ကစားရင်း ဓာတ်အားစုဆောင်းထားနိုင်မည့် အားသွင်းစက်ဘောလုံး

အမေရိကန်နိုင်ငံမှ ကုမ္ပဏီ တစ်ခုသည် မိုဘိုင်းလ်ဖုန်းကဲ့သို့ ကိရိယာ အငယ်စားများကို အားပြန်ဖြည့်ပေးနိုင်သလို အသေးစား မီးလုံးလေးများကိုပါ ထွန်းညှိပေးနိုင်မည့် ဘောလုံးတစ်မျိုးကို တီထွင်လိုက်ပြီ ဖြစ်သည်




ရုပ်ကြွင်းလောင်စာကို စွမ်းအင်ကဏ္ဍအတွက် အဓိက မှီခိုနေရခြင်းအား လျှော့ချရန် နည်းလမ်းအမျိုးမျိုးဖြင့် စဉ်းစားလာသည့်နောက် ယခုအခါ ကမ္ဘာ့လူကြိုက်အများဆုံး အားကစားနည်းဖြစ်သည့် ဘောလုံးတွင်ပါ ဆက်နွယ် ပတ်သက်လာပြီ ဖြစ်သည်။ အမေရိကန်နိုင်ငံမှ ကုမ္ပဏီ တစ်ခုသည် မိုဘိုင်းလ်ဖုန်းကဲ့သို့ ကိရိယာ အငယ်စားများကို အားပြန်ဖြည့်ပေးနိုင်သလို အသေးစား မီးလုံးလေးများကိုပါ ထွန်းညှိပေးနိုင်မည့် ဘောလုံးတစ်မျိုးကို တီထွင်လိုက်ပြီ ဖြစ်သည်။ ရော်ဘာအမြှုပ်ဖြင့် တည်ဆောက်ထားပြီး သားရေအုပ်ထားသော ယင်းဘောလုံး၏ အတွင်းဘက်တွင် ချိန်သီးတစ်ခုကို ထည့်သွင်းထားသည်။

ဘောလုံးကို ကန်လိုက်သည့်အခါတိုင်း ယင်းချိန်သီးက အတွင်းတွင် လှုပ်ရှားသွားပြီး ယင်း၏ အရွေ့စွမ်းအင်က လျှပ်စစ်ထုတ်လုပ်ပေးသည့် ဂျင်နရေတာတစ်ခုသဖွယ် အလုပ်လုပ်မည် ဖြစ်သည်။ ထိုလျှပ်စစ်ဓာတ်ကို ဘောလုံး၏ အတွင်းပိုင်းရှိ အသေးစား ဘက်ထရီလေးက သိုလှောင်ပေးထားသည်။ Soccketဟု အမည်ပေးထားသည့် ဘောလုံးသည် အရွေ့စွမ်းအင်ကို လျှပ်စစ်သိုလှောင် ကိရိယာ တစ်ခုအဖြစ် အကောင်းဆုံး ပြောင်းလဲအသုံးချနိုင်မည့် အားကစား အထောက်အကူပြု ပစ္စည်းတစ်ခုဟု ယူဆနိုင်မည် ဖြစ်သည်။ ဘောလုံး၏ လေထိုးသည့် နေရာကို ခွာထုတ်နိုင်ပြီး အတွင်းဘက်တွင် Built-in USB Portတစ်ခု ပါဝင်သည်။


ထိုမှတစ်ဆင့် LEDမီးလုံးလေးများဖြင့် ချိတ်ဆက်ကာ မီးထွန်းနိုင်သလို စမတ်ဖုန်းများကိုလည်း အားသွင်းနိုင်ကြောင်း သိရသည်။ Soccket ပရောဂျက်သည် နယူးယော့ခ်မှ Uncharted Play၏ လက်ရာတစ်ခု ဖြစ်သည်။ ယင်းကုမ္ပဏီသည် အစောပိုင်းက ဒေါ်လာ (၇၅၀၀၀)မျှ စုဆောင်းနိုင်မည့် သုတေသန လှုပ်ရှားမှု တစ်ခုအဖြစ် Soccketကို စတင်ဖန်တီးခဲ့ပြီး ယခုအခါ ဒေါ်လာ (၉၂၀၀၀)ကျော် ရရှိထားပြီ ဖြစ်သည်။ Uncharted Playသည် Soccket၏ အတွင်းပိုင်းတွင် G-Kick နည်းပညာကို ထည့်သွင်းထားပြီး ယင်းကို ကုမ္ပဏီပိုင်အဖြစ် မှတ်ပုံတင်ထားသည်။

ဘောလုံးကို ကန်လိုက်တိုင်း အတွင်းဘက်ရှိ ချိန်သီးက လှုပ်ခါကာ လျှပ်စစ်စွမ်းအင်ကို စုဆောင်းပေးနေမည် ဖြစ်သည်။ ယင်းဘောလုံးကို တောင်အမေရိက၊ အာဖရိက၊ မက္ကစီကိုနှင့် ဘရာဇီးလ် နိုင်ငံတို့ရှိ ဘောလုံးအားကစားကို ဝါသနာပါပြီး ဆင်းရဲမွဲတေသည့် ကလေးငယ်များအတွက် ရည်ရွယ်ထုတ်လုပ်ခြင်း ဖြစ်သည်။ အကယ်၍ ယင်းဒေသများတွင် အားကစား အထောက်အကူပြု လှူဒါန်းမှုများ ပြုလုပ်လိုပါက Soccketဘောလုံး တစ်လုံးလျှင် (၉၉)ဒေါ်လာဖြင့် ဝယ်ယူ လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
 

အောင်မြင်စိတ် ကြီးမားသူတို့၏ လက္ခဏာများ

၁။ အောင်မြင်ဖို့ ဆိုသောအချက်ကိုပဲ အာရုံ စူးစိုက်သည်။

၂။ သူတို့မှာ ထိတွေ့သမျှ အပေါ် တာဝန်ယူတတ်သောစိတ် ရှိသည်။

၃။ သူတို့မှာ တိကျသော ဆုံးဖြတ်ချက် ခိုင်မာသည်။

၎။ သူတို့ကို သူတို့ လိုသလို ပြောင်းလဲပစ်သည်။

၅။ သူတို့မှာ အနာဂတ် မျှော်မှန်းချက် ရှိသည်။ ပန်းတိုင် ထားရှိသည်။

၆။ မိမိ လိုချင်သော ပန်းတိုင် ဘာလဲ ဆိုတာ သိသည်။

၇။ ပန်းတိုင်ရောက်အောင် အားထုတ်စရာ ရှိသမျှ အားထုတ်ကြိုးပမ်းသည်။ အခက်အခဲ ကြီးမားနေချန်မှာလည်း သူ နောက်မဆုတ် ၊ ဇွဲမလျှော့။ ပင်ပန်းသည် ဟူ၍ မထင်။

၈။ လိုရင် မေးသည်။ လိုသော ၊ တောင်းသင့် တောင်းထိုက်တာ မှန်သမျှကို တောင်းသည်။

၉။ သူတို့မှာ တစ်ဘက်လူကို ဂရုစိုက်တတ်သော စိတ်ရှိသည်။

၁၀။ နေ့စဉ် နံနက်တိုင်း တခြားသူများနှင့် မတူ ငါ အောင်မြင်ရမည် ဟူသော စိတ်ဓါတ်ဖြင့် လုပ်ငန်းကို အစပြုသည်။

Success Jouranl

အစာအိမ်ကို လှည့်စားဖို့

အချိန်အတိအကျ လိုက်နာဖို့ဆိုတာ မလွယ်ချင်တဲ့ ကိစ္စပါပဲ။ ဒါပေမယ့် သင့်ရဲ့ အစာအိမ်ကတောင် အခုဘယ်အချိန်ရှိနေပြီဆိုတာ သိနေတယ်ဆိုရင် အံ့သြသွားမှာပေါ့။ ဘယ်အချိန်မှာ စားမယ်ဆိုတာနဲ့ အကြောတွေက ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို သိချင်ရင် အချိန်ကိုတော့ ခြေရာခံမှ ရပါမယ်။

ဥပမာ- သွေးပြန်ကြောတွေဟာ နေ့ဘက်မှာ ခံစားမှုအားနည်းတဲ့အတွက် သင်များများ စားနိုင်ပြီး ညဘက်ဆိုရင်တော့ ဒါနဲ့ပြောင်းပြန်ဖြစ်သွားပြီး နည်းနည်းပဲ စားရပါမယ်။ ညဘက်မှာ သင့်ရဲ့အကြောတွေဟာ အာရုံခံမှုအားကောင်းနေတဲ့အတွက် သင့်ကိုပိုဝစေပါတယ်။

ဒါကြောင့် သင့်ရဲ့အလေးချိန်ကို ထိန်းချုပ်နိုင်ဖို့အတွက် ဘယ်အချိန်မှာ ဘာစားရမယ် ဆိုတာကို ပြောပြပေးချင်ပါတယ်။

(၁) နေ့တစ်နေ့ကို ပရိုတိန်းဓါတ်နဲ့စတင်ပါ။

ပရိုတိန်းဓါတ်ပါဝင်မှု မြင့်မားတဲ့ ကြက်ဥ ၊ နွားနို့တွေကို မနက်စာအဖြစ် စားလိုက်တဲ့အခါ မနက်ပိုင်းမှာ ဗိုက်ဆာနေမှာမဟုတ်တော့ဘဲ နေ့လည်စာစားချိန်မှာတောင် အနည်းငယ် လျော့စားဖြစ်ပါလိမ့်မယ်။ ရလဒ်ကတော့ သင့်ရဲ့ခါးတ၀ိုက်ကိုပါ သေးသွယ်စေနိုင်ပါတယ်။

(၂) (၃)နာရီမတိုင်ခင် နေ့လည်စာစားပါ

မပြီးဆုံးနိုင်တဲ့ စာရွက်စာတမ်းတွေနဲ့ အစည်းအဝေးတွေက သင့်ရဲ့ နေ့လည်စာကို (၅)နာရီထိ သယ်ဆောင်သွားတဲ့အခါ သင်အပြစ်တင်မိပါလိမ့်မယ်။ Internationall Journal of Obesity ရဲ့လေ့လာချက်အရ နေ့လည်စာဟာ နေ့တစ်နေ့ရဲ့ အကြီးဆုံးအစားအစာ ဖြစ်သင့်ပြီး သုံးနာရီကိုမကျော်သင့်ပါဘူး။ ဒါမှသာ သင့်ခန္ဓာကိုယ်အလေးချိန် လျော့ချရာမှ အထောက်အကူ ပေးမှာ ဖြစ်ပါတယ်။

(၃) ပရိုတိန်းဓါတ် လုံလောက်အောင် စားပါ

ပျှမ်းမျှအားဖြင့် အရွယ်ရောက်ပြီးသူတွေဟာ တနေ့ကို ပရိုတိန်း ၅၀-၆၀ ဂရမ်လောက် လိုအပ်ပါတယ်။ ဒီတော့ မနက်စာမှာ လုံလောက်တဲ့ ပရိုတိန်းဓါတ် မပြည့်ဝထားဘူးဆိုပါစို့။ သင့်ရဲ့ ကြွက်သားကြီးထွားမှုကို နှေးကွေးစေပြီး ဆာလောင်မှုဖြစ်စေပါတယ်။ ပရိုတိန်းဓါတ် ပြည့်ဝမှာသာ အလွန်အကျွံစားသုံးမှုကို လျော့ချပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မွန်းလွဲပိုင်းအချိန်မှာ (ဒါမှမဟုတ်) နေ့လည်စာစားချိန်မှာ ပရိုတိန်းဓါတ် ပြည့်ဝတာတစ်ခုခု သွားစားလိုက်ပါ။

(၄) စားချိန်ကို နည်းပါးအောင် သတ်မှတ်ပါ

နေ့လည်စာ (သို့) ညစာစားပွဲမှာ ကြာကြာထိုင်လေ များများစားမိလေပါပဲ။ ဒါကြောင့် သင်စားလို့ ပြီးလောက်မယ့်အချိန်ကို သေချာသတ်မှတ်ပြီး အဲဒီအချိန်ထက်ကျော်တာနဲ့ စားပွဲက ထပါ။ စားစရာတွေကို ထုပ်ပိုးပြီး ရေခဲသေတ္တာထဲ အလျင်အမြန်ပြန်ထည့်ပါ။ ဒါမှသာ ညစာကို လိုတာထက်ပိုပြီး မစားမိမှာ ဖြစ်ပါတယ်။

Ref:mensxp


https://www.facebook.com/photo.php?fbid=525701434194359&set=a.351047714993066.

