facebook ကသင်.ကိုမပြောပြသော အချက်(13)ချက်




၁။ Facebook က သင့်အကြောင်း ဘယ်လောက် သိသလဲ သိချင်ပါသလား။ Home Menu ထဲက Account Settings ကို ဝင်ပြီး Download a copy of your facebook data ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် Facebook က သင့်အကြောင်း ဘယ်လောက် သိသလဲ ဆိုတာ ကြည့်နိုင်မှာပါ။
၂။ သင်ကတော့ သင့်ရဲ့ သတင်းထူးတွေနဲ့ ကိုယ်ရေးကိုယ်တာတွေကို တစ်ကမ္ဘာလုံးကို ပြောချင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Facebook ကတော့ သင်တင်သမျှ အကြောင်းအရာတွေကို လူအများ ကြည့်နိုင်တဲ့ Public အနေနဲ့ပဲ Setting မှာ ထားပေးမှာပါ။ သင် များများတင်လေ၊ ပိုကြိုက်လေပေါ့။ လူအတော်များများက Privacy Setting ကို ပြောင်းမှာ မဟုတ်ဘူးလို့ စဉ်းစားပြီးပေါ့။

၃။ သင့်သူငယ်ချင်းတွေ တင်သမျှအားလုံးကို သင်မြင်ရမှာ မဟုတ်သလို သင်တင်သမျှ အရာတိုင်းကိုလည်း သင့်သူငယ်ချင်း လက်တစ်ဆုပ်ကသာ မြင်ရလိမ့်မယ်။ Facebook က အသုံးပြုသူတွေကို အွန်လိုင်းမှာ ကြာကြာ ရှိစေချင်တဲ့အတွက် Like အများကြီး ရထားတဲ့၊ အများဆုံး share ထားတဲ့၊ comment အများကြီး ရှိတဲ့ post တွေကို သင်အရင်မြင်ရအောင် အပေါ်ကို ရွှေ့ပေးထားပါတယ်။

၎။ သင် Facebook ထဲကို ဝင်ထားတုန်းဆို ကျွန်တော်တို့က သင် ဘာလုပ်နေသလဲ လိုက်ကြည့်ထားတယ်။ Facebook ရဲ့ Like ဒါမှမဟုတ် Share ခလုတ်ရှိတဲ့ Website တွေကို သင်ဝင်ကြည့်တိုင်း Facebook က မှတ်တမ်းတင် သိမ်းဆည်းထားတယ်။

၅။ သင်တင်တဲ့ post တွေကို Public က ကြည့်လို့ရအောင် လုပ်ထားရင် လူတိုင်းက သင် ဘယ်ရောက်နေသလဲ သိနိုင်ပါတယ်။ မတော်တဆများ သင့်အိမ်ကိုဝင်ဖို့ ချောင်းနေတဲ့ သူခိုးက သင်ခရီးသွားနေတာ သိသွားရင်တော့ …

၆။ ဘွဲ့ရတာတို့၊ စေ့စပ်တာတို့၊ လက်ထပ်တာတို့၊ ကလေးမွေးတာတို့လို သတင်းထူးတွေ တင်ဦးမှာလား။ Facebook က သိပါလိမ့်မယ်။ သိရုံတင် မဟုတ်ဘဲ သင့်သူငယ်ချင်းတွေ အွန်လိုင်းတက်ပြီး Facebook ထဲကို ဝင်လာတဲ့ အချိန်အထိ မြင်ရအောင် တင်ထားပေးပါလိမ့်မယ်။

၇။ Facebook က သင့်အကြောင်း များများသိလေ၊ သင့်အတွက် အကျိုးရှိလေပါပဲ။ ဥပမာ – သင်က Giordano တံဆိပ် ကြိုက်တယ်ဆိုရင် Facebook က Giordano မှာ ဈေးဝယ်လို့ရတဲ့ ကူပွန်ကို သင်မြင်ရအောင် ပြပေးတဲ့အခါ သင့်အတွက် အသုံးဝင်ပါလိမ့်မယ်။

၈။ သင် သတိတရရှိတဲ့ သူငယ်ချင်းတွေရဲ့ post တွေ သိပ်မတွေ့ဘဲ သိပ်မသိတဲ့သူတွေဆီက post တွေပဲ များနေသလား။ သင်ရဲ့ newsfeed ကို Mostrecent ကနေ Top News ကို ပြောင်းလိုက်ပါ။ ပြီးရင် သင်အမြဲ မြင်ချင်၊ တွေ့ချင်တဲ့ သူငယ်ချင်းတွေကို Closefriends ထဲကို ထည့်ပြီး၊ သင်မမြင်ချင်တဲ့ သူတွေဆိုရင်တော့ subscibe လုပ်ထားတာ ဖြုတ်လိုက်ပါ။

၉။ Facebook က နေရာလပ်တွေကို ကြော်ငြာကုမ္ပဏီတွေကို ရောင်းပါတယ်။ ကြော်ငြာကုမ္ပဏီတွေက သူတို့ ပစ်မှတ်ထားတဲ့ ဒေသ၊ လုပ်ငန်း၊ အသက်အရွယ်နဲ့ ပညာ အဆင့်အတန်းတွေကို Facebook ကို ပြောပြတဲ့အခါ Facebook က အချက်အလက်တွေနဲ့ ကိုက်ညီသူတွေ ကြော်ငြာတွေကို မြင်ရအောင် ဆောင်ရွက်ပေးပါတယ်။

၁၀။ သင်တင်တဲ့ post ကို သင့်သူငယ်ချင်း အားလုံး မြင်ရအောင် လုပ်ချင်ပါသလား။ Post တစ်ခုအတွက် ခုနစ် ဒေါ်လာကနေ ဆယ်ဒေါ်လာလောက်ထိ ပေးရင် သင့်သူငယ်ချင်းတိုင်းရဲ့ Top News မှာ သင်တင်ထားတဲ့ post ပေါ်အောင် Facebook က လုပ်ပေးပါလိမ့်မယ်။

၁၁။ အသုံးပြုသူ တော်တော်များများက Timeline ကို သဘောမကျကြပါဘူး။ ဒါပေမဲ့ ဒါကို မကြာခင် ပြောင်းလဲမယ့် အလားအလာတော့လည်း မမြင်မိဘူး။ Timeline က အသုံးပြုသူအချင်းချင်း ဝေမျှရာမှာ ထိရောက်ပြီး အမြင်ဆန်းပါတယ်။ ကုမ္ပဏီတွေကလဲ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို မြင်သာထင်သာ ကြော်ငြာလို့ရလို့ သဘောကျကြတယ်လေ။

၁၂။ သင်တင်တဲ့ post တွေကို သင့်မြို့က လူတွေပဲ၊ သင့်ကျောင်းက လူတွေပဲ၊ သင့်အလုပ်က လူတွေပဲ စသဖြင့် လူတစ်စုပဲ မြင်အောင် လုပ်လို့ရပါတယ်။ သင်တင်တဲ့ post ကို သင့်သူဌေးက လွဲပြီး ကျန်တဲ့သူအားလုံး မြင်အောင်လဲ လုပ်လို့ ရပါတယ်။ အဲဒါတွေ အကုန်လုံးကို status update box ရဲ့ ညာဘက်အောက်ထောင့်မှာရှိတဲ့ မြားခလုတ်မှာ ပြောင်းလို့ ရပါတယ်။

၁၃။ နောက်တတ်၊ ပြောင်တတ်တဲ့ သင့်လုပ်ဖော်ကိုင်ဖက်၊ ဒါမှမဟုတ် သူငယ်ချင်းရှေ့မှာတော့ သင့် Facebook ကို မဖွင့်ထားမိပါစေနဲ့။ တစ်ယောက်ယောက်ကများ သင့် Facebook ပေါ်မှာ ပြောင်ချော်ချော် status တွေ လျှောက်ရေးလို့ကတော့ သင့်ကို ကြောင်နေပြီလားလို့ ထင်သွားမှာပါပဲ။

၁၄။ သူငယ်ချင်း လက်ခံတာနဲ့ တခြား page တွေကို like လုပ်တဲ့အခါ သတိထားပါ။ သင်တွေ့သမျှသူတွေကို လက်ခံ၊ တွေ့သမျှ page ကို like လုပ်ထားရင်တော့ သင်စိတ်မဝင်စားတဲ့ အရာတွေလဲ အများကြီး သင်တွေ့နေရမှာပါ။ အဲဒီတော့ အချိန်ယူပြီး မမြင်ချင်တာတွေကို စစ်ထုတ်ပစ်ပါဦး။

၁၅။ Facebook Chat ထဲမှာ Offline လုပ်ပြီး သင် စကားမပြောချင်တဲ့ သူငယ်ချင်းတွေဆီကနေ ပုန်းနေလို့ရပါတယ်။ တကယ်လို့ သူငယ်ချင်း တစ်ယောက်ယောက်နဲ့ပဲ စကားမပြောချင်ဘူး ဆိုရင်လည်း chat window ထဲက သူ့နာမည်ကို နှိပ်၊ ညာဘက်ထိပ်မှာရှိတဲ့ icon မှာ သူ့တစ်ယောက်ထဲကိုပဲ offline လုပ်ထားလို့ ရပါတယ်။

၁၆။ တချို့ အချက်အလက်တွေက Facebook ပေါ်မှာ ဖွက်ထားလို့ မရပါဘူး။ ဥပမာ – သင့်နာမည်၊ သင့် profile မှာ တင်ထားတဲ့ ဓာတ်ပုံ၊ သင်က အမျိုးသားလား၊ အမျိုးသမီးလား ဆိုတာတွေပေါ့။ ဒီလို အချက်အလက်တွေကို လူတိုင်းက ကြည့်နိုင်ပါတယ်။

၁၇။ သင် သဘောကျတဲ့ Facebook page တွေမှာ လူတွေ နည်းသွားတယ်လို့ ထင်မိလား။ အဲဒါ profile အတုတွေနဲ့ page အတုတွေကို Facebook က လိုက်ဖျက်သိမ်းနေလို့ပါ။ တစ်ခါတလေမှာ လူတစ်ယောက်ထဲကပဲ accountတွေ အများကြီးနဲ့ သုံးနေတတ်တယ်လေ။ Facebook ရဲ့ အဆိုအရကတော့ profile အတုတွေက ၈၃ မီလီယံတောင် ရှိတယ်တဲ့။

၁၈။ သုံးရတာ ပိုမြန်ချင်တယ် ဆိုရင်တော့ ဒီနည်းကို သုံးပါ။ သင့်ဖုန်းနဲ့ Facebook ကို log in မလုပ်ခင် Wifi network တစ်ခုခုနဲ့ ချိတ်ဆက်လိုက်ပါ။

၁၉။ သင် ကုမ္ပဏီတစ်ခုခုကို Like လုပ်တာပဲ ဖြစ်ဖြစ်၊ ကုန်ပစ္စည်းတစ်ခုအကြောင်းကို comment ပေးတာပဲဖြစ်ဖြစ် သတိထားပါ။ သင်ဘာလုပ်လိုက်သလဲ ဆိုတာ သင့်သူငယ်ချင်းတွေဆီမှာ ပေါ်ပါတယ်။ သင့်လုပ်ရပ်ကို Facebook က ကြော်ငြာအနေနဲ့ အသုံးချကောင်း ချပါလိမ့်မယ်။


ရွှေခေမာ

Ref & Credit to Smart Pro Journal
 
 
 

Blogger Templates Free Download

ဘလော့ ရေးနေတဲ့ မိတ်ဆွေများအတွက် အသုံးဝင်မဲ့ Templates
များကို Free ရတဲ့ဆိုက်လေးတစ်ခုပါ။ ဝက်ဆိုက်ရေးနေတဲ့
Blogger များ အတွက် ကိုယ့်ဆိုက်လေးကို လန်းလန်းလေးနဲ့
သူများတွေကြိုက်အောင် ပြင်ချင်တယ် ဆိုရင် အောက်ကလင့်
လေးမှာ သွားဒေါင်းနိုင်ပါတယ်။ အဆင်ပြေကြပါစေ။
 
 
 
