မြန်မာ့မြို့/ရွာ/ဒေသများ၏ ရှေးဟောင်းအမည်များ

ကန္တာရ၀တီ >>>>> ကယား
ကမ္ဘောဇ >>>>> ရှမ်း
ကုသိနာဂရ >>>>> ပုသိမ်
ကေတုမတီ >>>>> တောင်ငူ
ကေလာသ >>>>> တောင်၊ ကျိုက်ထိုဘီးလင်းတောင်ဘက်
ကောသမ္ဘီ >>>>> ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်
ခေမရဋ္ဌ >>>>> ကျိုင်းတုံ
ခေါသန္တီ >>>>> မြင်းမြေ၊ ရွှေဘိုအနီး
ခတ္တိယ >>>>> ဧရာဝတီမြစ်ဝကျွန်းပေါ်
ဂန္ဓာရ >>>>> စိန့်၊ ကချင်ပြည်နယ်
စေတုတ္တရာ >>>>> စလင်းအနောက်ဘက်
စိနရဋ္ဌ >>>>> ကချင်ပြည်နယ်
စန္ဒပူရ >>>>> မဏိပူရဘက်နယ်စပ်
စမ္ပာနဂရ >>>>> သပိတ်ကျင်းမြောက်ဘက်
ဇေယဝဍ္ဎန >>>>> တောင်ငူနယ်
ဇေယျပူရ >>>>> စစ်ကိုင်း
ဇောတိနုဂရ >>>>> ကျိုင်း ဟုံ ကြီး စိ စွမ် ပန္နား လူ ၁၂ နယ်
တတ္ထဒေသ >>>>> ခန်းခြောက်မြေ၊ ပုဂံနယ်
တမ္ပဒီပ >>>>> ဧရာဝတီမြောက်ပိုင်း
ဓညဝတီ >>>>> မြောက်ဦး
ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ >>>>> မြစ်ငယ်
ဒွာရာဝတီ >>>>> သံတွဲ
နဂရာဇာ >>>>> နဂရစ်
ပဉ္စာလရာဇ် >>>>> တကောင်း
ပဌမနဂရ >>>>> မကွေးတောင်ဘက်
ပေါက္ကရ၀တီ >>>>> ရန်ကုန်
မဟာနဂရ >>>>> မွန်ငယ်
မစ္ဆဂီရိ >>>>> ချင်းတောင်တန်း
မေဃဝတီ >>>>> မာန်အောင်
မိတ္ထီလာ >>>>> မိတ္ထီလာ
ယက္ခပုရ >>>>> သထုံ
ယောနက >>>>> ယော
ရတနပုရ >>>>> အင်းဝ
ရတနာပုံ >>>>> မန္တလေး
ရာဇဂြီဟ >>>>> ကလေးအနီး
ရာမညဒေဝ >>>>> မွန်ပြည်နယ်
ရမ္မာဝတီ >>>>> ရမ်းဗြဲ
ရတနာသိင်္ခ/ရတနာသိင်္ဃ >>>>> ရွှေဘို
ဝေဘာရာ ဝေပုလ္လ >>>>> ကျောက်ဆည်အရှေ့ရိုး
ဝေသာလီ >>>>> မြောက်ဦးအနီး
ဝိမဏု >>>>> ဗိဿနိုး၊ တောင်တွင်းကြီးအရှေ့
သလ္လဝတီ >>>>> ချင်းတွင်းမြစ်
သာကေတ >>>>> ရန်ကုန်
သာဂရ >>>>> ဆွာအနီး
သာယာဝတီ >>>>> သုံးဆယ်အနီး
သိရီခေတ္တရာ >>>>> မော်ဇာ
သိရီပစ္စရာ >>>>> ပုဂံအနီး
သိင်္ဂုတ္တရ >>>>> ရွှေတိဂုံကုန်းတော်
သုနာပရန္တ >>>>> ဧရာဝတီမြစ်မြောက်ဘက်
သုဓမ္မဝတီ >>>>> သထုံ
သုဝဏ္ဏဘူမိ >>>>> တိုက်ကုလား၊ အရက်သမ၊ ဝင်က
သင်္ဃဿနာရ >>>>> တကောင်း
ဟရိပုဉ္စ >>>>> မွန်ပြည်နယ်/ ထိုင်း
ဟံသာဝတီ >>>>> ပဲခူး
အမရပူရ >>>>> တောင်မြို့
အရိမဒ္ဒနပူရ >>>>> ပုဂံ
အသီတဉ္စန >>>>> ရန်ကုန်
အလ္လကပ္ပ >>>>> စစ်ကိုင်းအနီး
အာဠဝတီ >>>>> မြစ်ကြီး
သြရိဿ >>>>> ပဲခူး
ဥက္ကလာပ >>>>> ရန်ကုန်

