တွေ မသုံးတက်သေးတဲ့
 
ညီအကို သူငယ်ချင်းများအတွက် အမြန်ဆုံး ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ
 
 
 

Bagan keyboard pro version1.6.8ထွက်ရှိပါပြီ အခမဲ.ဒေါင်းယူရန်


Bagan Keyboard Pro Version 1.6.8 ထွက်ရှိပါပြီခင်ဗျာ။ Google Play Store နှင့် Kanaung Store တို့တွင် အခမဲ့ ဒေါင်းလုပ်ရယူနိုင်ပါပြီ။ ယခု Version တွင်

၁။ Jelly Bean OS သုံး ဖုန်းများတွင် ရှိသော စာလုံးမမှန်သည့် ပြဿနာများကို ဖြေရှင်းထားပါသည်။

၂။ Unicode ဖြင့်ရေးလိုသူများအတွက် Unicode ပါဝင်ပါသည်။

၃။ Keyboard ၏ စာလုံးများကို မူလထက် အနည်းငယ် ထပ်မံကြီးထားပါသည်။

၎။ Keypad ကြီးကြီး ရိုက်လိုသူများအတွက် Keyboard Size ကို စိတ်ကြိုက်ချိန်နိုင်အောင် Setting ထဲတွင် ထည့်သွင်းထားပြီးဖြစ်ပါသည်။

၅။ စာလုံးဖျက်ရန် အတွက် Cursor ကို အဆင်ပြေအောင် ပြုလုပ်ပေးထားပါသည်။ (Space Bar ကို နှစ်စက္ကန့်ခန့်နှိပ်ပါ။)

ယခင် Feature များအဖြစ်

၆။ မြန်မာစာလုံး အားလုံးကို ထည့်သွင်းပြီးဖြစ်ပါသည်။ (စာလုံးဆင့်များအတွက် ကီးဘုတ် အလည်တွင်ရှိသော ~ ကီးကိုသုံးပါ)

၇။ အသံဖြင့် အင်္ဂလိပ်စာ ရေးသားခြင်း ပြုလုပ်နိုင်ပြီဖြစ်ပါသည်။

၈။ မြန်မာစာလုံးများအတွက် Auto Complete Features ပါဝင်ပါသည်။

၉။ မိမိ မကြာခဏ ရိုက်လိုက်သော စာလုံးများကို Auto Learn လုပ်ပေးသော စနစ်ပါဝင်သောကြောင့် စာရေးသားရာတွင်လွယ်ကူပါသည်။

၁၀။ မိမိမှတ်သားလိုသော စာလုံးများကိုလဲ မှတ်သားထားပြီး Auto Complete List ထဲတွင် ထည့်သွင်းထားခြင်းဖြင့် စာရိုက်ရာတွင် မှန်ကန် မြန်ဆန် လွယ်ကူစေပါသည်။

၁၁။ -ါ ရေးရန်မလိုပဲ -ာ ကိုရေးရုံဖြင့် Auto ပြောင်းပေးသော Smart Zawgyi Feature ပါဝင်ပါသည်။ ( "ပါ" ကို ရေးလိုပါက "ပ + -ာ" ဟုရေးပါ Auto "ပါ" ဟု ပြောင်းသွားပါမည်။)

၁၂။ Double Tap Feature ပါဝင်သောကြောင့် စာလုံးအပေါ်တွင် အပြာရောင် စာလုံးရှိသော ခလုပ်များကို နှစ်ချက် ဆင့်နှိပ်ပါက Shift နှိပ်စရာမလိုပဲ ရိုက်နိုင်ပါသည်။ (ဥပမာ- "ရ" ကို ရိုက်လိုလျှင် "၇" ကို နှစ်ချက်နှိပ်ပါ။)

ထို့အပြင် -

၁၃။ အဆင်မပြေမှုများအတွက် Email ပို့၍သော်လည်းကောင်း၊ ယခု Post တွင် Comment ပေး၍သော်လည်းကောင်း၊ Google Play Store တွင် Comment ပေး၍ သော်လည်းကောင်း ပြောကြားနိုင်ပါသည်။ အတတ်နိုင်ဆုံး အမြန်ဆုံး ဖြေရှင်းပေးသွားပါမည်။