ကူးယူမျှဝေခြင်းဖြစ်ပါသည်။ 

passwallet(or)လျှို.၀ှက်ပိုက်ဆံအိတ်လေး




လူတိုင်းမှာ လျှို့ဝှက်ချက်တွေ ကိုယ်စီ ရှိကြပါတယ်။ Online သုံးတဲ့အခါ ..
Password တွေကို တစ်ခုထက် မနည်း သတ်မှတ်ထားပြီး အသုံးပြုကြတယ်။
facebook အတွက်တစ်မျိုး၊ Gmail အတွက် တစ်မျိုး .. တစ်မျိုးမျိုးနဲ့ ..
နောက်ဆုံး များလာတော့ မမှတ်မိတော့ဘူး။ NotePad နဲ့ ရေးမှတ်တယ်။
ခေါင်းထဲမှာ မရမက မှတ်ထားတယ်။ ဒါပေမယ့် ဘယ်အရာမှ စိတ်မချရဘူး။
PassWallet ကတော့ Password နဲ့ပက်သက်တာတွေကို
ဖြေရှင်းပေးပါမယ်။ မိမိ Password တွေကို လုံခြုံစွာ သိမ်းဆည်းထားနိုင်တဲ့
နေရာလေးတစ်ခုပါ။ PassWallet မှာ ကဏ္ဍအလိုက် Password များကို မှတ်သားလို့ရပါတယ်။ Password တွေ အများကြီးရှိလို့ မေ့မှာ စိုးရိမ်နေသူတွေအတွက်တော့ PassWallet က အကောင်းဆုံး မိတ်ဆွေပါပဲ။

မိမိ Password များကို စိတ်တိုင်းမကျဘူးဆိုရင်လဲ PassWallet ကနေ အက္ခရာ ဂဏန်း စုံလင်တဲ့ Password များကို ရယူနိုင်ပါတယ်။ Random စနစ်ဖြစ်လို့ Password များ တစ်ခုနဲ့တစ်ခု တူမှာ မဟုတ်ပါဘူး။ Sing in Password များ၊ Bank Accounts number များ၊ Credit Cards number များ .. စသဖြင့် လျှို့ဝှက်နံပါတ်များစွာကို အကောင်းမွန်ဆုံး မှတ်သားထားနိုင်ပါတယ်။ ဖွင့်ကြည့်တဲ့နေရာမှာလဲ floating window နဲ့ ဖော်ပြပေးလို့ Password ရိုက်ပြီး ၀င်ရမယ့် နေရာတွေမှာ အလွယ်တကူ ကြည့်ပြီး အဆင်ပြေစွာ ၀င်ရောက်နိုင်တယ်ဗျာ .. အလန်းပဲ

PassWallet ကို install လုပ်ပြီး icon ဖော်ပြီး သုံးလို့ရသလို ..
ပိုပြီး လုံခြုံစိတ်ချမှု ရှိချင်ရင် icon အနေဖြင့် မဖော်ပြတော့ပဲ ကွက်ပျောက် ..
သုံးလို့ရမယ့် Stealth Mode ပါရှိပါတယ်။ icon ကို ဖျောက်ပစ်ပြီး
ဖုန်း Dialer ကနေပြီး ကိုယ်သတ်မှတ်ထားတဲ့ နံပါတ်ကို (*) နဲ့တွဲရိုက်ကာ
PassWallet ကို အဖွင့် အပိတ်လုပ်နိုင်ပါတယ်။ Password တွေ အများကြီး
အသုံးပြုနေရသူတွေအတွက် ဆောင်ထားသင့်တဲ့ App ဖြစ်ပါတယ်။
ဒီ App လေးက 5$ နဲ့ရောင်းတာဆိုတော့ ဈေးလဲ အတော်ကြီးတယ်ဗျ။
Android 2.2 နှင့်အထက်တွင် အသုံးပြုနိုင်ပါတယ်။

အောက်က သွားရောက်ဒေါင်းယူနိုင်ပါတယ်


(or)

https://www.copy.com/s/X8p2NS0rTgzu/Mr.AD%20-%20Paswallet.apk 



ဒီနေရာလေးမှ  http://bluenavyblog.blogspot.com/2013/09/passwallet.html ကူးယူမျှဝေခြင်းဖြစ်ပါသည်။

Ning.com ၀က်ဆိုဒ်ထောင်ချင်တယ် ဆိုရင် .......

အခု အွန်လိုင်းမှာ တော်တော်များများ Ning ဆိုက်တွေ
ပြုလုပ် နေကျပြီး အသုံးပြု နေတာတွေကို တွေ့ရမှာပါ။
သူငယ်ချင်းလည်း အဲလို Ning ဆိုက်ကို စိတ်ဝင်စားတယ်
ဆိုရင် အောက်မှာ လေ့လာ လုပ်ဆောင် နိုင်ပါတယ်။
အသေးစိပ် သိချင်တယ် ဆိုရင် အောက်က လင့်လေးမှာ
ဝင်ရောက် လေ့လာနိုင်ပါတယ်။
 



 
 

Blogger Templates Free Download


  ဘလော့ ရေးနေတဲ့ မိတ်ဆွေများအတွက် အသုံးဝင်မဲ့ Templates
များကို Free ရတဲ့ဆိုက်လေးတစ်ခုပါ။ ဝက်ဆိုက်ရေးနေတဲ့
Blogger များ အတွက် ကိုယ့်ဆိုက်လေးကို လန်းလန်းလေးနဲ့
သူများတွေကြိုက်အောင် ပြင်ချင်တယ် ဆိုရင် အောက်ကလင့်
လေးမှာ သွားဒေါင်းနိုင်ပါတယ်။ အဆင်ပြေကြပါစေ။


ဖုန်းကိုင်သော သူများအတွက် သိထားသင်.သောအကြောင်းရာလေးများ



ဖုန်းကိုင်ထားသော ကိုကို ၊ မမ များ သိထားသင့်သော အကြောင်းအရာလေးများ မိုဘိုင်းဖုန်း တစ်လုံး ၏ လျှို့ဝှက်ချက် ငါးခု

လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ ပါတယ်။ ကိုင်နေတဲ့လူ

အများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarmနဲ့ Game အစ

ရှိတာ...တွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော်

ပြပေးလိုက်ပါတယ်။

(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့

ရတာ တွေ့ရ ပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။မိုဘိုင်းဖုန်းတွေရဲ့

ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ် ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာအနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုအလျောက်

ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာမိုဘိုင်း ဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင် တောင်နှိပ်လို့ရနေမှာဖြစ်ပါတယ်။

(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်းဘက်ထရီအားနည်းလာပြီဆို ရင်*3370# ကို

နှိပ်လိုက်တာနဲ့ ဖုန်းတွေမှာအရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာဘက်ထရီထက်ဝက်အား

ပြန်ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်းဘက်ထရီအားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေး

ပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ဒီနည်းဟာ လူအများစုအတွက်

အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထား တဲ့ ကားအသုံးပြုသူ တွေအတွက် ကား ထဲမှာ သော့ကျန်ခဲ့ခြင်း၊

အပိုသော့တစ် ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေတာကိုတွေ့ရမှာပါ။အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့ အဆက်အသွယ်ရရင်

အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါးပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်း

ကိုတော့ကား နားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်းဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင်ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်

ပါတယ်။

(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့အကြောင်းတစ်ခုခု

ကြောင့်ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။

ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း(၁၅)လုံးပေါ်လာမှာဖြစ်ပါတယ်...........။
အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ်မှာပါ..............။

ကိုယ့်ဖုန်းပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ် ခိုင်းနိုင်ပါ

တယ်။

တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရ သေးခင် တိုင်တန်းမယ် ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာ

ဖြစ်လို့မိမိဖုန်းထဲကဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိကြ ပါဘူး။ ဒါပေမဲ့Nokia ဖုန်း

အသုံးပြု မယ့်သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့IMEI (International

Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။

LCD Display ကို ပိုပြီး ရှင်းလင်းပြတ် သားစွာ မြင်ချင်တယ်ဆိုရင် *#67705646# ကိုနှိပ်ပြီးကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ

အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue

tooth device တွေရဲ့တည်နေရာကိုကြည့်ချင်တယ်ဆိုရင် *#2820# ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။ဖုန်းရဲ့ထုတ်လုပ်တဲ့အချိန်

ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကိုနောက်ဆုံးဘယ်အချိန် မှာပြုပြင်ခဲ့တယ်ဆိုတဲ့အကြောင်းအ ရာနဲ့ ဖုန်း lifetime

ကိုသိရှိလိုရင်တော့ *#92702689# ကို ရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ်များ ကို ချေဖျက် ချင်ပါက

*# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့*#737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset

lockလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက် လာတဲ့အချိန်မှာ defultcode 12345 ကိုရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာ

ဖြစ်ပါတယ်

မိုဘိုင်းလ် ဖုန်းတစ်လုံးအားကျွန်းကျင်စွာကိုင်တွယ်နိုင်ပါစေ

K Thi Aung

http://bluenavyblog.blogspot.com/2013/09/blog-post_25.html

ဝိုင်တစ်ခွက်နဲ့ Intel Processor ကို အားသွင်းနိုင်

ဝိုက်တစ်ခွက်နဲ့ Intel Processor အားသွင်းနိုင်တယ်ဆိုတာ တကယ်ပါ။ အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို မှာ ပြုလုပ်တဲ့ Intel Developer Fourm မှာ မိတ်ဆက်ပြသ သွားတဲ့ Intel ရဲ့  Processor အသစ် တစ်ခု ဖြစ် ပါတယ်။

အီလက်ထရုတ် ၂ ချောင်းကို ဝိုင်ခွက်ထဲ ထည့်ပြီး Processor ကို တိုက်ရိုက်အားသွင်းပြခဲ့ပါတယ်။ Low Powered processor ဖြစ်ပြီး စပျစ်ဝိုင်တစ်ခွက်နဲ့တင် အားဖြည့်လို့ရတယ်ဆိုတာကို သက်သေ ပြ ခဲ့ခြင်း ဖြစ်ပါတယ်။ အရင်က အာလူး တစ်လုံးနဲ့တင် ဖုန်းအားသွင်းလို့ ရတယ်ဆိုတာကို သက်သေပြ သလိုမျိုးပါပဲ။ ယခု စပျစ်နဲ့ အားသွင်းတဲ့ Processor ဟာ အားအစား သက်သာသလို စွမ်းဆောင်ရည်ပါ ပိုမြင့်တယ်လို့ ဆိုပါတယ်။

အလားတူပဲ Chip အသစ်များ မိတ်ဆက်ပြသခဲ့ပြီး CPU, GPU ပိုမြန်တဲ့ အပိုင်းတွေကို ပြသသွားခဲ့ ပါတယ်။ နောက်ဆိုရင် အရေအပြား အပူချိန်ကို အာရုံခံရုံနဲ့ အားသွင်းနိုင်မယ့် Processor နဲ့ Chip များကို ထုတ်လုပ်သွားဖို့ရှိတယ်လို့တောင် ကြေညာသွားခဲ့ ပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)

http://www.myawadynews.blogspot.com/2013/09/intel-processor.html

အမြစ်မပါတဲ့ ပဲတီပင်ပေါက် လုပ်နည်း---

လွယ်လွယ်နဲ့ ပဲတီပင်ပေါက်များများထွက်ေ
အာင် စိုက်နိုင်တဲ့နည်းဖြစ်ပါတယ်။ တစ်ပုံးမှာ ၄ ထပ်စိုက်နိုင်တဲ့နည်းဖြစ်ပါတယ်။ ပဲတီပဲ တစ်ပိသာကို ပဲတီပင်ပေါက် ၄ ပိသာရပါတယ်၊ ပဲတီပဲ တစ်ဆကို ပဲတီပင်ပေါက် ၄ ဆရပါတယ်။ ဓါတုဆေးဝါးမသုံးတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ပဲတီပင်ပေါက်ဖြစ်ပါတယ်။ တစ်အိမ်ထောင်စားသုံးဖို့ လုပ်နိုင်သလို စီးပွားဖြစ်လည်းလုပ်နိုင်ပါတယ်။



