Suspended Coffee (ဆိုင်းငံ့ထားသောကော်ဖီတစ်ခွက်)




စ်ယောက်ကော်ဖီဆိုင်တစ်ခုထဲ ကိုဝင်ပြီးကော်ဖီနှစ်ခွက် မှာတယ်..ပြီးတော့ မလှမ်းမကမ်းမှာရှိ တဲ့စားပွဲမှာထိုင်ဖို့လျှောက်သွားလိုက်တယ်...

စားပွဲမှာနေရာယူဖို့ပြင်ဆင်နေတုန်းပဲ ဆိုင်ထဲကို ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ နှစ်ယောက်ဝင်လာပြီး ကော်ဖီမှာပါတယ်...

မှာပုံက ကော်ဖီငါးခွက် ၂ခွက် ကကျွန်တော်တို့သောက်ဖို့ သုံးခွက်ကိုတော့ suspended(ဆိုင်းငံ့)ထားပေးပါ..

ကျွန်တော်လည်းမှာထားတဲ့ကော်ဖီမလာသေးတာကတစ်ကြောင်း ကျွန်တော့်ရှေ့တည့်တည့်မှာရောက် နေတာတစ်ကြောင်းကြောင့် ဆက်ကြည့်နေမိတယ်.. သူတို့ ကော်ဖီငါးခွက်ဖိုးရှင်းတယ်...

ပြီးတော့ ကော်ဖီနှစ်ခွက်ယူပြီး ပြန်ထွက်သွားတယ်..

ကျွန်တော့် သူငယ်ချင်း ကိုမေးမိတယ်..အဲ့ဒီ Suspended(ဆိုင်းငံ့) ထားတဲ့ကော်ဖီတွေက ဘာလုပ် တာလဲဆိုတော့... သူကလည်း ငါ့သူငယ်ချင်းမင်းဆက်စောင့်ကြည့်ကွာ တွေ့လိမ့်မယ်လို့ပြောတော့ ကျွန်တော်လည်း ဘာမှဆက် မမေးမိဘဲ ရောက်လာတဲ့ကော်ဖီကို သောက်နေလိုက်တယ်...

စိတ်ထဲမှာတော့ ဘာပါလိမ့်ဆိုတာ ကို စဉ်းစားနေမိတယ်... နောက်တော့ မိန်းကလေးနှစ်ယောက်ရောက်လာတယ်..ကော်ဖီနှစ်ခွက် မှာတယ်..ပိုက်ဆံရှင်းပြီးပြန်ထွက်သွားတယ်..

နောက်တစ်ခါ ရှေ့နေသုံးယောက်ရောက်လာတယ် ... ကော်ဖီ(၇)ခွက်မှာတယ်..၃ခွက်က ငါတို့အတွက် ကျန်တဲ့လေးခွက်က suspended(ဆိုင်းငံ့) လို့ပြောပြီး ပိုက်ဆံရှင်းတယ်... ကျွန်တော် တော်တော်လေးကိုစိတ်ဝင်စားမိနေပြီ...

ဒီ suspended (ဆိုင်းငံ့)ကော်ဖီဆိုတာဘာလဲ???

အတွေးတွေများရင် ဆိုင်ရှေ့က ရှုခင်းအလှအပလေးတွေနဲ့ ဖြတ်လျှောက် သွားတဲ့လူတွေကို ကြည့်နေမိတယ်...

အဲ့ဒီအချိန်မှာပဲ အ၀တ်အစားနွမ်းနွမ်းပါးပါးနဲ့ သူတောင်းစားပုံစံလူတစ်ယောက် ဆိုင်ထဲဝင်လာတယ်...

မ၀ံ့မရဲနဲ့ counter နားကပ်သွားပြီး Suspended Coffee(ဆိုင်းငံ့) ကော်ဖီလေးများ ရှိသလားဗျာ.. တဲ့...

ကျွန်တော်ကောင်းကောင်း သဘောပေါက်သွား တယ်...