၁၄။ ပိုမိုကောင်းမွန်အောင် Version အသစ်များတွင် ထည့်သွင်းလိုသည်များကို အကြံပြု တောင်းဆိုနိုင်ပါသည်။

၁၅။ အခမဲ့ Share/Download ပြုလုပ်နိုင်ပါသည်။

၁၆။ ကျွန်တော်တို့၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပါက Playstore တွင် Rating များ ပေးခြင်းဖြင့် ကူညီနိုင်ပါတယ်ခင်ဗျာ။

Download ပြုလုပ်လိုပါက-
 
 
 
 
 
 
 

သင်.facebook အကောင်. အခိုးခံရတော.မယ်ဆိုရင်


သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာပါတယ်။ သူ့အကောင့်ကို ဆုံးရှုံးရတော့မယ့် ကိန်းရှိလို့ပါတဲ့။ အဲဒါ ဘာတွေ လုပ်ရမလဲဆိုပြီးတော့ မေးလာပါတယ်။ လုပ်စရာ သိပ်အများကြီး မရှိပါဘူး။ အကောင့်အခိုးခံရဖို့ အခြေအနေ များနေသူများအတွက် ပြုလုပ်ရမယ့် ကာကွယ်ရေးအဆင့်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
Primary Email ပြောင်းပါ

အဓိကအကျဆုံး လုပ်ရမယ့် အလုပ် ဖြစ်ပါတယ်။ Account Setting ကိုဝင်၊ General Tab ကနေပဲ Name, Usernam, Email, Password အစရှိသဖြင့်တို့ကို မြင်တွေ့ရမှာပါ။ ဒီတော့ Email ကို Edit လုပ်ပေးရမှာ ဖြစ်ပါတယ်။ လက်ရှိ မိမိ Log in ဝင်နေကျ Email ကိုဖြတ်ရပါမယ်။ ပြီးရင် မိမိ ပြောင်းလဲချင်တဲ့ Email ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် Password တောင်းပါတယ်။ Password ထည့်ပြီး save လိုက်တဲ့အခါ အရင် အီးမေးလ် အဟောင်းသို့မဟုတ် အသစ်ထည့်လိုက်တဲ့ အီးမေးလ် အဟောင်း သို့မဟုတ် ၂ ခုစလုံးဆီကို စာပို့မှာ ဖြစ်ပါတယ်။ အဓိကကတော့ ပြောင်းလဲမှုအတွက် Confirm လုပ်ပေးဖို့အတွက်ပါ။ ဒီတော့ Email အဟောင်းကော၊ အသစ်ကိုပါ စစ်ပေးဖို့ လိုအပ်ပါတယ်။

Password ပြောင်းပါ

Password ပြောင်းဖို့ လိုအပ်ပါတယ်။ ပိုပြီးလုံခြုံမှုရှိမယ့် Password ကိုရွေးရမှာပါ။ မိမိရဲ့  မွေးသက္ကရာဇ်တို့ အမည်တို့ ပါနေတဲ့ Password တွေဆိုရင်မလုံခြုံပါဘူး။ aA1@%com အစရှိသဖြင့် အများခန့်မှန်းရခက်ပြီး ကိုယ်တိုင်လည်း အလွတ်ရဖို့အဆင်ပြေမယ့် စာမျိုးကို ပေးဖို့လိုအပ်ပါတယ်။

Security enable လုပ်ပါ

General ရဲ့ အောက်မှာ Security ဆိုတဲ့ tab လေးရှိပါတယ်။ သူ့ကို click နှိပ်ပြီး
- Secure Browsing ကို Enable လုပ်ပေးဖို့လိုပါတယ်။ သူက ပိုလိုခြုံတဲ့ အင်တာနက် ပရိုတိုကော https ကို ဘယ်အချိန်ဖွင့်ဖွင့် ပို့ပေးမယ့် စနစ် ဖြစ်ပါတယ်။
- ပြီးတော့ Login Notification ကိုလည်း enable လုပ်ရပါမယ်။ ဒါမှ ကိုယ်မရှိတဲ့အချိန် တစ်ယောက်ယောက်က Log In ပြီဆိုရင်လည်း အီးမေးလ်ပို့ပြီး Alert လုပ်ပါတယ်။
- Trusted Contact ရွေးပါ။ သူက ကိုယ့်အကောင့်ထဲကို ဝင်လို့မရတော့ဘူးဆိုရင် Trust ရွေးထားတဲ့ friend တွေဆီကို ကုဒ်ပို့ပါတယ်။ သူတို့က ရရှိတဲ့ကုဒ်နဲ့ ပြန်ဖွင့်ရင် အကောင့်ပြန်ရပါတယ်။ အပြင်မှာ တွေ့ဆုံတဲ့သူငယ်ချင်းဖြစ်ဖို့ လိုပါတယ်။

