ဧရာသတီတမ်းချင်း

"ဧရာဝတီတမ်းချင်း"

ဧရာဝတီရယ် အသက်ရှည်ပါစေကွယ်
ငါတို့ရေပြာပြာတွေဘဲ လိုတယ်
ငါတို့ရေကာတာတွေ မလိုဘူ့းသွား
ဧရာဝတီ အနားကို မကပ်နဲ့
ဧရာဝတီကို မထိနဲ့
ဧရာဝတီဟာ ငါတို့ရဲ့မိခင်
ဧရာဝတီဟာ ငါတို့ရဲ့သမိုင်းစဉ်
ဧရာဝတီသမိုင်းကို မရိုင်းချင်နဲ့
သမိုင်းစဉ်ဆက် ပြည်သူစဉ်ဆက်
စီးမြဲစီးလျှက် ခရီးဆက်ခဲ့တဲ့ဧရာရယ်
ငါတို့ချီတက်ခဲ့ဖြစ်တဲ့ ဒီဘက်ခောတ်ကျမှ
ဧရာ့အလှပျက်ရပါလျှင်
ဧရာ့ဘဝခက်ရပါလျှင်
ဧရာ့ရေစီး ရပ်တန့်ပြီးဆုံးရပါလျှင်
ငါတို့ညံ့ရာကျတော့မှာပေါ့
ငါတို့သမိုင်းသာရိုင်းတော့မှာပေါ့
အို့မဟုတ်တာ ယုတ်မာလို့
ဧရာဝတီရယ် ငါတို့ကာကွယ်ပါ့မယ်
ဧရာဝတီရယ် စီးမြဲစီးပါကွယ်
ဧရာဝတီရယ် အသက်ရှည်ပါကွယ်။ ။

  ဌေးအောင်ကို
Credit- သူရိယနေဝန်းဂျာနယ်
 

ဖေဖေနဲ.မေမေ သို. ...



ဖေဖေက ...
နေမင်းကြီးလို ...
နွေးထွေးမှုတွေနဲ့ ...
အလင်းရောင် ပေးတယ်။

မေမေက ...
လမင်းကြီးလို ...
အေးမြမှုတွေနဲ့ ...
အလင်းရောင် ပေးတယ်။

အဲဒီလို ကြီးမားတဲ့ ...
မေတ္တာတရား ...
ကျေးဇူးတရားတွေကို ...
မင်း ...
လက်ခံ နားလည်တယ်ဆိုရင် ...
ဖရောင်းတိုင် အလင်းရောင်လောက်
ပြန်လည် ထွန်းလင်းပေးဖို့ မမေ့ပါနဲ့။

အမြဲတမ်း ...
မိဘဆီက ...
လက်ဖြန်နေကျ ...
သားသမီးတစ်ယောက် ...
အလုပ်ရလို ...
လခရလို ...
လခရဲ့ ၁၀-ပုံ ၁-ပုံလေးကို ...
ဖေဖေ မေမေ ...
သားကန်တော့ပါတယ်
သမီးကန်တော့ပါတယ် ဆိုပြီး
ကန်တော့တဲ့အခါ ...
မိဘတွေမှာ ...
ဝမ်းသာလွန်းလို့ မျက်ရည်လည်မိကြတယ်။

မိဘတွေအတွက် ...
သားဆိုတာ အား ...
သမီးဆိုတာ ထီး ...
အဲဒီလို ...
အထောက်ပံ့ကောင်းတွေအဖြစ်
မိဘကျေးဇူးကို ဆပ်နိုင်ကြမယ်ဆိုရင်
မိဘတွေအတွက် ...
ဂုဏ်ယူမဆုံးနိုင်တဲ့ ...
သားသမီး ရတနာလေးတွေပေါ့။

မြ၀ဏိုးစံ

Aye Chan Mon# Credit To : စာပေဥယျာဉ် > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်







အနာဂတ်ပန်းချီကား

ငါ့အနာဂတ်ပန်ချီးကားက ဟောင်းနွမ်းဆွေးမြေ့ပြီ
ဆက်ပြီး ပုံပြင်ဟောင်းတစ်ပုဒ် ချရေးဦးမှာလား
တော်သင့်ပြီချစ်သူ..

နင်အသုံးချခဲ့တဲ့ နှလုံးသားမှာ
ခြစ်ရာတွေ အက်ရာတွေအထပ်ထပ်နဲ့ နက်လွန်းနေခဲ့တယ်
နင့်မသိခဲ့ တာမဟုတ်ဘူး နင့်မသိချင်ယောင်ဆောင်ခဲ့ တာပါ

ဒိုင်ယာရီပေါ် ရေးခြစ်ခဲ့တဲ့
ကြည်နူးမှုမှတ်တမ်းလေးတွေကို ဆုတ်ဖြဲပြီး
အနာဂတ်ရဲ့...ဒိုင်ယာရီမှာအလွမ်းစာတွေ
နေရာယူခဲ့ရတာ.....အရမ်းများထူးခြားဆန်းကြယ်နေမှာလား...?