ဆိုင်ရှင်က ပြုံးပြပြီး ကော်ဖီတစ်ခွက်ပေးလိုက်တယ်...

ဆိုင်လေးရဲ့ ချောင်ကျကျတစ်နေရာမှာ အဲ့ဒီပုဂ္ဂိုလ်ကော်ဖီ ထိုင်သောက်နေလေရဲ့....

ကျွန်တော် အားလုံးကိုရှင်းသွားပါပြီ..

လူတွေက သူတို့ စား သောက်ဖို့အပြင် နွမ်းပါးတဲ့သူတွေနဲ့ မတတ်နိုင်တဲ့သူတွေအတွက် coffee နဲ့ စားစရာသောက် စရာတွေကို Suspended (ဆိုင်းငံ့)အဖြစ် ငွေကြိုရှင်းခဲ့ကြတာပါ...

ဒီရိုးရာဓလေ့ဟာ အီတလီနိုင်ငံ (Naples City)ကနေစခဲ့တာဖြစ်ပြီးတော့ အခုတော့ နိုင်ငံတော်တော်များများကိုပြန့် နှံ့လို့ နေပါပြီ..

တစ်ချို့နေရာတွေမှာဆိုရင် ကော်ဖီတင်မကပဲ Sandwich ဒါမှမဟုတ် စားစရာတွေတောင် Suspended အနေနဲ့ရှိနေပါပြီ...

ကျွန်တော်ဒီစာလေးကိုဖတ်မိတဲ့အချိန်တုန်းက မျက်ရည်တောင်လည်မိတယ်.. သူတို့ရဲ့ လူသားချင်းစာ နာမှု..ကြင်နာမှု၊နွေးထွေးမှု မေတ္တာဓာတ်တွေကို ကျွန်တော့်စိတ်ကို လှုပ်ခတ်စေလို့ ကျွန်တော် ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်..

ကျွန်တော်တို့ဗုဒ္ဒဘာသာ မြန်မာနိုင်ငံမှာလဲ ဒီလို ချစ်စရာကောင်းတဲ့ အလေ့အထလေးတွေရှိရင်အရမ်းကောင်းမှာပဲလို့ကျွန်တော်တွေးမိတယ်...

ညှိုးနွမ်းနေတဲ့မျက်နှာ တွေနဲ့ ကလေးငယ်တွေ..
သက်ကြီးရွယ်အိုတွေ ညီငယ်ညီမငယ် အဖေအိုအမေအိုကြီးတွေ
လမ်းဘေးမှာ အော်ဟစ် ညည်းညူတောင်းခံနေမယ့်အစား ထမင်းဆိုင်တစ်ဆိုင်သွားပြီး ငွေကြိုရှင်းထားတဲ့ ထမင်း တစ်ထုတ်လောက်ရှိ မလားဆိုပြီး တောင်းခံ ရတာ ပိုပြီးသိက္ခာရှိမယ်ထင်တယ်...

ပြောနေတာကြာတယ်.. လက်ထဲမှာ ပိုက်ဆံ၃၀၀-၄၀၀ လောက်ပိုနေလို့ ထမင်းတစ်ထုတ်နဲ့ အရွက်ကြော်သို့ ကြက်ဥကြော်လောက်နဲ့ ငွေကြိုရှင်းထားရင်း ဗိုက်ဆာနေတဲ့ ညီငယ်ညီမငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ကြင်နာမှုနဲ့ နွေးထွေးမှုနဲ့ ကုသိုလ်ယူတဲ့ အလေ့အထလေးတွေ စတင်လိုက်ကြရအောင်ဗျာ...

ထမင်းဆိုင်၊လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေ တစ်ခြား မုန့်နဲ့စားသောက် စရာပိုင်ရှင်တွေ ကလည်း ဒီကုသိုလ်ရတဲ့ ဓလေ့... အလေ့အထလေး မြန်မာနိုင်ငံမှာဖြစ်မြောက်သွားအောင် တောင်းတဲ့သူတွေ များရှိခဲ့ရင် မျက်နှာမရှုံ့ဘဲ ကြင်နာတဲ့အကြည့်နဲ့ ၀န်ဆောင်မှုပေးနိုင်ကြပါစေလို့ ကျွန်တော် တောင်းဆိုပါတယ်...