App တွေ ဖြုတ်ပါ

App မှာ ကိုယ်ဆော့နေကျ App ကတော့ အဆင်ပြေပါတယ်။ သို့ပေမယ့် ဆော့လေ့ဆော့ထ မရှိတဲ့ Application, အသုံးမပြုဖြစ်တဲ့ App တွေကို Remove လုပ်လိုက်တာ အကောင်းဆုံးပါ။ သူ့ကို App section မှာ ဝင်ပြီး Edit လုပ်နိုင်ပါတယ်။


Email လုံခြုမှုရှိပါစေ

Facebook အကောင့်ကတော့ လုံခြုံသွားပြီ။ ကိုယ်ပြောင်းလဲလိုက်တဲ့ Email သာ မလုံခြုံဘူးရင်လည်း အိတ်ပေါက်နဲ့ ဖားကောက်သလို ပဲ ဖြစ်မှာပါ။ Log in ဝင်ဖို့ အသုံးပြုနေကျ Email ကို လုံခြုံမှုရှိအောင်လည်း ပြုလုပ် ပေးရမှာ ဖြစ်ပါတယ်။

Facebook Security သုံးပါ

Security on Facebook လို့ Search bar မှာရိုက်ထည့်လိုက်ရင် Facebook ရဲ့  Official Security App page ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ယင်းမှတစ်ဆင့် Password ပြောင်းလဲခြင်း၊ အမည်ပြောင်းခြင်း တို့ကို ပြုလုပ်ပြီး Security အတွက် စိတ်ကြိုက် Edit ပြုလုပ်နိုင်ပါတယ်။

အကောင့်သုံးပြီးတိုင်း sign out သေချာပါစေ

မိမိ ရဲ့  တစ်ကိုယ်ရေသုံး ဖုန်း၊ ကွန်ပြူတာတို့ဆိုရင်တော့ ကိစ္စမရှိပါဘူး။ အဲ့လိုမဟုတ်ပဲ သူငယ်ချင်း ပစ္စည်း၊ အများသုံး ပစ္စည်းတွေကနေတစ်ဆင့် သုံးပြီးပြီဆိုရင် Sign out သေချာဖို့လိုပါတယ်။ Browser history ကိုဖြတ်ခဲ့တာ အကောင်းဆုံးပါ။

Link ပေးတိုင်း မနှိပ်ပါနဲ့

ဒါ လည်းအရေးကြီးပါတယ်။ မိမိအကောင့်က အခိုးခံရမယ့်အနေ အထားလို့သိနေရင် Message box က ပေးလာတဲ့ Link တွေကို အထူးသတိထားဖို့လိုအပ်ပါတယ်။ သေချာ ယုံကြည်စိတ်ချရတယ်လို့ ထင်ရတဲ့ Link မျိုးပဲ နှိပ်သင့်ပါတယ်။ လက်တလော Celebrity အကောင့်များ ပျောက်ခြင်းက Link တွေဆီ ဆက်သွားပြီး Log in လုပ်လို့ပါ။ ဒီတော့ ဆင်ခြင်ဖို့အထူးလိုအ်ပါတယ်။
.
ဒီလောက်ဆိုရင် မိမိ အကောင့်အခိုးခံရမယ့် အခြေအနေမှာ ကင်းဝေးပြီလို့မျှော်လင့်ပါတယ်။
.
အောင်ခမ်း (TSJ team)
 
 
 

lock ကျနေသော facebook အကောင်.အား ပြန်ယူနည်း


လတ်တလော Facebook ရဲ့ ပြောင်းလဲ သွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။
ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။

အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ်ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။

၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။

ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်

ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်အောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။

ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။

သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။

ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။

ဒီနေရာမှ တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြည့်တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာတော့မဟုတ်ပါဘူး..သူမေးထားတဲ့ ပုံနဲ့ လူငါးယောက်ကို မှန်အောင် ဖြည့်ရပါတယ်…အချိန်အကြာကြီးယူဖြည့်လို့မရပါဘူး..အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့် log ပွင့်မှာမဟုတ်ပါဘူး။

အားလုံး အဆင်ပြေကြပါစေဗျား !!!