လိုအပ်တဲ့ပစ္စည်းများ

1. ပဲတီပဲ

2. ပလပ်စတစ်ပုံး (သို့ ) ၀ါးခြင်းတောင်း

3. ဆန်ခါ (ပဲတီပဲ မကျနိုင်တဲ့အပေါက်ငယ် ကော်ဆန်ကာကို ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်မှာဝယ်ယူနိုင်ပါတယ်။ တောမှာတော့ ၀ါးနဲ့  ရက်ယူနိုင်ပါတယ်။ )

4. ဂုံနီအိတ်။ (ရေထိမ်းထားဖို့ ဖြစ်ပါတယ်)

5. ရှော့တ်ပင် (သို့ ) မြေဖြူ (သို့ ) မီးသွေးခဲ။

6. ကပ်ကြေး

7. ဓါး



ပြုလုပ်ပုံအဆင့်ဆင့်

ပုံမှာပြထားတဲ့အတိုင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်----

ပုံ1) ကော်ပုံး ဒါမှဟုတ် ခြင်းတောင်း တခုခုကိုသုံးနိုင်ပါတယ်။ အများနဲ့ လုပ်မယ်ဆိုရင် ဘိလပ်မြေ ပိုက်လုံးကြီးတွေကို သုံးနိုင်ပါတယ်။ ခြင်းတောင်းအကွက်ကျဲရင်တော့ အင်ဖက်နဲ့ ကာရံထားပြီး အလင်းရောင်မ၀င်အောင်လုပ်ဖို့ လိုပါလိမ့်မယ်။

ပုံ2) ပုံးအောက်ပိုင်းကို အပေါက်ဖေါက်ပါ။ရေကျလွယ်အောင်ဖြစ်ပါတယ်။ ကော်ပုံးဆိုရင် သံချောင်းမီးအပူပေးပြီးဖေါက်လို့  ရပါတယ်။ ခြင်းတောင်ဆိုရင်တော့ အပေါက်ဖေါက်စရာမလိုပါ။

ပုံ3) ဂုံနီအိတ်အစကို ကိုယ်အသုံးပြုမယ့် ပုံးအရွယ်ဖြတ်ပါ။

ပုံ4) ဂုံနီအိတ်ကို ကိုယ်အသုံးပြုမယ့် ပုံးအရွယ်ထက် အနည်းငယ်ကြီးအောင် ပုံမှာပြထားတဲ့ အတိုင်းဖြတ်ပါ။ ပဲတီပင်ပေါက် တစ်ပုံးစာအတွက် ဂုံနီအိတ်ဖြတ်စ ၆ စလိုပါတယ်။

ပုံ5) ကော်ဆန်ခါ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးပစ္စည်းရောင်းတဲ့ဆိုင်မှာ ကိုက်နဲ့  ရောင်းပါတယ်။ ပဲတီပဲ မပေါက်ကျနိုင်တဲ့အရွယ် ဆန်ခါဖြစ်ရမယ်။ တောမှာတော့ နှီးဝါးနဲ့ ရက်လုပ်ယူလို့ ရပါတယ်။

ပုံ6) ဆန်ခါကို မိမိပြုလုပ်မယ့် ပုံးနဲ့ အရွယ်တူတိုင်းပါ။ ခြစ်ရာပေးရာမှာ အလွယ်တကူရှာလို့ ရတာနဲ့ ခြစ်ရာပေးလို့ ရပါတယ်။ ရှော့တ်ပင်၊ မြေဖြူ၊ မီးသွေးခဲ စတာတွေနဲ့ ခြစ်နိုင်ပါတယ်။

ပုံ၇) တိုင်းထားတဲ့ခြစ်ရာ အတိုင်းဖြတ်တောက်ပါ။

ပုံ၈) ပုံးနဲ့ အရွယ်တူဖြတ်ထားတဲ့ ဆန်ခါပုံဖြစ်ပါတယ်။

ပုံ9) ပုံးအောက်ပိုင်းမှာ ခဲ ဒါမှမဟုတ် အမာခံ တခုခုနဲ့ ပုံမှာ ပြထားတဲ့အတိုင်း အောက်စီထားပါ။ ပဲတီပင်အမြစ် တိုးကျနိုင်ဖို့ အတွက်ဖြစ်ပါတယ်။ အောက်ဆုံးတစ်ထပ်ပဲလိုပါတယ်။ ကျန်တဲ့အထပ်တွေအတွက် မလိုပါ။

ပုံ၁၀) ဖြတ်ထားတဲ့ ဆန်ခါ ၂ ချပ်ကို အောက်အမာခံ ပေါ်မှာ တင်ပါ။

ပုံ၁၁) အဲ့ဒီဆန်ခါ ၂ ချပ်ပေါ်မှာ ဂုံနီအိတ်ဖြတ်စ တစ်စကို တင်ပါ။ (ဂုံနီအိတ်စက ရေထိမ်းပေးဖို့ ဖြစ်ပါတယ်)

ပုံ၁၂) ဂုံနီအိတ်အစပေါ်မှာ ဆန်ကာ တစ်ချပ်ကိုတင်ပါ။ ပြီးရင် ရေစိမ်ထားတဲ့ပဲတီပဲ (ရေနွေးပူပူတစ်ခွက် ကို ရေအေး ၃ ခွက်နဲ့ ရောပြီး ပဲတီပဲကို ၈ နာရီခန့် စိမ်ပါ။) ကို ဖြန့် ထည့်ပါ။ ၂-၃ စေ့ ထပ်နေအောင် ဖြန့် ထည့်နိုင်ပါတယ်။ ပြီးရင် အဲ့ဒီပဲပေါ်မှာ ဂုံနီအိတ်စတစ်ချုပ်ထပ်တင်ပါ။ ပြီးရင် ဆန်ခါ တစ်ချပ်တင်ပြီး ရေစိမ်ပြီးသားပဲတီပဲ ကို ဖြန့် ထည့်ပါ။ အဲ့ဒီလို အဆင့်ဆင့် ၄ ထပ်အထိ လုပ်ပြီးရင် အပေါ်ဆုံးအထပ် ပဲပေါ်အထပ်ပေါ်မှာ ဂုံနီအိတ်စ ၂ ချပ်နဲ့ အုပ်ထားပါ။ ပြီးရင် အပေါ်ကနေ ရေဆွဲအောင် လောင်းပါ။ ပုံးအောက်ကနေ ရေစိတ်ကျတဲ့အထိရေလောင်းပါ။ ပြီးရင် အလင်းရောင်မ၀င်အောင် အပေါ်ကနေ တခုခုနဲ့ လုံအောင်အုပ်ထားပါ။

ပုံ13) 3 နာရီခြား တခါ ရေလောင်းပေးပါ။ နံနက်ကနေ ညနက်တဲ့အထိ လောင်းပေးပါ။ ၃ နေ့  ၂ ည (နာရီပေါင်း ၆၀ခန့် )မှာ စားသုံးနိုင်တဲ့ ပဲတီပင်ပေါက် ရပါလိမ့်မယ်။ ပဲတီပင်ပေါက်ကို ပုံးထဲကနေ တစ်ထပ်ခြင်းထုတ်ယူပါ။ ပုံထဲက အတိုင်း တစ်ထပ်ခြင်းမြင်ရမှာဖြစ်တယ်။)

ပုံ14) အနောက်ခြမ်းဖြစ်ပါတယ်။ ပဲတီပင်ပေါက် အမြစ်တွေ ဆန်ခါနဲ့ ဂုံနီအိတ်ကို ဖေါက်ထွက်နေပုံဖြစ်ပါတယ်။

ပုံ15) ပဲတီပင်ပေါက် မှာ ပဲတီအခွံတွေ မကပ်နေအောင် ရေထဲမှာ ခါချနိုင်ပါတယ်။ ပုံထဲမှာ မြင်တဲ့အတိုင်း ပဲတီပင်ပေါက်ဘက်ခြမ်းကို မှောက်ပြီး ရေထဲမှာ ခါချရင် ပဲတီအခွံတွေ ရေထဲမှာ ကျကျန်ခဲ့မှာဖြစ်ပါတယ်။

ပုံ16) ပဲတီအခွံတွေ ကျွတ်ကျကျန်ခဲ့တဲ့ပုံဖြစ်ပါတယ်။

ပုံ17) ပုံထဲက အတိုင်း ပဲတီပင်ပေါက်ကို ဓါးနဲ့ ဖြတ်ယူမယ်ဆိုရင် အမြစ်မပါတဲ့ ပဲတီပင်ပေါက်ကို အဆင်သင့်စားသုံးနိုင်မှာဖြစ်ပါတယ်။
 

မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း





(၁) “ဒါနကုသိုလ်”
မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

(၂) “ဗုဒ္ဓနုသာတိကုသိုလ်”
မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။
အရဟံ - ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊
အရဟံ - ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။
ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။

(၃) “မေတ္တာကုသိုလ်”
ကြည်လင်နေတဲ့ရေကိုကြည့်ပြီး...
ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။
ဤရေအေးမြသလို သတ္တ၀ါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။

ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

(၄) “မရဏာနုဿတိကုသိုလ်”
ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ၀င်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။

(၅) “အသုဘဘာဝနာကုသိုလ်”
မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး။

အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပ၀တ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အ၀တ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။

အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက်ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။

ကဲ.... စာဖတ်သူအပေါင်းတို့ရေ...
မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနော်..။

(ဆရာတော်ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မှပြန်လည်မျှဝေခြင်းဖြင့် ဒါနကုသိုလ်ပြုပါသည်။)

မြတ်ဗုဒ္ဓအလင်း
Credit :အင်းလေးမီဒီယာ


http://satekuupuyar.blogspot.com/2013/09/blog-post_996.html 

တရေးအိပ်ခြင်းနှင့် ကော်ဖီ ဘယ်ဟာပိုကောင်းသလဲ





ခေါင်းကိုက်လျှင် – ကော်ဖီသောက်ပါ

ကော်ဖီတွင်ပါသည့် ကဖင်းဓါတ်သည် အကိုက်အခဲပျောက်ဆေးများကို စုပ်ယူမှုအားကောင်းစေသည်။ ပါရာစီတမောနှင့် ကော်ဖီတစ်ခွက် သောက်ခြင်းသည် အကိုက်အခဲ ပျောက်ဆေး အပြင်းစားမလိုဘဲလျှင် မြန်ထိရောက်စွာ သက်သာစေသည်။

မြန်မြန်ပြေးလိုလျှင် -ကော်ဖီသောက်ပါ

ကဖင်းဓါတ်သည် ခံနိုင်ရည်နှင့် လျှင်မြန်မှုကို အားကောင်းစေသည်။ ၇၇ ကီလိုဂရမ်ကိုယ်အလေးချိန်ရှိ သည့် အပြေးသမားတစ်ဦးသည် ကော်ဖီတစ်ခွက်နှင့် တစ်ဝက်ကို အပြေးပွဲမစမီ တစ်နာရီခန့်အလိုတွင် သောက်ထားသင့်သည်။

စာမေးပွဲမဖြေခင် – တရေးအိပ်ပါ

စာမေးပွဲမဖြေခင် တစ်နာရီခန့် တရေးအိပ်ခြင်းသည် ကော်ဖီသောက် ခြင်းထက် ပိုမိုလန်းဆန်းစေသည်။

အိပ်ရေးပျက်ခြင်းကြောင့် စိတ်တိုစိတ်ဆတ်နေလျှင် – ကော်ဖီသောက်ပြီး တရေးအိပ်ပါ။ကော်ဖီသောက်ခြင်းနှင့် တရေး အိပ်ခြင်းသည် စိတ်ခံစား
မှုကိုမြှင့် တင်ပေးနိုင်သည်။ ကော်ဖီသောက်ပြီး နာရီဝက်ခန့် တရေးအိပ်
ပါက ပြန် နိုးလာလျှင် လန်းဆန်းနေစေသည်။

စိတ်ကူးကောင်းများရရှိလိုလျှင် -တရေး အိပ်ပါ။
အချို့စိတ်ကူးကောင်းများသည် အိပ်မက်ထဲမှရသည်။ အချို့က တရေး နိုး
ချိန်တွင် အကြံပေါ်တတ် သည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သည့် REM အဆင့်သည် စိတ်ကူးကောင်းများ ရရှိစေသည်။