သန့်ရှင်းရေး အလုပ်သမား ဖြစ်ခဲ့တဲ့ Jim Carrey

Jim Carrey ကို မြန်မာပြည်က ရုပ်ရှင်ကြည့် ပရိတ်သတ် အတော်များများ လည်း သိကြမှာ ဖြစ်ပါတယ်။ The Mask ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား အပြင် အခြားသော ဟာသ ရုပ်ရှင်ဇာတ်ကားပေါင်း များစွာနဲ့ အောင်မြင်ကျော်ကြား သူ ဖြစ်ပါတယ်။ သူဟာ တစ်ချိန်တုန်းက သန့်ရှင်းရေး အလုပ်သမား တစ်ဦးပါ။

အမေရိကန်မှာနေထိုင်ပြီး မိသားစုက တဖြည်းဖြည်းနဲ့ ဆင်းရဲလာ တာ ကြောင့် အသက် ၁၅ နှစ်မှာ သန့်ရှင်းရေး အလုပ်သမား အဖြစ် ဆေးရုံတွေ၊ ရုံးတွေမှာ လိုက်လုပ်ပါတယ်။ အထက်တန်းကျောင်း ဆက်တက်ပေမယ့် အချိန်ပြည့် အလုပ်ဆင်းတာကြောင့် အထက်တန်း လည်း မအောင်ခဲ့ ပါဘူး။ အဖေဖြစ်သူက ဟာသ ပြဇာတ်တစ်ခုမှာ ပါဝင်လုပ်ကိုင်သူ တစ်ယောက်ဖြစ်တော့ သားဖြစ်သူ ဝင်ရောက်လုပ်ကိုင်လို့ ရအောင် ဖန်တီးပေးရင်း Jim Carrey က ဟာသပြဇာတ်က လူရွှင်တော် တစ်ဦး ဖြစ်လာပါတယ်။

ဒီလိုနဲ့ အောင်မြင်လာပြီး ဟောလိဝုဒ်ကို ရွှေ့ ပြောင်းလို့ ဟာသ ရုပ်ရှင်များ စတင် ရိုက်ကူးဖြစ်ခဲ့ ပါတယ်။ နောက်တော့ Jim Carrey ဟာ ကမ္ဘာ့ လူကြိုက် များတဲ့ ဟာသ သရုပ်ဆောင် မင်းသား တစ်ဦး ဖြစ်လာတာ ဘယ်သူမှ ငြင်းမရ ပါဘူး။ အထက်တန်းကျောင်း မအောင်၊ သန့်ရှင်းရေး အလုပ်သမား ဘဝနဲ့ နှစ်အတော်ကြာ ရုန်းကန်ခဲ့တဲ့ Jim Carrey ရဲ့  ကြိုးစားမှုဟာ အများ အတုယူ လေးစားစရာ တစ်ခုပမာ ရှိနေပါတယ်။
.
Ref: wiki
  အောင်ခမ်း ( www.innewsmyanmar.com )


https://www.facebook.com/photo.php?fbid=525682644196238&set=a.351047714993066.7

EMMC ဆိုတာဘာလဲ


မိုဘိုင်းလောကမှာ အခုနောက်ပိုင်း EMMC ဆိုတဲ့ဝေါဟာရကို တွင်တွင်ကြီးသုံးလာကြတယ်။ မိုဘိုင်း users တွေကလည်း ကျွန်တော့်ကို လာမေးကြပါတယ်။ EMMC ဆိုတာဘာကြီးလဲ တဲ့။ ဒီတော့ မသိသေးတဲ့ Users တွေအတွက်ရည်ရွယ်ပြီး EMMC အကြောင်းကိုရှင်းပြပေးချင်ပ
ါတယ်။ EMMC ဆိုတာ Smart Phones တွေ ၊ Tablet တွေ မှာပါဝင်တဲ့
Electronic Chip တစ်ခုပါ။ မိုဘိုင်း Device တွေမှာပဲပါဝင်တာလားဆိုရင်တော့မဟုတ်ပါဘူး ။ GPS Devices တွေ ၊ Digital Camera တွေ၊ e-Readers တွေ နဲ့အခြား မိုဘိုင်း Devices မှာထည့်သွင်းအသုံးပြုထားတဲ့ chip တစ်ခုဖြစ်ပါတယ်။

EMMC ဆိုတဲ့ဝေါဟာရရဲ့ အရှည်ကောက်ကတော့ embedded Multi-Media Controller လို့အမည်ရပါတယ်။ embedded Multi-Media Controller ဆိုတဲ့ဝေါဟာရကို အတိုခေါ်လိုက်တော့ EMMC ဖြစ်သွားတယ်ပေါ့နော်။
EMMC Chip တွေဟာ Device တစ်ခုရဲ့Boot နဲ့ embedded/external Storage အပိုင်းတွေအတွက် အဓိကလုပ်ဆောင်ပေးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။

EMMC Chip ထဲမှာ (multimedia card) interface ၊ flash memory နဲ့ flash memory controller ဆိုပြီး သုံးပိုင်းပါဝင်ပါသေးတယ်။ EMMC Chip တွေဟာ Densities range အားဖြင့် 4 GB ကနေ 128 GB အထိအမျိုးမျိုးရှိပါတယ်။ Voltage Level အားဖြင့် 1.8 V နဲ့ 3.3 V အတွင်းမှာ EMMC Chip တွေဟာလုပ်ဆောင်နိင်တယ်လို့အကြမ်းဖျဉ်းမှတ်သားနိုင်ပါတယ်။

EMMC Chip အသုံးပြု မိုဘိုင်းdevices အရေအတွက်ဟာ လက်ရှိအချိန်အထိ အလုံးရေသန်းပေါင်း ၂၉၀ ကျော်ရှိနေပြီလို့သိရပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ်မှာ ဒီထက်ပိုမိုများပြားလာမှာဖြစ်ပြီး Android ,iPhone နဲ့ Windows Phone တွေမှာ ပိုမိုအသုံးပြုလာကြလိမ့်မယ်လို့
ထင်ရပါတယ် ။ ဒီလောက်ဆိုရင် EMMC ဆိုတာဘာလဲ ၊ EMMC ရဲ့အကြောင်းကို သိရှိကြမယ်လို့ ထင်ပါတယ်။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

သက်နိုင်စိုး (Myanmar Mobile App Store)
 

အမေရိကန်၏ ရွှေ့ လျားနေသော စစ်တပ် သို့မဟုတ် USS Ronald Reagan



  ရွှေ့ လျားနေသော စစ်တပ်ကြီးပါပဲ။ တိုက်ယာဉ် အစင်း ၉၀၊ စစ်သည်ပေါင်း ၅၀၀၀၊ တင့်ကား၊ လောင်ချာ၊ တာပီဒို ပြောမကုန်အောင် စစ်လက်နက် စုံစုံလင်လင် ပါရှိတော့ သူ့ကိုမှ ရွှေ့ လျားနေတဲ့ စစ်တပ်လို့ မခေါ်ရင် အခြား နာမည်မရှိတော့ပါဘူး။

ဆောက်လုပ်ခြင်း

၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလက စဆောက်တာ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရေချနိုင်ခဲ့ပါတယ်။ ဆောက်ဖို့အတွက် ဒီဇိုင်းဆွဲတာတို့၊ ဖန်တီးတာတို့ အားလုံးကို တစ်ဦးတစ်ယောက်တည်းက မဟုတ်ပဲ အားလုံး အိုင်ဒီယာပေါင်းစပ်ခဲ့ခြင်း ဖြစ်ပါတယ်။ သင်္ဘောနာမည်ကို အမေရိကန် သမ္မတဟောင်း Ronald Reagan ကိုဂုဏ်ပြုတဲ့အနေနဲ့ USS Ronald Reagan (CVN-76) လို့ အမည်ပေးထားခြင်း ဖြစ်ပါတယ်။ အဲ့တုန်းက သမ္မတဟောင်း Ronald ရှိနေသေးပြီး သက်ရှိထင်ရှားရှိတဲ့ သမ္မတကို ဂုဏ်ပြုပေးတဲ့ ပထမဆုံး သင်္ဘော ဖြစ်ခဲ့ပါတယ်။

ကုန်ကျစရိတ်

အမေရိကန်ဒေါ်လာ ၄.၅ ဘီလျံ ကုန်ကျပါတယ်။ အားလုံးကို အမေရိကန် အိမ်ဖြူတော်နဲ့ အစိုးရတို့က ထောက်ပံ့ခဲ့ခြင်း ဖြစ်ပါတယ်။ ပင်လယ်ခရီးတစ်ခုသွားဖို့အတွက် အမေရိကန်ဒေါ်လာ သန်းနဲ့ချီကုန်ကျပါတယ်။

အော်ပရေးရှင်း

အော်ပရေးရှင်း ကောင်းကောင်းမသွားရသေးပါဘူး။ ကောင်းကောင်းဆိုတာ တိုက်ပွဲမဝင်ရသေးတာကို ဆိုလိုတာပါ။ လက်ရှိအချိန်အထိ ငြိမ်းချမ်းရေး ခရီးသွားရတာတွေချည်း များနေပါတယ်။ ၂၀၀၈ ခုနှစ်က ဖိလစ်ပိုင်မှာ မုန်တိုင်းဒဏ်ခံဒုက္ခသည်ကို သွားရောက်ကယ်ဆယ်ထောက်ပံ့ပြီး၊ ၂၀၁၀ ခုနှစ်နောင်းပိုင်းကျတော့ တောင်ကိုရီးယားကျွန်းဆွယ်မှာ စခန်းချပြီး ၂၀၁၁ ခုနှစ်တော့ ဂျပန် ဆူနာမီနဲ့ သဘာဝဘေးအန္တရာယ်ဒဏ်ခံ ဒေသတွေကို သွားရောက်ကူညီပါတယ်။ နီးစပ်ရာနိုင်ငံများသို့လည်း ငြိမ်းချမ်းရေး ခရီးစဉ်သွားရောက်လည်ပတ် တာမျိုးတို့ ပြုလုပ်ပါတယ်။ အခြားနိုင်ငံများသို့ ထောက်ပံ့ရေးအတွက် လည်း သွားရောက်ပြီး စစ်ဘက်အသုံးပြုမှုကတော့ မရှိသလောက်ပါပဲ။ စစ်ရေးလေ့ကျင့်မှု အနည်းစုမှာတော့ ထည့်သွင်း အသုံးပြုပါတယ်။ သို့ပေမယ့် ကုန်ကျစရိတ်များတဲ့အတွက် အကြီးစား စစ်ရေးလေ့ကျင့်မှုတွေမှာသာ ပါဝင်တာ ဖြစ်ပါတယ်။

သင်္ဘောအချက်အလက်

နျူကလိယ စွမ်းအင်သုံး သင်္ဘောဖြစ်တဲ့အတွက် ဘယ်တော့မှ မသေနိုင်သော သင်္ဘောလို့တောင် ပြောစမတ်ပြုပါတယ်။ သို့ပေမယ့် အနည်းဆုံး Life Span ၂၅ နှစ်သက်မှတ်ထားပါတယ်။ နျူကလိယ ဓာတ်ပေါင်းဖို ၂လုံး၊ ဓာတ်ငွေ့တာဘိုင် ၄ လုံး၊ ပန်ကာ ၄ လုံး တပ်ဆင်ပြီး ထုတ်လုပ်နိုင်တဲ့ အား စုစုပေါင်းက ၁၉၄ မက်ဂါဝပ် ရှိပါတယ်။ လုံးခြုံရေး အဆင့်မြင့်စက်ပစ္စည်းတွေဖြစ်တဲ့ ရေပေါ်၊ ရေအောက်၊ လေပေါ် ထောက်လှမ်းနိုင်သော ရေဒါအများကြီးတပ်ဆင်ထားပါတယ်။ ယင်းရေဒါများ ကလည်း အင်မတန် ကုန်ကျစရိတ် များပါတယ်။ လေယာဉ် တင် သင်္ဘောတစ်စီး (Super Carrier) တစ်ခုအနေနဲ့ တစ်နေရာရာမှာ အတိုက်ခိုက်ခံရ ရင် အားလုံးပျက်ဆီးမှာမို့ လုံခြုံရေးကိုတော့ အဆင့်အမြင့်ဆုံး ပစ္စည်းများနဲ့ အသုံးပြု တပ်ဆင်ပါတယ်။ သူတစ်ခါ ခရီးထွက်ရင် တစ်စီးတည်း မထွက်ပါဘူး။ ပတ်ပတ်လည်မှာ စစ်သင်္ဘောများ လိုက်ပါပြီး လေပေါ်မှာ လည်း တိုက်လေယာဉ်နဲ့ ကင်းလေယာဉ်များ လှည့်ပေးရပါတယ်။ အောက် မှာလည်း ရေငုပ်သင်္ဘော အနည်းဆုံး တစ်စီး လိုက်ရပါတယ်။ ဒါကြောင့်မို့ ကုန်ကျစရိတ်များခြင်း ဖြစ်ပါတယ်။ အမြန်ဆုံးသွားနှုန်းက တစ်နာရီ မိုင် ၄၀ ထက်မပိုလို့ ဖြစ်ပါတယ်။ အရှည်ပေ ၁ ထောင်ကျော်ရှိတဲ့ သင်္ဘောတစ်စီး ရွေ့ ဖို့ဆိုတာ တော်တော်လည်း ခရီးနှင်ရပါတယ်။