.
.
.
.ပုံဘော်ဘော် မြင်သူ:P တာတေးလေး တောင်းဆိုထားလို့  တင်လိုက်တာပါနော်

မြင် သူ မိုး 
 
 

သီတင်းကျွတ် အမှတ်တရ မီးပုံးလေးများ APPလေးများ(၃)


သီတင်းကျွတ်မှာ Android တွေကို မီးပုံးပျံလေးတွေနဲ့ အလှဆင်နိုင်ဖို့
မီးပုံးလေးများ ဆိုတဲ့ live wallpaper လေးကို လက်ဆောင်ပေးလိုက်ပါတယ်။
မီးပုံးလေးတွေ လွင့်တင်တာကို သဘောကျလို့ ဒီ App လေးကိုရှာခဲ့တယ်။
မီးပုံးပုံစံ (၃)မျိုးပါရှိပါတယ်။ နောက်ခံ ကောင်းကင်ပုံကိုလဲ
ပြောင်းလဲနိုင်တယ်။ 3D ဖြစ်လို့ မီးပုံးပျံများ ကောင်းကင်ပေါ် ပျံတက်သွားပုံမှာ အတော်လေး အသက်ဝင်ပါတယ်။ မှန်ပြင်ကို ထိပြီးလဲ ..
ကလိလို့ရပါသေးတယ်။ မြန်မာလိုလေး ပြန်ကလိပေးထားပါတယ်။
အားလုံး သဘောကျ နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ ဘော်ဒါတွေ အချင်းချင်း ဒီ app လေးကို လက်ဆင့်ကမ်း လက်ဆောင်ပေးခြင်းဖြင့် ..
သီတင်းကျွတ် အချိန်ခါကို ပျော်ပျော်ပါးပါး ဖြတ်သန်းကြစို့လားဗျာ
အောက်ကဒေါင်းယူပါ
(or)


ချစ်သူရဲ.ဂရုစိုက်မှုလေး



သင့်ချစ်သူက သင်နေမကောင်းမဖြစ်အောင်ဂရုတစိုက
်နေဖို့ မကြာခဏပြောဖူးတဲ့သူလား
~သင့်ချစ်သူက သင်နေမကောင်းဖြစ်တဲ့အခါ ဂရုဏာဒေါသနဲ့ ဆူငေါက်ဖူးတဲ့သူလား...
~သင့်သူက သင်စိတ်ဆိုးတဲ့အခါတိုင်သင်မှားမှားမှန်မှန် အရင် စချော့တတ်တဲ့သူလား...
~သင့်ချစ်သူက သင်ဝမ်းနည်းစရာတွေရှိတိုင်း တစ်ခုမဟုတ်တစ်ခုနဲ့ ပျော်ရွှင်အောင်လုပ်ပေးတတ်တဲ့သူလား...
~သင်စကားတွေ အများကြီး အားရဝမ်းသာပြောတဲ့အခါတိုင်း စိတ်ရှည်လက်ရှည်နားထောင်ပေးတတ်တဲ့သူလား...
~သင့်ချစ်သူကသင့်မွေးနေ့ တိုင်းမှာ ထူးထူးခြားခြားလေးတွေနဲ့ ပျော်ရွှင်အောင် ဖန်ဆင်းပေးတတ်တဲ့သူလား...
~သင့်ချစ်သူက သင်အိပ်ယာဝင်ခါနီးသူ့ ကို အရမ်းသတိရလို့ ဖုန်းဆက်ပြီးစကားတွေပြောတဲ့အခါ
စိတ်လိုလက်ရ ပြန်ပြောတတ်တဲ့သူလား...
~သင့်ချစ်သူက သင် Message လေးတွေပို့ တဲ့အခါ မြတ်မြတ်နိုးနိုးသိမ်းဆည်းထားပြီး ဘယ်လောက် အလုပ်ရူပ်နေပါစေ Message ပြန်ပို့ တတ်တဲ့သူလား...
~သင့်ချစ်သူက သင်နဲ့ အတူဈေးဝယ်ထွက်တဲ့အခါ သင့်အကြိုက်ကို ဦးစားပေးတတ်တဲ့သူလား...
~သင့်ချစ်သူက သင့်ကြိုက်တဲ့စားစရာတစ်ခုခုစားရတဲ့အခါ သင့်ကိုသတိတရ ဖုန်းဆက်ပြီး ပြောတတ်တဲ့သူလား...
~သင့်ချစ်သူက နှစ်ပတ်လည် Valentine မှာ တစ်မျိုးပြီးတစ်မျိုးမရိုးအောင်သင့်ကိုပျော်ရွှင်အောင်
လုပ်ပေးတတ်တဲ့သူလား...
~သင့်ချစ်သူက အရမ်းသဝန်တိုတတ်သူ ဖြစ်ပေမယ့် သင့်အတွက်ဆိုပြီး ချုပ်ထိန်းတတ်တဲ့စိတ်သဘောထားရှိတဲ့သူလား...
~သင့်ချစ်သူက သင့်ကို သင့်သူငယ်ချင်းတွေ ရှေ့ မှာ သာမန်ထက်ပိုပြီးဂရုစိုက်တတ်တဲ့သူလား...
~အများကြီးရှိပါသေးတယ်... အပေါ်က အချက်တော်တော် များများနဲ့ ကိုက်ညီနေရင် သင့်အတွက်တစ်သက်လုံးလက်တွဲနိုင်မယ့် ချစ်သူလေးကို ပိုင်ဆိုင်ထားရပြီဆိုတာ သေချာသလောက်ပါပဲ~ ♥ ♥ ♥
 
