လူ.ဘ၀ဆိုတာ


လုပ်သက်က "ဆယ်နှစ်"…

တိုးလာတာက "တာဝန်"…

ရလာတာက "နောင်တ"…

မပြောင်းလဲတာက "လစာ"…

ကျသွားတာက "စိတ်ဓါတ်"…

ရပ်နေတာက "ရာထူး"…

ကြားနေရတာက "အားပေးစကား"…

ဖြစ်မလာတာက "ကတိ"…

ခံစားခွင့်က "နာကျင်မှု"…

ကြည့်ရှုပေးကြတာက "ခိုးမှာစိုးလို့"…

ရင်ဘတ်ထဲမှာက "အောင့်သီးအောင့်သက်"…

ရှားပါးလာတာက "ခေါင်းဆောင်ကောင်းတွေ"…

တတ်မြောက်လာတာက "ဟန်ဆောင်ခြင်း"…

မွဲတေလာတာက "ပိုက်ဆံ"…

ကုန်ဆုံးလာတာက "ငယ်ရွယ်နုပျိုမှု"…

အမုန်းဆုံးက "မျှတမှုမရှိခြင်း"…

တောင်းဆိုချင်တာက "စေတနာထားပေးဖို့"…

ပျက်ရယ်ပြုခံရတာက "မျှော်လင့်ချက်"……

ပေါပေါသီသီပေးနေတာက "သောကတွေ"…

အမှားများအောင်ဖန်တီးတာက "နေ့စဉ်ပြောင်းPolicy"…

ပြာချခံလိုက်ရတာက "လုပ်ငန်းခွင်ပျော်ရွှင်မှု"…

(For All Unfair Life)

စာသားလေးတွေကြိုက်လို့ပြန် Share လိုက်တယ်ဗျာ
Credit To Original Writer

“တစ်ခါတစ်လေမှာ စိတ်ဓါတ်တွေကျ တစ်ခါတစ်လေတော့လည်း မြောက်ကြွမြောက်ကြွ့ ”


"လူတစ်ချို့နဲ့ဆက်ဆံကြုံတွေ့ရတဲ့အခါ ကိုယ့်ဘဝကို အရမ်းအားငယ် စိတ်ပျက်မိတယ့့် "
" လူတစ်ချို့နဲ့ ဆက်ဆံကြုံတွေ့ရတဲ့အခါမှာတော့ အောင်မယ့့် ကိုယ့်ကိုယ်ကိုကျေနပ် ဘဝင်လေဟပ်ပြီး နည်းနည်းတောင်မြောက်ချင်လာတယ့့် "
သင်အဲဒီထဲကတစ်ခု ဒါမှမဟုတ် နှစ်ခုစလုံး ခံစားနေရပါသလာ့း့ ? ဒါဆို သင့်ကိုအားငယ်စေတဲ့သူတွေဟာ သင်အထင်စွတ်စက်ကြီးနေသူတွေဖြစ်ပြီး သင့်ကိုမြောက်ကြွကြွဖြစ်စေသူတွေကတော့ သင်အထင်သေးတဲ့သူတွေဆိုတာ ကျုပ်ရဲရဲကြီးပြောရဲသဗျ့ 
တကယ်တော့ အထင်ကြီးတာရော အထင်သေးတာရော မကောင်းဘူးဗျ။ လောကမှာ အထင်ကြီးစရာလူ မရှိသလို အထင်သေးစရာလူလည်းမရှိပါဘူး။ ရှိတာက အားကျအတုယူစရာလူနဲ့ ကူညီဖေးမပေးရမယ်လူတွေသာရှိတာပါ။
ဒီတော့ကာ့ အထင်ကြီးခြင်းအထင်သေးခြင်းဟာ ကင်ဆာနဲ့ AIDS လို မရှိသင့်တဲ့အရာပါ။ မြန်မြန်သာဖယ်ထုတ်လိုက်ပါ။ ဒါမှသင့်စိတ်ဟာ ဝန်ထမ်းထားတဲ့ မြင်းကို ဝန်တွေချပြီး အတောင်တတ်ပေးလိုက်သလို ဘဝကောင်းကင်ပြင်ထဲ လွတ်လပ်စွာလွင့်ဝဲနိုင်မှာပါ။
ဝန်ထုတ်တွေထမ်းထားနေဦးမှာလား? ထားခဲ့တော့မလား? ကဲလာ့ လှပတဲ့ဘဝကောင်းကင်ပြင်ကြီးထဲ ပေါ့ပေါ့ပါးပါးပျံသန်းကြပါစို့ လာ့း့ 

(ဆရာကြီးဦးမြင့်ဦးသစ်ရဲ့ အဆုံးအမကိုလျှာရှည်ထားခြင်းဖြစ်ပါတယ်)
Credit to-Original

ငွေဖြည့် ကတ်ဖြင့်အင်တာနက် Wi-Fi သုံးနိုင်စေရန် စီစဉ်


မန်မာနိုင်ငံ အတွင်းရှိ အင်တာနက် အသုံးမပြုနိုင်သေးသော မြို့ရွာကျေးလက် ဒေသများတွင် ငွေဖြည့်ကတ်ဖြင့် အင်တာနက် Wi-Fi ကို အသုံးပြုနိုင်စေရန် သက်ဆိုင်ရာမှ တင်ဒါခေါ်ယူကာ စီစဉ် ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်း သက်သာစွာဖြင့် ဝန်ဆောင်မှု အကောင်းဆုံးပေးနိုင်မည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များကို လုပ်ငန်းလုပ်ကိုင်ခွင့် များ အပ်နှံသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရ သည်။

''အခု ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ငွေဖြည့်ကတ်သုံး အင်တာနက် Wi-Fi စနစ်တွေ ဝန်ဆောင်မှုပေးမယ့် ကုမ္ပဏီတွေကို တင်ဒါ ခေါ်ယူထားပါတယ်။ တင်ဒါဖွင့်ဖောက်တဲ့ အခါကျရင် သေသေချာချာစိစစ်ပြီး သင့်တော်မယ့် လုပ်ငန်းရှင်တွေကို ရွေးချယ်သွားမှာပါ။ အဓိကအားဖြင့်တော့ ပြည်သူတွေအတွက် ဈေးနှုန်း သက်သောင့်သက် သာနဲ့ အင်တာနက် ဝန်ဆောင်မှုကောင်းကောင်း ပေးနိုင်မယ်ဆိုရင် ဘယ်ကုမ္ပဏီ၊ ဘယ်လုပ်ငန်းရှင်ကို မဆို လုပ် ငန်းလုပ်ကိုင်ခွင့် ပေးသွားမှာပါ''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ ဝန်ဆောင်မှုကို အင်တာနက် အသုံးများနိုင်သည့် မြို့ရွာကျေးလက် ဒေသများနှင့် ကုမ္ပဏီများမှ ညှိနှိုင်း တောင်းဆိုလာသည့် ဒေသများတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး တင်ဒါအောင် သော ကုမ္ပဏီများအားလုံး တစ်ပြိုင်နက်တည်း စတင်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုပေးမည့် ဒေသများတွင် ထိုငွေဖြည့်ကတ်သုံး အင်တာနက် Wi-Fi စနစ်ကို အသုံးပြုလိုပါက မြန်မာ့ ဆက်သွယ်ရေးမှ မိုဘိုင်း လ်ဖုန်း နံပါတ်တစ်ခု ဝယ်ယူထားရုံဖြင့် အသုံးပြုနိုင်မည် ဖြစ်ကြောင်းနှင့် ငွေဖြည့်ကတ် နှုန်းထားများကိုမူ မသတ် မှတ်ရသေးကြောင်း သိရသည်။
 

Facebook မှာ ဒီလိုအချက်လေးတွေ လုပ်မယ်ဆို သေချာတယ် သင်ပေါ်ပြူလာဖြစ်ပြီ


အွန်လိုင်းလောကနဲ့ အပြင်လောကမှာကွာဟချက်တွေအမျ
ားကြီးရှိပါတယ်။ အွန်လိုင်းကနေတစ်ဆင့်မိတ်ဆွေအပေါင်းအသင်းတွေဖြစ်ပြီးအပြင်မှာတွေ့ကြဆုံကြတာတွေ
လဲပိုပြီးခေတ်စားလာပါတယ်။ဒီလိုနဲ့ပဲအရင်းနီးဆုံးသူငယ်ချင်းတွေလဲ ဖြစ်သွားနိုင်ပါတယ်။
ကျောင်း၊အလုပ်အကိုင်တစ်ဖက်နဲ့ မအားလပ်တဲ့ကြားကမှ ကိုယ်နဲ့တကယ်ရင်းနီးနေတဲ့သူငယ်ချင်း ဒါမှမဟုတ်လဲ ဆိုရှယ်လ်နက်ဝေါ့ခ်ကမှတစ်ဆင့် ရင်းနီးကျွမ်းဝင်သွားတဲ့ သူငယ်ချင်းနဲ့ ရေရှည်အထိ အမြဲခင်မင်မှုမပျက်တဲ့ ဆက်ဆံရေးမျိုးဒီ ၁၂ ချက်နဲ့ တည်ဆောက်နိုင်မှာပါ။ ဆိုရှယ်လ် နက်ဝေါ့ခ်တွေထဲမှာလူကြီး၊ လူငယ်တွေကြားမှာရေပန်းအစားဆုံးကတော့ ဖေ့စ်ဘွတ်ခ်ပဲဖြစ်ပါတယ်။

၁) ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းတွေရဲ့ Profile Pictureတွေကို like (ကြိုက်နှစ်သက်ခြင်း) နဲ့ comment (ထင်မြင်ချက်ပေးခြင်း) ပြုလုပ်ပေးပါ။ ဒါမှ သူ့တို့ကိုယ်သူတို့  ယုံကြည်မှုတွေရှိလာနိုင်ပြီး သူတို့ဘက်မှာ ကိုယ်ကအမြဲရပ်တည်ပေးနေတာ သူတို့ပိုသိလာနိုင်ပါတယ်။

၂) ဘယ်လောက်ပဲဒေါသအမျက်ထွက်ထွက် ဖေ့စ်ဘွတ်ခ်ဝေါလ်ပေါ်မှာ စကားများရန်ဖြစ်ခြင်းတွေ မလုပ်ပါနဲ့ ။ အားလုံးအတွက် အရှက်ရစေပါတယ်။

၃) မွေးနေ့ပါတီတွေ ဒါမှမဟုတ် တခြားအရေးပါတဲ့ အစီအစဉ်တွေကို သူငယ်ချင်းတွေက ဖေ့စ်ဘွတ်ခ်ကနေ တစ်ဆင့် ဖိတ်ကြားလာရင် အကြောင်းပြန်ဖို့ မမေ့ပါနဲ့ ။ ဒါမှ ကိုယ်တကယ်လာနိုင်မလာနိုင် သူတို့ကသိနိုင်ပြီး၊ ကိုယ့်ဘက်ကဖိတ်ကြားတာတွေရှိရင်လည်း သူတို့ဘက်က တိကျတဲ့ အကြောင်းပြန်မှုတွေကိုရနိုင်မှာပါ။

