ကဲ မှတ်ပလား


သင်္ချာ ပါမောက္ခတစ်ဦး သူ၏ မိန်းမဆီသို့ မတ်ဆေ့ခ်ျ ပို့သည်။

"ချစ်လှစွာသော မိန်းမရေ အခုဆို ငါ့မိန်းမအသက်လည်း ၅၄ နှစ်ပြည့်သွားပြီ ဆိုတော့ ကိုယ့်ကို စိတ်ကျေနပ်မှု မပေးစွမ်းနိုင်တော့ဘူးပေါ့နော်။ ကိုယ်အခု ၁၈ နှစ်အရွယ် ကျောင်းသူ တစ်ယောက်နဲ့ အတူရှိနေတယ်။ ဒီည အိမ်ပြန်နောက်ကျမယ်"

ထိုအခါ မိန်းမလုပ်သူမှလည်း မတ်ဆေ့ခ်ျ ပြန်ပို့သည်။

"ချစ်လှစွာသော လင်တော်မောင်ရေ အခုဆို ရှင့်အသက်လည်း ၅၄ နှစ်ပြည့်သွားပြီ ဆိုတော့ ကျမကို စိတ်ကျေနပ်မှု မပေးစွမ်းနိုင်တော့ဘူးပေါ့နော်။ ကျမ အခု ၁၈ နှစ်အရွယ် အိမ်က ဒါရိုင်ဘာနဲ့ အတူရှိနေတယ်။ ရှင်က သင်္ချာပညာရှင်ပဲ၊ ၅၄ နဲ့ ၁၈ ကို စားတာနဲ့စာရင် ၁၈ နဲ့ ၅၄ ကိုစားတာ ဘာဟာက အကြိမ်များများပိုရမလဲ တွက်ကြည့်ပေါ့။ ဒီည အိမ်ပြန်မလာခဲ့နဲ့"
~~~~~~~~~~
ဆာလာအိတ်မှ ဘာသာပြန်သည်

No comments:

Post a Comment