 
 

ဆီးအောင့်တတ်သူများ အတွက် အစားအစာ


ဆီးအောင့်ရတဲ့အကြောင်းရင်းများစွာရှိတဲ့အနက် ဆီးအိမ်တုံ့ပြန်မှု လွန်ကဲခြင်း (overactive bladde) ကြောင့် ဆီးသွားချင်စိတ်ပိုဖြစ်ခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးသွားချင်စိတ် စတင်ဖြစ်ပေါ်သည်နှင့် မအောင့်နိုင်ဘဲ ဆီးအမြန်သွားနိုင်ရန်အားထုတ်ရ ခြင်း၊ဆီးမသွားနိုင်ခင်အောင့်ထားသော်လည်း စိမ့်၍ထွက်ကျခြင်း စသည်တို့ဖြစ်တတ်ပါတယ်။ ဆီးထဲမှာပါလာတဲ့ ဓါတ်တွေကို ဆီးအိမ်ကတုံ့ပြန်မှုလွန်ကဲပြီး ကြာကြာသိမ်းမထားနိုင်ဘဲ အမြန်စွန့်ထုတ်နိုင်အောင် ဆီးအိမ်နံရံကြွက်သားတွေညှစ်တာကြောင့် ဆီးအောင့် ရတာဖြစ်ပါတယ်။ အထူးသဖြင့် ကဖင်း၊အချဉ်ဓါတ်တွေ ဆီးထဲပြန်ပါလာတဲ့အခါ ဆီးအိမ်ကလက်သင့်မခံဘဲ ညှစ်ထုတ်တတ်ပါတယ်။ ဆီးအောင့်တတ်သူများ ဂရုပြုရမည့် အစားအစာတွေကတော့

ဆန်၊ ဂျုံ၊ ပြောင်း

ဆန်၊ ဂျုံ၊ ဖွဲနု၊ ပြောင်းတို့မှ ထုတ်လုပ်ထားသည့် အစားအစာများဟာ ဆီးအိမ်ကိုဒုက္ခမပေးနိုင်ပါ ဘူး။ ကော်ဖီ၊ လက်ဖက်ရည် သောက်တာထက်စာလျှင် ကွေကာအုတ်၊ ပဲ နို့၊ ခေါက်ဆွဲ၊ ကြာဆံစာတာတွေ စားသုံးနိုင်ပါတယ်။