Super Carrier Ronald နှင့် အနာဂတ် ကမ္ဘာ

အမေရိကန် မှာ ရှိနေတာ Ronald တစ်စီးတည်းမဟုတ်ပါဘူး။ သူ့လိုပဲ အင်အားကြီး လေယာဉ်တင် စစ်သင်္ဘောကြီးတွေ အမြောက်အများ ရှိပါတယ်။ ယင်း မြောက်များလှတဲ့ စစ် ရေငုပ် သင်္ဘော၊ လေယာဉ် တင်သင်္ဘော၊ နျူကလိယစွမ်းအင်သုံး စစ်သင်္ဘောများကြောင့် အမေရိကန်ဟာ ယနေ့မှာ စူပါပါဝါ ပိုင်ရှင်လို့ ထင်ရှားကျော်ကြားနေခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတောင် စစ်သင်္ဘော၊ လေယာဉ်တင်သင်္ဘော၊ ရေငုပ်သင်္ဘောများ ကြိုးစားတည်ဆောက်နေပေမယ့် အမေရိကန်မှာ ရှိတဲ့အရေအတွက်ကို မှီနိုင်ဖို့ အချိန်ကာလတစ်ခု လိုအပ်နေပါသေးတယ်။ အနာဂတ်မှာလည်း ယင်ကဲ့သို့ အလားတူ အဆင့်မြင့် နျူကလိယ စစ်သင်္ဘောများတည်ဆောက် ဖို့ ပင်တဂွန်ကို စစ်အသုံးစရိတ်များ ဆက်လက်ချပေးထားတဲ့ အတွက် နောက်နှစ်ပေါင်းများစွာတိုင် ကမ္ဘာ့အကြီးဆုံး စူပါပါဝါကို အမေရိကန်က ပိုင်ဆိုင်နေအုံးမှာ ဖြစ်တယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။
--
Ref: wiki
  အောင်ခမ်း ( ရိုးရာလေး )


https://www.facebook.com/photo.php?fbid=526425140788655&set=a.35104771499306

လူငယ် လူလတ်များနှင့် နှလုံးရောဂါ ကာကွယ် တားဆီးရေး


  နှလုံးရောဂါ အထူးကု ဆေးခန်းများတွင် သက်ကြီးရွယ်အိုများထက် လူလတ်ပိုင်းအရွယ် ရောဂါသည်များ ပိုများလာသကဲ့သို့ ရပ်ကွက်၊ ကျေးရွာများရှိ အထွေထွေရောဂါကု ဆေးခန်းများတွင်လည်း များပြားနေ ကြောင်းသိရှိရသည်။ ယနေ့ခေတ် လူငယ်၊ လူလတ်ပိုင်းများတွင် နှလုံးရောဂါ အဖြစ်များလာသော အကြောင်းအရင်းပေါင်း များစွာ ရှိပါသည်။ နှလုံးရောဂါကြောင့် အရွယ်မတိုင်မီ သေဆုံးကြရသည်။ နာတာရှည် ရောဂါကို ငွေကုန် လူပန်းစွာဖြင့် ခံစား နေရပါသည်။

လူငယ်၊ လူလတ်ပိုင်း အရွယ်များသည် တိုးတက်လာသော ခေတ်နှင့်အညီ တိုးတက်လာသော အသိ၊ အမြင်၊ ဗဟုသုတများ ရှိလာကြသည်။ ရည်မှန်းချက်များကို ကြီးကြီးထားပြီး အလုပ်များကို နေ့မအား၊ ညမနား မနား တမ်းအလုပ် လုပ်ကြသည်။ အလုပ်လုပ်ရင်းနှင့် အလုပ် ဖိစီးသောဒဏ်များကို ခံနေရသည်။ ထိုအလုပ်ဖိစီး မှုကိုအယူအဆ လွဲမှားစွာ စီးကရက်နှင့် ဖြေဖျောက် နေကြသည်။ စီးကရက်ကြောင့် နှလုံးရောဂါများ ဖြစ်ပွား လာကြသည်။ မူးယစ်ဆေး စွဲနေကြသည်။

အလုပ်ကိုသာ ဖိလုပ်နေခြင်းကြောင့် ကိုယ်လက်လှုပ်ရှားမှု မရှိသလောက် လွန်စွာ နည်းလာခြင်း၊ ကျန်းမာ ရေးနှင့် မညီညွတ်သော အဆီများကို လွန်ကဲစွာ စားသုံးခြင်းနှင့် မိတ်ဆွေ အပေါင်းအသင်းများနှင့် စီးပွား ရေးကိုအကြောင်းပြ ဆွေးနွေးပြီး အရက်ကို အတိုင်းအဆမရှိ သောက်တတ်လာခြင်း တို့ကြောင့် နှလုံးရော ဂါသည် လူငယ်၊ လူလတ် အရွယ်များတွင် အနှေးနှင့်အမြန် ဆိုသကဲ့သို့ ဖြစ်ပေါ် လာပါသည်။

လူငယ်၊ လူလတ် အရွယ်များတွင် နှလုံးသွေးကြော ကျဉ်းခြင်း၊ နှလုံးသွေးကြော ကျယ်ခြင်းနှင့် နှလုံးတွင် အဆီ ဖုံးခြင်းများ မကြာခဏ ဖြစ်ပေါ် နေပါသည်။ ကျွန်တော်တို့နိုင်ငံ အပါအဝင် တခြားနိုင်ငံများရှိ လူငယ်၊ လူလတ် အရွယ်များတွင် နှလုံးရောဂါ ဖြစ်ပွားသူ တစ်နေ့တခြား များပြားလာသည်။ နှလုံးရောဂါနှင့် သေဆုံးသူ ဦးရေသည်လည်း အများဆုံး ဖြစ်လာနိုင်သည်။ ထို့ကြောင့် လူငယ်၊ လူလတ် အရွယ်များကို နှလုံးရောဂါဆိုင်ရာ ပညာပေး လှုံ့ဆော်မှုများကို ပြုလုပ်ရမည်။ နှလုံးရောဂါကို ကြိုတင် ကာကွယ်နိုင်ရန် ဆောင်ရွက်ရမည်။ လူငယ်၊ လူလတ် အရွယ်များကလည်း လမ်းညွှန်ချက်များကို အပြည့်အဝ လိုက်နာသင့် ပါသည်။

(၁) ခန္ဓာကိုယ် အလေးချိန် တိုးမလာအောင် ထိန်းထားရမည်။

(၂) လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ရမည်။ နှလုံးရောဂါကို ကာကွယ်ရန်အတွက် တစ်ပတ်ကို သုံးကြိမ် သို့မဟုတ် လေးကြိမ်၊ တစ်ကြိမ်လျှင် မိနစ် ၃ဝ ခန့် ကာယ လေ့ကျင့်ခန်းကို လုပ်ဆောင် ပေးရမည်။ အင်တာနက်၊ ကွန်ပျူတာ ထိုင်ခြင်းနှင့် ကြာရှည်စွာ ဖုန်းပြောခြင်းများကို မပြုလုပ်ရပါ။

(၃) အစားအသောက်၊ အနေအထိုင်နှင့် သက်ဆိုင်သော ကောင်းသော အကျင့်များ ရှိလာအောင် ပြုစု လေ့ကျင့် ပျိုးထောင် ပေးရမည်။

(၄) အဆီဖြစ်စေသော အစားအစာများကို ရှောင်ကြဉ်ပါ။

(၅) အပျော်အပါး၊ သောက်စား မူးယစ်မှုနှင့် ဆေးလိပ်သောက်ခြင်းကို မပြုလုပ်ရပါ။ ဆေးလိပ်နှင့် မူးယစ် ဆေးဝါးကို ဖြတ်ရမည်။

(၆) အစားအစာကို ကျန်းမာရေးနှင့် ညီညွတ်အောင် အစာမစားမီ ကတည်းက ချင့်ချိန်ပြီးမှ စားရမည်။

(၇) ကိုလက်စထရော (CHOLESTEROL) များသော အစားအစာများကို လျှော့စား ရမည်။

(၈) ဗီတာမင်အီးသည် နှလုံးရောဂါ ဖြစ်ပွားမှုကို လျော့ကျစေသောကြောင့် ဗီတာမင်အီးပါသော ဖြည့်စွက် စာများကို သတိထားပြီး စားသုံးရမည်။

(၉) စိတ်ဖိစီးမှုများကို လျှော့ချရမည်။ ဘာသာရေး လုပ်ငန်းများကို ဆောင်ရွက်ရမည်။ ကိုယ်ရောစိတ်ပါ အနား ယူရမည်။

(၁ဝ) လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ကခုန်ခြင်းနှင့် ဖြည်းညင်းစွာ ပြေးခြင်း စသည်တို့ကို ပြုလုပ်ခြင်းဖြင့် နှလုံးခုန်နှုန်း ကောင်းစေသောကြောင့် လိုက်နာ ဆောင်ရွက် ပြုလုပ်ရမည်။

(၁၁) ကိုယ်အလေးချိန် ချိန်ခြင်း၊ သွေးဖိအား တိုင်းတာခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများကို ပြုလုပ်ရမည်။ သွေးထဲရှိ ကိုလက်စထရောဓာတ်နှင့် သကြားဓာတ်ကို တိုင်းတာ ထားရမည်။

(၁၂) အဝလွန်ကဲခြင်း၊ သွေးတိုးခြင်း၊ ကိုလက်စထရောဓာတ် များခြင်းနှင့် ဆီးချို၊ သွေးချို ရောဂါများ ရှိပါက တတ်ကျွမ်းသော ဆရာဝန်များနှင့် ပြသပြီး ထိရောက်စွာ ကုသရမည်။

(၁၃) သွေးတိုးရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါများကြောင့် နှလုံး ရောဂါဖြစ်တတ်၍ ထိုရောဂါများကို စနစ်တကျ မှန်မှန် ကုသရန် အရေးကြီးသည်။

လူငယ်၊ လူလတ်များတွင် ဖြစ်ပေါ်နေသော နှလုံးရောဂါကို ဝိုင်းဝန်းတားဆီး ကာကွယ်ရမည်။ လူ့ဘဝ နေထိုင်မှု ပုံစံ ပြောင်းလဲလာမှုကို ထိန်းသိမ်းရမည်။ နှလုံးရောဂါကို ဖြစ်စေသော အရက်၊ ဆေးလိပ်၊ အဆီ အအိမ့်၊ အဝလွန်ကဲမှု၊ စိတ်ဖိစီးမှုနှင့် ကိုယ်လက်လှုပ်ရှားခြင်း မရှိမှုများကို လျှော့ချသင့်ကြောင်း အကြံပြု အပ်ပါသည်။ ။

  ဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)


https://www.facebook.com/photo.php?fbid=526409877456848&set=a.351047714993066


မင်္ဂလာဆောင်မည့်သူများ သိထားအပ်သည့် မင်္ဂလာခန်းမ အမျိုးမျိုး


သီတင်းကျွတ်မင်္ဂလာရာသီရောက်ပြီဆိုတာနဲ့ တူနှစ်ကိုယ်လက်တွဲ ဘဝခရီး ဆက် ကြတော့မယ် ချစ်သူစုံတွဲများဟာ နှစ်ကိုယ်တူဘဝရဲ့ အရေးကြီးတဲ့ ပွဲတစ်ပွဲလို့ ဆိုရမယ့် မင်္ဂလာဧည့်ခံပွဲများ ပြုလုပ်ဖို့အတွက် တိုင်ပင်စီစဉ်ကြပါပြီ။ တစ်သက်မှာတစ်ခါသာ ဆင်နွှဲ ကြရတဲ့ သူတို့ရဲ့ မင်္ဂလာပွဲတွေကို အကောင်းဆုံးဖြစ်စေချင်တဲ့ ဆန္ဒကတော့ မင်္ဂလာစုံတွဲတိုင်း မှာ ရှိကြစမြဲပါ။ တိုးတက်လာတဲ့ခေတ်နဲ့အညီ မိမိရဲ့ မင်္ဂလာပွဲကိုလည်း တတ်နိုင်သမျှ အဆင့် အတန်းမြင့်စေချင်ကြပါတယ်။ ဝါကျွတ်ကာလ မင်္ဂလာပွဲ များ ဆင်နွှဲကြတော့မယ့် ရန်ကုန်မြို့နေ လူငယ်စုံတွဲများ အနေနဲ့ မင်္ဂလာနေရာရွေးချယ်မှုအတွက် အတတ်နိုင်ဆုံး လွယ်လင့်တကူ ရှိစေဖို့် ရန်ကုန်မြို့တွင်းရှိ ဟိုတယ်၊ မင်္ဂလာခန်းမ တချို့ရဲ့ မင်္ဂလာဝန်ဆောင်မှုစရိတ်များကို ဖော်ပြလိုက်ရပါတယ်။