ဒီ Post လေးကို Like လုပ်ပါ..Share ပါ... ဒီ အလေ့အထလေးကို မြန်မာနိုင်ငံ မှာဖြစ်မြောက်လာအောင် တစ်ယောက် တစ်အား ၂၀၀-၃၀၀ ကစလို့ ၀ိုင်းဝန်း ကူညီကြပါလို့ပြောချင်ပါတယ်...
 


သိမှတ်ဖွယ်ရာ သင့်ခန္ဓာ



၁) တွန်းအား
လူသားရဲ့နှလုံးဟာ အလွန့်အလွန်ကြီးမားတဲ့ ဖိအားနဲ့ သွေးတွေကို ၉ မီတာအမြင့်ထိရောက်အောင် ပန်းထုတ်နိုင်စွမ်းရှိပါတယ်... သင့်နှလုံးခုန်နှုန်းကို သင်ထိတွေ့စမ်းသပ်ခံစားလို့ရတာဟာ အထူးအဆန်းမဟုတ်ပါဘူး... နှလုံးဟာ တစ်ကြိမ်တစ်ခါမှ မရပ်နားဘဲ ကမ္ဘာ့ဆွဲအားနဲ့ဆန့်ကျင်ကာ သွေးတွေကို ဦးခေါင်းပိုင်းအထိ ရောက်အောင် ပေးပို့နေသလို တစ်ချိန်ထဲမှာပဲ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေဆီကိုလည်း ပေးပို့နေတာဖြစ်ပါတယ်...

၂) ကီလိုမီတာ တစ်သိန်း
သင့်သွေးကြောမျှင်လေးတွေရဲ့ အရှည်စုစုပေါင်းဟာ ကီလိုမီတာ တစ်သိန်းလောက်အထိ ရှိပါတယ်... ဒီအကွာအဝေးကို မျက်စိထဲမြင်အောင်ပြောရမယ်ဆိုရင် ကမ္ဘာရဲ့အဝန်းဟာ ကီလိုမီတာ လေးသောင်းလောက်ရှိပါတယ်... ကမ္ဘာနဲ့လကြားအကွာအဝေးဟာ ကီလိုမီတာ သုံးသိန်းလောက်ရှိပါတယ်... ဒါကြောင့် လဆီကိုရောက်ဖို့ဆိုရင် လူသုံးယောက်ရဲ့ သွေးကြောမျှင်လေးတွေကို တစ်ခုနဲ့ တစ်ခုဆက်ပြီး သွယ်တန်းနိုင်လောက်တဲ့ အကွာအဝေးကို ဖြတ်သန်းရမှာဖြစ်ပါတယ်...

၃) အမျိုးသမီးနဲ့အမျိုးသား
အမျိုးသမီးတွေရဲ့ နှလုံးခုန်နှုန်းဟာ အမျိုးသားတွေထက် မြန်ပါတယ်... အဓိကအကြောင်းရင်းကတော့ အမျိုးသမီးတွေရဲ့ နှလုံးအရွယ်အစားက အမျိုးသားတွေထက် သေးငယ်လေ့ရှိနေတာကြောင့်ပါပဲ... ဒါပေမဲ့ တူညီတဲ့အချိန်အတွင်း တူညီတဲ့သွေးပမာဏကို ခန္ဓာကိုယ်အနှံ့ရောက်အောင် တွန်းပို့ဖို့လိုအပ်နေတာကြောင့် ဖြစ်ပါတယ်...