အခွံမာသီးအစေ့များ

အရေးကြီးတဲ့အချက်က အစားအသောက်ထဲမှာ ပဲ၊ ဂျုံ၊ သစ်သီး၊ အစေ့၊ အဆံတွေများများပါဝင်ဖို့လိုပါ တယ်။ ပဲခြမ်း၊ ပဲနီကလေး၊ ဗိုလ် စားပဲ၊ စားတော်ပဲ၊ ပဲစင်းငုံ စတဲ့ပဲ မျိုးစုံအလျှင်းသင့်သလို စားပေးသင့် ပါတယ်။

သစ်သီး

အချဉ်ဓါတ်မပါတဲ့ သစ်သီးတွေ ဦးစားပေးပါ။ သံပရာသီး၊ ရှောက်သီး စတာတွေကလွဲပြီး ကျန်အသီးတွေ စားနိုင်ပါတယ်။

ရေ

ရေသောက်လျှင်ဆီးများများ သွားတတ်တယ်ဆိုတဲ့ အကြောင်းပြချက်နှင့် ဆီးအောင့် ပြဿနာကို ဖြေရှင်းတဲ့အခါ ရေသောက်နည်းတာသာ အဖတ်တင်ပြီး ဆီးအောင့် သက်သာမှာ မဟုတ်ပါဘူး။ တစ်နေ့ မှာ ရေရှစ်ခွက်ခန့် သောက်သင့်ပါ တယ်။

သီဟ
Source:health-central
 
 

မူးဝေခြင်းအတွက်အိမ်တွင်လွယ်ကူလျှင်မြန်စွာသက်သာစေသောနည်းလမ်းများ


Vertigo လို့ခေါ်တဲ့ မူးဝေခြင်းကို ခံစားရမယ်ဆိုရင် ခံရသူဟာ ပတ်ဝန်းကျင်ဟာ ချာချာလည်နေခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်းတွေကို ခံစားရပြီး အော့အန်ခြင်းတွေကိုပါ ရုတ်တရက်ကြုံတွေ့နိုင်ပါတယ်။ ဒါဟာ နားရဲ့အတွင်းဖက်ပိုင်းက semi-circular လမ်းကြောင်းငယ် မှာ ပြဿနာရှိနေလို့ပဲ ဖြစ်ပါတယ်။

ဖြစ်ရတဲ့အကြောင်းရင်းများ

- အတွင်းနားမှာ လွင့်မျောနေသည့် ကယ်လစီယမ်ကာဘွန်နိတ်ပုံဆောင်ခဲငယ်များပိတ်ဆို့နေခြင်း
- နားတွင်းပိုးဝင်မှု ဖြစ်ပွားခြင်း
- အမြင်အာရုံထိခိုက်ခြင်း
- ခေါင်းထိခိုက်ခြင်း
- ဦးနှောက်အကျိတ်များ
- သွေးအားနည်းခြင်း၊ ဦးနှောက်သို့ သွေးလှည့်ပတ်မှု မလုံလောက်ခြင်း
- သွေးတိုးခြင်း၊ ကိုလက်စတီရောများ ခြင်း၊ ဆီးချိုသွေးချိုရောဂါ
-ရေဓာတ်နည်းပါးခြင်း၊ လေဖြတ်ခြင်း စသဖြင့် အကြောင်းအရာပေါင်းများစွာရဲ့နောက်ဆက်တွဲပြဿနာအနေ နဲ့မူးဝေခြင်းကရှိနေပါတယ်။

နည်းလမ်းများ

Tip1-

ဇီးဖြူသီးအမှုန့် လက်ဖက် ဇွန်း သုံးဇွန်းကို ရေနဲ့ရောပါ။အဲဒီ နောက်နံနံစေ့မှုန့်တစ်ဇွန်း ထပ်ပေါင်း ပါ။ သကြားဇွန်းဝက်ခန့် ထည့်ပြီး ညစဉ်ဖျော်သောက်ပေးပါ။

Tip2-

ကိုယ်ခန္ဓာကို ဖြေလျော့ထား ပါ။ ပြီးရင်အိပ်ပျော်အောင် ကြိုးစားပါ။ အိပ်မပျော်ခြင်း၊ အိပ်ချိန် နည်းပါးခြင်းဟာခေါင်းမူးခြင်း၊ ခေါင်း အုံခြင်းတွေနဲ့ပျို့အန်ခြင်းတွေကို ဖြစ် စေပါတယ်။