၎) သူငယ်ချင်းတွေကို အပြင်လက်တွေ့ဘ၀မှာ ဖုန်းဆက်ပြီးပဲဖြစ်ဖြစ်၊ လူကိုယ်တိုင်သွားပြီးပဲ ဖြစ်ဖြစ် မွေးနေ့ဆုတောင်းစကားပြောပြီးရင်တောင် ဖေ့ဘွတ်ခ်ကနေလည်း
မွေးနေ့ရောက်ရင် မွေးနေ့ဆုတောင်းစကားပြောလိုက်ပါ။ သူတို့  ကျေနပ်ဝမ်းသာနေမှာပါ။

၅) လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပုံတွေက like (ကြိုက်နှစ်သက်ခြင်း) နဲ့ comment (ထင်မြင်ချက်ပေးခြင်း) ပေးတာတွေ မလုပ်ပါနဲ့ ။ အထူးသဖြင့် ခေတ်နောက်ကျပြီး ကသိကအောက်ဖြစ်စေတဲ့ပုံမျိုးတွေကိုပေါ့။ အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။



၆) သူငယ်ချင်းတွေရဲ့ ဖေ့ဘွတ်ခ်အကောင့် ဟက်ခ်လုပ်ခံရရင် သူတို့ကိုတိုက်ရိုက်အကြောင်းကြားပေးပါ။ ဒါမှ နောက်တစ်ခါ ဟက်ခ်လုပ်မခံရအောင် သတိထားသွားနိုင်မှာပါ။

(၇) In Relationship ကနေ Single လို့ပြောင်းသွားတဲ့ သူငယ်ချင်းတွေရဲ့ အကြောင်းကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တိုက်ရိုက်စပ်စုတာတွေမလုပ်ပါနဲ့ ။ အကြောင်းစုံကိုပြောပြချင်တဲ့သူတွေကတော့ ကိုယ့်ကို တိုက်ရိုက်ဆက်သွယ်ပြီးပြောပြမှာပါပဲ။

၈) ကိုယ်နဲ့မသိမရင်းနီးတဲ့သူတွေကို Poke မလုပ်ပါနဲ့ ။ ကိုယ်နဲ့သိတဲ့သူတွေကိုလဲ မလိုအပ်ရင် Poke မလုပ်ပါနဲ့။ စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။

၉) မကြားဖူး၊ မမြင်ဖူးတဲ့သူတွေကို သူငယ်ချင်းအဖြစ် request သွားမလုပ်ပါနဲ့ ။ သူစိမ်းတွေက အန္တရာယ်များပါတယ်။

၁၀) ကိုယ့် Profile Picture တို့  cover pictureတို့မှာ သူငယ်ချင်းတွေပါပါနေရင် ကိုယ်တစ်ယောက်တည်း ခန့်ညားလှပနေတဲ့ပုံကို မတင်ပါနဲ့ ။အားလုံးကြည့်ကောင်းတဲ့ပုံမျိုးကို တင်ပါ ။

၁၁)သူငယ်ချင်းတွေ အရှက်ရစေမယ့် အကြောင်းအရာတွေကိုသူငယ်ချင်းတွေရဲ့  ဖေ့စ်ဘွတ်ခ် ဝေါလ်မှာ မရေးမိပါစေနဲ့ ။

၁၂) သူငယ်ချင်းတွေကအခက်တွေ့နေချိန်မှာဒါမှမဟုတ် အကူအညီလိုနေချိန်မှာ ကိုယ့်ကို အရေးတကြီးဖေ့စ်ဘွတ်ခ်ကနေ မက်ဆေ့ခ်ျလှန်းပို့နေရင်လဲ စာချက်ချင်းပြန်ပါ။ အားငယ်သူကို ကူညီဖေးမတာက သူငယ်ချင်းသံယောဇဉ်တွေကို ပိုခိုင်မာစေနိုင်ပါတယ်။
 

ကျောက်ကပ်တစ်လုံးပေးအပ်ပြီး ခင်ပွန်းကို ကယ်တင်ခဲ့တာတောင် ခင်ပွန်းရဲ့ စွန့် ခွာခြင်းကို ခံခဲ့ရသူ


Andy Lamb ဟာ ကျောက်ကပ်အလုပ်မလုပ်တော့တဲ့ ရောဂါကြောင့် သေလုမျောပါးဖြစ်နေခဲ့ပြီး ၊ ကျောက်ကပ်ကို ဆေးကြောပေးတဲ့ ကုထုံးတွေနဲ့ သာ အသက်ဆက်ရှင်နေခဲ့ရတာပါ။ ဒါပေမယ့် အန်ဒီရဲ့ မိန်းမ စမန်သာ ဟာ သူမရဲ့ ကျောက်ကပ်တစ်လုံးကို လက်ခံဖို့ အန်ဒီကို နားချတာ အောင်မြင်ခဲ့ပြီးတဲ့နောက် အန်ဒီဟာ လူကောင်းပကတိ ပြန်ဖြစ်လာခဲ့ပါတယ်။

အသက် ၄၁ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ စမန်သာဟာ ဒီ အစားထိုးခွဲစိတ်မှုကို ခံယူဖို့  ကျန်းမာကြံ့ခိုင်ကြောင်း ပြဖို့  အတွက် ကိုယ်အလေးချိန် သုံးစတုံ အထိ ချခဲ့ရတာပါ။ ဒီစုံတွဲ ရဲ့ ချစ်ခြင်းမေတ္တာဇာတ်လမ်းကို BBC ရုပ်သံလိုင်းကတောင် မှတ်တမ်းတင်ရိုက်ကူးခဲ့ပါသေးတယ်။ ဒါပေမယ့် လည်း သူတို့ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ မတည်မြဲခဲ့ပါဘူး။

အန်ဒီရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပြီး နှစ်အနည်းငယ်အကြာ ၂၀၁၂ ခုနှစ် သြဂတ်စ် လမှာ အန်ဒီဟာ စမန်သာ ကို စွန့် ခွာသွားခဲ့ပြီး သူတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကို ဆုံးခန်းတိုင်စေခဲ့ပါတယ်။

ဒေဗွန်ကောင်တီ ၊ အိုင်ဗွီဘရစ်ခ်ျ မြို့ ငယ်လေးမှာ နေထိုင်တဲ့ သူတို့ စုံတွဲဟာ လူနာတင်ယာဉ်မောင်း အဖြစ် အလုပ်လုပ်ကိုင်နေကြတုန်း မှာ တွေ့ ဆုံခဲ့ကြတာဖြစ်ပြီး ပထမဆုံး ချိန်းတွေ့ မှုကို ၂၀၀၄ ခုနှစ်မှာ ပြုလုပ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး အောက်တိုဘာ ၂၀၀၉ မှာ စမန်သာရဲ့ ကျောက်ကပ်တစ်လုံးကို အန်ဒီ အသက်ရှင်ဖို့ အစားထိုးပေးအပ်ခဲ့တာပါ။

အခုတော့ စမန်သာဟာ အန်ဒီကို စိတ်နာနေပြီး သူမရဲ့ ကျောက်ကပ်တစ်လုံးကို အန်ဒီ့ ဆီက ဖြစ်နိုင်ရင် ပြန်ယူချင် မိတယ်လို့ ပြောကြားခဲ့ပါတယ်။ အန်ဒီကတော့ စမန်သာပေါ်မှာ အသက်တစ်ချောင်း အကြွေးတင်နေတယ်လို့ ဆိုခဲ့ပါတယ်။


by မြ၀တီ

ဖုန်းနဲ.ကာ၇ာအိုကေဆိုမယ်


ငါကာရာအိုကေဆိုနေတာဖုန်းနဲ့
နားကြပ်တပ်ပြီးအော်နေတာ အမေက
ငါ့သားဆိုတာကောင်းတယ်ဆိုပြီ ဆုချတယ်
သနပ်ခါးတုံးပျံဝဲလာတယ်......ငါ့ fri
တွေလဲရူးလို့ရအောင်ငါပေးမယ် Down လိုက်
 


by လမင်းမောင်


Popular Post Style လှလှလေး ( ၂ )


မင်္ဂလာပါနော်  သည်နေ့ နည်းပညာလေးကတော့ ဘလော့တစ်ခုမှာ ထားတတ်ကြတဲ့ Popular Post ဆိုတာလေးတွေကို  ခုလို ဒီဇိုင်းလှလှလေးတွေနဲ့ အလှဆင် တင်ထားခြင်သေူတွအတွက် ကျွန်တော် သိသမျှ ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်နော်... နည်းလမ်းလေးက အရမ်းဘဲ ရိုးရှင်းလွန်းတာကြောင့်
ဘယ် HTML ထဲကိုမှ မ၀င်ရပါဘဲ သက်သာစွာ ထည့်နိုင်တာမို့... အသုံးပြုလိုက်ကြပါနော်...

   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►5.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ



သည်ဘောက်လေး တိုင်းကလ်စပြီး ကျလာတဲ့ ဘောက်ထဲမှာ အောက်က ကုဒ်တွေ ထည့်ပေးလိုက်ပါ။
                 

မှတ်ချက်    ။              ။ ကုဒ်တွေထဲက home_page နောက်က မိမိတို့ ဘလော့လိပ်စာထည့်ပါ။
                                 numposta  နေရာနောက်က  နံပါတ် ( 5 ) နေရာမှာ     နံပါတ်     ( 9 ) ထိထားပေးနိုင်ပါတယ်..



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************

ဘလော့ခရီးသည်သို့ { ဒီမှာ } 
သွားလိုက်ပါ လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ  
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
 

Popular Post စတိုင်းအလန်း ( ၁ )


မင်္ဂလာပါနော်  သည်နေ့ နည်းပညာလေးကတော့ ဘလော့တစ်ခုမှာ ထားတတ်ကြတဲ့ Popular Post ဆိုတာလေးတွေကို  ခုလို ဒီဇိုင်းလှလှလေးတွေနဲ့ အလှဆင် တင်ထားခြင်သေူတွအတွက် ကျွန်တော် သိသမျှ ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်နော်... နည်းလမ်းလေးက အရမ်းဘဲ ရိုးရှင်းလွန်းတာကြောင့်
ဘယ် HTML ထဲကိုမှ မ၀င်ရပါဘဲ သက်သာစွာ ထည့်နိုင်တာမို့... အသုံးပြုလိုက်ကြပါနော်...