၎) ဘယ်နဲ့ညာ
ဘယ်ဘက်မှာရှိတဲ့ အဆုတ်ဟာ ညာဘက်က အဆုတ်ထက် ပိုသေးငယ်ပါတယ်... ဘာကြောင့်လဲဆိုတော့ ဘယ်ဘက်မှာ နှလုံးအတွက် နေရာထားရှိပေးရတဲ့အတွက်ကြောင့် ပါပဲ... လူအများစုရဲ့ နှလုံးတွေဟာ ဘယ်ဘက်ကို ယိုင်နေတတ်ကြပါတယ်... အကြောင်းရင်းကတော့ ဘယ်ဘက်အဆုတ်က သူ့ကိုတွန်းထားတာကြောင့် ဖြစ်ပါတယ်....

၅) မရှိမဖြစ်
သင်ဟာ သင့်ရဲ့ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းကြီးတစ်ချို့မရှိလည်း အသက်ဆက်ရှင်နိုင်ပါတယ်... လူ့ခန္ဓာကိုယ်ဟာ အလွယ်တကူထိခိုက်လွယ်တဲ့ ပုံစံပေါက်ပါတယ်... ဒါပေမဲ့ အစာအိမ်တစ်ခုလုံး၊ အသည်း ၇၅% ၊ အူ ၈၀% ၊ ကျောက်ကပ်တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ဘယ်မျိုးပွားအင်္ဂါမဆို မရှိဘဲနဲ့လည်း အသက်ဆက်ရှင်နိုင်ပါတယ်... ဒီလိုအရာတွေမရှိဘူးဆိုရင် သင်နေရထိုင်ရခက်မှာပါပဲ... ဒါပေမဲ့ ဆေးကုသမှုခံယူပြီး မဖြစ်မနေဖယ်ရှားဖို့လိုအပ်လာပြီဆိုရင်လည်း ဒါတွေမရှိပေမဲ့ သင်မသေနိုင်တာ သေချာပါတယ်...

၆) နှာချေနှုန်း
နှာချေနေတုန်းမှာ ထွေးထုတ်လိုက်တဲ့ အမှုန်အမွှားတွေဟာ တစ်နာရီ ၁၆၀ ကီလိုမီတာအထိ ရောက်နိုင်ပါတယ်... ယာဉ်မောင်းနေတုန်း နှာချေတာဟာ အလွန်အန္တရာယ်များပါတယ်... ဘာကြောင့်လဲဆိုတော့ နှာချေနေတုန်းမှာ သင်ဘယ်လိုမှ မျက်လုံးမဖွင့်နိုင်လို့ပါပဲ... ကားမောင်းနေတုန်းနှာချေတဲ့အတွက် ယာဉ်မတော်တဆမှုတစ်ချို့လည်း ဖြစ်ခဲ့ရဖူးပါတယ်...

၇) ဘယ်သူပိုဟောက်သလဲ
အသက် ၆၀ နား နီးလာတဲ့အခါ အမျိုးသား ၆၀% နဲ့ အမျိုးသမီး ၄၀% တို့ဟာ အိပ်ပျော်နေစဉ်မှာ ဟောက်တတ်ကြ ပါတယ်... ဟောက်သံအများစုဟာ 60 dB (decibels) အထိ ရောက်တတ်ကြပါတယ်... ဒါပေမဲ့ တစ်ချို့လူတွေဟာ ကွန်ကရစ်ဖောက်စက်ကနေ ထွက်ပေါ်လာတဲ့ ဆူညံသံနဲ့ တူညီတဲ့ 80 dB အထိ ဟောက်သံထွက်ကြပါတယ်...