Central Hotel

Central Hotel အနေနဲ့ ခန်းမလေးခု Jade Hall(100 Pax မှ 250 Pax) ကို ကျပ်ခုနစ်သောင်း၊ade Hall (251 Pax မှ 450 Pax) ကို ကျပ်ရှစ်သောင်း၊ Jade Hall (450 Pax အထက်) ကို ကိုးသောင်းကျော်၊ Ruby House (80 Pax) ကို ကျပ်ခြောက် သောင်းသတ်မှတ်ထားပြီး မင်္ဂလာစင်မြင့်ပန်းအိုး တစ်အိုးကို ငွေ ကျပ်တစ်သောင်းခွဲ၊ မင်္ဂလာနာမည်ထိုး မြန်မာဘာသာတစ်မျိုး ကျပ် တစ်သောင်းခုနစ်ထောင် ၊ တရုတ်၊ အင်္ဂလိပ်၊ မြန်မာ ဘာသာကျပ် နှစ်သောင်းသတ်မှတ်ထားပါတယ်။ အချိန်အနေနဲ့ မနက် ၉နာရီ က ၁ဝနာရီခွဲ၊ နေ့လယ်၁၂နာရီက ၁နာရီခွဲ၊ ညနေ ၃နာရီက ၄နာရီခွဲ၊ ညနေ၆နာရီက ၇နာရီခွဲရှိပြီး အစားအသောက် အနေနဲ့ ကြက်သား (ထောပတ်ထမင်း /ဒံပေါက်) ချဉ်ပေါင်ဟင်းချို၊ ဘာလချောင်ကြော်၊ သခွားသီး ငရုတ်သီးစပ်ချဉ်၊ သရက်သီးသနပ်၊ ရေခဲမုန့်ကို တစ်ဦးစာ ကျပ်၄၅ဝဝ၊ ဆိတ်သား(ထောပတ်ထမင်း /ဒံပေါက်)၊ ချဉ်ပေါင်ဟင်း ချို၊ ဘာလချောင်ကြော်၊ သခွားသီး ငရုပ်သီးစပ်ချဉ်၊ သရက်သီးသနပ်၊ ရေခဲမုန့်ကို တစ်ဦးစာ ကျပ် ၄၇ဝဝ၊ ပေါက်စီ(ကြက်၊ဝက်၊ပဲ)၊ ငါးဖယ်၊ ငုံးဥ ပေါင်း၊ ပုစွန်ကော်ပြန့်လိပ် ကြော်၊ ကြက်ဘဲဥအငံ၊ ပုစွန်ရေညှိလိပ်၊ ကော်ဖီ၊ သီးစုံရေခဲမုန့်ကို တစ်ဦးစာ ကျပ်၃၅ဝဝ၊Cheese Sandwich, Sweet Roll, Chocolate Eclair, Muttom Puff, Coffee, Strawberry Ice Cream ကို တစ်ဦးစာ ကျပ် ၃၄ဝဝ တို့ဖြစ်ပါတယ်။ လူ၂ဝဝနဲ့ အထက်မှာယူပါ ကျွှနနိငညါ ဃေုန လက်ဖွဲ့ပြီး လူ ၅ဝဝနဲ့အထက် ဟိုတယ်ကနေ အစားအသောက် မှာယူပါက သတို့သား၊သတို့သမီးကို တစ်ညတာတည်းခိုခွင့်အခန်းနဲ့ မနက်စာအတွက်ပါ လက်ဖွဲ့မှာဖြစ် ပါတယ်။

Strand Hotel

ကမ်းနားလမ်းက Strand မှာတော့ လူ၆ဝဝဆံ့ Ballroom ခန်းမအတွက်ကိုတော့ ၂နာရီစာ USD 3000 သတ်မှတ်ထားပြီး လူ၃ဝဝဆံ့ခန်းမဝက်အတွက်တော့ USD 2000သတ်မှတ်ထား ကြောင်းသိရပါတယ်။ အစားအသောက်အနေနဲ့ လူတစ်ဦးစာ ၃မျိုးကို ကျပ်၁၂ဝဝဝဖြစ်ပြီး စားသောက်ဖွယ်ရာ ၄ မျိုးကိုတော့ ကျပ် ၁၄ဝဝဝဖြစ်ေ ကြာင်း သိရပါတယ်။

Trader Hotel

Trader Hotel မှာ မင်္ဂလာအခမ်းအနားကျင်းပမယ်ဆိုရင်တော့ Package လေးမျိုးခွဲထားပြီး Package တစ်ခုမှာလူတစ်ဦးစာ အတွက် US $ 12 မှ US $ 18 ထိရှိပြီး မင်္ဂ လာ ခန်းမဆောင်၊ ခန်းမဆောင်နံရံများမှာ မြန်မာ၊ အင်္ဂလိပ်၊ တရုတ် နှစ်သက်ရာ ဘာသာစကားနဲ့ နောက်ခံစာတန်း ပြင်ဆင်ပေးခြင်း၊ မင်္ဂလာအဝတ် လဲခန်း၊ နောက် ခံတေး ဂီတ၊ Traders Club Room မှာ တစ်ညတာ တည်းခိုခွင့်၊ မင်္ဂလာကိတ်၊ ပန်းအလှ ဆင်ခြင်း စတဲ့ဝန်ဆောင်မှုများကိုလည်း ရရှိမှာဖြစ်ပါတယ်။

Orchid City Hotel

ခန်းမအသုံးပြုခွင့် ၂ နာရီ အတွက်ကိုတော့ ကျပ်တစ်သိန်းခွဲသတ်မှတ်ထားပြီး လူဦးရေ ၂၅ဝ ထိ ဝင်ဆံ့ပါတယ်။ အစားအသောက်အတွက် ထောပတ်ထမင်း (သို့) ကြက်ဆီ ထမင်းနဲ့ အအေးတစ်မျိုးမျိုးကို တစ်ဦးစာ ကျပ်၃ဝဝဝ ဖြစ်ပြီး မုန့် သုံးမျိုးနဲ့ လက်ဖက်ရည်ကို ကျပ်၂၅ဝဝ သတ်မှတ်ထားပါတယ်။ အခမ်းအနား အပြင်အဆင်တွေနဲ့ ပန်းအ လှဆင်ခြင်းတွေအတွက်ကိုလည်း ပြင်ပက ပညာရှင်တွေနဲ့ ချိတ်ဆက်ဆောင် ရွက်ပေးတယ်လို့လည်း သိရပါတယ်။

Summit Park View Hotel

မုန့်လေးမျိုး၊ ကော်ဖီ၊ ရေခဲမုန့် လူတစ်ဦးစာ ကျပ်၇ဝဝဝ၊ မုန့်ငါး မျိုး၊ ကော်ဖီ၊ ရေခဲမုန့် လူတစ်ဦးစာ ကျပ် ၈ဝဝဝ၊ ထောပတ်ထမင်း (သို့) ဒံပေါက်ထမင်း၊ ရေခဲမုန့်လူတစ်ဦးစာ ကျပ် ၉၅ဝဝ သတ်မှတ်ထားပြီး လူ ၃ဝဝ စာ အနည်းဆုံးယူရပါမယ်။ ခန်းမကြေးပေးစရာမလို။ မနက် ၉ နာရီ ကနေ ၁၁ နာရီ၊ နေ့လယ်ခင်း ၁ နာရီကနေ ၃ နာရီ၊ ညနေ ၄နာ ရီခွဲကနေ ၆နာရီိခွဲအချိန် သတ်မှတ်ထားပါတယ်။ မိတ်ကပ်လိမ်း ဖို့ အခန်းတစ်ခန်းပေးထားပြီး သတို့သား၊ သတို့သမီးညအိပ်ခွင့်လည်း ရမှာ ဖြစ်ပါတယ်။ Weddign Cake တစ်လုံး၊ ပန်းအပြင်အဆင် အားလုံးကို လက်ဆောင်ပေးမှာဖြစ်ပါတယ်။ ခန်းမအနေနဲ့ လူ ၃ဝဝ ကနေ အများဆုံး လူ၃၅ဝ ဆံ့ပါတယ်။ Summit Park View အနေနဲ့ လက် ရှိဈေးနှုန်းများမှာ ၂ဝ၁၃ နှစ်ကုန်အထိဖြစ်ပါတယ်။

Chatrium Hotel

Chatrium မှာ မင်္ဂလာအခမ်းအနားပြုလုပ်မယ်ဆိုရင်တော့ Wedding Package အနည်းဆုံး၂၅ဝ ရှိပါမယ်။ Package ခုနစ် မျိုးရှိပြီး အားလုံးမှာ ညအိပ်တည်းခိုခွင့် ပါဝင် မှာဖြစ်သလို၊ မင်္ဂလာ နှစ်ပတ်လည်နဲ့ကလေးမွေးနေ့များအတွက် ၅ ရာခိုင်နှုန်းလျော့ပေး သွားမယ့် အထူးအခွင့်အရေးလည်းရှိတယ်ဆိုတာသိရပါတယ်။ Lily Package ၊ Louts Package ၊ Daffodil Package ၊ Orchid Package ၊ Jasmine Package ၊Tulip Package နဲ့ Red Rose Package တို့ဖြစ်ပါတယ်။ Package
တစ်ခုချင်း စီအတွက် ဈေးနှုန်းနဲ့ဝန်ဆောင်မှု ကွာခြား တယ်လို့ သိရပါတယ်။

ParkRoyal Hotel

မင်္ဂလာသတို့သား၊ သတို့သမီးများအတွက် မင်္ဂလာအခမ်း အနားများအပါအဝင် ဒင်နာ၊ ဟန်းနီးမွန်းအထိပါဝန်ဆောင်မှုပေးထားပြီး တစ်ဦးစာအတွက် အနည်းဆုံး ၁၃ ဒေါ် လာမှ ဒေါ်လာ ၃ဝ ကျော် အထိအစားစားရှိပြီးမင်္ဂလာသတို့သား၊သတို့သမီးများစိတ်ကြိုက်ရေခဲအရုပ်များ၊ ကိတ်များစတဲ့ဝန်ဆောင်မှုများကိုလည်းပေးပါတယ်။

Kandawgyi Palace Hotel

မင်္ဂလာဆောင် Package ၂ဝ၁၄ မေလအထိကို ဈေးနှုန်း သတ်မှတ်ထားတာက ကျပ်၁ဝဝဝဝ၊ ကျပ်၁၃ဝဝဝ၊ ကျပ်၂ဝဝဝဝ သတ်မှတ်ထားတယ်။ နှစ်သောင်းကတော့ ဒံပေါက်ထမင်းဒါမှမဟုတ် ထောပတ်ထမင်းပေါ့။ ခန်းမကြေးပေးစရာမလိုဘူး။ လူ၂ဝဝ အနည်း ဆုံးပေးရမယ်။ ခန်းမကလည်း လူ၂ဝဝဆံ့ပဲ။ သတို့သား၊ သတို့သမီး တစ်ည အိပ်ခွင့်လည်းလက်ဆောင်ပေးပါတယ်။

ရဲရဲ၊ မျိုးမောင်

http://myawadynews.blogspot.com/2014/01/blog-post_592.html

လ နှင့် ဒီရေ ဆက်စပ်ပုံ



လဆန်း လဆုတ် ရက်၊ လပြည့် လကွယ် ရက်တို့ကို သိရှိ နားလည်ခြင်း အားဖြင့်-

မြစ်ဝ ကျွန်းပေါ် ဒေသ၊ ပင်လယ် နှင့် နီးရာ ဒေသ တို့တွင် ဒီရေ အတက်အကျ အချိန်ကို ခန့်မှန်း တွက်ချက် နိုင်သည်။ မြန်မာ့ ရိုးရာ တွက်ပုံ မှာ- လဆန်း (သို့မဟုတ်) လဆုတ် ၁-ရက် နေ့တွင် ၁-ကျပ် မှ တစ်မတ် နှုတ်။ ၃-မတ် ကျန်။ ထို့ကြောင့်- နေ့လည် ၁၂း၄၅ မိနစ် နှင့် ည ၁၂း၄၅ မိနစ်တွင် ဒီရေ တက်မည်။ တစ်ခါ တက်လျှင် ၆-နာရီ ကြာ၍- ပြန်ကျချိန် ၆-နာရီ ကြာမည်။ မြန်မာ့ တပ်မတော် ရေတွင် မူ ထိုနည်းကို ပင်- အခေါ် အဝေါ် ပြောင်း၍- လဆန်း၊ လဆုတ် ရက်ကို တည်- ၃/၄ နှင့် မြှောက် ဟု သင်ကြားပေးသည်။ အတူတူ ပင် ဖြစ်သည်။ (ဤနည်းသည် တစ်ရက် ဒီရေ အတက် အကျ ၂-ကြိမ်ရှိသော မြန်မာ အပါအ၀င် နိုင်ငံ အချို့ အတွက် မှန်သော်လည်း- အခြား နိုင်ငံ ဒေသ များတွင်မူ အပြောင်းအလဲ ရှိပါသည်။)