လိုတာလေးများထပ်ဖြည့်စွက်ပေးခဲ့ကြပါ


https://www.facebook.com/photo.php?fbid=529434647154371&set=a.351047714993066

လူ့ဘဝ၏အောင်မြင်တိုးတက်ခြင်းသို့သွားရာလှေခါး(၃၀)ထစ်


၁။ ကတိအပေးနည်းပါစေ။
 
၂။ အမှန်ကို အမြဲပြောပါ။
 
၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။
 
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
 
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ
 
၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။
 
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။

၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။
 
၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။
 
၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
 
၁၁။ အကျင့်စာရိတ္တကောင်းခြင်းမွန်သည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကိုဖြစ်စေသည်။
 
၁၂။တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။
 
၁၃။သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည်သင့်၏ကျေနပ်မှုနှင့်လုပ်ငန်းအပေါ်မှာမူတည်ပါလိမ့်မယ်။
 
၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။
 
၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်၍်ပြောပါ။
 
၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။
 
၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။
 
၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်။
 
၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။
 
၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။
 
၂၁။ မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည် ထိုက်တန်စွာအောင်မြင်ခြင်းဖြစ်၏။
 
၂၂။ ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည်
နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။
 
၂၃။သင့်အပြုအမူဆောင်ရွက်ချက်မှလွဲ၍သင့်အကျင့်စာရိတ္တကိုထိခိုက်စေမည့်အကြောင်းမရှိနိင်။
 
၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။
 
၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချပါ။
 
၂၆။ကိုယ့်အကျိုးသာကြည့်ပြီးသူတစ်ပါးအကျိုးမကြည့်သောသူများအားမိတ်ဆွေအဖြစ်မပြုသင့်။
 
၂၇။အကျင့်စရိုက်ကြမ်းတမ်းသူများနှင့်အတူတကွမနေသင့်။
 
၂၈။သြဇာအာဏာရှိသူသော်ငြားလည်းယုတ်မာရက်စက်လူမဆန်သူများနှင့်ဝေးဝေးနေသင့်၏။
 
၂၉။သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ် စိတ်နှစ်ဖြာချမ်းသာရ၏။
 
၃၀။ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။
 

အိမ်ထောင်ရှင်များ သိထားရမည့် လင်နှင့် မယားဆက်ဆံရေးမေးခွန်းများ


မး။ ။ ဆရာရှင့် ကျွန်မရဲ့ စိတ်အကြောင်း မေးချင်လို့ပါ။ ကျွန်မနဲ့ ကျွန်မ အမျိုသား အတူနေတဲ့အခါ ကျွန်မယောက်ျားက ပြောပါတယ်။ ကျွန်မကို ကျောက်ရုပ်ကြီး ကျနေတာပဲတဲ့။ သူ့ကို စိတ်ပါသေးရဲ့လားလို့လဲ မေးပါတယ်။ ကျွန်မဘာလို့ အဲဒီ့လို ဖြစ်နေရတာလဲ။ အမှန်တိုင်းပြောရရင် ကျွန်မတို့ အိမ်ထောင်သက် ၂ နှစ်ပြည့်ခါနီးပေမယ့် ကျွန်မ ရှက်တုန်းပဲ။ ကလေးတစ်ယောက် ရသွားပေမယ့် ရှက်နေတုန်းပဲ။ အဲဒါ ဘာဖြစ်လို့ ပါလည်းရှင်။ သူ့အပေါ် တာဝန်မကျေသလို ခံစားရပါတယ်။ သူ့အပေါ် တာဝန်ကျေချင်ပါတယ်ရှင့်။ ပြောပြပေးပါဦး။