---------------------------------------------------------------
Ref: Interesting Things

နှိုင်းရင့်နွေ


https://www.facebook.com/photo.php?fbid=524003197697516&set=a.351047714993066

၃ - ရက် နဲ့ ၁ - ပတ်အတွင်းမှာ ၀က်ခြံ အမာရွတ်တွေ သူ့ အလိုလို ပျောက်သွားနိုင်တဲ့နည်း



ဆယ်ကျော်သက်ရွယ်ကစလို့ ၊ သွေးဆုံး ပြီး နောက် ၃ - နှစ်ခန် တိုင်အောင် ဟော်မုန်းတွေ ပြောင်းလဲမှု ကြောင့် အမျိုးသား၊ အမျိုးသမီး ၁၀ ဦးမှာ ပျမ်းမျှ အား ဖြင့် ၉.၉၉ ဦး ခန့်  အနည်း နဲ့ အများ ဆိုသလို ၀က်ခြံ မပေါက်ဖူး တဲ့ သူရယ် လို့ မရှိ ကြပါဘူး။ ကျန် ၀.၀၁ ဦး က တော့ ရှားပါးလွန်းတဲ့ အသားအရေ ကံထူးရှင် တွေလို့ ဆိုနိုင်ပါတယ်။ အသင့်အတင့် ၀က်ခြံ ပေါက်ပြီး နောက် ၃ - ရက် နဲ့ ၁ - ပတ် အတွင်းမှာ အမာရွတ်တွေ သူ့ အလိုလို ပျောက်သွား တတ်ပါတယ်။ ဒါပေမယ့် အချို့ အသား အရေ ပိုင်ရှင်တွေ မှာ တော့ ရုပ် အလှ ပျက် လောက်အောင် ၀က်ခြံအမာရွတ်တွေ စွဲကျန် နေရစ် ခဲ့ရှာတုန်းပါဘဲ။

အောက်ပါ ရိုးရှင်း လွယ်ကူတဲ့ အိမ်တွင်း ကုထုံးနည်းလမ်း ( ၅ ) သွယ်ထဲက တစ်ခုခု နဲ့  အဆင်ပြေသွားပြီ ဆိုရင် တော့ သင့်မျက်နှာ ပေါ် ၀က်ခြံ အမာရွတ် တွေကို ….. တာ့တာ လို့သာ ဆို လိုက် ပါ တော့ နော်။
 

( ၁ ) နံ့ သာဖြူမှုန့် နဲ့  နှင်းဆီ ရည်
နံ့ သာဖြူ မှုန့် နဲ့ နှင်းဆီရေ ကို ပျစ်ပျစ် ဖျော်စပ် ပြီး၊ အမာရွတ် ပေါ်တိုက် ရိုက် လိမ်းပေး ပါ။ အချိန် ၁ နာရီ ကျော် ထားပါ ( သို့ မဟုတ် ) တညလုံး လိမ်း အိပ်နိုင် ပါတယ်။ ပြီးရင် ရေအေး ဖြင့် မျ က်နှာ သစ် လိုက်ပါ။ အသား အရေအေးမြတဲ့ ခံစားမှု ကို ချက်ချင်း သိရမှာပါ။ အမာရွတ် တွေ သိ သိ သာသာ လျော့ပါး သက်သာ လာစေ ပါတယ်။
( Rosewater လို့ ခေါ်တဲ့ နှင်းဆီရေ ကို အလှကုန် ပစ္စည်း ဆိုင် တွေ မှာ ၀ယ်ယူ ရရှိ နိုင်ပါတယ် )
 

( ၂ ) သံလွင်ဆီ
သံလွင်ဆီ နဲ့ အမာရွတ် ကို နေ့ စဉ်လိမ်းပေး ကြည့်ပါနော်။ အစိုဓာတ် ထိန်းပေးနိုင်တဲ့ အစွမ်းသတ္တိပါရှိတဲ့ သံလွင်ဆီ အစွမ်း ကြောင့် အသား အရေ နူးညံ့ ချောမွတ်ကာ အမာရွတ် တွေ လ ည်း ပြေပျောက် သွား နိုင်ပြီပေါ့ရှင်။
 

( ၃ ) သခွားသီး
အသား အရေ ထိန်း အလှကုန် ပစ္စည်း တွေကို ဘာ့ကြောင့် သခွားသီး နဲ့ ဖော်စပ် ထုတ်လုပ် ထား ရ ပါသလဲ၊ အဖြေ ကတော့ ရှင်းရှင်း လေးပါ။ သခွား ရည်က အသားရေ ကို နူးညံ့ ချောမွေ့ေ အးမြ စေပြီး၊ ၀က်ခြံ အမာရွတ် တွေကို လည်း ပျောက်ကင်း သက်သာ စေလို့  ပါ ဘဲ။
 