   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►5.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ

သည်ဘောက်လေး တိုင်းကလ်စပြီး ကျလာတဲ့ ဘောက်ထဲမှာ အောက်က ကုဒ်တွေ ထည့်ပေးလိုက်ပါ။

            

မှတ်ချက်    ။              ။ ကုဒ်တွေထဲက home_page နောက်က မိမိတို့ ဘလော့လိပ်စာထည့်ပါ။
                                 numposta  နေရာနောက်က  နံပါတ် ( 5 ) နေရာမှာ     နံပါတ်     ( 9 ) ထိထားပေးနိုင်ပါတယ်..
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
 

ဘလော့တွေမှာ Share လေးတွေ လှပစွာ ထားမယ်ဆို လုပ်နည်းလေးပါ


သည်နည်းပညာလေးကတော့... မိမိတို့ဘလော့အတွက် အရမ်းလိုအပ်တဲ့နည်းပညာလေးဖြစ်မယ်လို့ မျှော်လင့်ပါတယ်.. ဘလော့အတွက် fb like လေး share လေး  Printer လေးတွေကို အကုန်ပါဝင်စေတဲ့ ရှယ်လေးတစ်ခုပါ...သေခြာရှင်းပြအပါ့မယ်...
လုပ်မယ်ဆို  ပထမဆုံး   သည်နေရာ   လေးကိုသွားလိုက်ပါ။
အဲမှာဘဲ Create Account ဆိုတာကလစ်လိုက်ပါ.....
အကောင့်ဝင်ပြီးးတာနဲ့..လုပ်စရာလေးတွေ ဆက်လုပ်ကြမယ်..နော် ကြည့်လိုက်ပါ
အဲလိုလေးတွေ့ရမယ်.. အဲမှာ Blogger ဆိုတာကို ကလစ်ပြီး
  မိမိတို့ စိတ်ကြိုက်ဒီဇိုင်းလေးကို ရွေးချယ်ပေးလိုက်ပါ။  ပြီးတာနဲ့  ညာဘက်က
Install Blogger Widget  ကိုကလစ်ပေးလိုက်ပါ... နောက်စာမျက်နှာမှာဘဲ Continue ဆိုပေါ်လာပြီး မိမိတို့ဘလော့ပေါ်ရော်ကမဲ့ နေရာကိုတွေ့ ရပါ့မယ်...
Select a blog ဆိုတဲ့နေရာမှာ  မိမိတို့ ထည့်လိုတဲ့ဘေလာ့ကို ရွေးပေးလိုကပါ.. ဘလော့တစ်ခုထဲ ရှိသူတွေအတွက်တော့  ရွေးချယ်ဖို့မလိုပါဘူးး မိမိတို့ဘလော့ အမည်လေးသာပေါ်နေပါမယ်..
နောက်ဆုံးအေနနဲ့  Add Widget ဆိုတာကိုကလစ်ပေးလိုက်ပါ... အဲတာဆို မိမိတို့
blog layout ကိုရောက်နေပါပြီ ကြည့်လိုက်ပါ.. လိုတဲ့ နေရာကို နေရာချပေးလိုကပါ.. ဆေ့လိုက် ရပါပြီနော်.. ဘလော့ကိုကြည့်လိုက်ပါ.. တွေ့မြင်နေပါပြီ.............ရှယ်ယာတန်း လှလှလေးပေါ့....
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...
သွားရောက်ရန်လင့်...     https://www.addthis.com/get/sharing#.UI67AFKLERs
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
 
http://www.zawminthan.com/2014/01/share.html 

Google Earth Pro 7.1.2.2041 With Patch (ကွန်ပြုတာကနေ ကမ္ဘာ တခုလုံး မြေပုံကို အနီးကပ် ဆွဲ ကြည့်နိုင် တဲ့ ဆော့ဝဲလ် လေးဖြစ်ပါတယ်)

Google Earth ကတော့ တကယ်ကို လန်းပါတယ်ဗျာ။ မသုံးဖူးတဲ့သူသုံးကြည့် လိုက်ပါ။ အရမ်းကို ခိုက် သွားမှာ အသေခြာပဲ။ Google Earth ကနေ ကိုကြည့်ချင်တဲ့ နေရာကို လိပ်စာရိုက်ပြီးရှာလိုက်တာနဲ့ တန်းရောက်သွားတယ်။ တကယ်ကို 3D ရုပ်ပြနဲ့ ဖြစ်ပါတယ်။ အောက်မှာ Screenshoot နဲ့ပြထားပါတယ်။ အသေခြာလေး ကြည့်ကြည့်လိုက်ပါ။
နောက်တခုက Satellite ကနေ တိုက်ရိုက်ဆွဲ ကြည့်လို့ရတဲ့နေရာတွေ ရှိပါသေးတယ်။ အိမ်ရှေ့ တံခါးပေါက်ထိ ကြည်လင်စွာ ဆွဲကြည့်နိုင်ပါတယ်။ Zoom ဆွဲတဲ့ အကွက်ပေါ်က လူ ပုံနဲ့ ရှိပါတယ်။ အဲကောင်ကို ကို လိုချင်တဲ့ နေရာမှာ ချပေးလိုက်တာနဲ့ အိမ်ဆိုရင် အိမ်ရှေ့ ထိ။ လမ်းမှာဆိုရင်လည်း လမ်းမကြီး ကို ပြတ်သားရှင်းလင်းစွာ မြင်ရပါတယ်။

ကွန်ပြူတာ သုံးသူတိုင်း တကယ်ဆောင်ထားသင့်တယ်နော်။ Full  Version သုံးရအောင် Patch ဖိုင်ပါ တွဲတင်ပေး ထားပါတယ်။ Setup.exe ကို Install ပြီးတာနဲ့ ဆော့ဝဲလ်ကို မဖွင့်ပဲ Patch ဖိုင်ကို ၂ ချက်ကလစ်လိုက်ပြီးရင် အလယ်က စာကို အလစ်လိုက်၊ ဘယ်ဘက်အောက်မှာ OK ပေါ်လာရင် Actrivated ဖြစ်ပါပြီ။
စိတ်ဝင်စားရင် အောက်မှာ ဒေါင်းယူနိုင်ပါပြီနော်။

Download Google Earth Pro 7.1.2.2041 
Google Drive, Zippyshare

App Screenshots


အားလုံးအဆင်ပြေပါစေ.......။

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့် တန်းတန်း ကြည့်နည်း



မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။
မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလော ဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေး မယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ် ထားပေးမှာ ဖြစ်ပါတယ်။
အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

  http://www.youtube.com/feather_beta
အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။



ref  : http://beyondlove18.blogspot.com

http://www.zawminthan.com/2013/03/youtube.html 

Photo Collage Max Pro 2.2.5.2 (မွေးနေ့ကဒ်, ဖိတ်စာ လိပ်စာ, ပိုစ်ကတ် နဲ့ ပြက္ခဒိန် ဒီဇိုင်းကဒ် လှလှလေးတွေ ဖန်တီးချင်တဲ့ သူငယ်ချင်းတွေအတွက်)


ဒီနေ့တင်ပေးလိုက်တဲ့ ဆော့ဝဲလ်လေး ကတော့ မွေးနေ့ကဒ်, ဖိတ်စာ လိပ်စာ, ပိုစ်ကတ် နဲ့ ပြက္ခဒိန် ဒီဇိုင်းကဒ် လှလှလေးတွေ ဖန်တီး လို့ရတဲ့ ဆော့ဝဲလ် လေးဖြစ်ပါတယ်။ မွေးနေ့ ကဒ် ဖန်တီးချင်တယ် ဆိုပြီး တောင်းလာလို့ ဒီနေ့ တင်ပေးလိုက်တာပါ။ တကယ်ကို လန်းတဲံ ဆော့ဝဲလေးပါ။ Screenshots ကို ကြည့်ရုံနဲ့ ဘယ်လောက်လန်းလည်းဆိုတာ သိနိုင်မှာပါ။
မွေးနေ့ကဒ် လုပ်ဖို့ Template လှလှလေးတွေ ၊ ဖိတ်စာကတ်အတွက် Template အလန်းလေးတွေ နဲ့  ပြက္ခဒိန် ၊ ဒီဇိုင်းကဒ် တွေ စိတ်ကြိုက် ဖန်တီးနိုင်ဖို့ Template အလန်းလေးတွေ ဒီဆော့ဝဲလ် ထဲမှာ စုံလင်စွာ ပါ ပါတယ်။ Photo Collage လုပ်ဖို့အတွက်လည်း ဒီဇိုင်းအလန်းတွေ ပါဝင်ပါတယ်။ Photo Editting ပိုင်းကို လေ့လာလိုက်စားတဲ့ ၀ါဒနာရှင်သူငယ်ချင်းတွေ ဒီဆော့ဝဲလ် လေး ဆောင်ထားသင့်တယ်။
အခုတင်ပေးလိုက်တာကတော့ ကွန်ပြူတာအတွက်ပါနော်။ Full Version သုံးရအောင် Key ပါတင်ပေး ထားပါတယ်။ မူရင်းဆိုဒ် မှာ $29.95 ပေးဝယ်ရပါတယ်။ အခုကျနော့်ဆိုဒ်မှာ Free ဒေါင်းပြီး Pro အဖြစ် အသုံးပြုနိုင်ပါပြီ။ ဆော့ဝဲလ်ကို ဒေါင်းပြီး Install ပြီးတာနဲ့ Text ဖိုင်ထဲက ပေးထားတဲ့ Key တခုခု ကို ယူပြီး Activated လုပ်ပါ.။ ပြီးတာနဲ့ Pro အဖြစ်အသုံးပြုနိုင်ပါပြီ။

စိတ်ဝင်စားရင် အောက်က လင့်မှာ စိတ်ကြိုက် ဒေါင်းယူနိုင်ပါပြီ။

Photo Collage Max Pro
Version: 2.2.5.2
Size: 33.9 MB
Date: Dec 24, 2013
Platform: Windows 2000/XP/Vista/7/8 (32-bit and 64-bit)

Download Photo Collage Max Pro 2.2.5.2

App Screenshots

အားလုံးအဆင်ပြေပါစေ.......။

Photo Slideshow Maker v2.2 (Android ဖုန်းနဲ့ Photo Slide Show လုပ်တဲ့ ဆော့ဝဲလ်အလန်းလေးပါ။ အမှန်ကန် ဗီဒီယိုဖိုင်နဲ့ Save လို့ရပါတယ်။)


သူငယ်ချင်းတို့ရေ ဒီ ဆော့ဝဲလ်လေးကတော့ဖုန်းနဲ့ Photo Slide Show လုပ်ရတဲ့ ဆော့ဝဲလ်လေးပါ။ အရင်က ဆော့ဝဲလ်တွေအများကြီး စမ်းသုံးဖူးပါတယ်။ Slite Show လုပ်တုန်းက အဆင်ပြေပြီး ဗီဒီယို ဖိုင် ထုတ်တော့မယ်ဆိုရင် အဲဒီကစပြီး ပြဿနာ တတ်တာပဲ။ အခု တင်ပေးလိုက်တဲ့ ဆော့ဝဲလ်က အမှန် တကယ် ဗီဒီယို ဖိုင် ထုတ်လို့ရပါတယ်။
အောက်မှာ ကျနော် အစမ်းသီချင်းတပုဒ် Slide Show လုပ်ထားပါတယ်။ နမူနာ ကြည့်ကြည့်လိုက်ပါ။ အသုံးပြုနည်း ကတော့ အရမ်းလွယ်တာမို့ နည်းမရေးတော့ပါဘူး။ ဆော့ဝဲလ် ကိုဒေါင်းပြီး ကိုယ်တိုင် လက်ဆော့ကြည့်လိုက်ပါ။ ဒီဆော့ဝဲလေးကိုတော့ Android Version 2.2 အထက်တွေ အားလုံး မှာ သုံးနိုင်ပါတယ်။
နောက်ဆုံးထွက် Version ဖြစ်တဲ့ v2.2 Updated, January 13, 2014 ကိုတင်ပေးလိုက်တာပါ။ ကျနော် ကိုယ်တိုင် စမ်းထားတဲ့ App လေးဖြစ်တာမို့ စိတ်ချ လက်ချသာ ဒေါင်းပြီး အသုံးပြုနိုင်ပါပြီ။ စိတ်ဝင်စား ရင်အောက်က လင့်မှာ ဒေါင်းယူနိုင်ပါပြီ။
App Screenshots
 Free Slideshow Maker - screenshot thumbnailFree Slideshow Maker - screenshot thumbnailFree Slideshow Maker - screenshot thumbnailFree Slideshow Maker - screenshot thumbnail
Photo Slideshow Maker v2.2 နဲ့ အစမ်းလုပ်ထားတဲ့ သီချင်းပါ။ ဆော့ဝဲလ် မဒေါင်းခင် နမူနာကြည့် လိုက်ပါ။
 