ဖြေ။ ။မေးတဲ့သူဟာ အခုလို မေးသင့်တယ်လို့ထင်တဲ့၊ စိတ်ဆန္ဒရှိနေတာဟာ အလားအလာ အတော်ကြီး ကောင်းပါတယ်။ ရှက်စိတ်ရှိတာ ပုံမှန်ပါ၊ လူဆန်ပါတယ်။ အကြံတခုပေးချင်တာက ဒီလိုရှက်စိတ်ဟာ “ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်” ဆိုသလိုရှိတာ လူတိုင်းအသိပါ။ ပြောဘို့ မယဉ်ကျေးတဲ့ မရှက်တရား နောက်တပါးကတော့ “တရားဝင် အကြင်လင်မယား နှစ်ဦးသားဟာ ဆက်ဆံရာမှာ ရှက်နေစရာမလိုဘူး”။ ဒါဖြင့်ရင် “အရှက်ကို မရှိရတော့မှာလား” ဆိုတာတော့ မဟုတ်ပါ။ လင်မယားတွေ ပေါင်းလာကြတာ နှစ်တွေ အများကြီးကြာပေမဲ့လဲ ဘယ်အရေး ကိစ္စမှာမဆို သူသူကိုယ်ကိုယ် ရှက်နေကြရသေးတာပါ။ အဖိုးကြီး၊ အဖွါးကြီးဖြစ်တဲ့ အထိပါ။



ဒါပေမဲ့ အခုမေးလာသူလို လိုအပ်ချက်ရယ်လို့ ရှိလာပြီဆိုရင်တော့ ပြင်ယူရပါလိမ့်မယ်။ တနှစ်က သတင်းစာမှာ ဖတ်ရတယ်။ ကမ္ဘာ့နံပါတ်တစ် အားကစားမယ်တယောက် ရုပ်ရည်ကလဲ အင်မတန်ချောပါတယ်။ သူ့ (ဘွိုင်း-ဖရင်း) က ပြောတယ် “အိပ်ယာထဲမှာဆို ဒီမိန်းကလေးဟာ သစ်တုံးလိုဘဲ” တဲ့။ သူတို့ဆီကတော့ အကြင် လင်မယားမဖြစ်သေးလဲ အဲလို နေကြတာက ထုံးစံပါ၏။ နာမည်ကြီးသူဆိုရင် သတင်းလိုက်သူတွေ ကလဲ ရှောင်လို့ မရဘူး။ ပြန်ပြောပေါ့ “ကျမတယောက်တည်း မဟုတ်ဘူး (ဆယ်လီဘရက်တီ) အပျိုမလဲ ဒီလိုပါဘဲ” လို့။