ကျွန်တော်၏ ဇာတိ မြို့လေးသည်- ရန်ကုန်မြို့ မှ ရေမိုင် အားဖြင့် မိုင် ၅၀-ခန့် ခရီး အကွာအဝေး ရှိလေရာ- ရန်ကုန်တွင် ပညာသင်ကြား ရချိန် ကာလများက- ယခု ကဲ့သို့ ကားလမ်း များ မရှိသေးပဲ- သင်္ဘောများဖြင့် ခရီးသွားရပါသည်။ ရေစုန် ဖြစ်လျှင် ၃-၄ နာရီ ခန့် ဖြင့် ရောက်ရှိ နိုင်သော်လည်း- ရေဆန် ဖြစ်ပါက- ၅ နာရီ ၆-နာရီ ခန့် ကြာသွား တတ်လေရာ- ဒီရေ တက်ချိန် ကျချိန် ကို သိခြင်းဖြင့်- သင်္ဘောဖြင့် ခရီး သွား ရသော အနေအထားသည် ရေစုန် ဖြစ်သည် လား ရေဆန် ဖြစ်သည် လားကို ကြိုသိခြင်း ဖြင့်- မိမိမြို့လေး သို့- ရောက်ရှိမည့် အချိန် ကို ခန့်မှန်း နိုင်ခဲ့ ရပါသည်။

လပြည့် နှင့် လကွယ် ရက်တို့ တွင်- ဒီရေ သည် ထူးခြားစွာ တက်သဖြင့်- ထိုရက် ကို “ဂေါင်ရေ” (ခေါင်ရည် မဟုတ်ပါ။) ဟု ခေါ်၍- ထို လပြည့် နှင့် လကွယ် ရက်များ ၏ ရှေ့ နောက် ၃-၄ ရက် ကာလများ ကို “ရေထ ရက်” ဟု ခေါ်တွင်ပါသည်။ သို့သော်- လ သည် နေနှင့် ၉၀ ဒီဂရီ အနေအထား ကွာဝေး သော ရက်များ သို့ ရောက်လာ သော အခါ- ဒီရေ အတက် အကျ သည်- သိပ်မထင်ရှား တော့သဖြင့်- ထိုရက်များ ကို “ရေသေ ရက်” ဟု ခေါ်ပါသည်။

  နျူမန် (မိုးတား)


https://www.facebook.com/photo.php?fbid=526102594154243&set=a.351047714993066.7

ရှင်ရဟန်းမပြုထိုက်သူ သုံးကျိတ်နှစ်ယောက် ( ၃၂-ယောက် )


                     
၁။ လက်ပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂။ ခြေပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၃။ လက်ခြေပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၎။ နားပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၅။ နှာခေါင်းပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။

၆။ နား နှာခေါင်းပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၇။ ခြေချောင်း လက်ချောင်းပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ။
၈။ ခြေမ လက်မပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၉။ အကြောမ ပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁ဝ။ ခြေချောင်း လက်ချောင်း ပူးနေသောသူကို ရှင်ရဟန်း ပြုမပေးအပ်။

၁၁။ ခါးကုန်းနေသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၂။ ပုကွသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၃။ လည်ပင်းကြီးနာရှိသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၄။ သံပူကပ်၍ တံဆိပ်ခတ်ထားသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၅။ ကြိမ်ဒဏ်ပေးခံရသူကို ရှင်ရဟန်း ပြုမပေးအပ်။

၁၆။ တွေ့ရာအရပ်၌ သတ် ဟူ၍ ကြော်ညာထားသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၇။ ခြေထိုင်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၈။ အနာဆိုးရှိသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၁၉။ ပရိသတ်ကို ဖျက်ဆီးသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂ဝ။ မျက်စိတစ်ဖက်ကန်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။

၂၁။ လက်ခြေကောက်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၂။ ခွင်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၃။ ကိုယ်တစ်ခြမ်းသေသောသူကို ရှင်ရဟန်း ပြုမပေးအပ်။(ဖက်သကပ်နာ)
၂၄။ ဆွံ့သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၅။ အိုမင်းမစွမ်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။

၂၆။ မျက်စိနှစ်ဖက်ကန်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၇။ (စကားဆွံ့) အသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၈။ နားပင်းသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂၉။ ကန်းလည်းကန်း အလည်းအသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၃ဝ။ ကန်းလည်းကန်း နားလည်းပင်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။

၃၁။ အလည်းအ နားလည်းပင်းသောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၃၂။ ကန်းလည်းကန်း အလည်းအ နားလည်းပင်းသောသူအား ရှင်ရဟန်း ပြုမပေးအပ်။

ပြုပေးလျှင် ဒုက္ကဋ်အာပတ်သင့်၏။

(ပဋိသန္ဓေနှင့်တကွ အသက် နှစ်ဆယ် မပြည့်သူ၊
ပါရာဇိက သို့ရောက်သူ၊ ပဏ္ဍုက် စသော အဘဗ္ဗ ပုဂ္ဂိုလ် တစ်ကျိတ်တစ်ယောက်၊
ပေါင်း ၁၃-ယောက်သည် ရဟန်းပြုသော်လည်း ရဟန်း မဖြစ်။

ကြွင်းသော ပုဂ္ဂိုလ်တို့ကား ရဟန်း ဖြစ်ကုန်၏။  သို့သော် ရဟန်းပြု ပေးသောသူ အာပတ် မလွတ်။)

မဟာဝဂ် ပါဠိတော် မြန်မာပြန်၊


https://www.facebook.com/photo.php?fbid=394217700723980&set=a.2631396871651

မျက်နှာဝင်းမို့ပြီး ကြည်လင်စေချင်သလား


လူတစ်ယောက်ရဲ့ မျက်နှာလေးတစ်ခုဟာလည်း သိပ်ကို အရေးကြီးပါတယ်။ လှလှ မလှလှ ပုံစံကျကျ မကျကျ တစ်ခုချင်း အစိတ်အပိုင်း တွေက ကြည်လင်နေမယ်။ ရှင်းသန့် သပ်ရပ်နေရမယ်။ သွားလေးဆိုလည်း ဖွေးနေမယ်။ မျက်နှာ အသားအရေဟာလည်းကြည်လင်နေမယ် စသဖြင့် အစိတ်အပိုင်းတိုင်းဟာ ရှင်းသန့် နေမယ်ဆိုရင် အများအလယ်မှာ တင့်တယ် ပါလိမ့်မယ်။

၁။သွားလေးတွေ ပုလဲစီသလို လှပအောင်

ပုလဲလေးတွေ စီသလိုသွားလေးတွေဖွေးသန့်ဖို့ဈေးကြီးတဲ့သွားတိုက်ဆေးတွေ ၀ယ်မ သုံးနိုင်ရင် ၀မ်းမနည်းပါနဲ့ ။ သံပုရာ ရည်တစ်ဇွန်း၊ဆိုဒါတစ်ဇွန်း၊ ဆားဇွန်းဝက် ရှိရင် ဖြူဖွေးလှပအောင် စွမ်းဆောင်နိုင်တဲ့သွားတိုက်ဆေး ကို ရရှိနိုင် ပါတယ်။ ဒီပစ္စည်း သုံးမျိုးကို ရောမွှေပြိးရင်မနက် ည နှစ်ကြိမ် တိုက်ပါ။ အကုန်သက်သာတဲ့နည်းနဲ့  မယုံရင် စမ်းကြည့်ဖြူဖွေး တောက်ပ နေစေရမယ်လို့ အာမခံပါတယ်။

၂။အသားမာတက်ပြီး အမဲစွဲနေရင်

ဒူး တံတောင်ဆစ် ခြေမျက်စိတွေဟာ မည်းမယ်ဆိုတာချည်းပါပဲ။ စိတ်ညစ်ဖို
ကောင်းပါတယ် လို့  ညည်းနေမယ့်အစား ဒါလေး နဲ့  လုပ်ကြည့် လွယ်လွယ်လေးပါ။သံပုရာသီးပဲ လိုပါ တယ်။ သံပုရာသီးကို ထက်ပိုင်းပိုင်းပြီး အဲဒီသံပုရာခြမ်းနဲ့ နေ့ စဉ် ပုံမှန် ပွတ်တိုက်ပေးပါ။ ထူးခြား သိသာစွာ အညိုအမဲအသားမာတွေ လျော့ပါး ပျောက်ပျက် သွားပါလိမ့်မယ်။

၃။မျက်ကွင်းညိုရင်

မျက်ဝန်းတ၀ိုက် ညိုပြီး အကြည့်ရဆိုးနေလို့  မိတ်ကပ်လိမ်းရင်လည်း
မျက်ကွင်းညိုပြီး ထင်း ထင်းကြီး ဖြစ်နေလို့  စိတ်ညစ်နေ တဲ့သူတွေ အတွက်
မျက်ကွင်းညို မျက်အိတ်တွဲ တာတွေ ပျောက်ဖို့  ဈေးကြီးတာတွေ ၀ယ်မသုံးပါနဲ။ မီးဖိုထဲက အာလူး တစ်လုံးနဲ့ တင် ကိစ္စပြီးပါ တယ်။ အာလူးကို အခွံနွာအသားတွေကို ပါးပါးလှီး နုတ်နုတ်စဉ်း လက်နဲ့  ဆုပ်ပြီး အရည် ညှစ်ပြီးရင်အာလူးဖတ်တွေကို မျက်လုံးတ၀ိုက်ကို အုံပေးပါ။ ၁၀မိနစ်လောက်တော့ ကြာ အောင်ထားပါ။ အဲဒါကို နေ့ စဉ် (သို့ ) ရက်ခြား ဆိုသလို အုံပေးရင်မျက်ကွင်းညိုခြင်း ကနေ ကင်းဝေး ပါလိမ့်မယ်။

၎။ရင်းနေတဲ့ ၀က်ခြံများ ညှိုးသွားအောင်

ဝက်ခြံ ပေါက်နေပြီး ညှစ်ပြန်တော့လည်း အမာရွတ် ထင်ပြီး ရင်းဦးမယ်။
လွယ်ပါတယ်။ ၀က်ခြံထိပ်ကို ပျားရည် စွတ်ထားတဲ့ ဂွမ်းလေးနဲ့  တို့ ပေးပါ။
ဝက်ခြံ ညှိုးခြောက်ပြီး သူ့ အလို လို အဆံ ထွက်သွားပါလိမ့်မယ်။


၅။အသားပတ်တဲ့ အခါ ခရမ်းချဉ်သီးကို သတိရပါ

ဒီကိစ္စကို ခရမ်းချဉ်သီးက လုံးဝ တာဝန်ယူနိုင်ပါတယ်။ ခရမ်းချဉ်သီးကို
ထက်ခြမ်းခြမ်း အထဲက အဆန်တွေကိုထုတ် အနှစ် ချည်း သီးသန့် နဲ့  မျက်နှာကိုပွတ်တိုက် လိမ်းကျံ ပေးပါ။ ၁၀ မိနစ်လောက် နေရင် ရေနွေးနွေးနဲ့  ဆေးချပါ။
အသားပတ်တဲ့ အခါတိုင်း လုပ်ပေးရင် မျက်နှာ အသားအရေပါ ကြည်လင် ချောမွေ့ သွားလိမ့်မယ်။


၆။နေလောင်ရင် နွားနို့ သုံး

နွားနို့ နဲ့  ရေချိုးပြီး အသားအရေကို ထိန်းသိမ်းတဲ့ခေတ် ဆိုတာရှိခဲ့ပါတယ်။ နွားနို့ နဲ့ ရေချိုးပါလို့ တော့ မတိုက်တွန်း ချင်ပါဘူး။
အကုန်အကျ များလို့  ချောက်တွန်းတယ် ထင် မှာ စိုးလို့ ပါ။ ဒါပေမဲ့
ပင်လယ်ကမ်းစပ် သွားလို့ ပဲ နေလောင်လောင်၊ နေပူထဲ သွားလို့ ပဲ အသားမဲမဲနွားနို့ ကို ကြွက်ကြွက်ဆူအောင် ကြိုပြီးရင် အအေးခံ မလိုင်ကို စားပစ်ပါ။(မလိမ်း ပါနဲ့  နှမျောစရာကြီး) ပြီးမှ ဂွမ်းစလေးနဲ့  နေလောင်တဲ့ နေရာကိုပွတ်သပ် လိမ်းကျံ ပေးပါ။ မိနစ် အနည်းငယ်ကြာရင် ရေဆေးလိုက်ပါ။ လုပ်လေ၊အကျိုးရှိလေ ဆိုတာ လုပ်ဖူးရင် သိသာလာပါလိမ့်မယ်။


https://www.facebook.com/photo.php?fbid=526942850736884&set=a.35104771499306

နံနက် အိပ်ယာမှ နိုးနိုးချင်း လေ့ကျင့်ခန်း လုပ်ပါ


နံနက် အိပ်ယာမှနိုးလျှင် ကျောများ တောင့်တင်းခြင်း၊ ခြေထောက်နာ ခြင်းနှင့် အခြားသော ကိုယ်ခန္ဓာ အစိတ်အပိုင်းများ နာကျင်မှုကို ဖြစ်စေပါသည်။