 
အားလုံးအဆင်ပြေပါစေ.......။
 

StickIt! ဒီ app လေးကတော့ photo cutting tool တစ်ခု ဖြစ်ပါတယ်



ဒီ app လေးကတော့ photo cutting tool တစ်ခု ဖြစ်ပါတယ်။ ဓါတ်ပုံများ ..
နောက်ခံ ပြောင်းလဲခြင်း၊ လိုချင်သော အရာများ ဖြတ်ယူခြင်း၊ Stock အလန်းများ ထည့်သွင်းခြင်းတွေကို လွယ်ကူလျင်မြန်စွာနဲ့ လုပ်ဆောင်နိုင်မှာ
ဖြစ်ပါတယ်။ PC မှာ Photoshop နဲ့ ဖြတ် ညှပ် ကပ် လုပ်နေရတာ ကြာပါတယ်။ StickIt! နဲ့လုပ်လိုက်ပါ ခဏလေးအတွင်းပြီးတယ်။
အသုံးပြုပုံ Tutorial Video ပါရှိတယ်။ Video ကို အရင်ဆုံးကြည့်လိုက်ပါ။ ဒါမှ အသုံးပြုပုံကို နားလည်သွားမှာပါ။ တကယ်ကို လွယ်လွယ်ကူကူနဲ့
ဖြတ် ညှပ် ကပ် လုပ်ပေးသွားတာ လန်းတယ်။ filters , stickers , backgrounds , Text များလဲ ပါရှိတာမို့ ကလိလို့ကောင်းတယ်။
မသိရင် Photoshop နဲ့ ပညာသားပါပါ ဖြတ်ညှပ်ကပ် လုပ်ထားတယ်လို့တောင် ထင်ရတဲ့အထိ ကောင်းမွန်တဲ့ app လေးဖြစ်ပါတယ်။ ပုံမှာပါတဲ့ အွန်စောပုံက ကျွန်တော်
ဖြတ်ညှပ်ကပ်လုပ်ပြီး ကလိထားတာပါ။ Android 2.3 နှင့်အထက်တွင် အသုံးပြုနိုင်ပါတယ်။

download - (8MB)

dropbox - https://www.dropbox.com/s/c9o4k09mshr1zxc/Mr.AD%20-%20StickIt.apk

shared - https://shared.com/ninmkzeqci?s=l

ပျော်ရွှင်ပါစေ။
 

Pregnancy and Air Travel ကိုယ်ဝန်နဲ့ လေယာဉ်ခရီး


၁) ဒေါက်တာ ခင်ဗျ ကျွန်တော့်အမျိုးကမီးက ယခုကိုယ်ဝန် ၅ လကျော်ရှိပါပြီိဗျ။ ကိုယ်ဝန် ၈ လထဲမှာ လေယဉ်နဲ့ ခရီးသွားဖို့ အကြောင်းဖန်လာပါတယ်ခင်ဗျ။ မိတ်ဆွေတွေကတော့ ၇ လ ၉လ မဟုန်ရင် ပြဿနာမရှိဘူးလို့ ပြောကြပါတယ်ဗျ။ အဲဒါ ခရီးသွားဖို့ သင့် မသင့် ဖြေကြားပေးပါအုံးဗျ။

(၂) ဆရာရှင့် သမီးကအခု့ မှာနေတာပါ။ သမီးကိုယ်ဝန်ကို မြန်မာပြည်မှာပဲပြန်မွေးမှာပါ။ အဲ့ဒါကိုယ်ဝန် ၆ လ ကျော်ရင် လေယာဉ်စီးလို့မရဘူး၊ အန္တရာယ်ရှိတယ်၊ မစီးရဘူးလို့ တချို့ကပြောနေကြပါတယ်။ အဲ့ဒါဟုတ်ပါသလားရှင်။ ဘယ်နှစ်လထိ စီးလို့ရပါသလဲ။ ကလေးကိုထိခိုက်နိုင်ပါသလားရှင်။

(၃) ကျွန်မက မြန်မာပြည်ပြန်ပြီး မွေးချင်လို့ ကိုယ်ဝန်နဲ့ ဘယ်အချိန် လေယာဉ်စီးလို့ စိတ်အချရဆုံးလဲ သိချင်လို့ပါ။ လေယာဉ် ခရီးစဉ်က နှစ်ဆင့်ကို စုစုပေါင်း ၁၅ နာရီလောက် စီးရမှာမို့လို့ပါ တချို့တွေက ၆လ နဲ့ ၇ လကြားပဲ ကောင်းတယ်။ တချို့က နုတုန်းပဲ ကောင်းတယ် အမျိုးမျိုး ပြောကြလို့ပါရှင့်။

ကနေ့ခေတ်မှာ ကိုယ်ဝန်ဆောင်တုံး ခရီးသွားတာမှာ အဟန့်-အကန့်တွေ နည်းလာပါပြီ။ ဘယ်လောက်အထိ ပြောကြသလဲ ဆိုရင် “လေယာဉ်ပေါ်မှာ Bathrooms ဘယ်နား ရှိမှန်း သိရင်တော်ပြီ” တဲ့။ သုတေသနတွေ လုပ်ထားပါတယ်။ ကိုယ်ဝန်ဆောင် လေယာဉ်မယ်လေးတွေကို စမ်းတော့ ပဌမ ၃ လအတွင်း ကိုယ်ဝန် ပျက်တာ နဲနဲပိုများတာက လွဲရင် မထူးတာ တွေ့ရတယ်။ သိတဲ့အတိုင်း သူတို့ခမြာ နာရီတွေ အများကြီး (၁ လမှာ ၇၄ နာရီ) အလုပ် လုပ်ကြရသူတွေ ဖြစ်နေတယ်။

သတိပေးစရာလေးတွေ ဆောင်ထားရင် လုံးဝအမှား မရှိစေနိုင်ပါ။

• ကိုယ်ဝန် ၃၆ ပတ်ကျော်ရင် Airlines အတော်များများက မတင်ခြင်ပါ။ ဒါကလဲ လေယာဉ်ပေါ်မှာ ကလေးဖွါးရင် သူတို့ အလုပ်ရှုတ်မှာ စိုးလို့သာပါ။

• ဒုတိယ ၃ လခေါ်တဲ့ ကိုယ်ဝန် ၄ လ ကနေ ၆ လအတွင်းသွားတာ ဘာမှ မဖြစ်ပါ။

• သက်တောင့် သက်သာ သွားလာနိုင်အောင် ကြိုတင်စီစဉ်ပါ။ နေရထိုင်ခင်း ကျယ်တာ စသဖြင့်။

• Aisles မှာ လမ်းလျှောက်ပါ၊ ရေ-အရည်များများ သောက်ပါ။ သွားရည်စာ စားပါ။ ခြေ-လက် မကြာမကြာ ဆန့်ပါ။

• ဟိုရောက်ရင် Immunization ကာကွယ်ဆေး မထိုးမနေရ တိုင်းပြည်မျိုးကို သွားတာ ရှောင်ပါ။

• ကိုယ်ဝန်ဆောင်-မှတ်တမ်း လက်တကမ်းမှာ ထားပါ။

• ဘာတွေ ဖြစ်နိုင်သလဲ ကြိုတွေးထင်ထားပါ။ အဝတ်ပို၊ ကလေးအနှီး၊ (ဒိုင်ယ်ပါ) ဆောင်သွားပါ။ ခရီးသွားဖေါ်ထဲမှာ ဆရာဝန်၊ ဆရာမ ပါ-မပါ စပ်စုပါ စသဖြင့်။

• အဝတ်အစားရွေး ဝတ်သွားပါ။ အပူး-အအေး၊ အကြပ်-အချောင်။ လေကြောင်းလိုင်းတွေက ကိုယ်ဝန်သည်တွေအတွက် ကန့်သတ်တာ မတူကြပါ။

• British Ariways ကိုယ်ဝန် ၃၆ ပတ်ကျော်သူတွေ ကို ကန့်သတ်မှု လုပ်ထားတယ်။

• American Airlines မမွေးခင် ၄ ပတ်အတွင်း ခရီးသွားလိုသူ ကိုယ်ဝန်ဆောင်များ Medical certificate ဆေးစာ ပါရမယ်။ (အမွှာမဟုတ်၊ ပြဿနာ မရှိသူ၊ ရိုးရိုး ကိုယ်ဝန် အတွက်သာ ဆိုလိုတယ်။) မမွေးမီ နဲ့ မွေးပြီး ၇ ရက် အတွင်း ရှိသူများ အမေရိကန် ပြည်ထောင်စု အတွင်းမှာ ၅ နာရီထက် နည်းတဲ့ လေယာဉ်ခရီး စီးခွင့်မပြု။ American Airlines' Special Assistance Coordinator ထံက လက်မှတ်ပါရင်တော့ ရတယ်။ ရေပြင်ကို အကြာကြီး ဖြတ်ရမဲ့ ဥပမာ (ဟာဝိုင်ယီ) ခရီးအတွက် Due date မတိုင်ခင် တလအတွင်း ခရီးမသွားဘို့ အကြံပြုတယ်။ ဒါပေမဲ့ လေယာဉ် မတွက်ခင် ၄၈ နာရီအတွင်း ရထားတဲ့ သင့်တော်ကြောင်း ဆေးလက်မှတ် ပါရင် လာခြင်လာခဲ့ပါ။ မွေးရက်ထက် ၁ဝ ရက်စောပြီး နဲ့ မွေးပြီး ၇ ရက်အတွင်းရှိသူတွေ American Airlines' Special Assistance Coordinator ဆီက စာလိုတယ်။

• Southwest Airlines ကိုယ်ဝန်ဆောင်တိုင်း လေယာဉ်မစီးခင် Medical professional တဦးဦးဆီက အကြံဥာဏ် ရယူပါ။ ကိုယ်ဝန်ဆောင်ကို Emergency exit row မှာ ထိုင်ခွင့် ပြုချင်မှ ပြုမယ်။ Due date ရဲ့ ၁၄ ရက်အတွင်း လေယာဉ်စီခြင်း မပြုဘို့ Recommend လုပ်ပါတယ်။