မြန်မာ အရပ်စကားတခုလဲ ရှိသေးတယ်။ “မယားကောင်းဆိုတာ အိပ်ယာထဲမှာ ပြည့်တန်ဆာလို နေရ-ကျင့်ရတယ်” တဲ့။ ဒီအကြံပေးချက်ဟာ လက်တွေ့ ဘဝတွေကနေ လာပုံရတယ်။ တခုရှိတာက ကိုယ်ခန္ဓာ ရောင်းစား သူတွေ၊ ငွေယူပြီး လိင်ဇာတ်ကား ရိုက်ပေးသူတွေဟာ ကြည့်တဲ့သူတွေပို သဘောကျ၊ အားကျစေအောင် တမင်တကာ သရုပ်ဆောင်ကြရတယ်။ ဥပမာ အမျိုးသမီးတွေက ခံစားမှုရှိနေသယောင်၊ သာယာနေသယောက် ဆောင်ကြတယ်။ ဒါတင်မကဘူး လိင်ဆန္ဒ ပြည့်ဝ ပြီးစီးတာကိုပါ အတုလုပ်လေ့ရှိတယ်။ ဒါကို Women Fake Orgasm လို့ခေါ်တယ်။
ဒီလို အတုလုပ်ကြတာက ကြေးစာမိန်းမတွေမှ မဟုတ်သေးဘူး။ အနောက်နိုင်ငံတွေမှာ (မြန်မာနိုင်ငံမျာတော့ လေ့လာမှု မရှိလို့ မပြောနိုင်ပါ။) အတွဲထားတဲ့ အမျိုးသမီးများကလဲ ပြီးစီးမှု အတုလုပ်တတ်ကြတယ်။ AskMen.com ကနေ အမေရိကန်၊ ကနေဒါ၊ 


ယူကေနဲ့ သြစတြေးလျမှာ ယောက်ျား-မိန်မပေါင်း ငါးသောင်းကို လေ့လာမှုလုပ်တော့ ၃ ပုံ ၁ ပုံသော အမျိုးသမီးတွေက (အော်ဂဇင်) ရသယောင်ဆောင်ပါသတဲ့။ (ကိုလန်ဘီယာ) က Farnaz Kaighobadi ကနေလုပ်တဲ့ သုတေသနအရ ၄ဝ-၆ဝ% အမျိုးသမီးတွေက အဲလိုအတုလုပ်ကြရတာဟာ mate retention tactic သူတို့ ယောက်ျားဖေါ်တွေ သူတို့ဆီကနေ ခွါမသွားစေအောင် လုပ်ရတာလို့ ဆိုပါတယ်။
နောက်တခုလဲ ကြားဘူးကြမှာပါ။ “ယောက်ျားသား ဖေါက်ပြားတာဟာ သူ့မိန်းမက အလိုကို လိုသလို မဖြည့်နိုင်လို့” ဆိုတာ။ ဒီအချက်က တဝက်တပျက်တော့ မှန်ပါမယ်။ ဖေါက်ပြားချင်သူဆိုတာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် စ (ဇ) ရှိသူတွေက ဇနီးမယား၊ ယောက်ျားခင်ပွန်းဘက်က ပြောစရာ မလိုပေမဲ့ ဖေါက်ပြန်ကြပါတယ်။
လင်မယားနေကြရာမှာ အချိန်ကာလအရ တိုးတက်လာကြရတယ်။ မေးတဲ့သူလဲ တိုးတက်လာအောင် လုပ်သင့်ပါတယ်။ ပိုပြီး နားလည်လာရမယ်။ သာယာမှုရှာတဲ့နေရာမျိုးမှာ ပိုပြီးသာယာမှုကိုဖြစ်လာစေသင့်တယ်။ ခွင့်လွှတ်စရာမျိုးကို ပိုပြီးခွင့်လွတ်လာကြတာမျိုးလိုပါဘဲ။ အပြန်အလှန်ပါဘဲ။ ယောက်ျားလုပ်သူကလဲ နားလည်မှု ပြန်ပေးဘို့လိုတယ်။ မိန်းမသဘာဝဟာ တမျိုးဆိုတာ သိသင့်တယ်။ ပိုးပြီးရှက်တတ်တယ်။