သီဟ
Source:RD
Health Updates Journal


http://satekuupuyar.blogspot.com/ 

Microsoft office မြန်မာလို စာအုပ်များ စုစည်းမှု


ဒီနေ့ ကျွန်တော် တင်ပေးချင် တာလေးက ရုံးသုံးကျောင်းသုံး လုပ်ငန်းသုံးတွေတွက် မဖြစ်မနေ
နားလည်တတ်ကျွမ်းထားရမဲ့ Microsoft office စာအုပ် မြန်မာလိုစာအုပ်တွေကို စုစည်းပြီး ရသမျှတင်ပေးလိုက်ပါတယ်။

ပြည့်စုံချင်မှာ ပြည့်စုံပါလိမ်မယ် ဒါပေ့မယ် ၂၀၀၇ ရော ၂၀၁၀ ရော
မြန်မာလို ရှင်းပြထားတဲ့ စာအုပ်တွေပါပါတယ်။

တချို့စာအုပ်တွေက Microsoft Office XP တွေတွက်ပါ မြန်မလို စာအုပ်တွေပါ ထည့်ပေးလိုက်ပါ
တယ်။

လိုအပ်သလို အဆင်ပြေတဲ့ စာအုပ်တွေကို ဒေါင်းယူနိုင်ပါတယ်။


AccessXP.pdf - 7007k   Download 

MS WordXP.pdf -1482k  Download 

 Word 2007.pdf - Download


Excel 2010 .pdf - 3953k  Download





MICROSOFT_EXCEL_2002.pdf 1661k Download



Microsoft Excel 2010 Introductory.rar 17884k Download

Excel 2007  Download


Excel 2007 Part-II_2  Download

 PowerPoint 2002.pdf 6872k    Download

 Microsoft_Access_2002.pdf 7007k  Download


Microsoft_FrontPage_2002.pdf 1750k  Download



Microsoft_Visual_Basic_6.0.pdf 5770k  Download


ch-51.pdf 796k  Download


Powerpoint_2007.pdf 2253k Download


ငါ့ညီလေး အိမ်ထောင်ပြုတော့မယ် ဆိုရင်

အိမ်ထောင်ပြုတယ်ဆိုတာ ..အရွယ်ရောက်တာနဲ့ အိမ်ထောင်ပြုလို့ရပါတယ်..
ဒါပေမယ့် ... အိမ်ထောင်တစ်ခုတည်ဆောက်ဖို့အတွက် လုံလောက်တဲ့ ငွေကြေးအပြင်
အတွေးအခေါ်တစ်ချို့လိုအပ်တယ် ..ညီလေး

မိန်းမတစ်ယောက် အိမ်ထောင်ပြုတယ်ဆိုတာ .... ကိုယ့်ချစ်သူကို ချစ်တဲ့စိတ်အပြင်
ယုံကြည် အားကိုးမှုတွေအပြည့် ပါတယ်...
ကိုယ့်ဘ၀တစ်ခုလုံး ပုံအပ်ပြီး လက်တွဲလျှောက်လှမ်းရမယ့် အိမ်ထောင်ဦးစီဖြစ်လာမယ့်သူကို
ယုံကြည်မှု မရှိပဲ ....လေးစား အားကိုးမှု မရှိပဲနဲ့ ..ဘယ်မိန်းခလေးမှ လက်တွဲဖို့
ခေါင်းငြိမ့်မှာ မဟုတ်ဘူး ငါ့ညီ.

မိန်းမ တစ်ယောက်ရဲ့ ကိုယ့်လင်သားအပေါ် ယုံကြည်မှုဆိုတာ..
ကိုယ့်ကို သူတစ်ကယ်ချစ်တယ်လို့ ယုံတယ်
ကိုယ့်ကို သူအလိုလိုက်မယ် စိတ်ပျော်ရွှင်အောင် ထားမယ်လို့ ယုံတယ်
ကိုယ့်ကို သူက ဘယ်တော့မှ ပစ်မသွားပဲ ရိုးမြေကျ သစာရှိရှိပေါင်းသင်းမယ့်သူလို့ ယုံတယ်

အဲဒီလို ယုံကြည်မှုနဲ့ တည်ဆောက်ပြီး ...
သူဟာ ကိုယ့်ဘ၀အတွက် ...ရှေ့ဆောင်လမ်းပြ လက်တွဲခေါ်မယ့် အရည်းအချင်းရှိသူ
ယောကျာ်းတစ်ယောက်အဖြစ် အားကိုးအားထား ပြုကြတယ်

မိန်းခလေးတွေရဲ့ စိတ်ကူးထဲက အလိုချင်ဆုံး အိမ်ထောင်ဖက်က
အရည်အချင်းရှိပြီး ...ကိုယ့်ကို ကြင်နာ ဂရုစိုက် အလိုလိုက်ပြီး ချစ်တဲ့ ယောကျာ်းမျိုးပေါ့

မင်္ဂလာလက်ထပ်ပွဲတွေမှာ ...သတို့သမီးတိုင်းက အဲဒီ ယုံကြည် အားကိုးမှု မျက်ဝန်းတွေနဲ့
သတို့သားကို ကြည့်တတ်ကြတယ်လေ ..

ဒါပေမယ့် ... လောကကြီးက ကိုယ်ထင်သလို ဖြစ်ချင်မှ ဖြစ်တတ်တာမျိုးဆိုတော့လဲ
အချိန်ကြာလာတဲ့အခါ....ကိုယ့်လင်ယောကျာ်းက ကိုယ်ယုံကြည်သလို ဖြစ်မလာတဲ့အခါ
ကိုယ် အားကိုးသလို ဖြစ်မလာတဲ့အခါ ..စိတ်ပျက် ၀မ်းနည်းစရာ အိမ်ထောင်နဲ့ ကြုံရပြီး
ိစိတ်ဆင်းရဲမှုတွေနဲ့ ဘ၀ကို ဖြတ်သန်းကြရတယ်....

ငါ့ညီလေး ရဲ့ ချစ်သူ .... အိမ်သူသက်ထားဖြစ်လာမယ့် သတို့သမီင်္းလေး ကို
အဲလို ဘ၀မျိုး မတွေ့ကြုံရအောင် ငါ့ညီ ကြိုးစားရလိမ့်မယ်

အိမ်ထောင်တစ်ခုတည်မြဲ သာယာဖို့ နှစ်ယောက်လုံးမှာ တာဝန်ရှိပေမယ့်
အဓိကတော့ ... အိမ်ထောင်ဦးစီးဖြစ်တဲ့..ယောကျာ်းဖြစ်သူရဲ့ စိတ်ဓါတ်နဲ့ ခံယူချက်ပါ..

နံပါတ်တစ်အနေနဲ့ .. ညီမှတ်ထားရမှာက

ကိုယ့်ချစ်သူက ကိုယ့်ရဲ့ သစာတရားနဲ့ ချစ်ခြင်းကို ယုံကြည်လို့ ....
သူ့ရဲ့ ဘ၀လေးကို ကိုယ်က ပျော်ရွှင်ချမ်းမြေ့အောင်ထားနိုင်မယ် .. တင့်တောင်းတင့်တယ်
ရှာဖွေကျွေးမွေးနိုင်မယ့် သူအဖြစ် အားကိုးလို့ ....
လက်ထပ်တယ်ဆိုတာကို စိတ်ထဲ အမြဲ နှလုံးသွင်းထားပါ

နံပါတ်နှစ် ..

လူတစ်ယောက်ရဲ့ ယုံကြည်မှုကို ရိုက်ချိုးဖို့ဆိုတာက အရမ်းလွယ်ပါတယ်...
တည်ဆောက်ဖို့သာ ခက်တာပါ....

ယောကျာ်းကောင်း ယောကျာ်းမြတ်တွေက ဘယ်တော့မှ ကိုယ့်အပေါ်ထားတဲ့
အိမ်သူသက်ထားရဲ့ ယုံကြည်မှုကို မရိုက်ချိုးတတ်ကြဘူး
ပိုပြီး တိုးသထက် တိုးလာအောင်သာ စွမ်းဆောင်ကြတယ်လေ..

မင်းက သူ့ကို အရမ်းချစ်တယ်...မင်းက သူ့ကို ဂရုစိုက်မယ် ကြင်နာမယ်
သစာရှိမယ်လို့ ယုံကြည်ထားတဲ့ သူ့ယုံကြည်မှုတွေကို ထိန်းသိမ်းဖို့အတွက်...

ငါတို့ရဲ့ မင်္ဂလာပွဲလေးက မနေ့ကလိုပဲလို့ .. အမြဲ စိတ်ထားတတ်ဖို့ လိုတယ်..ညီလေး

၁၀ နှစ်ကြာလဲ ... မနေ့က မင်္ဂလာဦးစလိုပဲ ချစ်မြဲ ကြင်နာမြဲ ဂရုစိုက်မြဲ
နှစ် ၂၀ ကြာလဲ ... မနေ့က မင်္ဂလာပွဲလေးလိုပဲ သစာရှိမြဲ ... ချစ်မြဲ ကြင်နာမြဲ
နှစ် ၃၀ ကြာလဲ ... နှစ် ၄၀ ကြာလဲ

ညီလေးဘက်က မပြောင်းလဲပဲ ချစ်နေမယ် ကြင်နာနေမယ်...ဆိုရင်
မင်း အိမ်ထောင်ဖက် ချစ်သူသက်ထားလေး ..ဘယ်လောက် ကျေနပ်ကြမလဲ
ပီတိဖြစ်မလဲ ... သူထားခဲ့တဲ့ ယုံကြည်မှုလေးက ပိုပို တိုးလာပြီး ..
ကိုယ့်လင်ယောကျာ်းအပေါ် လေးစားတဲ့စိတ်တွေနဲ့ .... မင်းကို ဆက်ဆံမှာ မလွဲဘူးလေ

တစ်ကယ်တော့
မိန်းမဖြစ်သူ ကိုယ့်စကားနားထောင်ဖို့ ..ကိုယ့် သြဇာလွှမ်းဖို့
ခြိမ်းခြောက် ..မာန်မဲနေစရာမလိုပါဘူး ... ငါ့ညီရာ.

သူ့ရဲ့ ယုံကြည်မှုလေးမပျက်သွားအောင် နေပေးဖို့ပဲ လိုပါတယ်

ကိုယ့်လင်သားရဲ့ တည်ကြည်တဲ့ စိတ်ဓါတ် မဖောက်ပြားတဲ့ သစာ ...
ကြင်နာတတ်တဲ့ နှလုံးသားကို ....လေးစားတဲ့စိတ်နဲ့ မင်းမိန်းမဖြစ်သူက
မင်းဆနတွေကို လိုက်လျောပါလိမ့်မယ်..

နံပါတ်သုံး အနေနဲ့ ...

အားကိုးထိုက်တဲ့ ယောကျာ်းအဖြစ် သတ်မှတ်လို့
သူက ကိုယ့်ကို လက်ထပ်ခဲ့တယ်...သူ့မိဘတွေက ယုံယုံကြည်ကြည် လက်ထပ်ခွင့်ပြုခဲ့တယ်
တစ်ကယ်ရော ကိုယ်က အားကိုးထိုက်ရဲ့လား.... သူတို့ မှားယွင်းခဲ့တာလား
အဲဒီ အဖြေကတော့ ကိုယ့်ရဲ့ အရည်အချင်းနဲ့ လုပ်နိုင်စွမ်းအပေါ်မှာ မူတည်ပါတယ်

သူများတွေလို တိုက်ကြီး တာကြီး ကားတွေနဲ့ စိန်တွေ ရွှေတွေ ...ငွေကြေးဥစာတွေ
အမြောက်အမြားပိုင်အောင် မင်းလုပ်ပြနေစရာ မလိုပါဘူးလေ ..
မင်းလုပ်နိုင်တာကို ..အကောင်းဆုံး လုပ်ပြဖို့ပဲ လိုပါတယ်

ငွေကြေးဥစာအပြင် .... မိသားစုအပေါ် ကာကွယ်ပေးနိုင်မှု ...
မိသားစုအရေးမှာ ..အိမ်ထောင်ဦးစီးအဖြစ် ရှေ့ကနေ မားမားမတ်မတ်ဖြေရှင်းပေးနိုင်မှု
အမျိုးမျိုးသော အခြေအနေ အနေအထားတွေပေါ်မှာ ..
ယောကျာ်းတစ်ယောက်အနေနဲ့ .... မိသားစုအတွက် အားကိုးထိုက်တဲ့ လူတစ်ယောက်ဖြစ်အောင်

ငါ့ညီ .. ကြိုးစားမယ် ဆိုရင် ...

