ချစ်သူအတွက် အမှတ်တရနေ.စွဲလေးတစ်ခု


အဲ့ဒီနေ့ကပေါ့....

ချစ်သူကိုကြည့်လိုက်ရင် ချစ်သူရဲ့အမှုအယာတွေက အမြဲတမ်း တည်ငြိမ်အေးချမ်းနေတာပဲ…

ချစ်သူကိုစတွေ့တဲ့နေ့က နွေနံနက်ခင်းလေးဆိုပေမယ့် ချိုသာတဲ့ လေပြေ နုနုလေးတွေက

ကိုကို့ရင်ထဲမှာ ညှင်သာစွာ တိုက်ခတ်နေသလိုမျိုး အေးမြနေခဲ့တာပါ…

အမှန်တစ်ကယ် မညာတမ်းဝန်ခံရရင် အဲ့ဒီအချိန်ထဲက ချစ်သူရဲ့ ပုံရိပ်လေးတွေ၊ ချစ်သူရဲ့

စကားသံတွေကို ရင်ထဲမှာနက်ရှိုင်းစွာနဲ့ မြတ်နိုးနေခဲ့မိတာပါ…

အချိန်တိုင်းမှာလဲ ကိုကို့ရင်ထဲ အသွေးအသားထဲ စိမ့်စမ်းရေတွေ စီးဆင်းနေသလို

အေးချမ်းမှုတွေပဲ ဖြစ်ပေါ်စေပါတယ်… လည်တိုင်ဖွေးဖွေးလေးနဲ့ သေသပ်ကျနစွာ

ဝတ်စားဆင်ယင်တက်တဲ့ ချစ်သူရဲ့ ဟန်ပန်တွေက အားလုံးထက် တစ်မူထူးခြားနေလို့ ချစ်သူအပေါ်

သံယောဇဉ်တွယ်နေခဲ့မိတယ်... ကိုကို့ရင်ထဲက

ချစ်ခြင်းမေတ္တာတွေကို ချစ်သူ သိနေမှာပါ …

ချစ်သူရဲ့ ရိုးသားဖြူစင်တဲ့ မျက်ဝန်းတွေနဲ့ ဆုံလာတိုင်း အဆုံးအစမရှိတဲ့

မြတ်နိုးခြင်းတွေနဲ့ ရင်ခုန်မိခဲ့တယ်ဆိုတာတော့ ၀န်ခံပါရစေ…


ချစ်သူကိုအရမ်းချစ်တယ် ....ထာဝရထိပေါ့


16.9.2013 ချစ်သူအတွက်အမှတ်တရနေ့စွဲလေးတခုပေါ့ — အရာအားလုံးထက်ပိုချစ်တယ် 
 
 La Minlay. ... ♥♥♥

No comments:

Post a Comment