ယင်းတို့ကို ဖြေလျော့ပြီး ပေါ့ပါးသည့် ကိုယ်ခန္ဓာ ရရှိစေရန် အောက်ပါ လေ့ကျင့်ခန်းများကို အိပ်ယာထဲ၌ပင် ပြုလုပ်ပါ။

(၁) အိပ်ယာပေါ်တွင် ပက်လက်အနေ အထားဖြင့် ဒူးနှစ်ဖက်ကို ထောင်ပါ။ ခန္ဓာကိုယ်ကို ညာသို့စောင်းပါ။ ပြီးလျှင် ဘယ်သို့ လှိမ့်၍စောင်းပါ။ (၁၀)ကြိမ် ပြုလုပ်ပါ။

(၂) ပက်လက် အနေအထားတွင် လက်နှစ်ဖက်ကို ဘေးမှာ ခပ်လျော့လျော့ ကပ်ထားပြီး ခြေထောက်နှစ် ဖက်ကို မျက်နှာကျက် ဆီသို့ မတင်ပါ။ (၁၀)စက္ကန့်ထားပါ။ ဤအနေအထား အတိုင်း (၁၀)ကြိမ်ပြုလုပ်ပါ။ သတိပြု ရန်မှာ ခြေဖျားကို ဖြေလျော့ ထားပါ။ ခြေချောင်းများကို ချွန်မထားပါနှင့် ခြေသလုံး ကြွက်တတ်တက်သည်။

(၃) ပက်လက်နေ၍ ခြေတစ်ဖက်၏ ဒူးကို ရင်ညွှန့်အထိကွေးချပါ။ စက္ကန့် (၂၀)ခန့်ထားပါ။ ဤနည်းဖြင့် ညာဒူး၊ ဘယ်ဒူး ပြောင်းပြီး တစ်ဖက်ကို (၃)ကြိမ်ပြုလုပ်ပါ။

(၄) အိပ်ယာပေါ်တွင် ပက်လက်အနေ အထားဖြင့် ဒူးနှစ်ဖက်ကို ထောင်ပါ။ လက်နှစ်ဖက်ကို မိမိအိပ်သည့် ခေါင်းရင်းဖက် ဖြည်းဖြည်း ဆန့်ထုတ်ပါ။ (၁၀)ကြိမ်ပြုလုပ်ပါ။

(၅)ပက်လက် ဆန့်အိပ်ပြီး ညာခြေကို ဖြည်းဖြည်းချင်း ညာဘက်ကို ဆန့်ထုတ်ပါ။ ညာဘက်ပြီးလျှင် ဘယ်ဘက် ခြေထောက်ကို အလားတူပြု လုပ်ပါ။ခြေထောက်ကို ဆန့်ထားဖို့ မမေ့ပါနှင့်။

ထုံးစံအတိုင်း တစ်ဖက်ကို (၁၀)ကြိမ်ပြုလုပ်ပါ။
 

ပြာသိုလပြည့်နေ့ (သို့) မြန်မာတို့ရဲ့ အမေများနေ့


            
  မြန်မာနိုင်ငံတွင် မိခင်များနေ့ကို ဆရာကြီးဦးသုခက စတင် သတ်မှတ်ပေးခဲ့သည်။ ထိုနေ့သည် ပြာသိုလပြည့်နေ့ ဖြစ်သည်။

ကမ္ဘာမိခင်များနေ့ ဖြစ်ပေါ်လာပုံ
မိခင်များနေ့ စတင် ဖြစ်ပေါ်လာသည်မှာ စာရေးဆရာမ၊ ကထိက၊ လူမှုရေး ပြုပြင်ရေးသမားဖြစ်သူ မစ္စဂျူလီယာသည် ဘောစတွန်မြို့ရှိ သူမ၏နေအိမ်၌ မိခင်များနေ့ကို (၁၈၇၂) ခုနှစ်တွင် စတင် ကျင်းပခဲ့သည်။
သူမသည် နေအိမ်၌ မိခင်များနေ့ကို တစ်ကိုယ်တော် ကျင်းပခဲ့ခြင်းဖြစ်ပြီး (၁၈၈၇) ခုနှစ်တွင် တင်တပ်ကီပြည်နယ်မှ ကျောင်းဆရာမ မေရီဆင်သိန်းသည် မစ္စဂျူလီယာ၏ တိုက်တွန်းချက်ဖြင့် မိခင်နေ့ကို ကျင်းပခဲ့သည်။ ထိုသို့ပင် (၁၉၀၄) ခုနှစ်တွင် အင်ဒီယားနားပြည်နယ်မှ ဖရင့်စ်အီဟဲရင်သည်လည်း မိခင်များနေ့ကို ကျင်းပခဲ့ပြီး သုံးနှစ်အကြာ ဖီလာဒဲလ်ဗီးယားပြည်နယ်မှ မစ္စစ်အင်နာဂျားဗစ်ဆိုသူက (၁၉၀၇) ခုနှစ်တွင် မိခင်များနေ့ကို ယင်းထက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေရန် ကြိုးစား အားထုတ်ခဲ့သည်။ ယင်းသို့ မိခင်များနေ့ (သို့) အမေနေ့ကို မေလ၏ ဒုတိယတနင်္ဂနွေနေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး ဖီလာဒဲလ် ဗီးယားပြည်နယ်က ပထမဦးဆုံး အသိအမှတ်ပြုခဲ့ပြီး (၁၉၀၈) ခုနှစ်၊ မေလ (၁၀) ရက်ကို မိခင်များနေ့အဖြစ် ကျင်းပခဲ့သည်။

ဖီလာဒဲလ်ဗီးယားပြည်နယ်မှ မစ္စစ်အင်နာဂျားဗစ်သည် အခြားပြည်နယ်နှင့် တိုင်းတွေကပါ မိခင်များနေ့ကို ကျင်းပလာစေရန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးစသည့် နယ်ပယ်တို့မှ သြဇာရှိ ပုဂ္ဂိုလ်များကို စာနဲ့တစ်မျိုး ကိုယ်တိုင်တွေ့ဆုံ ဆွေးနွေး၍တစ်ဖုံ ကြိုးစားအားထုတ်ခဲ့ကာ (၁၉၁၄) ခုနှစ်တွင် မိခင်များနေ့ကို အခြားသော ပြည်နယ်နှင့်တိုင်းတွေကပါ အသိအမှတ်ပြု ကျင်းပလာခဲ့ကြောင်း လေ့လာ သိရှိရသည်။ အမေရိကန်သမ္မတကြီး ဝူးဒရိုးဝီလ်ဆင်သည် ကွန်ကရက်လွှတ်တော်၌ “ကမ္ဘာပေါ်တွင် အကောင်းဆုံးမိခင်ဖြစ်သည့် သင်၏မိခင်ကို ဂုဏ်ပြုလျက်” စသည်ဖြင့် မိခင်နေ့ကို ကျင်းပရန် သတ်မှတ်ပေးခဲ့ကာ ယင်းအချိန်မှ စတင်၍ လက်တင်အမေရိကနှင့် အရှေ့ပိုင်းနိုင်ငံများတွင် မေလ၏ ဒုတိယတနင်္ဂနွေနေ့တိုင်း မိခင်များနေ့ကို ယနေ့အထိ ကျင်းပလာခဲ့ကြသည်။

မြန်မာနိုင်ငံ၌ အမေနေ့ဖြစ်ပေါ်လာပုံ

မြန်မာနိုင်ငံတွင် မြန်မာ့ရေမြေစရိုက်၊ သဘာဝနှင့် လိုက်လျောညီထွေဖြစ်သည့် ပြာသိုလပြည့်နေ့တိုင်းတွင် မိခင်များနေ့အဖြစ် ကျင်းပလာခဲ့သည်မှာ “အမေနေ့အစ ဆရာကြီးဦးသုခက” ဟု မှတ်သားဖူးခဲ့သည်။ မြန်မာပြည်တွင် အမေနေ့အဖြစ် သတ်မှတ်ရာ၌ အမျိုးသားစာဆို စာရေးဆရာကြီး ဦးသော်ဇင်၊ စာရေးဆရာကြီး ဒဂုန်ဦးစန်းငွေ၊ စာရေးဆရာကြီး ဦးရန်အောင်၊ စာရေးဆရာကြီး တက်တိုး၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၊ စာရေးဆရာမကြီး ဒေါ်စောမုံညင်း၊ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်စသည့် စာပေ ပညာရှင်များက ဆရာကြီးဦးသုခနှင့် တစ်စိတ်တစ်ဝမ်းတည်း ပါဝင်ဆောင်ရွက်၍ ပြာသိုလပြည့်နေ့တိုင်းကို အမေနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ဆရာကြီး ဦးသုခသည် မိခင်ဖြစ်သူကို ကျိုက်လတ်တွင်ထားခဲ့ပြီး သားဖြစ်သူကို လွမ်းနေရသော မိခင်၏ ကြေကွဲခံစားချက်များသည် မြန်မာပြည်တွင် အမေနေ့ ဖြစ်ပေါ်လာစေရန် ဆရာကြီးဦးသုခ ရင်ထဲ၌ ကိန်းဝပ် အစပျိုးခဲ့ကြောင်း၊ ဆရာကြီးဦးသုခသည် ရင်ထဲမှ ခံစားချက်များကို ပရိသတ်များထံ လိုက်လံဟောပြောကာ အမေ့မေတ္တာ ပြန့်ပွားရေးကို စတင် လှုံ့ဆော်ခဲ့သူဖြစ်ကြောင်း၊ ဆရာကြီးဦးသုခက အမေနေ့အကြောင်း မိခင်မေတ္တာကို ဟောပြောစဉ် သီချင်းကိုလည်းဆို၊ ပြောလည်းပြော၊ ငိုလည်းငို၍ ဟောပြောစဉ် ပရိသတ်သည် မလှုပ်မယှက် ငြိမ်သက်နေခဲ့ကြောင်း မှတ်သားခဲ့ဖူးသည်။

ပြာသိုလပြည့်နေ့တိုင်းကို အမေနေ့အဖြစ် ကျင်းပနိုင်ရန် စာပေပညာရှင်များက ကြိုးစားနေကြစဉ် (၁၉၉၅) ခုနှစ်တွင် မန္တလေးမှ အမေကိုမြတ်နိုးသူများက ဆရာကြီးဦးသုခအား အမေနေ့ သတ်မှတ်ပေးရန် ပူဆာ တိုက်တွန်းခဲ့ခြင်းကြောင့် မန္တလေးမြို့တွင် ဆရာကြီးဦးသုခ ကိုယ်တိုင် ဟောပြော၍ ပြာသိုလပြည့်နေ့ကို “အမေနေ့” အဖြစ် သတ်မှတ်ခဲ့သည်။ “အမေနေ့” ကို ပြာသိုလပြည့်နေ့အဖြစ် အတည်ဖြစ်စေရန် (၁၉၉၆) ခုနှစ်တွင် ဆရာ ဦးသုခသည် ဆရာချစ်စံဝင်းအား အားပေးဆော်သြခဲ့သည်။ ထိုသို့ဖြင့် စာပေလောက၊ အနုပညာလောကနှင့် ကျန်းမာရေးလောကမှ တတ်သိပညာရှင်များ စုပေါင်းကာ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်တွင် အမေနေ့အဖြစ် ဆရာချစ်စံဝင်းက ထပ်မံကျင်းပ၍ ဟောပြောခဲ့သည်။ 


အမေနေ့တွင် အဝေးရောက် သားသမီးများသည် မိခင်ထံသို့ စာရေးခြင်း၊ ပို့စကတ် လက်ဆောင်ပေးပို့ခြင်း၊ ဖုန်းဆက်၍ စကားပြောခြင်း၊ မိခင်နှင့် အတူရှိသော သားသမီးများသည်လည်း အမေကိုရေမိုးချိုးပေးကာ ဝတ်ကောင်းစားလှများ ဝတ်ဆင်ပေးခြင်း၊ အမြဲလိုလို တစ်နှစ်တာပတ်လုံး မီးဖိုချောင်ထဲ၌ ချက်ပြုတ်နေသော အမေကို မီးခိုးငွေ့ကင်းစင်သော ဟိုတယ်ကြီးများ၊ စေတီပုထိုးများသို့ ပို့ဆောင်ပေးခြင်း စသည်ဖြင့် အမေနေ့တွင် အမေကို ရိုသေမြတ်နိုး လေးစားကြည်ညိုသူများက လူမျိုးဓလေ့ ယဉ်ကျေးမှုအလိုက် အမေများကို ဂရုတစိုက် ပြုစု စောင့်ရှောက်ခဲ့ကြသည်။