ငါ့ညီက သာယာတဲ့အိမ်ထောင်တစ်ခုကို အောင်မြင်စွာ တည်ဆောက်နိုင်ပါပြီ.

...



ဆရာကြယ်

https://www.facebook.com/photo.php?fbid=447768601987643&set=a.351047714993066.76926.351018658329305&type=1&theater

အိမ်မပြန်ဖြစ်တာ ကြာပြီဖြစ်တဲ့ အမေ့သား


ကောင်းကင်တွေ ညိုမဲ
မိုးတွေသဲတဲ့ ညတစ်ညမှာ
အိမ်မပြန်ဖြစ်တာ
အတော်ကြာပြီဖြစ်တဲ့ အမေ့သားဟာ
အမေ့အနား ပြန်ရောက်တဲ့ အကြောင်းကို
လွမ်းမျက်ရည် တစ်စက်နှစ်စက်နဲ့
အိပ်မက် မြင်မက်ပါသတဲ့။

သားပို့ထားတဲ့ ဓာတ်ပုံလေးတွေ
အလွမ်းပြေကြည့်ကြည့်နေခဲ့ရတဲ့ အမေဟာ
သားပြန်လာတာကို မြင်တော့
ဝမ်းပန်းတသာနဲ့
အပြေးအလွှား လာကြိုပါသတဲ့။

အမေ့အတွက် ကောင်းနိုးရာရာ
ဝယ်လာတာတွေကို ဂရုမထား
`ငါ့သားပြန်လာတာက အဓိကပါ´တဲ့။
နှစ်တွေ အတော်ကြာ
အိမ်ပြန်ရောက်မလာတဲ့ သားကို
ချစ်အားတွေ ပိုရှာပါသတဲ့။

`နေပူထဲက လာတာမဟုတ်လား။
ရေချက်ချင်းသွားမချိုးနဲ့။
ချွေးတိတ်အောင် ခဏနား
ငါ့သားက တယ်ခက်သကိုး´တဲ့။
ဒီအရွယ်ရောက်နေတဲ့သားကို
ကလေးလို အမှတ်ထား
စိတ်များပင် ပူရှာပါသတဲ့။

`သားအခုလို ပြန်လာတာ
အမေ ၀မ်းသာလိုက်တာ။
သားကြိုက်တဲ့ ဟင်းတွေ
အမေ ချက်ထားတာ
စားကြည့်စမ်းပါဦး´တဲ့။
အမေ့လက်ရာ ငတ်နေတဲ့သား
ဗိုက်ကားအောင် စားမိပါသတဲ့။

ထမင်းစားပြီးလို့ ခဏနား
အမေ့အနားနေမယ် ကြံတော့မှ
နှိုးစက်သံ တတီတီ
ထပြီး မြည်ပါသတဲ့။

ကောင်းကင်တွေ ညိုမဲ
မိုးတွေသဲနေတဲ့ မနက်ခင်းတစ်ခုမှာ
အိမ်မပြန်ဖြစ်တာ
အတော်ကြာပြီဖြစ်တဲ့ အမေ့သားဟာ
အလုပ်သွားဖို့ အားခဲ
ရင်ထဲက ဟာတာတာနဲ့
အမေ့ဓာတ်ပုံ ထုတ်ကြည့်တုန်းခဏမှာ
မျက်ရည်ကျမိပါသေးသတဲ့။

ခရီရေတာ
သားကောင်း စစ်သည်
         ................................................................................................

Blogger များအတွက် အသုံးဝင်မယ့် Blog အချက်အလက် စာအုပ်

ဒီ စာအုပ် ကတော့ "ကိုမောင်စေတနာ" ရေးတဲ့ စာအုပ်လေးပါ ...။ Blog နဲ့ပတ်သတ်တွေကို အများကြီးလေ့လာ လို့ ရပါတယ် တခြား ဆိုက်လင့်တွေပါ ထည့်သွင်းပေးထားတဲ့ အတွက်လေ့လာချင်ပါတယ်ဆိုတဲ့ သူတွေ အတွက် အရမ်းကို အထောက် အကူဖြစ်စေမှာပါ..။ 
                                                                  ဒီနေရာ ယူလိုက်ပါ

http://www.malaysiaonlineradiomedia.com/2012/05/blogger-blog.html

Copy ပိတ်ထားတဲ့ ဘလော့တွေမှာ အလွယ်ကူရယူနည်း

ဘလော့ကာ သူငယ်ချင်းတွေအားလုံး မင်္ဂလာပါခင်ဗျာ။ ဒီတစ်ခါ အားလုံးသိပြီးသား နည်းလေးတစ်ခုကိုပဲ ပြန်လည် မျှဝေသွားမှာ ဖြစ်ပါတယ်။ တစ်ချို့ဘလော့တွေမှာ ကော်ပီကူးခွင့်မပေးပဲ ပိတ်ထားတာတွေ ကြုံရမှာပါ။ ဒီလိုဖြစ်နေရင် အောက်က ဖော်ပြပါ နည်းလေးကို သုံးပြီး ကော်ပီရယူနိုင်ပါတယ်။

အရင်က ကျွန်တော်ဆိုက်မှာ ကော်ပီတွေ ပိတ်ထားဖူးပါတယ်။ ကော်ပီပိတ်တဲ့နည်းက အာလုံး ၄ မျိုးလောက် သုံးဖုးပါတယ်။ သိတဲ့သူတွေက လိုချင်တာယူလို့ လွယ်ပေမဲ့ မသိတဲ့ သူတွေအတွက် အဆင်မပြေပါဘူး ကုဒ်တွေ ပေးရင် ယူလို့အဆင်မပြေဖြစ်မှာ စိုးလို့ ကော်ပီကို အလွယ်တကူ ယူလို့ရအောင် ပြန်ဖွင့်ပေးလိုက်တာပါ။

Copy ကူးလို့ မရရင် Mozilla Firefox Browser မှာ Tools ကနေ Options ကို Select လုပ်ပြီး Enable Javascript နဲ့ Block pop -up windows ဆိုတဲ့ အမှတ်လေးကို ဖျက်ပြီး 0k ပေးလိုက်ရင် ရပါပြီ။ နောက်တစ်ခုက Enable Javascrip တစ်ခုပဲဖြုတ်ရပါတယ်။ သူတို့လုပ်ထားတဲ့ အပေါ်မှာ မူတည်ပြီး နှစ်ခု စလုံးဖြုတ်ပေးရပါတယ်။ တစ်ချို့ဘလော့တွေမှာ Right မပြောနဲ့ ဘာတစ်ခုမှ ကလစ်လို့မရတာ ဘယ်လိုပဲ ဖြစ်ဖြစ် HTML/JavaScript နဲ့ ကော်ပီပိတ် ထားတာကို ဒီနည်း နှစ်ခုနဲ့ ဖြေရှင်းလို့ ရပါတယ်။ နောက်တစ်နည်းက Internet Explorer Browser ကိုအသုံးပြုပြီး ဝင်ယူနိုင်ပါတယ်။
 အခုလောလာဆယ် အသေးစိပ် ရှင်းပြဖို့အတွက် ကော်ပီကူးခွင့် ပိတ်ထားတဲ့ ကျွန်တော်ရဲ့အစ်ကို တစ်ယောက်ဖြစ်တဲ့ ကိုကြီးမင်းမင်းသူ ဘလော့လေးမှာhttp://minmn583.blogspot.com/2012/04/blog-post_3314.html   
 ပိုစ့်တစ်ခုကို ဝင်ယူ လိုက်ပါပြီ။ ဒီနေရာလေးမှာ တင်ပေးထားပါတယ်။
http://www.nayzawlin.com/2012/04/blog-post_2223.html       အားလုံး ဘလော့ ရေးနေကြတဲ့သူတွေ အချိန်တွေပေးပြီး ကိုယ်သိတာတွေကို မျှဝေနေကြတာ တကယ်ကောင်းပါတယ်။ ဘလော့ဂါ သူငယ်ချင်း သတိထားရမှာက မိမိကိုယ်ပိုင်စာများ မဟုတ်ရင် မိမိကူးလာတဲ့ ဆိုက်လိပ်စာတော့ ဖော်ပြပေးကြပါ။ ဒီလိုဆို ကံယာရှင်လည်း စိတ်ချမ်းသာမှာပါ။ ဝါသနာတူ သူငယ်ချင်းများအားလုံးကို လေးစားပါတယ်။
 
အားလုံးအဆင်ပြေကြပါစေ

Internet Download Manager v6.17 Built 11 Final Fully Activated

 Internet Download Manager v6.17 Built 11 လေးအသစ်ထွက်လာလို့ တင်ပေးလိုက်ပါတယ်။ Acivated လုပ်ပြီးသားမို့ key ထည့်ရန် patch လုပ်ရန်မလိုတော့ပါ။ Install ပြီးတာနဲ့ Full အသုံးပြုလို့ရပါပြီ။ Key မထည့်တတ်သော သူငယ်ချင်းတွေအထွက် အဆင်ပြေအောင် Fully Activated ကိုတင်ပေးလိုက်ပါတယ်။
 စိတ်ဝင်စားပါက အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
  
 အားလုံးအဆင်ပြေပါစေ.......။

ဘ၀ မမေ့တဲ့ အလှမယ် ( Miss Supranational 2013)

ပြီးခဲ့တဲ့ ရက်ပိုင်းက ဘယ်လာရုစ်နိုင်ငံမှာ ကျင်းပသွားခဲ့တဲ့ Miss Supranational 2013 မှာ သရဖူဆောင်း သွားတဲ့ ဖိလင်ပိုင်နိုင်ငံက မစ္စ Mutya Datul ရဲ့ ဘ၀ ဇာတ်ကြောင်းလေးကို ဖိလစ်ပိုင်း ရုပ်သံ သတင်းဌာန တခုနဲ့ မေးမြန်း တင်ဆက်ထားတာပါ။

Mutya ဟာ ငယ်စဉ်က ကျေးလက်တောရွာကမှာ မွေးဖွားကြီးပြင်းခဲ့တာဖြစ်ပြီး ဆင်းရဲတဲ့ မိသားစု က ပေါက်ဖွားလာတာ ဖြစ်သလို သူ့ဘ၀မှာ ဆင်းရဲမှုကြောင့် ဆာလောင်မှုတွေနဲ့ မကြာခဏ ကြုံဆုံခဲ့ရ တာလေးကိုလည်း မေးမြန်းခန်းတခုမှာ ပြောသွားပါတယ်။

ပြကွက်တခုမှာတော့ သူဟာ မိသားစုနဲ့ အတူ ထမင်းစားဝိုင်းမှာ ထမင်းကို ဆီဆမ်း၊ ဆားဖြူးပြီး စားနေခိုက် ကြက်ပေါင် ကိုက်စားသလို စိတ်က မျှော်မှန်း စားသောက်ခဲ့ရတာကိုလည်း ပြောပြသွားပါတယ်။

ငယ်စဉ်ကျောင်းသူဘ၀ တုန်းက အတန်းထဲမှာ ဈေးရောင်းပြီး ဘ၀ကို ဖြတ်သန်းခဲ့ရတာလည်း သူက မချွင်း မချန် ပြောသွားပါသေးတယ်။

သူဟာ ဖိလစ်ပိုင်းနိုင်ငံမှာလည်း အခြား အလှမယ်ပြိုင်ပွဲတွေမှာလည်း ဆုတွေ ရခဲ့တဲ့အကြောင်းအပါအ၀င် အခုနောက်ဆုံး အမေရိကန် ဒေါ်လာ ၂ သောင်းခွဲနဲ့အတူ Miss Supranational 2013 သရဖူ ဆုရနဲ့အတူ မိခင် နိုင်ငံကို ပြန်လာခဲ့ပါတယ်။