• Delta Airlines အကန့်အသတ် မရှိပါ။ Due date ၁ လအတွင်းရှိသူတွေ Medical professional ရဲ့ ခွင့်ပြုချက် ရဘို့ Suggest လုပ်ပါတယ်။ Mid-air drama လေထဲမှာ စိတ်လှုတ်ရှားစရာ ၂ဝဝ၆ စက်တင်္ဘာ ၂၄ ရက်၊ ဗြိတိသျှလေယာဉ် BA 215 ဟာ လန်ဒန်ကနေ အမေရိကန်ပြည်ထောင်စု (ဘော်စတွန်)ကို ပျံသန်းနေတယ်။ ခရီးသည်ထဲက ကိုယ်ဝန်ဆောင်တဦး အတ္တလန်တိတ် သမုဒ္ဒရာပေါ် ပျံနေရင်း ကလေး မွေးတော့တယ်။

ခရီးသည်တွေထဲက ဆရာဝန်တဦး၊ သူနာပြု တဦး၊ ပင်စင်စား သားဖွါးဆရာမတဦး၊ ဆေးကျောင်းသားတဦးနဲ့ အမျိုးသမီး လေယာဉ်မယ်တွေကနေ အောင်မြင်စွာ မွေးပေးလိုက်ပါတယ်။ ကိုယ်ဝန်သည် ဗိုက်နာတာနဲ့ လေယာဉ်မှူးက အနီးဆုံး လေယာဉ်ကွင်း Nova Scotia ကို ဆင်းသက်ဘို့ လုပ်နေတုံး မွေးလိုက်တာပါ။ ကလေးက လမစေ့ (၆ ပတ်စော)မွေး၊ ပေါင်ချိန်လည်း မပြည့်လို့ ဆေးရုံတင်လိုက်ရတယ်။

မေးခွန်းကြီး တခုကတော့ မွေးလာတဲ့ သမီးလေး Nadine အတွက် နိုင်ငံသားဖြစ်ဘို့ Place of Birth ဘာလဲ။ မအေက အီဂျစ်သူ၊ ကိုင်ထားတာက အမေရိကန် (ပတ်စ်ပို့တ်)၊ လေယာဉ်က ဗြိတိန်ကနေထွက်၊ သွားတာနေက အမေရိကန်ကို၊ မွေးတာက လေထဲမှာ။ မွေးမွေးချင်း ဆေးရုံတက်ရတာက ကနေဒါ။ ဘယ်လ်ဂျီယမ် လေထဲ မွေးရင် မိဘ တဦးဦးက ဘယ်လ်ဂျီယမ် ဖြစ်မှ နိုင်ငံသားရတယ်။

အမေရိကန်မှာတော့ သူ့ပိုင်နက် US territories ထဲ မွေးတဲ့ကလေးဟာ အမေ-အဖေတွေက ဘယ်နိုင်ငံသားတွေ ဖြစ်နေနေ US citizens နဲ့ နိုင်ငံခြားသားဆိုရင် Dual citizenship ဖြစ်သွားတယ်။ မှတ်တမ်းတွေမှာ အစောဆုံး ပြောနိုင်တဲ့ လေယာဉ်ထဲ မွေးတဲ့ ကလေးကို ၂၉-၃-၁၉၃၁ မှာ Mrs. Alex Miller ကနေ Royal Canadian Air Force ပိုင် လေယာဉ်ထဲ ပေ ၄ဝဝဝ အမြင့်မယ် မွေးခဲ့တယ်။

နာမယ်ပေးတော့ Lindbergh Wright Cook Miller တဲ့။ ဘာလို့လဲဆိုတော့ ၁၉၂၇ တုံးက တယောက်ထဲနဲ့ Atlantic သမုဒ္ဒရာ ဖြတ်သန်း ပျံသန်းသူနဲ့ လေယာဉ် တီထွင်သူတွေကို ဂုဏ်ပြုတာပါ။ ၁၆-၁၁-၂ဝ၁ဝ နေ့က ကနေဒါနိုင်ငံသူ ၁၈ နှစ်အရွယ် Louisa Pilurtuut ဆိုသူကနေ တလစော မွေးတဲ့ Baby William ဟာ Free pass for life, aboard Air Inuit တသက်လုံး လေယာဉ် အခမဲ့ စီးခွင့် ရသွားခဲ့တယ်။

ကနေဒါသားလို ကံမကောင်းသူကတော့ ၈-၇-၂ဝ၁ဝ မှာ Turkmenistan ကနေ အိန္ဒိယကို ပြန်လာတဲ့ အိမ်ထောင် မပြုရသေးတဲ့ ၂၅ နှစ်အရွယ် မကုလားမဟာ ကလေးကို လေယာဉ်ထဲ မွေးပြီး၊ Washroom ထဲ စွန့်ပြစ်ထားခဲ့လို့ Amritsar လေဆိပ်မှာ အဖမ်းခံလိုက်ရတယ်။

Dr. တင့်ဆွေ
 

တံခါးပေါက် ပိတ်စရာမလိုတဲ့ နိုင်ငံ

ဥရောပတိုက် အလယ်ပိုင်းမှာ တည်ရှိတဲ့ လစ်သမ်စတိန်းလို့ အမည်ရ တဲ့ နိုင်ငံ ငယ်လေး ဖြစ်ပါတယ်။ သြစတေးရီးရ နဲ့ ဆွစ်ဇာလန် နှစ်နိုင်ငံ ကြားမှာ ရှိနေတဲ့ နိုင်ငံသေးသေးလေး တစ်ခု ဖြစ်ပါတယ်။ လူဦးရေက ၄ သောင်းဝန်းကျင်ပဲ ရှိပါတယ်။

ယင်းနိုင်ငံမှာ ထူးခြားချက်က အိမ်တံခါးပေါက် ခတ်စရာ မလိုခြင်း ဖြစ်ပါ တယ်။ သော့ခတ်တဲ့ အလေ့အထကို မကျင့်သုံးကြ ပါဘူး။ အကြောင်းက လစ်သန်စတိန်းမှာ ရာဇဝတ်မရှိလို့ ဖြစ်ပါတယ်။ ၁၅ နှစ်လုံး နေမှ လူသတ်မှု တစ်ခု ဖြစ်ခဲ ပါတယ်။ ၁၉၉၇ ခုနှစ်ဝန်းကျင်လောက် ကပဲ လူသတ်မှု တစ်ခု ဖြစ်ခဲ့ပြီး အရင်ကလည်း ဖြစ်ခဲ သလို၊ ယနေ့အထိလည်း မဖြစ် တဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဒါကြေင့် လစ်သီစတန်းဟာ ကမ္ဘာ့ပေါ်မှာ သော့ခတ်စရာမလိုသော တစ်ခု တည်းသော နိုင်ငံအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။
.
Ref: wiki
  အောင်ခမ်း ( www.innewsmyanmar.com )


https://www.facebook.com/photo.php?fbid=530848493679653&set=a.3510477149930

အသက် ၂၅ နှစ် ကျော်လာချိန်မှာ


သင့်အသက် ၂၅ နှစ် ရှိနေပြီလား။ ဒီအချိန်ဟာ ခန္ဓာကိုယ်တွင်း စနစ်တွေ အားလုံး အပြည့်အဝ ဖွံ့ဖြိုးပြီး အမြင့်မားဆုံး စွမ်းဆောင်နိုင်တဲ့ အချိန် ဖြစ်ပါတယ်။ ဒီအချိန်ဟာ သင်ရဲ့ ကျန်းမာရေးကို ကောင်းမွန်အောင် လုပ်ဖို့ အကောင်းဆုံး အချိန် ဖြစ်တာကြောင့် သင့်ကျန်းမာ ရေးနဲ့ သင့်အနာဂတ်ကို တည်ဆောက်ဖို့ အကောင်းဆုံး အချိန်လည်း ဖြစ်နေပါတယ်။

မျိုးဆက်ပွား စနစ်

အသက် ၂၀ ဝန်းကျင် အရွယ်က မျိုးဆက် ပွားဖို့အတွက် အဖွံ့ဖြိုးဆုံး အချိန်ပါ။ အမျိုးသမီး အများစုက သူတို့ အစစအရာရာ အဆင်ပြေတဲ့ အထိ ကလေးယူဖို့အရေးကို နှောင့်နှေး နေတတ် ပါတယ်။ ဒါကြောင့် အိမ်ထောင်ပြု ထားတဲ့ စုံတွဲတွေက ပဋိသန္ဓေ တားဆေး သောက်ဆေးကို မှီဝဲ တတ်ပါတယ်။ အဲဒီဆေး သောက်နေရင် ဗီတာမင် B1၊ B2၊ B12၊ ဗီတာမင်စီနဲ့ ဇင့်၊ မဂ္ဂနီ ဆီယမ်တို့လို သတ္တုဓာတ်တွေကို မှီဝဲဖို့ လိုပါတယ်။ ဗီတာမင် B6 ကလည်း ရာသီမလာခင် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတချို့ကို ခံစားရတတ်တဲ့ အမျိုးသမီး တွေအတွက် သင့်တော်ပါတယ်။ ရာသီလာစဉ် နာကျင်မှုနဲ့ ရင်သားတင်း တာတွေကို သက်သာစေဖို့အတွက် EPO (Evening Primose Oil) ကို မှီဝဲပေးနိုင်ပါတယ်။

မျိုးအောင်ခြင်း

မျိုးဆက်ပွားစနစ် ကျန်းမာရေး ကောင်းနေဖို့အတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ ခံစားမှုပိုင်းအားလုံး ကျန်းမာနေဖို့ လိုပါတယ်။ အဲဒီလို ကျန်းမာဖို့အတွက် အာဟာရအပေါ်လည်း မူတည်နေပါတယ်။ ကလေးယူမယ်လို့ ကြိုတင် စဉ်းစားထားချိန်မှာ အမျိုးသားရော အမျိုးသမီးကပါ ကျန်းမာ ကြံ့ခိုင် နေအောင် ကြိုးစားထားသင့်ပါတယ်။ စီးကရက်မီးခိုး မရှူမိအောင်၊ အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်ကို အလွန်အမင်း မသောက်ဖြစ်အောင် သတိထားရပါမယ်။ ကျန်းမာရေးကောင်းတဲ့ သုက်ကောင်ရဖို့ မျှတ ကောင်းမွန်တဲ့ အာဟာရ စားပေးဖို့ လိုပါတယ်။ သွပ်(ဇင့်)ဓာတ်က မျိုးဆက်ပွား ကျန်းမာရေးအတွက် အထူးသဖြင့် အမျိုးသားတွေမှာ အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ဖောလစ်အက်စစ်နဲ့ အိုင်အိုဒင်းလို အရေးကြီး အာဟာရတွေ အလုံအလောက် မှီဝဲသင့်ပါတယ်။ စိတ်ဖိစီးမှု၊ အာဟာရချို့တဲ့မှု၊ ကော်ဖီနဲ့ အရက်ကို အလွန်အမင်း သောက်တာ၊ အဝလွန်တာနဲ့ ပိန်လွန်းတာ တွေဟာလည်း ကလေးရဖို့ ခက်ခဲတတ်ပါတယ်။