လိင်စိတ်ဖြစ်လာတာ အချိန်ပိုယူတယ်။ အခါတိုင်း အပြီးမသတ်ပေမဲ့ သိပ်ကိစ္စမရှိတတ်ဘူး။ လစဉ်ဓမ္မတာနဲ့အတူ ဟော်မုန်းသတ္ကိကြောင့် လိင်စိတ် အတက်အကျ ရှိတတ်တယ်။ အိမ်ထောင်မကျခင်ဘဝ၊ နောက်ခံ (လိင်) ကျန်းမာရေးသုတဆိုတာမျိုးကို တမင်တကာ လိုက်ရှာနေတတ်သူမျိုးဆိုတာ ယောက်ျားတွေနဲ့ယှဉ်ရင် အရေအတွက်နည်းပါးတယ်။ ဒီတော့ လိုနေတယ်ထင်ရင် ပြင်လာစေအောင် ကူညီရမယ်။ သုတအရလိုနေရင် သုတဖြည့်ပေးပါ။ ကျန်းမာရေးကြောင့်ဆိုရင် ခွင့်လွတ်ပေးပါ။ တိုးတက်လာတိုင်း အသိအမှတ်ပြုပေးပါ။
လိင်မှုကိစ္စဟာ တခြား အရေးအရာတွေလိုဘဲ။ နှစ်ဦးနှစ်ဘက် ပါဝင်ပတ်သက်ရတယ်။ လက်လုပ်တီးတာ လက်နှစ်ဖက် ပါရသလိုမျိုး။ လက်နှစ်ဖက်တော့ဟုတ်ပါရဲ့ တဖက်လက်ဝါးက ဖြန့်ကော့ထားရင် မြည်တဲ့ လက်ခုပ်သံက မပီသဘူး။ တက်ညီ-လက်ညီ ရှိကြတာ ကောင်းတဲ့ ဂုဏ်တရပ်ပါ။ ရှေ့သွား၊ နောက်လိုက်ညီကြတယ်ဆိုတာ အများအမြင်သာ ဖြစ်တယ်။ ဘက်ညီတယ်ဆိုတာမှာ အတူနေတဲ့ကိစ္စလဲ ပါသင့်တယ်။
စိတ်မပျက်ပါနဲ့။ အားငယ်စရာ မဟုတ်ပါ။ အိမ်ထောင်ရေး ပိုသာယာတာ အခုမေးတဲ့သူမှာ သေခြာပေါက်ဖြစ်လာမယ်လို့ ယူဆပါတယ်။ ဖတ်ပါ၊ လိုက်နာပါ။ မေးမြန်းပါ၊ လိုက်လုပ်ပါ။ ကိုယ့်က ကျောက်ရုပ် (သစ်တုံး) လိုဖြစ်မနေအောင် လိုသေးရင် ဆရာဝန်ကိုမေးပါ။
ဒေါက်တာတင့်ဆွေ