Tip3-

သစ်သီးလတ်လတ်ဆတ်ဆတ် ကို ကြိတ်ချထားတဲ့ သောက်စရာတွေကို သောက်သုံးပေးရင် ရေဓာတ်ဆုံးရှုံးလို့ဖြစ်တဲ့ ခေါင်းမူးခြင်းကို သက်သာစေပါတယ်။ွှ

Tip4-

အမြန်စာ (fast food)၊ အလွယ်စာတွေကို စားခြင်းကို ရှောင်ပါ။ အိပ်ယာထဲမှာ တစ်ဖက်ပဲစောင်း ပြီး အိပ်ခြင်းဟာ ဟန်ချက်ကို ထိန်းနိုင်ခြင်းကို လျော့ပါးစေပြီး ခေါင်းမူး စေနိုင်ပါတယ်။

Tip5

-စတော်ဘယ်ရီသီးများကို ကြိတ်ချေပါ။ ပြီးရင် ဒိန်ချဉ်နဲ့ရောပါ။ နေ့စဉ် သောက်ပေးရင် ခေါင်းမူးခြင်းကို သက်သာစေပါတယ်။

Tip6 -

ချင်း(ဂျင်း) လက်တစ်ဆစ်ခန့် ကို လက်ဖက်ရည်ကြမ်းထဲမှာ ထည့် ပြီးသောက်ပေးပါ။ မသောက်လိုရင် ၀ါးစားပေးပါ။ ဒါဆိုရင် သွေးပေါင်ချိန် တက်ခြင်းကြောင့်ဖြစ်တဲ့ ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်လိုခြင်းကို သက်သာစေပါတယ်။

Tip7-

မက်မန်းသီး (almonds) အနည်းငယ်ကို ကြိတ်ချေပြီး နို့ပူပူ တစ်ခွက်နဲ့ ရောပါ။ သောက်သုံးပေး ရင်စွမ်းအင်ပြည့်ဝစေတဲ့အပြင် ခေါင်းမူးခြင်းကိုလည်း သက်သာစေပါတယ်။

Tip8-

ပျို့အန်ပြီး ခေါင်းမူးတာမျိုးဆိုရင်တော့ ဆားအနည်းငယ်၊ ငရုတ် ကောင်းစေ့အနည်းငယ်ကို လိမ္မော်ဖျော်ရည်တစ်ဖန်ခွက်နဲ့ရောသောက် ပါ။ ပျို့အန်တာတွေ လုံးဝသက်သာ သွားပါလိမ့်မယ်။

ငြိမ်းအေး
ref;ANI
 
 

ဝက်ခြံ အမာရွတ် တွေ နှုတ်ဆက် ဖို့ အချိန်တန် ပြီ



ဆယ်ကျော် သက် ရွယ် ကစလို့ ၊ သွေးဆုံး ပြီး နောက် ၃ - နှစ်ခန့် တိုင် အောင် ဟော်မုန်းေ တွ ပြော င်း လဲမှု ကြောင့် အမျိုးသား၊ အမျိုးသမီး ၁၀ ဦး မှာ ပျမ်းမျှ အား ဖြင့် ၉.၉၉ ဦး ခန့်  အနည်း နဲ့ အများ ဆိုသလို ၀က်ခြံ မပေါက်ဖူး တဲ့ သူရယ် လို့ မရှိ ကြပါဘူး။ ကျန် ၀.၀၁ ဦး က တော့ ရှား ပါးလွန်း တဲ့ အသားအရေ ကံထူးရှင် တွေ လို့ ဆိုနိုင် ပါတယ်။ အသင့် အတင့် ၀က်ခြံ ပေါ က်ပြီးေ နာက် ၃ - ရက် နဲ့ ၁ - ပတ် အတွင်းမှာ အမာရွတ် တွေ သူ့ အလိုလို ပျောက်သွား တတ်ပါတယ်။ ဒါပေမယ့် အချို့ အသား အရေ ပိုင်ရှင်တွေ မှာ တော့ ရုပ် အလှ ပျက် လောက် အောင် ၀က်ခြံ အ မာရွတ် တွေ စွဲကျန် နေရစ် ခဲ့ရှာ တုန်း ပါဘဲ။