သူ့ဇာတိမြေကို ပြန်လာရာလမ်းတလျှောက် သူ့ကို အားပေးချီးမြှောက်ကြိုဆိုနေကြတဲ့ ဒေသခံတွေကိုလည်း သူက အားပေး စကား တွေ ပြောခဲ့ပါသေးတယ်။

ဘ၀ မမေ့တဲ့ ဖိလစ်ပိုင် အလှမယ်ရဲ့ သူ့ဘ၀၊ သူ့အကြောင်း ပြောသွားတာကို မစ်ဆိုလိုဂျီ က အခုလို ဖော်ပြ ထားပါတယ်။ ဖိလစ်ပိုင်ဘာသာစကားနဲ့ မေးမြန်း ဖြေဆိုထားကြတာပါ။

ဧရာဝတီblog

Miss Supranational 2013 ဆုရှင် ဖိလစ်ပိုင်အလှမယ် Mutya Datul ရဲ့ အိမ်အပြန်ခရီး၊ ဓာတ်ပုံ- missosology


တန်ဖိုးရှိသော ဘဝတစ်ခု

ဆေးရုံတစ်ခုထဲက အခန်းတစ်ခန်းထဲမှာပေါ့။ လူနာ ၂ ယောက်အတူနေ
တယ်။ တစ်ယောက်က အဝင်တံခါးဝမှာ။ တိုက်ပွဲ ဗုံးဒဏ်၊ ကျည်ဒဏ်ကြောင့် မျက်လုံး ပက်တီးစီးထားရပြီး တစ်ကိုယ်လုံး ကြေမွနေသူ။ အသက်ရှင်ဖို့ စိတ်အားပြင်းထန်မှ လူပြန်ဖြစ်မယ့်အနေအထားတစ်ခုမှာ ဖြစ်ပါတယ်။

တစ်ယောက်ကတော့ သူ့ညာဘက်ခြမ်းမှာ။ တိုက်ပွဲက ရှေ့ တန်းအတူ
တက်တဲ့ ရဲဘော်ရဲဘက်ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် သူက ဆေးရုံအရင်ရောက်
ထားသူမို့ နံရံဘက်အခြမ်းမှာ နေရာရနေသူ ဖြစ်ပါတယ။်

မျက်လုံးမမြင်၊ လှုပ်ရှားဖို့ခက်ခဲတဲ့ သူက နံရံဘက်ကလူကို မေးတယ်။ “ဘာတွလုပ်နေလဲ ကိုယ့်လူ”

“အပြင်မှာ ကလေးလေးတွေဆော့တာ ကြည့်နေတာ”

“အဲ့ဘက်မှာ ပြတင်းပေါက်ရှိတယ်လား”

“ဒါ့ပေါ့ သယ်ရင်းရ၊ နေဝင်ချိန်မို့လားမသိ၊ တောင်တန်းဘက်မှာ နီထိန်ထိန် မြင်ကွင်းလေးက အတော်လေး ကြည့်ကောင်းတယ်ကွ၊
ဟောဟိုမှာ ပန်းခြံထဲ င့ါမိသားစုတွေ လက်လှမ်းပြနေတယ်။ မင်းအိပ်နေတုန်း င့ါကို ဝင်တွေ့သွားတာလေ”

ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ပြတင်းပေါက်နေပြီးတော့ အပြင်ဘက်က
မြင်ရတဲ့ ပတ်ဝန်းကျင် နဲ့ အကြောင်းအရာ များကို စီပါပတ်ကုံးပြောပြီး အရမ်းလှပနေတာ သူ့ကို မြင်စေချင်ကြောင်း၊ မြန်မြန်နေကောင်းအောင် အားတင်း၊ အသက်ရှင်ဖို့လည်း တိုက်တွန်းပါတယ်။

ဒါနဲ့ မျက်စိပတ်တီးစည်းထားပြီး တစ်ကိုယ်လုံး လှုပ်ရခဲနေသည့်တိုင် အပြင်သဘာဝအလှတွေကို တစ်ခေါက် ပြန်လည် တွေ့နိုင်ဖို့ အသက်ရှင်ရမယ်ဆိုတဲ့ ယုံကြည်ချက်လေး မွေးဖွား လာပါတယ်။ ဒါနဲ့ ဆေးလည်း ပုံမှန်သောက်ပြီး ကျန်းမာဖို့ အားတင်းရင်း နေ့တိုင်း
ပြတင်းပေါက်တစ်ဖက်က မြင်ကွင်းအကြောင်းကို မေးမြန်းပါတယ်။

တစ်နေ့ သူပြန်နေကောင်းပါပြီ။ မျက်လုံးပတ်တီးဖွင့်ပြီး တစ်ကိုယ်လုံးက
ကျောက်ပတ်တီးဖြေလိုက်ချိန် သူ့ဘေးမှာ ရှိနေတဲ့ လူကို မမြင်ရတော့လို ဘယ်ရောက်သွားလဲမေးတယ်။ ပိုပြီးတော့ အံ့သြတာ တစ်ခုက အဲ့ဘေးမှာ ပြတင်းပေါက် ရှိမနေခြင်းပါ။ ဒါကြောင့် မေးခွန်းပေါင်း များစွာနဲ့ သူနာပြုကို မေးပါတော့တယ်။ သူနာပြုကတော့ အောက်ပါအတိုင်း
ပြန်ဖြေပေးပါတယ်။

“ရှင့်ရဲဘော်က ဆေးရုံအရောက်စောပေမယ့် ကံကတော့ မကောင်းရှာဘူး။ မျက်လုံးလည်း မမြင်ရဘူး။ သွေးကင်ဆာ ပြန်ဖောက်လာတာမို့ ရက်ပိုင်းပဲ အသက်ရှင်ဖို့ကျန်တော့တဲ့လူ၊ မနေ့လေးတင် ဆုံးသွားလို့ အခန်းကနေ သယ်ထုတ်ပြီးသွားပြီ။ ရှင်က စိတ်ဓာတ်ခိုင်မှ အသက်ရှင်ရမယ့်သူမို့ အားပေးစကား နေ့တိုင်းပြော ပေးတာပါ၊ နံရံမှာ ပြတင်းပေါက်မပါတဲ့ အချက်အတွက်ကတော့ စိတ်မရှိပါနဲ့”

Ref: kfacts.

သင်ခန်းစာ -

လူတွေဟာ ကိုယ်တစ်ယောက် ဒုက္ခရောက်နေပြီဆိုရင် ပတ်ဝန်းကျင်ရဲ့  လှပမှုကို မခံစားနိုင်တော့ဘူး။ မခံစားနိုင်တဲ့အပြင် တစ်ခါတစ်လေကျ ပတ်ဝန်းကျင်ကိုပါ ကိုယ့်ဒုက္ခ အပူတွေကို ဆီးကူးစေမိကြ ပါတယ်။ ကံကြမ္မာဆိုး တံခါးဝရောက်နေချိန် နောက်တစ်ယောက် ဝင်မရအောင် တံခါးမှာ ပိတ်ထားပေးဖို့ထက် ကိုယ်နဲ့ အတူ ဝင်စေဖို့ လက်ကမ်းခေါ်တတ်တဲ့ စိတ်ဓာတ်အား အဆိုးရွားဆုံးပဲ ဖြစ်ပါတယ်။

ကိုယ်တစ်ယောက်မှာ ဘယ်လိုအခက်တွေရှိနေရှိနေ၊ ဒုက္ခတွေ ရှိနေရှိနေ၊ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်ရာ သူတစ်ပါး အပေါ်မှာ အကြင်နာ၊ မေတ္တာတရားတို့နဲ့ စာနာ၊ ကူညီ၊ ပျော်ရွှင်စေတတ်မှုက တန်ဖိုးရှိသော ဘဝတစ်ခုကို တည်ဆောက်နိုင်လိုက်ခြင်းပဲ ဖြစ်ပါတယ။်

အောင်ခမ်း (International news for myanmar)

iPhone 5S လက်ဗွေစနစ် ဟက်ကာတို့ ဖောက်နိုင်ပြီ

ဂျာမနီနိုင်ငံ ဘာလင် မြို့  အခြေ ဆိုက် Chaos Computer Club ( CCC ) လို့ အမည် ရတဲ့ ဟက် ကာ အဖွဲ့ဟာ iPhone 5S နဲ့ Touch ID fingerprint Scanner ကို အလွယ်တကူ ဖော က်ထွင်း နို င်ခဲ့ ပြီ ဖြစ် ပါတယ်။

ဖောက်တယ် ဆိုလို့ ဝက်အူရစ်၊ မူလီ တို့နဲ့ ဖောက်တာ ကို ပြောတာ မဟုတ် ပါဘူး။ လက်ဗွေ အတု နဲ့ ဖုန်း လုံခြုံရေး စနစ် ကို ကျော်ဖြတ် တာ ဖြစ် ပါတယ်။ သူတို့ ရှင်းပြ ထားချက် က ဒီလို ပါ။ iPhone 5S မှာ ထူးခြား သွားတဲ့ လုံခြုံရေး စနစ် က အရည်အသွေး ပိုကောင်း တဲ့ High resoulution ဓာတ်ပုံ ကို ရိုက်ကူး သိမ်းဆည်း ထားခြင်း သာ ဖြစ်ပြီး ယင်းကဲ့သို့ အလား တူ ဓာတ်ပုံ ကို ဖန်တီး နိုင်ရင် အလွယ် တကူ ဖောက်ဝင် နိုင်မှာ ဖြစ်ပါတယ်။ အသုံးပြု သူရဲ့  လက်ဗွေ မူရင်း ကို ၂၄၀၀ dpi အရည် အသွေး ရရှိဖို့ လိုအပ် တယ်။ ပြီးရင် ယင်း လက်ဗွေ ကို Laser printer နဲ့ 1200 dpi အထိ အနိမ့်ဆုံး အရည် အသွေး နဲ့ ပြန်လည် ထုတ် လိုက် နိုင်ရင် iPhone 5S ပေါ် မှာ အသုံးပြု လို့ ရသွား ပါပြီ။

လေဆာ နဲ့ Print လုပ်ထား တဲ့ ယင်း လက်ဗွေ အခွံ ကို လက်ထိပ်မှာ ကပ်ပြီး ဖိဖွင့် လိုက်ရုံ ပဲ ဖြစ်ပါ တယ်။ ပိုပြီး ရှင်းလင်း သွားအောင် အောက်ပါ ဗီဒီယို ကို လေ့လာ ကြည့်ရှု နိုင်ပါ တယ်။

http://www.youtube.com/watch?v=HM8b8d8kSNQ&feature=youtu.be 

Facebook Official မှာ တိုးလာ သော ကြော်ငြာ စနစ်

Facebook က ဒီ နောက်ပိုင်း အရမ်း စီးပွားရေး လုပ်လာ တယ်။ ပို့စ် တစ်ခု တင် လိုက်တာနဲ့ေ ကြာ်ငြာ မလား ဆိုပြီး တော့ Pop up box လေးတွေ ပေါ်လာပြီ။ အရင်က ဆိုရင် Facebook ဖို့ Official ကြော်ငြာ ထည့် ဖို့ အတွက် Admin Setting ထဲကနေ ဝင်ရ တာပါ။ ယခုလို ပြောင်းလဲ လာ တာ က လည်း နည်းနည်းတော့ ကြာပါပြီ။

ဒီတော့ Facebook ရဲ့  ဝင်ငွေ လည်း သိသိသာသာ ကို မြင့်တက် လာ နေပါ တယ်။ Product and Service ကုမ္မဏီ များ က ၎င်းတို့ ကုန် ပစ္စည်းကို လူအများ ပိုသိ စေဖို့၊ မြင်စေ ဖို့ အတွက် Facebook မှာ Official ကြော်ငြာ ထည့်တာမျိုး တွေ လုပ်လာ ကြပါတယ်။ မြန်မာပြည် မှာ လည်း လုပ်ကြ ပါတယ်။ Facebook Authorized Adv အေးဂျင့် တွေ ရှိနေ ပါပြီ။ Facebook မှာ ကြော်ငြာ ထည့်ရင် သူက ဘာလုပ် ပေးလဲ ဆိုတော့ - right side column ထဲမှာ ထည့်ပေး ပါတယ်။ ယခု ဒီ စာ ကို New Tab မှာ ဖတ်နေတယ် ဆိုရင် ဘေး ညာ မှာ ကြော်ငြာ တွေ ကို မြင်တွေ့ နေ ရ မှာ ဖြစ် ပါတယ်။ Sponsered ဆို တဲ့ title နဲ့ ဖြစ်ပါတယ်။