ရက်ပေါင်း (၃၆၅)ရက်တွင် အမှတ်တရ နေ့ထူးနေ့မြတ်များမှာ သူ့နိုင်ငံနှင့်သူ၊ သူ့လူမျိုးနှင့်သူ၊ သူ့ဓလေ့စရိုက်နှင့်သူ၊ သူ့ယဉ်ကျေးမှုနှင့်သူ အမျိုးမျိုး ရှိကြသည်။ ကျွန်တော်တို့ နိုင်ငံတွင်လည်း လအလိုက် ပွဲတော်များရှိသလို နေ့အလိုက် သတ်မှတ်ရက်များ ရှိကြသည်။ နေ့အလိုက် သတ်မှတ်ထားသည့် ရက်များထဲတွင် မိခင်များနေ့ (သို့) အမေနေ့ကို လူငယ်အချို့ မေ့ကောင်းမေ့နေကြသလို သတိရကောင်း ရနိုင်ကြသူများလည်း ရှိပေလိမ့်မည်။ ဖေဖော်ဝါရီ (၁၄)ရက်၊ ချစ်သူများနေ့ကို လူငယ် တော်တော်များများ သတိတရရှိကြသလို တန်ဆောင်မုန်း လပြည့်ကျော်တစ်ရက်၊ ခရစ္စမတ်၊ New Year စသည့် ရက်များကိုလည်း မေ့မေ့ပျောက်ပျောက် ရှိကြမည်မထင်။ အတုယူသင့်သည်ကို ယူရမည့် ဒေါက်တာခင်မောင်ဝင်း (အသည်း) ၏ မွေးနေ့ပွဲသည် အမေကို ရိုသေမြတ်နိုး တန်ဖိုးထားသူများအတွက် ပီတိဖြစ်ရသည့် မွေးနေ့ပွဲလေး ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီ (၁၁) ရက်၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ဆရာဦးခင်မောင်ဝင်း (အသည်း) က မွေးနေ့ပွဲတွင် အမေဆိုသော စကားလုံးများ၏ အဓိပ္ပာယ်ကို ရှာဖွေ၍ မွေးနေ့လက်ဆောင်အဖြစ် ပြန်လည် ဝေငှခဲ့သည်။

M = is for the million things she gives us. အမေက ကျွန်ုပ်တို့ကို ပေးခဲ့တဲ့ သန်းပေါင်းများစွာသော အရာတွေ ... O = means only that she's growing old. သားသမီးတွေအတွက် ပေးဆပ်ရင်း အိုမင်းသွားတဲ့ အမေ ... T = is for the tears she shed to save us. သားသမီးတွေအတွက် အမေကျခဲ့တဲ့ မျက်ရည် ... H = is for her heart of purest gold. အမေ့ရဲ့ ရွှေစင်နှလုံးသား ... E = is for her eyes, with love sight. မေတ္တာကြင်နာခြင်း အပြည့်အဝနှင့် စောင့်ရှောက် ကြည့်ရှုခဲ့တဲ့ အမေ ... R = means right she'll always be. အမြဲတမ်း မှန်ကန်သော အမေ့ ဆုံးမစကားများ ...

အထက်ပါ Mother's Definition အမေဆိုသော စကားလုံး၏ အဓိပ္ပာယ်များသည် Mr.Howard Johnson ရေး၍ အရှင်က္ကန္ဒစာရ (မုံရွာ) ဘာသာပြန်ထားခြင်း ဖြစ်သည်။ မိခင်များက ကိုးလလွယ်၊ ဆယ်လလွယ်ကာ ကျွန်တော်တို့ကို မွေးထုတ်ပေးလိုက်ခြင်းကြောင့် ကျွန်တော်တို့သည် လူ့လောကထဲသို့ ရောက်ရှိလာကြသည်။ လူ့လောကထဲတွင် ကျွန်တော်တို့သည် မိခင်က မွေးလိုက်သည့် နေ့ရောက်တိုင်း ရောက်တိုင်း မွေးနေ့တွေကို အကြိမ်ကြိမ် အလီလီ ပြုလုပ်လာခဲ့ကြသည်။ တချို့မှာ အဆင့်မြင့်ဟိုတယ်မှာ အကောင်းဆုံးဆိုတဲ့

အစားအစာနဲ့ မွေးနေ့ပွဲ Dinner ပေးတယ်။ တချို့က သာမန်ရိုးရိုး ဘုရားကျောင်း ဆွမ်းပို့ကြတယ်။ တချို့က ကိုယ့်မွေးနေ့ကိုယ် မသိချင်ယောင် ဆောင်ခဲ့ကြတယ်။ တချို့က ကိုယ့်မွေးနေ့ကိုယ် မေ့နေကြတယ်။

အမေကို တန်ဖိုးထား ရိုသေမြတ်နိုးသူများက “အမေ” ဆိုသော စကားလုံးများ၏ အဓိပ္ပာယ်ကို နောက်တစ်မျိုး ဖွင့်ဆိုထားကြပြန်သည်။

M - She gaves million of smiles to me သားသမီးတွေကို အမြဲ ပြုံးရွှင်နေစေတယ် O - Only that she is growing old တစ်နေ့ထက် တစ်နေ့ အိုလာမှာ ဖြစ်တယ် T - For the tears she had to save me မျက်ရည် မကျအောင်၊ ဝမ်းမနည်းရအောင် စွမ်းဆောင် ပေးနိုင်တယ် H - For her heart as pure as gold အသည်းနှလုံးဟာ ရွှေအစစ်လို အဖိုးတန်တယ် E - Every thing she's done to help me အခက်အခဲ မှန်သမျှကို ကူညီဖို့ အသင့်ပဲ R - Right and Right she always be သားသမီးတွေအတွက် အမှန်တရားကိုသာ ရှေ့ရှုတယ်

ကမ္ဘာပေါ်တွင် ပြော၍မကုန်သော အကြောင်းအရာမှာ မိခင်အကြောင်းသာ ဖြစ်ပါသည်။ လူတိုင်းလူတိုင်းတွင် အမေများ ရှိကြပေလိမ့်မည်။ ဖခင်မပေါ်ဘဲ မွေးသည့် သားသမီးများသာ ရှိနိုင်ကြပြီး မိခင်မပေါ်ဘဲ မွေးသည့် သားသမီးများ ရှိကြမည် မဟုတ်ပါ။ (အနည်းငယ် ရိုင်းသွားလျှင် ခွင့်လွှတ် နားလည်ပေးစေချင်ပါသည်။) မိခင်တစ်ယောက်၊ အမေတစ်ယောက်၏ သားသမီးများအပေါ် ထားသည့် ချစ်ခြင်းမေတ္တာသည် တုနှိုင်းမရ အနန္တဆိုသည်မှာ အကျယ်ချဲ့၍ ပြောစရာလိုမည် မထင်။

မိုးညှင်း ဦးဣန္ဒြိယရေးသည့် “အမေဟူသည် မှတ်ကျောက်” စကားစုလေးကို ဖတ်ကြည့်စေချင်သည်။ “လောကမှာ လူတော် လူကောင်းကို ကြည့်ချင်ရင် အမေကို ဆက်ဆံလေးစားတာနဲ့ မှတ်ကျောက်တင်ရတယ်။ အမေ့ကျေးဇူးသိပြီး အမေ့စကား နားထောင်သူဟာ မဆင်းရဲဘူး။ အမေဆိုတဲ့ ဝေါဟာရမှာ “အမ= မစသူ”၊ “အမိ= ကိုးကွယ်ရာ အရှင်သခင်”၊ “အမေ= အမွန်အမြတ် ပုဂ္ဂိုလ်” လို့ အဓိပ္ပာယ်သုံးခု ပါရှိနေတယ်။ ဒါကို သတိထားကြ” ဟု ရေးသားခဲ့သည်။ မိခင်၏ မေတ္တာ၊ မိဘ၏ မေတ္တာများကို အချို့က မိခင်၏ကျေးဇူး၊ မိဘ၏ ကျေးဇူးကို ကိုယ်တိုင်မိဘဖြစ်မှ မိခင်ဖြစ်မှ နားလည်တော့တယ်ဟု ဆိုကြသည်။ ဤသည်ကို ဆရာမောင်ဒီပ (သိပ္ပံ/
ချည်မြေ) က မိဘမေတ္တာဆိုသည်မှာ ကိုယ့်မှာရှိသည့် အသိဉာဏ် ပမာဏလောက်နှင့် စေ့ငုစဉ်းစား ကြည့်ရှုတတ်လျှင် မြင်သာထင်သာသည့် အရာမျိုးဖြစ်ပြီး အရေးကြီးသည်မှာ စဉ်းစားမိဖို့နှင့် ဆင်ခြင်မိဖို့သာ လိုအပ်ကြောင်း ကိုယ်တိုင်မိဘဖြစ်မှ မိခင်ဖြစ်မှ နားလည်မည်ဆိုလျှင် နားလည်သင့်သည့် အချိန် အတိုင်းအတာနှင့်စာလျှင် နောက်ကျလွန်းလှသည့် သိနားလည်မှုမျိုးဖြစ်ကြောင်း“အမေဟူသည်မေတ္တာပင်လယ်” စာအုပ်၌ စကားဦး ရေးသားခဲ့သည်။

အမေနှင့် ပတ်သက်လျှင် ကမ္ဘာပေါ်တွင် ထင်ပေါ်ကျော်ကြားခဲ့သည့် ပညာရှင်များ၊ ဘာသာရေး ဆရာများက အမျိုးမျိုး အမေ့ကျေးဇူး မေတ္တာများကို အဓိပ္ပာယ် ဖွင့်ခဲ့ကြသည်။ နိုဘယ်လ်ဆုရ ခရစ်ယာန် သီလရှင်ကြီး “မာသာထရီဆာ” သည် မိခင်မှ ဆုံးမစကား ဆိုခဲ့သည့်အတိုင်း “သမီးဘဝမှာ အောင်မြင်သူအဖြစ်ကို မလိုလားရဘူး။ ဘဝမှာသစ္စာတရား လက်ကိုင်ထားပြီး စွန့်လွှတ်သူဘဝ၊ အနစ်နာခံသူဘဝ၊ ခွင့်လွှတ်တတ်သူဘဝ အဆင့်အတန်း မှာသာ နေထိုင်ရမယ်” ဟူသည့် ဆုံးမစကားအတိုင်း ဆင်းရဲသား ဒုက္ခိတများကြား အကူအညီပေးခဲ့ပြီး နိုဘယ်လ်ဆု ရရှိခဲ့သည်အထိ မိခင်၏ ဆုံးမစကားများက ခွန်အား တိုးစေခဲ့သူ ဖြစ်သည်။

မေတ္တာသုတ်ထဲမှာ ဘယ်လိုပါလဲဆိုတော့ “မာတာယထာ နိယံပုတ္တ မာယုသာ၊ ဧကပုတ္တ မနုရက္ခေ” ဆိုပြီး မေတ္တာစစ် မေတ္တာမှန်ကို ဥပမာပေးပြီး ပြောထားတာ ရှိတယ်။ ဘယ်လိုလဲဆိုတော့ တစ်ဦးတည်းသောသားကို အသက်ပေးပြီး စောင့်ရှောက်ခဲ့တဲ့ မိခင်စိတ်ဟာ မေတ္တာမှန် ဖြစ်တယ်။ ကျွန်တော့်ရဲ့ အစ်မေကလည်း သူ့ရဲ့မေတ္တာကို အသက်ပေးပြီး ပြဖူးတယ်။ ဟင်္သာတမြို့နယ်၊ သနော်သနော့ ကျေးရွာက ကျွန်တော် မွေးဖွားတဲ့ရွာ ဖြစ်တယ်။ ကျွန်တော် (၄/၅) နှစ်အရွယ်မှာ အပြင်ထွက်ပြီး လမ်းမှာ တစ်ယောက်တည်း ကစားနေတယ်။ နွားသိုးတွေက လိုက်တော့ လူတွေက အိမ်/ခြံထဲ ဝင်ပြေးကြတယ်။ ကျွန်တော်ကတော့ လမ်းမှာ အံ့အားသင့်ပြီး ထိုင်နေတယ်။ မိနစ်ပိုင်းမှာ အမေက ကျွန်တော့်ဆီ လာပြီးပွေ့ချီပြီး အိမ်ထဲ ပြန်ခေါ်သွားတယ်။ မိနစ်ပိုင်းလောက် နောက်ကျရင် နှစ်ဦးလုံး သေနိုင်တယ်။ မိခင်တစ်ယောက်ဟာ တစ်ဦးတည်းသောသားကို အသက်စွန့်ပြီးတော့ ကယ်ဆယ် စောင့်ရှောက်တာကို မိခင်မေတ္တာ အစစ်အမှန်လို့ ပြောလို့ရတယ်။

အမေ့အကြောင်း ပြောလျှင်ဆုံးမည်ထင်။ ထို့ကြောင့် ကျွန်တော်ဖတ်ခဲ့ဖူးသည်ထဲမှ လေ့လာ၍ ဆရာချစ်စံဝင်း ဟောပြောခဲ့သည့် အထဲမှ မှတ်သားဖွယ် အချက် (၅) ချက်ဖြင့် နိဂုံး ချုပ်ပါရစေ။