( ၄ ) ရှားစောင်း လက်ပက်
ရှေးယခင် က စလို့  ရှားစောင်း လက်ပက် ပင်ရဲ့ ဂျယ်လီတွေ ကို အသား အရေ အတွက် အိမ် တွင်း သမားတော် အဖြစ် သုံးစွဲ လာခဲ့ ကြ ပါတယ်။ သူက မျက်နှာ အသား အရေ ကို ကျန်းမာ သိပ် သည်း ကြံ့ခိုင် စေပြီး တင်းတိပ်၊ ၀က်ခြံ နဲ့ ဝက်ခြံ ကြောင့် စွဲကျန်ရစ် တဲ့ အမာ ရွတ် တွေ ကို သက် သာ ပျောက်ကင်း စေတယ် နော်။
 

( ၅ ) ရေ
တစ်နေ့ ကို သောက် ရေဖန်ခွက် ၈ - ခွက် စာထက်မနဲ သောက် ဖြစ်အောင် သောက် ကြနော်။ေ ရသောက် ခြင်းက ခန္ဒာကိုယ် အရေ ပြား ရှိ အဆိပ် အတောက် များ ကို ဖယ်ရှား သန့် စင် စေပြီး၊ အရေပြား ဆဲလ် အသစ်များကို မွေးဖွား ပေးကာ၊ ၀က်ခြံ ကြောင့် ဖြစ်တဲ့ ဆဲလ်အသေတွေ ၊ အမာရွတ်တွေကို ဖယ်ရှား သန့် စင် စေပေးတယ် လေ။


https://www.facebook.com/photo.php?fbid=523759887721847&set=a.351047714993066.

ကျမရဲ. သစ္စာတရားပါ



မောင်နဲ.အတူ ပျော်ရွင်စွာနေဖို.အတွက် အိမ်မက်တွေ ရှိသလို

မောင်.လက်ကို ခိုင်ခိုင်မြဲတွဲဖို. မျှော်လင်.ချက်တွေ ရှိတယ်

မောင်.အတွက် နှလုံးသားတစ်စုံ ပေးအပ်ဖို. စိတ်ကူးတွေလည်း ရှိခဲ.တယ်

မောင်ရယ်....

အရိုးရှင်းဆုံး အချစ်ဟာ အခိုင်မြဲဆုံးပါ

ဘာသတ်မှတ်ချက်မှ မပါတဲ.အချစ်က အဖြူစင်ဆုံးပါ

သဘာဝအတိုင်း ကိုယ်.ချစ်သူကို ချစ်နိုင်ခြင်းဟာ

အတောက်ပဆုံး အချစ်ပါ မောင်...

အချစ်ဟာ

ပန်းလေးတစ်ပွင်.ဖြစ်ခဲ.မယ်ဆိုရင် ရှင်သန်ကြီးထွားဖို.

မေတ္တာရေစင်များ နေ.စဉ်ဖြန်းပက်လို.

အမြဲတမ်းလှပဖို. ပြုစုပျိုးထောင်သွားမယ်

အချစ်ဟာ

သစ္စာတရားဆိုရင် မြင်လို.ရအောင်

တစ်သက်လုံး စောင်.စည်း သက်သေပြသွားမယ်

အချစ်ဟာ

ကတိတစ်ခု ဖြစ်ခဲ.မယ်ဆိုရင် ထာဝရထိတိုင်တည်မြဲအောင်

ထိန်းသိမ်းစောင်.ရှောက်သွားပါ.မယ်


https://www.facebook.com/pages/%E1%80%A1%E1%80%AC%E1%80%B8%E1%80%99%E1%80%AD%E1%80%94%E1%80%B9/479604178825276?ref=hl