Post တစ်ခု ချင်း စီကို ကြော်ငြာ တာနဲ့ Page တစ်ခုလုံး ကို ကြော်ငြာ တဲ့ Option ၂ ခု ပေးထား ပါ တယ်။ ပြီးတော့ ငွေပေးချေ မှု ကလည်း ဒေါ်လာ ၁၀၀ ကနေ စတယ် ထင် ပါတယ်။ သူက ၁ ဒေါ် လာ ကို 1 like အနည်းဆုံး ရမယ် ဆိုပြီးတော့ အာမခံ ထား ပါတယ်။ သို့ပေမယ့် ဒေါ်လာ ၁၀၀ သွ င်း တဲ့ အသိ Page တစ်ခု ဆိုရင် Like တစ်ထောင်ကျော်ကို တစ်ပတ် အတွင်း ရသွား တာကို ကို ယ်ေ တွ့ မြင် ရပါတယ်။ စစ်ကြည့် လိုက်တော့ လည်း Fake မဟုတ် ပါဘူး။ တကယ် Real account တွေ ပါ။

သူက ကြော်ငြာ ဖို့ အတွက် People မှာ Male/Female. Friends /Public. အသက်မှာ ဆိုရင် under 18 နဲ့ above 18. Region မှာ ကျ ကိုယ် Target ထားပြီး ကြော်ငြာ ထည့်ချင်တဲ့ နိုင်ငံ အစ ရှိ သဖြင့် ရွေးစရာ Option အစုံအလင် ပေးထား တာ တွေ့ရ ပါတယ်။ အဲ့လို ကြော်ငြာ လိုက်ရင် Facebook က Customer ရွေးချယ် ထားတဲ့ Option အတိုင်း Post တွေကို Spread လုပ်ပေး ပါ တယ်။ ဒေါ်လာ ၁၀၀ ဖိုး၊ ၂၀၀ ဖိုး၊ ၃၀၀ ဖိုး အလျောက် အချိန် ကာလ နဲ့ ကြော်ငြာ အရေ အတွက် random ခွဲခြား ထားပုံ မတူသေး ပါဘူး။

နောက် ဆိုရင် Facebook က အဲ့ဒီ စီးပွားရေး ကို ပိုမိုပြီး ချဲ့ ထွင် လုပ်ကြ တော့မှာပါ။ Page တွေရဲ့ News Feed ကို Like / Subscribe လုပ်ထားသူ တွေ ရဲ့  Wall မှာ ပေါ်လွင် စေမှု က အရင် ကေ လာက် မဟုတ်တော့ ပါဘူး။ ၁၀၀ ရာခိုင်နှုန်း မဟုတ်တော့ ပဲ ၅၀ ရာခိုင်နှုန်း အောက် နဲ့ ကို News Feed မှာ ဖော်ပြပေး တာတွေ လျော့ လာ ပါတယ်။ ငွေသွင်းပြီး adv plan လုပ်တဲ့ page တွေ ကိုပဲ News Feed မှာ ပေါ်စေမယ့် စီးပွားရေး တစ်မျိုး လည်း Facebook တို့ စတင် နေပါပြီ။

ဒီတော့ လူတိုင်း ဗဟုသုတ အဖြစ် သိရအောင် ရေးသားမျှဝေလိုက်ရ ပါတယ်။

အောင်ခမ်း (TSJ Team)


iPhone 4 တွင် iOS 7 အဆင်မပြေမှု များဖြစ်

အခုလက်ရှိ အချိန်မှာ iPhone 4 ထဲတွင် iOS 7 သွင်းထားသူ တော်တော် များများသည် virtual keyboard နှင့် ပတ်သက် ပြီး အဆင် မပြေမှု များတွေ့ ရှိရသည်ဟု သိရသည်။

Virtual keyboard နှင့် ပတ်သက်ပြီး ပြဿနာများမှာ iOS 7 beta စတင်ဖြန့်ချိ ကတည်းက ဖြစ်ပြီး iOS 7 တရားဝင် ထုတ်ဝေသော်လည်း ၄င်းပြဿာနာ များကို ဆက်လက် ကြုံတွေ နေရသေးသည်ဟု Softpedia ၏ iPhone 4 တွင် iOS 7 ထည့်သွင်းနိုင်သည် ကြောငြာ အပြီး iPhone 4 experience တွေ Comment များ ရေးသား ပြောဆိုထားကြသည်။

ထို Comment အထဲ တွင် Micwich ဆိုသူက " မိမိ ၏ iPhone 4 မှာ iOS 7 ကြောင့် ပျက်ဆီးလုပ်နီးပါးဖြစ်နေကြောင်း၊ Phone, Text, Email, Note စသည်တို့ကို Keyboard ဖွင့်ပြီး စာရိုက်ရန် ၅ စက္ကန့် မှ ၁၅ စက္ကန့် အထိကြာမြင့် ကြောင်း၊ စိတ်ညစ်စရာ ကောင်းကြောင်း၊ ဘယ်လိုပြန်ဆင်းရမလဲ ဆိုတာ အကြံပေးပါဦး ၊ နည်းလမ်း မရှိတော့ဘူးလား " ဟု ရေးသားပြောဆိုထားသည်။

အခြားတစ်ယောက်ကလည်း ထိုကဲ့ သို့ နှေးကွေးလေးလံ နေခြင်းကို မြန်မြန် ပြန်ပြင် စေချင်ကြောင်း၊ မိမိ ဒီလို နှေးကွေးနေသည်ကို ဆက်လက် မခံစားနိုင်ကြောင်း၊ ၀င်ရောက် Comment ကာ ဆွေးနွေးရေးသား သွားသည်။


Comment များ မြန်မာလို ဆက်လက်ဖတ်ရှုရန်  -
http://www.aungkyaw.net/2013/09/iphone-4-ios-7.html 

 ထိုကဲ့ သို့ သော ပုံစံတူများ ကို iPhone 4 တွင် iOS7 ထည့်သွင်းသူ အတော် များများ ကြုံတွေ့ နေရကြောင်းသိရသည်။ သင်လည်း အကယ်လို့ iOS 7 သွင်းပြီ မကြိုက်လို့ ပြန်ဆင်းချင်ရင် iOS 6 ပြန်ဆင်းနည်းကို အောက်ပါ Tutorial တင်ပေးထားပါတယ်လို့ ပြောကြားလိုက်ရပါတယ်။

Tutorial Link - How to Go Back to iOS 6 [iOS 6 ကို ပြန်ဆင်းနည်း]


မိမိလဲ ပိုက်ဆံရ .. မန်ဘာဝင်သူ အယောက်ငါးရာရှိရုံနဲ့ ဒေါ်လာ 60 $ လည်းရတဲ့ Outbux ( လက်တွေ့စမ်းသပ်ပြီး ) 1000 % Working

မင်္ဂလာပါ ကျွန်တော် ငွေအစစ်အမှန်ရှာနေတဲ့ဆိုဒ်တွေကို ကိုယ်တိုင်စမ်းသပ်ပြီးဆက်တိုက်ဆိုသလို တင်ပေးခဲ့ပါတယ်..တစ်ကယ်ထုတ်လို့ရပြီဆိုတဲ့အခါကျမှ တင်ပေးခဲ့တာပါ..ငွေရှာတဲ့ဆိုဒ်အတုတွေလဲ
ရှိပါတယ်..ဒါကြောင့်သေချာစမ်းတင်ပေးခဲ့တာပါ... ကဲအခု Outbux ဆိုတဲ့ ငွေရှာတဲ့ဆိုဒ်အကြောင်းကို မိတ်ဆက်ပေးမယ်ဗျာ... တစ်ကယ်လုပ် အဟုတ်ရတယ်...တစ်လလောက်ပဲ ကြော်ငြာတွေကိုသီးခံClick .. ငွေရရှိမှုနှုန်း Level တက်လာတာကိုတွေ့ရပါလိမ့်မယ်....ရလာတဲ့ပိုက်ဆံတွေကို Rental Referral ၀ယ်.. တစ်နည်း ရှယ်ယာဝယ်ပေါ့..မိမိရဲ့ Link ကိုလည်း သူငယ်ချင်းတွေဆီဖြန့်ပြီး ရှယ်ယာဝင်ခိုင်း အလုပ်လုပ်ခိုင်း .. ဒီလို ငွေရှာတဲ့ဆိုဒ်တွေမယ်လုပ်ရတာ
ဘားမှအချိန်ကုန်တာမဟုတ်ပါဘူး.



Android App များ သုံးနိုင်သော မိုဘိုင်း OS အသစ်တစ်မျိုးဖြင့် Jolla စမတ်ဖုန်း

Linux ကိုပဲ အခြေခံပြီး ရေးဆွဲထားတဲ့ မိုဘိုင်းဖုန်း OS တစ်မျိုးကို ဖန်တီးလိုက်ပါပြီ။ သူ့ကို Sailfish လို့ အမည်ပေး ထားပါတယ်။

ဥရောပ - ဖင်လန်နိုင်ငံအခြေဆိုက်Jolla အမည်ရ ကုမ္မဏီက ဖုန်းရော၊ စမတ်ဖုန်းပါ တွဲထုတ်ခြင်း ဖြစ်ပါတယ်။ ဖုန်းကိုလည်း Jolla လို့ပဲ အမည်ပေး ထးပါတယ်။ Nokia တို့ တစ်ချိန်တုန်းက Windows Phone OS ကို မထုတ်ခင် ဖန်တီးခဲ့ဖူးတဲ့ MeeGo OS ကိုမှ် ပိုထူးခြားသွာစေတာမျိုးလောက်ပဲ နည်းပညာသမားတို့ ဝေဖန် ထားပါတယ်။ Sailfish က Android လိုပဲ Open Source ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက Developer Commuity များကို Welcome လုပ်ထားခြင်း ဖြစ်ပါတယ်။ အဓိက ထူးခြားချက်ကတော့ လက်ရှိ Android OS platform က Application များကိုလည်း ရောနှော အသုံးပြုနိုင်မှုပါ။ ဒီတစ်ချက်ကြောင့် Android OS မှ Sailfish ကို Migrate လုပ်ဖို့ User တွေဝန်လေးတော့မှာ မဟုတ်ပါဘူး။

OS ပြီးတော့ ကင်မရာကတော့ ပထမဆုံး အလုံးမို့ Specification သိပ်အမြင့်နဲ့ ထုတ်မထားပါဘူး။ ၄.၅ လက်မ 960x540 resolution မျက်နှာပြင်ကို အသုံးပြုပြီး Processor က Dual-core Qualcomm Snapdragon 1.4 GHz ဖြစ်ပြီး RAM က 1GB ထဲပါ။ Storage က 16 GB ရှိပြီး MicrosoSD ကဒ်ထည့်နိုင်ပါသေးတယ်။ ကင်မရာက 8 megapixel Autofus ဖြစ်ပါတယ်။ LED flash ပါဝင်ပြီး ရှေ့ မှာလည်း 2MP ပါဝင်ပါသေးတယ်။ Jolla ဖုန်းတစ်လုံးဈေးနှုန်းက ဗြိတိန်ပေါင် ၃၃၇ ပါ။ အမေရိကန်ဒေါ်လာနဲ့တွက်ရင် ၅၄၀ ဒေါ်လာ ဝန်းကျင်ရှိပြီး မြန်မာကျပ် ၅ သိန်းဝန်းကျင်ပါ။ ဒီတော့ ဈေးအရ အနည်းငယ်များတဲ့အနေအထားတော့ ရှိပါတယ်။

Sailfish OS ပါဝင်တဲ့ Jolla စမတ်ဖုန်းများကို ၂၀၁၃ နှစ်ကုန်ပိုင်းအတွင်း စတင်ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref:pocketlint

အောင်ခမ်း (TSJ Team)

http://myawadynews.blogspot.com/2013/09/android-app-os-jolla.html

သင် ဘယ်လိုလူလုပ်မလဲ ? ဖြေပါ...