http://myawadynews.blogspot.com/2014/01/blog-post_5778.html

ရိုးတွင်းချဉ်ဆီကို ဂျာမန်သိပ္ပံပညာရှင်များ ဖန်တီးနိုင်ခဲ့


Karlsruhe Institute of Technology (KIT) မှ သိပ္ပံပညာရှင်များသည် ဖန်တီးပြုလုပ်ထားသော ရိုးတွင်းချဉ်ဆီပုံစံတစ်မျိုးကို ဖန်တီးပြုလုပ်နိုင်ခဲ့သဖြင့် သွေးကင်ဆာဝေဒနာရှင်များအတွက် မျှော်လင့်ချက်တစ်ရပ်ကို ရှင်သန်စေခဲ့သည်။ KIT မှ သိပ္ပံပညာရှင် Max Planakနှင့် အဖွဲ့သည် သဘာဝရိုးတွင်းချဉ်ဆီ၏ အခြေခံဂုဏ်သတ္တိများ ပါဝင်သော လူလုပ်ရိုးတွင်းချဉ်ဆီကို တီထွင်နိုင်ခဲ့ခြင်းဖြစ်သည်။
ရိုးတွင်းချဉ်ဆီတွင်ပါဝင်သော သွေးဆဲလ်မူလပုံစံများသည် သွေးနီဥ၊ သွေးဖြူဥနှင့် သွေးဥမွှားများ၏ အခြေခံတည်ဆောက်မှုကို ဖြစ်ပေါ်စေနိုင်သည့်အပြင် ပျက်စီးနေသော သွေးဆဲလ်များကို အစားထိုးနိုင်သဖြင့် သွေးကင်ဆာရောဂါများတွင် အစားထိုးကုသမှုပြုလုပ်လေ့ရှိသည်။ သို့သော်ရိုးတွင်းချဉ်ဆီ အလှူရှင်နှင့်အလှူခံလူနာအကြားလိုက်ဖက်ရမည့်၊ တူညီရမည့်အချက်များစွာ ရှိနေပေသည်။ ထိုအချက်ကို ဖြေရှင်းနိုင်ရန် သွေးဆဲလ်များ၏ မူလဖြစ်တည်ရာ ရိုးတွင်းချဉ်ဆီ၏ ဖွဲ့စည်းပုံနှင့် ပါဝင်ပစ္စည်းများကို အတုယူတည်ဆောက်ထားသည့် synthetic polymer များကိုအသုံးပြုထားသော လူလုပ်ရိုးတွင်းချဉ်ဆီကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း Max Planak က ပြောကြားခဲ့သည်။
ယခုဖန်တီးမှုတွင် သုတေသီများသည် မွေးကင်းစ ကလေးများ၏ ချက်ကြိုးသွေးမှ အထူးပြုချဉ်ဆီဆဲလ်များကို အသုံးပြုခဲ့ပြီး ဓာတ်ခွဲခန်းတွင် မွေးမြူကာ ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပွားများရရှိလာသည့် ချဉ်ဆီဆဲလ်အသစ်များကို ဖန်တီးပြုလုပ်ထားသည့် ရိုးတွင်းချဉ်ဆီတွင် ထည့်သွင်းခဲ့ရာ အောင်မြင်ခဲ့သည်။ ယခုအခါ ကြွက်များ တွင်စမ်းသပ်ခဲ့ရာ ဖန်တီးထားသော လူလုပ်ရိုးတွင်းချဉ် ဆီသည် သွေးကင်ဆာဖြစ်ပွားနေသော ကြွက်များ၏ သွေးဆဲလ်များကို အစားထိုးနိုင်ခဲ့ကြောင်း သိရှိရသည်။
ယခုတီထွင်မှုကို Journal of Hoematology တွင် ဖော်ပြထားခြင်းဖြစ်သည်။
သန့်စင်


Scientists Develop Artificial Bone MarrowBy IndiaTimes
BERLIN: German scientists have developed artificial bone marrow that allows stem cells to multiply and may simplify the treatment of leukaemia.



The porous structure possesses essential properties of natural bone marrow and can be used for the reproduction of stem cells at the laboratory. This might facilitate the treatment of leukaemia in a few years, researchers said.

Scientists at Karlsruhe Institute of Technology (KIT), the Max Planck Institute for Intelligent Systems, Stuttgart, and Tubingen University developed the synthetic material that allows stem cells to multiply.

Blood cells, such as erythrocytes or immune cells, are continuously replaced by new ones supplied by haematopoietic stem cells located in a specialised niche of the bone marrow. Haematopoietic stem cells can be used for the treatment of blood diseases, such as leukaemia. The affected cells of the patient are replaced by healthy haematopoietic stem cells of an eligible donor.

However, not every leukaemia patient can be treated in this way, as the number of appropriate transplants is not sufficient. This problem might be solved by the reproduction of haematopoietic stem cells. So far, this has been impossible, as these cells retain their stem cell properties in their natural environment only, i.e. in their niche of the bone marrow.

Researchers artificially reproduced major properties of natural bone marrow at the laboratory. With the help of synthetic polymers, scientists created a porous structure simulating the sponge-like structure of the bone in the area of the blood-forming bone marrow.