စွမ်းအင် ထိန်းသိမ်းခြင်း

အာဟာရချို့တဲ့မှုကြောင့် စွမ်းအင်က လျော့နည်း သွားတတ် ပါတယ်။ ဗီတာမင်ဘီ အုပ်စုဟာ စွမ်းအင် ရစေသလို သံဓာတ်ဟာလည်း ခန္ဓာကိုယ် တစ်သျှူးတွေ အောက်ဆီဂျင်ရရှိဖို့အတွက် အရေးပါ ပါတယ်။ လစဉ် ရာသီသွေး ဆင်းနေတဲ့ အမျိုးသမီးတွေမှာ သံဓာတ် ချို့တဲ့ နေတတ်ပါတယ်။ အိပ်ရေး ပျက်တာကလည်း စွမ်းအင် ကျစေသလို အာရုံစူးစိုက်မှုကို လျော့ကျ စေပါတယ်။ အိပ်ချိန်နည်းတာက စိတ်ဖိစီးမှုများစေတဲ့ အချက်တစ်ချက် ဖြစ်သလို စိတ်ဖိစီးမှု များတာကြောင့်လည်း အိပ်ရေးပျက်တတ်ပါတယ်။

စိတ်ဖိစီးမှု ထိန်းချုပ်ခြင်း

စိတ်ဖိစီးမှုက လူတိုင်းအပေါ် သက်ရောက်မှုရှိပေမယ့် တစ်ဦးနဲ့တစ်ဦး တုံ့ပြန်မှု ချင်းတော့ မတူပါဘူး။ ဖိအားများတဲ့ အခြေအနေမှာ အာဟာရကို များများ မှီဝဲ ပေးသင့်ပါတယ်။ အထူးသဖြင့် ဗီတာမင်ဘီ အုပ်စုပါတဲ့ အစာတွေကို စားပေးရင် စိတ်ဖိစီးမှု ဖြစ်စေတဲ့ ဟော်မုန်း ထွက်တာကို လျော့ကျစေပါတယ်။ စိတ်ဖိစီးမှုကို မထိန်းချုပ်နိုင်ရင် ကြွက်သားတွေ ကိုက်ခဲနာကျင်တာ၊ စိတ်က သိကအောက် ဖြစ်တာနဲ့ သွေးတိုးတွေကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို အရက်နဲ့တော့ မဖြေရှင်းပါနဲ့။ လူအများစုက စိတ်ဖိစီးမှုကို အရက်နဲ့ ဖြေရှင်း တတ်ပြီး ၃၅ ရာခိုင်နှုန်းက အရက်ကြောင့် အန္တရာယ် ဖြစ်တတ်ပါတယ်။

အရိုးများ

အရိုး သိပ်သည်းဆ အကောင်းဆုံး အရွယ်ဖြစ်တဲ့ အသက် ၂၅ နှစ်မှာ နောင် ကာလ တစ်လျှောက်လုံး သန်စွမ်းမှုရှိစေဖို့ ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးရ ပါမယ်။ ပြေးတာ၊ လမ်းလျှောက်တာ၊ ယောဂကျင့်တာ၊ ထိုက်ချိ ကစားတာလို လေ့ကျင့်ခန်းတွေက အရိုးပါးရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ်ကို လျော့ကျ စေပါ တယ်။ အသက် ၂၅ နှစ် ကျော်ချိန်မှာ အမျိုးသမီးတွေ အားလုံးကို ကယ်လ်စီယမ်နဲ့ ဗီတာမင် D3 မှီဝဲဖို့ ဆရာဝန်တွေက ညွှန်ကြား တတ်ပါတယ်။

အသားအရေ

အသက် ၂၀ အရွယ်မှာတော့ အသားအရေက သိသိသာသာ ထိခိုက်ပျက်စီးမှု မရှိသေးပါဘူး။ နေရောင်ခြည်ဒဏ်ကို အလွန်အမင်း ခံရရင်တော့ (နေရောင် ကာ ခရင်မ်ကို မလိမ်းရင်၊ နေကာမျက်မှန် မတပ်ရင်) အသားအရေက အရွယ်မတိုင်ခင် ထိခိုက်ပျက်စီးမှု ဖြစ်နိုင်ပါတယ်။ အကောင်းဆုံး ကာကွယ်မှု ကတော့ နံနက် ၁၀ နာရီနဲ့ ညနေ ၄ နာရီအချိန်အတွင်းမှာ အပြင်မထွက်ဖို့ပဲ ဖြစ်ပါတယ်။ ဗီတာမင်အီးကလည်း နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အရေပြား နီမြန်းမှုကို လျော့ကျ စေပါတယ်။ အင်တီ အောက်ဆီးဒင့် တွေဖြစ်တဲ့ ကိုအင်ဇိုင်းကျူ ၁၀၊ ဗီတာမင် အေ၊ စီ၊ အီး၊ ဆီလီနီယမ်နဲ့ စပျစ်စေ့တွေ ဟာလည်း ခရမ်းလွန်ရောင်ခြည်နဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် အရေပြား ထိခိုက်မှုကို ကာကွယ် ပေးနိုင်ပါတယ်။

  လေ့ကျင့်ခန်းလုပ်ခြင်း

အလုပ်များ နေတာကြောင့် ကိုယ်ခန္ဓာ ကြံ့ခိုင် ဖွံ့ဖြိုးအောင် စနစ်တကျ လေ့ကျင့်ခန်း မလုပ် ဖြစ်ရင်တောင် လမ်းလျှောက်ပေးပါ။ ပုံမှန် လမ်းလျှောက် ပေးတာက ကိုယ်နဲ့ စိတ်ကို ကျန်းမာ စေပါတယ်။ ဒါ့အပြင် အရိုးသိပ်သည်း ဆကို ကောင်းစေတာ၊ နှလုံး သွေးကြောစနစ် ကျန်းမာစေတာ၊ ကိုယ်အလေး ချိန် ထိန်းနိုင်တာ၊ အိပ်ရေးဝဝ အိပ်ပျော်တာနဲ့ ပူပင်သောကကို လျှော့ချနိုင် တာစတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)


https://www.facebook.com/photo.php?fbid=531278323636670&set=a.351047714993066.7

အသက် အငယ် ဆုံး ဘီလျှံနာ အမျိုး သမီး


အခုတော့ Facebook ကုမ္ပဏီ မှာ ဆောင်ရွက် မှု ဆိုင်ရာ အရာရှိ ချုပ် အဖြစ်တာ ၀န် ထမ်း
ဆောင်နေတဲ့ Sheryl Sandberg ကို အသက် အငယ် ဆုံး ဘီလျှံနာ အမျိုး သမီး အဖြစ်
Bloomberg စီးပွားရေး မဂ္ဂဇင်းကြီး က ရွေးချယ် လိုက် ပါတယ်။
ကမ္ဘာ အချမ်း သာ ဆုံး အယောက် ၂၀၀ ထဲ မှာ အမျိုးသမီး ၁၇ ယောက် ပဲ ပါဝင် ပြီး
တစ်ကမ္ဘာ လုံးမှာ တော့ ဘီလျှံနာ အမျိုး သမီး ၁၃၈ ယောက် ရှိ ပါတယ်။ 


အရင် က Starbuck၊ Google နဲ့  အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာန ၀န်ထမ်းရေးရာ အရာ ရှိ ချုပ် လုပ်ခဲ့
ဖူးတဲ့ ရှယ်ရီ ဆန်းဘဂ်ဟာ စတော့ ဈေးကွက် မှာ ရှယ်ယာ ၁၂.၃ သန်း ကျော် ဖိုးပိုင် ဆိုင်ပြီး
သူ့  ရှယ် ယာ တွေ ရဲ့  စတော့ တန်ဖိုးဟာ ဒေါ်လာ သန်း ၇၂၀ ဈေးပေါက် ပါတယ်။
Facebook မှာ လည်း ၄.၇ သန်း ကျော် ဖိုး ရှယ်ယာ ပါဝင် ပြီး ဝေါလ်ဒစ္စနေ ရဲ့  ဒါရိုက်တာ
အဖွဲ့  ၀င် အဖြစ် လစာ နဲ့  ခံစားခွင့် တွေ ပေါင်း ရင် သူ ဟာ ၁.၇ ဘီလျှံ ကျော် ချမ်းသာ
တယ် လို့  ဆို ပါတယ်။


ရှယ်ရီ ဆန်းဘဂ် ဟာ “Lean In ဆိုတဲ့ သူ့  ဘ၀ အတွေ့ အကြုံ ကိုစာ အုပ်ရေးသား ခဲ့ ရာ
မှာ လည်း လူကြိုက်များ တဲ့ အမျိုးသမီး စွမ်းဆောင် မှု စာ အုပ် အဖြစ် ရောင်းအား ကောင်း
ခဲ့ ပါတယ်။


၂၀၀၈ ခုနှစ် မှာ Facebook တည် ထောင် သူ Mark Zuckerberg နဲ့  တွေ့ ပြီး Google ကနေ
Facebook ကို ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့ ပါတယ်။
အသက် ၄၄ နှစ် အရွယ် ဟားဗတ် တက္ကသိုလ် ဘွဲ့  ရ ကျောင်းသူ ဆန်းဘဂ် ဟာ သူ့  ပါမေက္ခနဲ့  နောက်
တော့ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီး ဖြစ်ခဲ့သူ လယ်ရီ ဆမ်း မား ကြောင့် အခုလို အောင်မြင်တဲ့
ဘ၀ ကို ရောက်တာ လို့  သူ့  စာ အုပ် မှာ ရေးသားထား ပါတယ်။

http://myawadynews.blogspot.com/2014/01/blog-post_6111.html

သင်အားနာတတ်ပါသလား( မကောင်းသော အားနာခြင်းမျိုးများ)

(၁) စိတ်ထဲ၌ ရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောမထွက်သောအားနာခြင်းမျိုး
စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုးသည်

မကောင်းသော အားနာခြင်းမျိုးဖြစ်သည်။ အောက်ပါ ဥပမာများကို ကြည့်ပါ။
(က) လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ၀ိုင်းထိုင်၍ နေ့လည်စာ စားချိန်တွင်

မျက်နှာချင်းဆိုင် ထိုင်စားနေသူတဦး၏ မေးစေ့တွင် ထမင်းလုံးကပ်နေသည်။

သင်ကပြောရမှာကို အားနာနေသည်။ သင်ပြောလိုက်လျှင် ထိုသူ ရှက်သွားမှာကိုလည်း

စိုးရိမ်နေသည်။

သို့သော် ထိုထမင်းစေ့ ကပ်နေခြင်းကို မြင်နေရသူတိုင်း၏စိတ်တွင်

ကသိကအောက်နှင့် မသက်သာ။

ဤကိစ္စမျိုးတွင် အားနာနေ၍ မပြောခြင်းသည်မကောင်း။

ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းဖြင့်အားလုံးပြေလည်သွားနိုင်သည်။