ဟိုး……. ရှေးရှေးတုန်းက ရွာတစ်ရွာမှာ သားအဖနှစ်ယောက်ရှိတယ်။ တစ်နေ့ မှာ သမီး ဖြစ်သူက ဖခင်ကြီးကို တိုင်တယ်မိတယ်။ ဘာဘဲလုပ်လုပ် တစ်ခုမှအဆင်မပြေတဲ့ အကြောင်း အားပျက်မိတဲ့အကြောင်း ပြောတယ်။

သမီးက အဲလို တိုင်တည်ပြီးပြောလိုက်တော့ ဖခင်ကြီးက သမီးလက်ကိုဆွဲပြီး မီးဖိုချောင်ကို ခေါ်သွားလိုက်တယ်။ ပြီးတော့ ဘာမှမပြောဘဲ အိုးသုံးအိုးထဲကို ရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့  ဖိုသုံးဖိုပေါ်မှာ တင်လိုက်တယ်။ မကြာပါဘူး မီးအား အရမ်းပြင်းတာကြောင့် အိုးထဲကရေတွေ ပွက်ပွက်ဆူလာပါတယ်။

ရေနွေးတွေလဲဆူရော ဖခင်ဖြစ်သူက ပထမအိုးထဲကို မုန်လာဥတွေထည့်၊ ဒုတိယအိုးထဲကို ကြက်ဥ တွေထည့်၊ တတိယအိုးထဲကို လက်ဖက်ခြောက်တွေ အသီးသီးထည့်လိုက်တယ်။ထည့်ပြီးတော့ အိုးတွေကို မီးဖိုပေါ်မှာဘဲ ဆက်ထားလိုက်တယ်။

နောက်၁၀မိနစ်လောက်ကြာတဲ့အခါမှာ ဖခင်ဖြစ်သူက မီးသုံးဖိုစလုံးကို သတ်လိုက်ပြီး ပထမအိုးထဲက မုန်လာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့် လိုက်တယ်။ နောက်တစ်အိုးက ကြက်ဥတွေကိုဆယ်ပြီး ပန်းကန်ထဲထည့်လိုက်ပြန်တယ်။ နောက်ဆုံး အိုးထဲကလက်ဖက်ခြောက်တွေခပ်ထားတဲ့ ရေနွေးတွေကို ခွပ်တစ်လုံးထဲ ထည့်လိုက်တယ်။

အဲဒိနောက် ဖခင်ဖြစ်သူက သမီးရေ ဒါတွေကဘာလဲလို့ မေးတဲ့အခါမှာ သမီးလုပ်သူက မုန်လာဥပြုတ်၊ ကြက်ဥပြုတ်
နဲ့ ရေနွေးကြမ်းတွေပါလို့ ပြန်ဖြေလိုက်တယ်။

သမီးက အဲဒိလိုပြန်ဖြေအပြီးမှာ ဖခင်ဖြစ်သူက မုန်လာဥတွေကို စမ်းခိုင်းတယ်။ သမီးက မုန်လာဥကို ဇွန်းနဲ့  ထိုးကြည့်တဲ့အခါမှာ ပျော့ပြဲနေတာတွေ့ ရတယ်။ နောက် ကြက်ဥကိုယူပြီးစမ်းခိုင်းပြန်တယ်။ ကြက်ဥကို ခွာလိုက်တဲ့ အခါမှာ အရမ်းကို ကျက်နေတဲ့ ကြက်ဥပြုတ်တစ်လုံးဖြစ်နေတာ တွေ့ ရပြန်တယ်။ နောက်ဆုံးမှာ ရေနွေးကြမ်းကို မြည်းကြည့်ခိုင်းတဲ့
အခါမှာအနံ့  အရသာနဲ့ ပြည့်စုံတဲ့ ရေနွေးကြမ်းတစ်ခွက်ဖြစ်နေတာ သတိထားမိပြန်တယ်။

အားလုံးစမ်းသပ်ပြီးတဲ့အခါမှာ ဖခင်ဖြစ်သူက သမီးကို ဒီလိုဆုံးမပါတယ်။

မုန်လာဥက ရေနွေးထဲမရောက်ခက်မှာ သန်သန်မာမာတောင့်တောင့်တင်းတင်းကြီးပေါ့။ ဒါပေမယ့် ရေနွေးနဲ့ လဲ ပြုတ်လိုက်ရော တစ်ခါထဲကို ဖျော့ဖတ်သွားတော့တာဘဲ။

ကြက်ဥကျပြန်တော့ ရေနွေးထဲမရောက်ခင်မှာ အထိမခံဘူး။ ကြမ်းကြမ်းလေးထိမိတာနဲ့  ခွက်ကနဲ ကွဲသွားရော။ အပေါ်ခွံ ပါးပါးလေးက အထဲက အရည်ကြည့်ပျော့ဖတ်ဖတ်လေးတွေကို ကာရံထားတဲ့ အနေအထားပေါ့။ ဒါပေမယ့် ရေနွေးထဲမှာလဲ ပြုတ်လိုက်ရော ပျော့အိအိ အတွင်းသားတွေက အားလုံးမာကုန်ပြန်ဘဲ။

လက်ဖက်ခြောက်ကတော့ တစ်ဘာသာပေါ့။ ရေနွေးပွက်ပွက်ထဲလဲရောက်ရော အဲဒိအဖြူရောင် ရေနွေးတွေကိုပါ လက်ဖက်ရည်အဖြစ်ပြောင်းလဲပြစ်လိုက်တယ်။ ပြီးတော့ အရသာရှိတဲ့ ရေနွေးကြမ်းတစ်ခွက်အနေနဲ့  ပြောင်းသွားတယ်။

ကဲ…………. ဒီတော့ အဖေ့သမီးကရော ဘာလဲ။ လူမုန်လာဥလား၊ လူကြက်ဥလား။ လူလက်ဖက်ခြောက်လား။

လောကဒဏ်ဆိုတာ လူတိုင်းဟာတစ်နည်းနည်းနဲ့ ရင်ဆိုင်နေရတာဘဲ။ အဲဒါလောကဒဏ်နဲ့  နဖူးတွေ့ ၊ ဒူးတွေ့  ရင်ဆိုင်လာရတဲ့အခါမှာ သမီးက ဘယ်လိုတုန့် ပြန်မလဲ။ သမီးကိုယ်တိုင် စဉ်းစားပါတဲ့။

ပုံပြင်လေးက ဒါပါဘဲ။ ဒါပေမယ့် အဲဒိပုံပြင်ထဲမှာ ဘာတွေရလိုက်သလဲ။

အပြင်ပန်းအမြင်မှာ မုန်လာဥလို မာချာချာ တောင့်တောင့်တင်းတင်းနဲ့  ၊ လောကဒဏ်ကို တကယ်ရင်ဆိုင်ရတဲ့ အခါမှာ ပျော့ခွေနွမ်းရိပြီး အားကုန်သွားမယ့် လူစားမျိုးလား။

အစတုန်းကတော့ ထိလွယ်ကွဲလွယ်တဲ့စိတ်ရှိနေတယ်။ စိတ်ကလဲပျော့နေတယ်။ ဒါပေမယ့် သေခြင်းတရားလို၊ ရှင်ကွဲကွဲတာလို၊ ချွတ်ခြုံကျတာလို တစ်ခုခုကို အပြင်းအထန် ခံစားပြီးတဲ့နောက်မှာတော့ နင်လားဟဲ့ လောကဒဏ်ဆိုတဲ့ စိတ်၊ ထီမထင်တဲ့စိတ်ဓါတ်နဲ့  မာကြောကြောတောင့်တင်းတင်း ဖြစ်သွားမယ့် လူစားမျိုးလား။ မပြုတ်ခင်ကြက်ဥနဲ့  ပြုတ်ပြီးသားကြက်ဥလို အပြင်ပန်းအမြင်မှာ သိပ်မကွာလှပေမယ့် အတွင်းမှာတော့ ခါးသီးမာကြောနေတဲ့
နှလုံးသားနဲ့ လူမျိုးလား။

လက်ဖက်ခြောက်ဆိုတာ ရေနွေးဆူလေလေ အရသာပိုကောင်းလေလေဘဲ။ လက်ဖက်ခြောက်လို လူဆိုတာကလဲ ဒုကတွေနဲ့ အရှိန်တတ်လေလေ အရည်အချင်းတွေ ပိုရှိလာလေလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့ အခြေအနေကို ဖန်တီးပေးနိုင်တဲ့သူ ဖြစ်လာမယ်။

လောကဒဏ်ကို ဘယ်လို ရင်ဆိုင်ဘို့ ဆုံးဖြတ်ထားပါသလဲ။ လူမုန်လာဥလား၊ လူကြက်ဥလား၊ လူလက်ဖက်ခြောက်လား။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မူရင်း ဆရာအတ္တကျော်ရဲ့ နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် စာအုပ်မှ ကူးယူဖော်ပြထားပါတယ်။

KakaoTalk(Chat with friends worldwide)

သူကတော့ kakao talk လို့ခေါ်ပါတယ် Viber လိုပါပဲ။ ဒါပေမဲ့ Viber ထက်ပိုကောင်းပါတယ်၊ သူက လိုင်းပေါ်မှာရှိနေတဲ့ တခြား Users တွေကိုရှာပေးနိုင်သလို group messages နဲ့ photo sharing တွေ high-quality group voice calls နဲ့
Create your own group chat လဲပြုလုပ်နိုင်မှာဖြစ်ပါတယ်၊ Supports လုပ်ပေးမဲ့ ဖုန်းအမျိုးအစားတွေကတော့ Android, iOS, BlackBerry, Windows OS, Bada တွေပဲဖြစ်ပါတယ်ဗျာ၊

How KakaoTalk works

KakaoTalk started as a SMS service that could connect users from different parts of the world but now it also allows for free voice calls. Using your phone number, KakaoTalk creates a user profile that is connected to it allowing for calls and messages.
You can also create a KakaoTalk profile so other users can find you. For friends who live in different countries, it is easier to use a username than using the general search. The app also allows for group messages and photo sharing.

Fast and functional
The service that KakaoTalk offers over data or Wi-Fi connections is great, since Wi-Fi is usually available in most countries, KakaoTalk is the best way to stay in contact with friends back home through voice and text. It is less bloated than Skype and offers a quick interface and function.
- See more at: http://www.khithitmaung.blogspot.com/2013/09/kakaotalkchat-with-friends-worldwide.html#.Uj-g4X-6TxU
သူကတော့ kakao talk လို့ခေါ်ပါတယ် Viber လိုပါပဲ။ ဒါပေမဲ့ Viber ထက်ပိုကောင်းပါတယ်၊ သူက လိုင်းပေါ်မှာရှိနေတဲ့ တခြား Users တွေကိုရှာပေးနိုင်သလို group messages နဲ့ photo sharing တွေ high-quality group voice calls နဲ့ Create your own group chat လဲပြုလုပ်နိုင်မှာဖြစ်ပါတယ်၊ Supports လုပ်ပေးမဲ့ ဖုန်းအမျိုးအစားတွေကတော့ Android, iOS, BlackBerry, Windows OS, Bada တွေပဲဖြစ်ပါတယ်ဗျာ၊
                                                   
                                          How KakaoTalk works

 KakaoTalk started as a SMS service that could connect users from different parts of the world but now it also allows for free voice calls. Using your phone number, KakaoTalk creates a user profile that is connected to it allowing for calls and messages. You can also create a KakaoTalk profile so other users can find you. For friends who live in different countries, it is easier to use a username than using the general search. The app also allows for group messages and photo sharing.

 Fast and functional

The service that KakaoTalk offers over data or Wi-Fi connections is great, since Wi-Fi is usually available in most countries, KakaoTalk is the best way to stay in contact with friends back home through voice and text. It is less bloated than Skype and offers a quick interface and function.


ဒီနေရာမှာဒေါင်း

(or)

ဒီနေရာလေး