အောက်ပါ ရိုးရှင်း လွယ်ကူတဲ့ အိမ်တွင်း ကုထုံး နည်းလမ်း ( ၅ ) သွယ် ထဲက တစ်ခုခု နဲ့  အဆ င်ပြေ သွားပြီ ဆိုရင် တော့ သင့်မျက်နှာ ပေါ် ၀က်ခြံ အမာရွတ် တွေကို ….. တာ့တာ လို့သာ ဆို လိုက် ပါ တော့ နော်။

( ၁ ) နံ့ သာဖြူမှုန့် နဲ့  နှင်းဆီ ရည်

နံ့ သာဖြူ မှုန့် နဲ့ နှင်းဆီရေ ကို ပျစ်ပျစ် ဖျော်စပ် ပြီး၊ အမာရွတ် ပေါ်တိုက် ရိုက် လိမ်းပေး ပါ။ အချိန် ၁ နာရီ ကျော် ထားပါ ( သို့ မ ဟုတ် ) တညလုံး လိမ်း အိပ်နိုင် ပါတယ်။ ပြီးရင် ရေအေး ဖြင့် မျ က်နှာ သစ် လိုက်ပါ။ အသား အရေ အေးမြ တဲ့ ခံစားမှု ကို ချက်ချင်း သိရမှာပါ။ အမာရွတ် တွေ သိ သိ သာသာ လျော့ပါး သက်သာ လာစေ ပါတယ်။

( Rosewater လို့ ခေါ်တဲ့ နှင်းဆီရေ ကို အလှကုန် ပစ္စည်း ဆိုင် တွေ မှာ ၀ယ်ယူ ရရှိ နိုင်ပါတယ် )

( ၂ ) သံလွင်ဆီ

သံလွင်ဆီ နဲ့ အမာရွတ် ကို နေ့ စဉ် လိမ်းပေး ကြည့် ပါနော်။ အစိုဓာတ် ထိန်း ပေးနိုင် တဲ့ အစွမ်း သတ္တိ ပါရှိတဲ့ သံလွင်ဆီ အစွမ်း ကြောင့် အသား အရေ နူးညံ့ ချောမွတ် ကာ အမာရွတ် တွေ လ ည်း ပြေပျောက် သွား နိုင်ပြီ ပေါ့ရှင်။

( ၃ ) သခွားသီး

အသား အရေ ထိန်း အလှကုန် ပစ္စည်း တွေ ကို ဘာ့ကြောင့် သခွားသီး နဲ့ ဖော်စပ် ထုတ်လုပ် ထား ရ ပါသလဲ၊ အဖြေ ကတော့ ရှင်းရှင်း လေးပါ။ သခွား ရည်က အသားရေ ကို နူးညံ့ ချောမွေ့ေ အးမြ စေပြီး၊ ၀က်ခြံ အမာရွတ် တွေကို လည်း ပျောက်ကင်း သက်သာ စေလို့  ပါ ဘဲ။

( ၄ ) ရှားစောင်း လက်ပက်

ရှေးယခင် က စလို့  ရှားစောင်း လက်ပက် ပင်ရဲ့ ဂျယ်လီတွေ ကို အသား အရေ အတွက် အိမ် တွင်း သမားတော် အဖြစ် သုံးစွဲ လာခဲ့ ကြ ပါတယ်။ သူက မျက်နှာ အသား အရေ ကို ကျန်းမာ သိပ် သည်း ကြံ့ခိုင် စေပြီး တင်းတိပ်၊ ၀က်ခြံ နဲ့ ဝက်ခြံ ကြောင့် စွဲကျန်ရစ် တဲ့ အမာ ရွတ် တွေ ကို သက် သာ ပျောက်ကင်း စေတယ် နော်။

( ၅ ) ရေ

တစ်နေ့ ကို သောက် ရေ ဖန်ခွက် ၈ - ခွက် စာထက် မနဲ သောက် ဖြစ်အောင် သောက် ကြနော်။ေ ရသောက် ခြင်း က ခန္ဒာကိုယ် အရေ ပြား ရှိ အဆိပ် အတောက် များ ကို ဖယ်ရှား သန့် စင် စေပြီး၊ အရေပြား ဆဲလ် အသစ်များ ကို မွေးဖွား ပေးကာ၊ ၀က်ခြံ ကြောင့် ဖြစ်တဲ့ ဆဲလ် အသေ တွေ ၊ အ မာရွတ် တွေ ကို ဖယ်ရှား သန့် စင် စေပေး တယ် လေ။

Daily Health