(ခ) တစုံတယောက်က သင့်ထံမှ ပိုက်ဆံချေးငှားသည်။ တကယ်တော့ သင်က မချေးချင်။
သို့သော် ငြင်းရမှာ အားနာ၍ ချေးလိုက်သည်။ (ပြီးတော့ သင်ကငွေပြန်တောင်းရမှာကိုလည်း အားနာနေဦးမည် ဖြစ်သည်။) ထိုနေ့မှစ၍
ငွေပြန်မရမချင်း သင်မပျော်တော့။

ဤနေရာတွင်လည်း အားနာခြင်းသည် သင်၏ပကတိစိတ်အရင်းခံကို
ကွယ်ဝှက်၍ မပြတ်မသား ဆုံးဖြတ်ခြင်းမျိုးဖြစ်ရာ

ကုသိုလ်မရသည့်အပြင် အကုသိုလ်အား ၀ယ်ယူသကဲ့သို့ဖြစ်သော အားနာခြင်းမျိုးဖြစ်သည်။

ဤနေရာတွင် စကားစပ်လျဉ်း၍ အတွေ့အကြုံတခုကို

ပြန်လည်ဖောက်သည်ချချင်ပါသည်။

တနေ့တွင် မိတ်ဆွေတယောက်အား

စင်ကာပူလေဆိပ်သို့ လိုက်ပို့ရာတွင် မြန်မာလူမျိုးတဦး၏ ငြီးတွားသံကို

အောက်ပါအတိုင်း ကြားခဲ့ရပါသည်။
“စိတ်ညစ်တယ်ဗျာ။ သူ့အိမ်က လမ်းကြုံ ထည့်ပေးလိုက်လို့ 
တလမ်းလုံး လက်မောင်ပြုတ်မတတ် ဆွဲလာရတယ်”
ထိုစကားကို ကြားရသည့်အချိန်မှစ၍ အိမ်ပြန်ရောက်သည်အထိ
တွေးမိတိုင်း အူယားလှသဖြင့် အသံထွက်၍ မရယ်မိအောင် အောင့်ထားရ၏။

လူကြုံပေးသူကလည်း အားမနာပ ထည့်ပေးပြီး၊ သယ်သူကလည်း အားအနာလွန်ကာ
သယ်လာခဲ့ပြီးမှ ကွယ်ရာတွင် စကားတင်းဆို ငြီးတွားနေခြင်း ဖြစ်သည်။

(၂) ကိုယ်ရသင့်ရထိုက်သည်ကို တောင်းဆိုရမှာ အားနာခြင်းမျိုး

ဤသည်မှာ မြန်မာအများစုတွင် ဖြစ်တတ်သော အားနာမှုမျိုး ဖြစ်သည်။

အကြွေးပြန်တောင်းရမည်ကို တွန့်ဆုတ်နေကြသည်။

မိမိ၏ အားလပ်ရက်ခွင့်ကို ယူရန်တွန့်ဆုတ်နေကြသည်။

လူတန်းစီရာ၌ မိမိရှေ့တွင် ကြားဖြတ်၍ တန်းစီသူကိုမလုပ်ရန်ပြောဖို့ဝန်လေးကြသည်။

မိမိနှင့် ချိန်းဆိုထားသောအချိန်တွင်တိကျစွာ ရောက်မလာသူအား ထောက်ပြသတိပေးရန် တွန့်ဆုတ် အားနာနေတတ်ကြသည်။

ဤအားနားခြင်းသည် လောဘနည်းခြင်းကြောင့်လည်းမဟုတ်၊

ခန္တီပါရမီနှင့်ပြည့်ဝနေခြင်းကြောင့်လည်းမဟုတ်။

မြန်မာ့ယဉ်ကျေးမှုဟုကား လုံးလုံးမျှပင်မဆိုသင့်။

ဤအားနာခြင်းမျိုးသည် လူပုဂ္ဂိုလ်တဦးချင်း၏

ကိုယ်ရည်ကိုယ်သွေးနှင့်သာ ဆိုင်ပေသည်။

တခြားအကြောင်းကြောင့် မဟုတ်ဘဲမိမိရသင့်ရထိုက်သည်ကို

မသိလောက်အောင် ထူံ၍ အ၍ န၍သာ ဖြစ်နိုင်ပေသည်။

မိမိတွင် ထိုသို့သော အားနာမှုမျိုးရှိက သတိထား၍ ချေဖျက်သင့်သည်ဟုထင်ပါသည်။

(၃) မိမိတာဝန်နှင့် အားနာခြင်းကို မခွဲခြားတတ်ခြင်း

လူတို့သည် အဖွဲ့အစည်း၊ အသိုင်းအ၀ိုင်းနှင့် နေထိုင်၍

အလုပ်လုပ်ကိုင်သောအခါ မိမိ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်တို့ကို

ဘေးချိတ်၍ မိမိ၏ တာဝန်ကို ကျေပွန်အပ်၏။

သင်၏ အလုပ်ကို ထမ်းဆောင်ရာတွင်အားနာခြင်းကို ဘေးချိတ်ထားရမည်။

သင်သည် ရဲအမှုထမ်းဖြစ်ပါက သင်၏ ဆွေမျိုး၊

မိတ်ဆွေ ရာဇ၀တ်မှု ကျူးလွန်သည်ကို တွေ့လျှင် သင် အားနာ၍မရ၊ ဖမ်းရမည်။

သင်သည် ကျောင်းဆရာဖြစ်က သင့်သူငယ်ချင်း၏သား စာမေးပွဲမဖြေဆိုနိုင်သည်ကို

အားနာသည်ဆိုကာ အအောင်ပေး၍ မဖြစ်။

သင်သည် တရားသူကြီးဖြစ်က သင့်မိတ်ဆွေကိုအားနာ၍ အပြစ်လျှော့ပေါ့ခြင်း

လွှတ်ပေးခြင်း မပြုရ။



တာဝန်နှင့်အားနာခြင်းကို အထက်ပါအတိုင်း ခွဲခြားသင့်သည်ဟု ယူဆမိပါသည်။

ယခုအခါ......့ မြန်မာပြည်တွင် နည်းမမှန်သော အားနာမှုများက နေရာအနှံ့ကြီးစိုးနေရာ ရံဖန်ရံခါ အမှားနှင့် အမှန်ကိုပင် ဝေဖန်ပိုင်းခြားမှု
မရှိနိုင်လောက်အောင်အထိ ဖြစ်နေသည်ကိုပင် ကြုံကြရပေသည်။

သင်သည် ဘတ်စ်ကားစပယ်ယာက နည်းမကျ လမ်းမကျ ဟိန်းဟောက်သည်ကို

မျက်နှာအောက်ချ၍ ခံနေပေမည်။

သင်သည် ဈေးတွင် အသားသည်က အလေးခိုးသည်ကို

သိသိနှင့် ပြန်မပြောဝံ့ဘဲ ငုံ့ခံနေမည်။

သင်သည် ကျောင်းဆရာဖြစ်ကတိုင်းပညာရေးမှူး၏ သမီးမင်္ဂလာဆောင်အတွက်

လက်ဖွဲ့ရန်ဆိုကာ သင့်လစာမှဖြတ်တောက်လိုက်ခြင်းကို ပြန်မပြောဘဲ

ငြိမ်ခံနေမည်။

သင်သည် သာသနာရေးအတွက်

အကြောင်းပြကာ ဘယ်ကမှန်းမသိ၊ ဖြတ်ပိုင်းနှင့် လာရောက် အလှူခံလျှင်

စိတ်မပါဘဲနှင့်လည်း အားနာ၍ ထည့်လိုက်ပေမည်…

..........................စသည့် စသည့် နည်းမမှန်သော

အားနာမှုကြောင့် မြန်မာ့လူ့အဖွဲ့အစည်းတွင် အကျည်းတန် အရုပ်ဆိုးသော

အဖြစ်အပျက်များနှင့် ကြုံတွေ့နေရခြင်း ဆိုလျှင်ပင် လွန်မည်မထင်။



ဤသို့လျှင် မိမိရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းရကောင်းမှန်းမသိ၊

စူးစမ်းရကောင်းမှန်းမသိ၊ မေးမြန်းရကောင်းမှန်းမသိ၊ နည်းမမှန်သော

အားနာမှုနှင့် ကြောက်ရွံ့မှုတို့၏ ပိန်းပိတ်မှုအောက်တွင်

နှစ်ကာလရှည်မြင့်စွာ နေထိုင်လာကြရသောအခါ အင်မတန် ဆိုးညစ်သော လူတစုက

ဤပျော့ကွက်များကို အသုံးချ၍ မိမိတို့၏ အခွင့်အရေးများကို ထိပါးလာသောအခါ

မိမိတို့မှာ တွန်းလှန်နိုင်သော သတ္တိမရှိတော့သော အခြေအနေသို့

ဆိုက်ရောက်သွားတတ်ချေသည်။



ထို့ကြောင့် မြန်မာတို့အနေနှင့် တမျိုးသားလုံးအကျိုးစီးပွားကို
မျှော်တွေးကာ နည်းမှန် လမ်းမှန် အားနာသင့်ကြပေသည်ဟု
ဖတ်ဖူးသမျှစာထဲမှမှတ်မိသမျှကောက်နှုတ်ရေးသားလိုက်ပါသည်။
 
credit to -today myanmar

အရိုးသားဆုံးသော လူသားများ


အခါတစ်ပါးက ဘုရင်ကြီး တစ်ပါးဟာ သူ့ တိုင်းပြည်တွင်းက အခြေနေတွေ အားလုံးကို အနီးကပ်လေ့လာချင်တဲ့ အတွက်သူပုန်းစားယောင် ဆောင်ပြီး မြို့ ရွာ အနှံ့ လျှောက်သွားပါတယ်။

ဘုရင်ကြီးဆိုတော့ သူကိုင်တဲ့ ခွက်က ရွှေသားအစစ်နဲ့ လုပ်ထားတဲ့ ခွက်ပါတဲ့။ ဒါကို အပြင်ကနေ ရွှေခွက်မှန်းမသိအောင်ပွန်းညှက်တွေနဲ့ သုတ်လိမ်းထားပါသတဲ့။

ဒီလိုနဲ့  ဘုရင်ကြီးဟာ လမ်းဘေးလေးမှ ထိုင်ပြီး တိုင်းသူပြည်သားတွေရဲ့ စိတ်ဓာတ်တွေကို လေ့လာဖို့ အတွက် အ၀တ်စုတ်
လေးခင်း ခွက်ကလေးကို အ၀တ်လေးပေါ်တင်ကာ တင်ပါးခွေလေး ထိုင်ချလိုက်ပါတော့တယ်။

အချိန်အနည်းငယ်ကြာတော့ လယ်သမား မိသားတစ်စု သူ့ ရှေ့ က ဖြတ်သွားပါတယ်။ အဲ့ထဲက ကလေးတစ်ယောက်က ပြေးလာပြီး သူ့ အိတ်ထဲက အသပြာငွေလေး တစ်ကျပ် ခွက်ထဲကိုထည့်ပြီး သူ့ ကို ကြည့်ကာ ထွက်သွားပါတယ်။

