iPhone 5S လက်ဗွေစနစ် ဟက်ကာတို့ ဖောက်နိုင်ပြီ

ဂျာမနီနိုင်ငံ ဘာလင် မြို့  အခြေ ဆိုက် Chaos Computer Club ( CCC ) လို့ အမည် ရတဲ့ ဟက် ကာ အဖွဲ့ဟာ iPhone 5S နဲ့ Touch ID fingerprint Scanner ကို အလွယ်တကူ ဖော က်ထွင်း နို င်ခဲ့ ပြီ ဖြစ် ပါတယ်။

ဖောက်တယ် ဆိုလို့ ဝက်အူရစ်၊ မူလီ တို့နဲ့ ဖောက်တာ ကို ပြောတာ မဟုတ် ပါဘူး။ လက်ဗွေ အတု နဲ့ ဖုန်း လုံခြုံရေး စနစ် ကို ကျော်ဖြတ် တာ ဖြစ် ပါတယ်။ သူတို့ ရှင်းပြ ထားချက် က ဒီလို ပါ။ iPhone 5S မှာ ထူးခြား သွားတဲ့ လုံခြုံရေး စနစ် က အရည်အသွေး ပိုကောင်း တဲ့ High resoulution ဓာတ်ပုံ ကို ရိုက်ကူး သိမ်းဆည်း ထားခြင်း သာ ဖြစ်ပြီး ယင်းကဲ့သို့ အလား တူ ဓာတ်ပုံ ကို ဖန်တီး နိုင်ရင် အလွယ် တကူ ဖောက်ဝင် နိုင်မှာ ဖြစ်ပါတယ်။ အသုံးပြု သူရဲ့  လက်ဗွေ မူရင်း ကို ၂၄၀၀ dpi အရည် အသွေး ရရှိဖို့ လိုအပ် တယ်။ ပြီးရင် ယင်း လက်ဗွေ ကို Laser printer နဲ့ 1200 dpi အထိ အနိမ့်ဆုံး အရည် အသွေး နဲ့ ပြန်လည် ထုတ် လိုက် နိုင်ရင် iPhone 5S ပေါ် မှာ အသုံးပြု လို့ ရသွား ပါပြီ။

လေဆာ နဲ့ Print လုပ်ထား တဲ့ ယင်း လက်ဗွေ အခွံ ကို လက်ထိပ်မှာ ကပ်ပြီး ဖိဖွင့် လိုက်ရုံ ပဲ ဖြစ်ပါ တယ်။ ပိုပြီး ရှင်းလင်း သွားအောင် အောက်ပါ ဗီဒီယို ကို လေ့လာ ကြည့်ရှု နိုင်ပါ တယ်။

http://www.youtube.com/watch?v=HM8b8d8kSNQ&feature=youtu.be 

 ဒီအတွက် ဆုချ ဖို့ ကြေညာ ထားတဲ့ ဟက်ကာ အဖွဲ့အစည်း များ ကို ပြန်လည် စစ်ဆေး မှု ပြုလု ပ်ေ နပါပြီ။ တကယ် မှန်တယ် ဆိုရင် ဆုကြေးငွေ အတော် လေး ရမယ့် ဖောက်ထွင်း မှု ကြီးပါ။ Apple ရဲ့  iPhone 5S ကို ဖြန့်ဖြူး ရောင်းချ တဲ့ ရက်ပိုင်း အတွင်းမှာ ပဲ Hack လုပ် နိုင်ကြောင်း Claim လုပ် ကြတဲ့ အဖွဲ့ အစည်း နဲ့ Individual တွေ များ နေပါပြီ။ Apple က ဘယ်လို တုန့်ပြ န် ပြော ဆိုမယ် ဆိုတာ ကို လည်း စောင့်ဆိုင်း နားစွင့် လျက် ရှိကြ ကြောင်း သိရပါတယ်။

အောင်ခမ်း (TSJ Team)

No comments:

Post a Comment