သားသမီးများဆီမှ မိဘများ မျှော်လင့်သည့် မျှော်လင့်ချက်(၅)ချက်
(၁) မိမိတို့ အိုးမင်းမစွမ်း ရှိလာတဲ့အခါ မိမိတို့ကိုသားသမီးတို့က ကူညီကြမယ်လို့ တိတ်တခိုး မျှော်လင့်တတ်ကြခြင်း၊

(၂) သားသမီးများသည် မိမိတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ရှောက်ကြလိမ့်မည်ဟု မျှော်လင့်ကြခြင်း၊

(၃) မိမိတို့ နာမကျန်း ဖြစ်သည့်အခါ သားသမီးများက ပြုစုကြလိမ့်မည်ဟု မျှော်လင့်ခြင်း၊

(၄) မိမိတို့ တရားသဖြင့် ရှာဖွေထားသော ပစ္စည်းဥစ္စာများကို စောင့်ရှောက်ပြီး တိုးပွားအောင် ဆောင်ရွက်၍ အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်ကြလိမ့်မည်ဟု မျှော်လင့်ခြင်း၊

(၅) မိမိတို့ မရှိသည့်နောက် သေလွန်ပြီးသည့်အခါ သားသမီးများသည် မိမိတို့ကို ရည်စူး၍ ရောက်ရာအရပ်မှ သာဓုအနုမောဒနာ ပြုနိုင်အောင် အမျှအတန်း ဝေကြလိမ့်မည်ဟု မျှော်လင့်ခြင်း

စသည့် အချက်(၅)ချက်သည် မိဘများက သားသမီးများထံမှ တိတ်တခိုး မျှော်လင့်ကြသည့် အချက်များဖြစ်ပြီး အမေကို ရိုသေမြတ်နိုး တန်ဖိုးထားသူများ ဖြစ်နိုင်ကြစေရန် (၂၀၁၂) ခုနှစ်၊ ပြာသိုလပြည့် အမေနေ့ကို ရည်စူးလျက် ...

စုန်ရေ

ဘယ်လောက်ပင် တိုင်းတား တိုင်းတာ ဘယ်လိုပင် နှိုင်းဆ နှိုင်းဆ မည်သို့ပင် ပေးဆပ် ပေးဆပ် မည်မျှပင် ဝေငှ ဝေငှ ထိုမေတ္တာတရား၏ ရင်ခွင်အလယ်မှာ အသင်တို့၊ ငါတို့ မည်သို့ ဆန်တက်ကြမည်နည်း

(ဆောင်းငယ်)

https://www.facebook.com/photo.php?fbid=526827264081776&set=a.351047714993066.7

အနမ်း


၁) ၃၇ % သောအမျိုးသားတွေဟာ နမ်းနေတဲ့အချိန်မှာ မျက်လုံးတွေပိတ်ထားလေ့ရှိပြိး ၉၇ % သောအမျိုးသမီးတွေကလည်း နမ်းနေစဉ်မျက်လုံးပိတ်ထားတတ်ကြပါတယ်...

၂) ၁ မိနစ်လောက် နမ်းလိုက်ခြင်းအားဖြင့် ၂၆ ကယ်လိုရီလောက် လောင်ကျွမ်းနိုင်ပါတယ်...

၃) သုတေသနပြုချက်များအရ လူနှစ်ယောက် နမ်းနေတဲ့အချိန်မှာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားအကုန်လုံးနီးပါးကို အသုံးပြုတတ်ကြပါတယ်...

၎) သင်နဲ့ ဆံပင်အရောင်တူတဲ့ သူနဲ့ နမ်းမယ်ဆိုရင် ချစ်စိတ်တွေပိုပြီးပြင်းပြလာနိုင်ပါတယ်....

၅) ကျွန်တော်တို့ရဲ့ သက်တမ်းတစ်လျှောက်မှာ အနမ်းပေါင်း ၂၅၀၀၀ အထိ လက်ခံရရှိနိုင်ပါတယ်... အဲ့ဒီအနမ်းတွေထဲမှာ ပါးလေးကို ဖွဖွနမ်းလိုက်တာကနေစပြီး ခြေနှစ်ဖက်ညွှတ်ခွေသွားအောင် အားပါးတရနမ်းလိုက်တာမျိုးအထိ ပါဝင်ပါတယ်....

၆) ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ အမှောင်ထဲက တခြားနှုတ်ခမ်းတစ်စုံကို အလိုလိုရှာဖွေနိုင်တဲ့ အာရုံကြောစနစ်တွေပါဝင်ပါတယ်....

၇) အနမ်းတစ်ခုဟာ နာကျင်မှုကို သက်သာစေတဲ့နေရာမှာ မော်ဖင်းထက် ဆယ်ဆ ပိုထိရောက်ပါတယ်... ဘာကြောင့်လဲဆိုတော့ အနမ်းဟာ ခန္ဓာကိုယ်ရဲ့ နာကျင်မှုပပျောက်စေတဲ့ ဓာတ်တွေကို နှိုးဆွပေးနိုင်လို့ပါပဲ... ဒါကြောင့် မိခင်တွေဟာ သူတို့ရဲ့ ကလေးငယ်လေးတွေ ဒဏ်ရာအနာတရဖြစ်လာရင် အနမ်းလေးနဲ့ နှစ်သိမ့်ပေးတာဟာ ထိရောက်တဲ့ လုပ်ဆောင်ချက်တစ်ရပ်ဖြစ်နေရခြင်း ဖြစ်ပါတယ်....

၈) ရှေးအီဂျစ်လူမျိုးတွေဟာ သူတို့ရဲ့ နှာခေါင်းတွေကို အသုံးပြုပြီးနမ်းကြပါတယ်.... နှုတ်ခမ်းနဲ့ မနမ်းကြပါဘူး....

၉) လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် သူတို့သက်တမ်းတစ်လျှောက်လုံးမှာ နမ်းဖို့အတွက် ၁၄ ရက်လောက် အချိန်တွေသုံးကြရပါတယ်...

၁၀) အကြာဆုံးအနမ်းဟာ ၁၉၈၄ ခုနှစ်က ချီကာဂိုမြို့မှာဖြစ်ခဲ့ပြီး ၁၇ ရက်နဲ့ ၁၀ နာရီခွဲ ကြာခဲ့ပါတယ်... ရုပ်ရှင်ကားထဲက အကြာဆုံးအနမ်းဟာ ၁၉၄၀ ခုနှစ်က You're in the Army Now ဆိုတဲ့ ဇာတ်ကားမှာ Jane Wyman နဲ့ Reg Toomey တို့ နမ်းခဲ့ပြီး ၁၈၅ စက္ကန့်ကြာ ရင်ချင်းအပ်ပြီး နမ်းခဲ့ကြတာဖြစ်ပါတယ်...

၁၁) အလယ်ခေတ် (အေဒီ ၁၁၀၀-၁၄၀၀ ခန့်) ရဲ့ အီတလီနိုင်ငံမှာ နမ်းနေတာကို တွေ့မြင်တဲ့ စုံတွဲတွေဟာ အတင်းလက်ထပ်ပေးစားခြင်းခံခဲ့ရပါတယ်...

၁၂) ရုပ်ရှင်ဇာတ်ကားတွေထဲက အကြော်ကြားဆုံးအနမ်းဟာ Gone With the Wind ဇာတ်ကားထဲက Clark Gable နဲ့ Vivien Leigh တို့ရဲ့ အနမ်းဖြစ်ပါတယ်... တကယ်တော့ Gable ရဲ့ သွားတုနဲ့ ဝီစကီနံ့ထွက်တဲ့လေတွေကြောင့် Leigh ကို တုန်ခါနေတဲ့အထိ မသက်မသာဖြစ်စေခဲ့ပါတယ်....

၁၃) အနမ်းပေးခြင်းဟာ အလှအပကုထုံးတစ်ရပ်လည်းဖြစ်ပါတယ်... နမ်းခြင်းဖြင့် သင့်ရဲ့ မျက်လုံးတွေကို တောက်ပစေပြီး သင့်အရေပြားကို ဝင်းမွတ်စေပါတယ်...

   ၁၄) အနမ်းခံရတာများတဲ့ ကလေးတွေဟာ နောက်ပိုင်းမှာ ပိုပြီးကြင်နာတတ်တဲ့သူတွေဖြ စ်လာကြပါတယ်....

  နှိုင်းရင့်နွေ


https://www.facebook.com/photo.php?fbid=526826937415142&set=a.351047714993066



တစ်ချိန်လုံး အမြဲတမ်း ပျော်ရွှင်နေသူ တစ်ယောက်မှ မရှိကြပါဘူး။
ဒါပေမဲ့ တချို့သူတွေဟာ တခြားသူတွေထက် ပိုမိုပျော်ရွှင်နေတတ်ကြတာဟာ
အောက်ပါ အကြောင်းတွေကြောင့်ပါ။

(၁) 'အကောင်းမြင်တတ်ပါတယ်'

ပျော်ရွှင်စွာနေတတ်သူတွေဟာ မကောင်းတဲ့အရာတွေ ဖြစ်ပေါ်လာတာကို
လက်ခံပေမယ့် မကြာခင် ပြီးဆုံးမယ်လို့ ယုံကြည်တတ်ကြပါတယ်။
အဆိုးမြင်ဝါဒ ရှိတတ်သူတွေ အနေနဲ့ တစ်ခုခုမှားရင် အကုန်လုံးမှားမှာပဲလို့
ထင်တတ်ကြတဲ့ အလေ့အကျင့် ရှိတတ်ကြပါတယ်။

(၂ ) 'အကောင်းဘက်က ဖြစ်ပေါ်လာရင် ရေးမှတ် ထားတတ်ကြပါတယ်'

ကျွန်ုပ်တို့ဟာ များသောအားဖြင့် မကောင်းတာ(Negative)အပေါ်သာ အာရုံစိုက်လေ့ ရှိတတ်ကြပါတယ်။
ချီးကျူးရမှာက ၁၀ခု ရရှိပြီး မကျေနပ်တာ တစ်ခုရှိနေမယ်ဆိုရင်
သင်ဟာ ဘယ်အပေါ်မှာ အာရုံစိုက်လေ့ရှိသလဲ။ ပျော်ရွှင်စွာနေတတ်သူတွေဟာ
ချီးကျူးရမယ့် အကြောင်းအရာတွေကိုသာ ကြားမြင်တတ်ကြပါတယ်။
အကောင်းမြင်တာကို စတင်ပြီး သတိထားမိရင် သင့်ဆီအကောင်းတွေချည်းပဲ
ရောက်လာမှာလို့ ပိုမြင်မိတတ်ကြပါတယ်။

(၃) 'ခွင့်လွှတ်နိုင်အောင် လေ့ကျင့်ပါတယ်'

ပျော်ရွှင်စွာနေတတ်သူတွေဟာ လွယ်လွယ်ကူကူပဲ ခွင့်လွှတ်တတ်ကြပါတယ်။
လူတွေကို ခွင့်မလွတ်နိုင်တာဟာ အဲ့ဒီသူ သေဆုံးဖို့အထိ မျှော်လင့်နေတာကြောင့်
သင့်ကိုယ်သင် အဆိပ်မိထားသလို ခံစားရတတ်ကြပါတယ်။
သင်ဟာ ခွင့်လွှတ်ဖို့ခဲယဉ်းနေရင် မေတ္တာပို့တတ်တဲ့ အကျင့်ကို ပြုလုပ်ပါ။
သင့်ကိုယ်သင် မေတ္တာပို့ပါ။

ပြီးရင် သင် ချစ်တဲ့သူ၊ သင် နဲ့ သိကျွမ်း ဖူးသူ၊ သင် ခွင့်လွှတ်ရမယ့်သူတွေကို မေတ္တာပို့ပါ။
ဥပမာ အားဖြင့် (ခွင့်လွှတ်ရမယ့် သူ နာမည် ထည့်ပါ) ကျန်းမာပါစေ။ ချမ်းသာပါစေ။
အန္တရာယ်ကင်းစေ။ ကြင်နာတတ်ပါစေ…. အစ ရှိသဖြင့် မေတ္တာပို့ ကြည့်ပါ။
အလိုလို ခွင့်လွှတ်နိုင်သွားပါလိမ့်မယ်။

(၄) 'မိမိ ၀ါသနာပါရာအလုပ်ကို လုပ်တတ်ကြပါတယ်'

ပျော်ရွှင်စွာ နေတတ်သူတွေဟာ ငွေ ဒါမှမဟုတ် ဂုဏ်ကို အဓိကမထားဘဲ
သူတို့ ၀ါသနာပါရာ အလုပ်ကို လုပ်တတ်ကြပါတယ်။



https://www.facebook.com/photo.php?fbid=526823290748840&set=a.351047714993066.