ခဏကြတော့ သူဆင်းရဲ မိသားစုက ကလေးတစ်ယောက်ကလည်း ဘုရင်ကြီးဆီ ပြေးလာပြီး သူ့ မှာ ရှိတဲ့ မုန့် ဖိုးအသပြာငွေလေးတွေကို ခွက်ကလေးထဲ အကုန်ထည့်လိုက်ပြီး တစ်ချက်ကြည့်ကာ ပြေးထွက်သွားပါတယ်။

ထို့ နည်းတူ သူဌေး၊ သူကြွယ်တွေ၊ ကုန်သယ်တွေ မိသားစုတွေ ဖြတ်သွားတိုင်းလည်း ကလေးတွေက မုန့် ဖိုးငွေလေးတွေကိုလာထည့် သွားကြပြန်ပါတယ်။ လူကြီးတွေ အားလုံးကတော့ ရွှေခွက်နဲ့ တောင်းနေပြီး သူပုန်းစားဟန်ဆောင်ထားတဲ့ ဘုရင်ကြီးကို လှည့်လို့ တောင် မကြည့်ပါဘူးတဲ့။

ဘုရင်ကြီးလည်း ဒီမြင်ကွင်းတွေဟာ သူ့ အတွက် အတွေးတစ်ခုကို ဖြစ်စေပါတယ်။ လူ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ အရွယ်ရောက်ပြီးသော လူတွေအားလုံးသာ ယခုလို ချစ်စရာကောင်းတဲ့ ကလေးစိတ်တွေ မပျောက်ကြသေးရင် ကောင်းမှာပဲလို့  ဘုရင်ကြီးကတွေးမိလိုက်ပါတယ်။

ဘုရင်ကြီးဟာ သူ့ စိတ်တိုင်းကျတဲ့ အဖြေတစ်ခုကို ရသွားရင်ပဲ နန်းတော်ကိုပြန်သွားပါတယ်။ နောက်တစ်နေ့ မှာ နန်းတော် ခန်း
မဆောင်ကြီးမှာ အလှူတစ်ခုကို ထူးခြားစွာ ကျင်းပစေခဲ့ပါတယ်။ ခန်းမဆောင်ကြီးရဲ့ နဖူးစီးမှာ စာတန်းတစ်ခု ကပ်ထားပါတယ်။
ဒီစာတန်းကတော့ " အရိုးသားဆုံးသော လူသားများ " အတွက်ပါတဲ့လေ။

ဒီစာတန်းကြီးကို မြင်တော့ လူကြီးတွေက ဘယ်သူမှ မ၀င်ရဲကြပါဘူးတဲ့လေ။ သို့ သော် ကလေးတွေကတော့ အလှူဆိုတာနဲ့ 
ဒုန်းဆိုင်းပြေးလာကြပြီး မြိန်ရေ၊ယှက်ရေ ၀င်ရောက် စားကြပါသတဲ့။

ကလေးတွေဟာ သူတို့ တွေ့ တဲ့သူဟာ ပြည့်အရှင် ဘုရင်လို့ လည်း မသိကြပါဘူး။ သူတို့ ထည့်တဲ့ ခွက်က ရွှေခွက်ဆိုတာလည်းမသိကြပါဘူး။ ဒါပေမယ့် သူတို့ ရဲ့ ဖြူစင်တဲ့ စိတ်ထား၊ လောကပေါ် ရိုးသားစွာ မြင်တဲ့ အမြင်တွေက အတုယူဖွယ်ပါ။ လူသားတိုင်း
ရိုးသားကြတဲ့ ကလေးစိတ်လေးတွေ ရှိနေကြပါစေ။
 

သမိုင်းတစ်လျှောက် ရက်အတိုဆုံး လတစ်လ


သမိုင်းတစ်လျှောက် ရက်အတိုဆုံး လတစ်လ ရှိခဲ့ပါတယ်။ ယင်းကတော့ ၁၇၅၂ ခုနှစ်ရဲ့ စက်တင်ဘာလ ဖြစ်ပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့ကနေ ၁၄ ရက်နေ့ကို ရုတ်တရက် ရောက် သွားမှုပါ။ ကြားမှာ ၁၁ ရက်တောင် ပျောက်သွား ပါတယ်။ အကြောင်း ကတော့ ရိုမေနီးယား ဂျူးလီးယက် ပြက္ခဒိန် ကနေ ဂရီဂိုးရီးယမ်း ပြက္ခဒိန် ကို ပြောင်းလဲသွားလို့ ဖြစ်ပါတယ်။ အင်္ဂလန်ဘုရင် ရဲ့  အမိန့်ချမှတ်မှုကြောင့် ၁၁ ရက် ကို ပယ်ဖျယ်လိုက်ခြင်းဖြစ်ပြီး ယင်းလအတွက် လစာကိုယ်တော့ အားလုံး အပြည့်အဝ ရခဲ့ကြပါတယ်။

အဲ့မှာ တစ်ခု အငြင်းပွားစရာ ရှိလာပါတယ်။ ဂျူးလိယက် ပြက္ခဒိန် မှာက ဧပြီလ ဟာ နှစ်တစ်နှစ်ရဲ့  အစ ဖြစ်ပါတယ်။ Gregorian Calendar မှာတော့ ဇန်နဝါရီလက နှစ်တစ်နှစ်ရဲ့  ပထမလ ဖြစ်ပါတယ်။ သို့ပေမယ့် အဟောင်းနဲ့ မှတ်သားမှု အကျွမ်းတဝင် ရှိနေသူများက ဧပြီလမှာကို နှစ်သစ်ကူး ပွဲ (Happy New Year) ကျင်းပကြပြီး ဇန်နဝါရီလမှာလည်း ကျင်းပသူ အနည်း နဲ့ အများရှိခဲ့ပါတယ်။

ဒါကြောင့် ဧပြီလ ၁ ရက်နေ့မှာ နှစ်သစ်ကူးပွဲ ကျင်းပသူတွေကို အရူး ဖြစ် တယ်လို့ မိန့်လိုက်တဲ့ ဘုရင်ရဲ့ စကားကြောင့် ဧပြီလ ရက်နေ့ ကို အရူးတွေ ပျော်တဲ့နေ့အဖြစ် အသိအမှတ်ပြုလိုက်ပါတယ်။ ဒါကြောင့် မို့ April Fool's Day ဆိုတာ ဖြစ်ပေါ်လာရပါတယ်။ ဧပြီ ၁ ရောက်တိုင်း တစ်ယောက် နဲ့ တစ်ယောက် အရူးလုပ် ပြောဆိုခြင်း၊ စနောက်ခြင်း ကို ပြုလုပ်ကြပြီး Apirl Fool's Day ဟာ ယနေ့တိုင် ရာဇဝင်တွင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
.
Ref: dyknow

အောင်ခမ်း ( ရိုးရာလေး )


https://www.facebook.com/photo.php?fbid=531418310289338&set=a.35104771499306

Facebook မှာ Dislike buttom မပါရခြင်းအကြောင်း


အချို့ က မေးကြပါတယ်။ Facebook မှာ Like button ပါပြီး ဘာလို့ မကြိုက်တဲ့ ( Dislike) Button မပါတာလဲတဲ့။ ရှင်းရှင်းပြောရရင် Facebook က မထည့်ပေးလို့ပေါ့။ မထည့်ပေးရတဲ့ အကြောင်းအရင်းက ဒီလိုပါ။

Youtube မှာဆိုရင် ကြိုက်ရင် ထောင်နေတဲ့ လက်မ (Like) ကိုနှိပ်နိုင်ပြီး မကြိုက်ရင် လက်မအောက်ဆိုက် ( Dislike) ကို နှိပ်နိုင်ပါတယ်။

အကြောင်းကတော့ သူက Video Sharing Website မို့ပါ။ ဒီတော့ ဝေဖန်မှု များကို လိုသလိုတောင်းဆိုလို့ ရပါတယ်။ မကြိုက်ရင် Comment box ပိတ်ခြင်း၊ Like box ပိတ်ခြင်းတောင် လုပ်ဖို့အတွက် Youtube က Option ပေးထားပါတယ်။ Facebook ကို ပြန်ကြည့်ရအောင်..

Facebook ကျတော့ Social Network တစ်ခုပါ။ အလွယ်အားဖြင့် လူအများ တစ်နေရာတည်းမှာ စုံစည်းပြီး ဒုတိယ ကမ္ဘာ (Virtual World) တစ်ခုအဖြစ် တည်ဆောက်နိုင်စေဖို့ ဖြစ်ပါတယ်။ ပထမ ကမ္ဘာပဲ ဖြစ်ဖြစ်၊ ဒုတိယ ကမ္ဘာပဲ ဖြစ်ဖြစ် ဘယ်သူ့မဆို ကိုယ့်ကို မကောင်းပြောတာနဲ့ ရန်ရှာတာတော့ မခံချင်ဘူးလေ။ တစ်နည်းပြောရင် Cyber Bullying ကိုပေါ့။

Facebook က လူတစ်ဦးတစ်ယောက်ချင်းစီအတွက် လုပ်ချင်ရာလုပ်၊ ပြောချင်ရာပြောဖို့ အတွက် လုပ်ပေးထားတဲ့ နေရာလေ။ ဒါကိုမှ တစ်စုံတစ်ယောက်ကို ထိခိုက်နေပြီ၊ တိုက်ခိုက်နေပြီ ဆိုတာတွေ မြင်ရင် Facebook က သူ့ဆီ တိုက်ရိုက် Report တင်လို့ရမယ့် Option ကို ပေးထားပါတယ်။

တစ်စုံ တစ်ယောက် Cyber bully လုပ်နေပီ၊ Abuse လုပ်နေပြီ၊ မဟုတ်မမှန် သတင်း လျှောက်ဖြန့်ချိနေပြီဆိုရင် သူ့ဆီ တိုက်ရိုက် အကြောင်းကြား ဖို့အတွက် Post တိုင်းမှာ Option ပေးထားပါတယ်။ နောက်ဆုံး Post တစ်ခုချင်းစီမဟုတ်တော့ပဲ Account တစ်ခုလုံး Page တစ်ခုလုံးကို Report လုပ်လို့ရမယ့် အထိတောင် Facebook က UI ပေးထားပါတယ်။

အဲ့လိုမဟုတ်ပဲ Dislike button သာထည့်ထားရင် ကိုယ့်ကိုယ် ကို သေကြောင်းကြံစည်တဲ့ သတင်းတွေ စည်ကားနေလောက်မှာပါ။

ဒီတိုင်းရှိနေတာတောင် Facebook ကြောင့် စိတ်ဓာတ်ကျဆင်းခြင်း၊ စိတ်ရှုပ်ခြင်း နဲ့ အခြားသော ပြဿနာ အမျိုးမျိုး ရှိနေတာ ကိုယ်ရဲ့  လုပ်ဆောင်ချက်တွေကို တစ်ဦးတစ်ယောက်က စလို့ အားလုံးက ဝိုင်းပြီးတော့ လက်မအောက်ဆိုက် ခလုပ်လိုက်နှိပ်နေရင် ကိုယ့်ကို ယင်းလူမှုပတ်ဝန်းကျင်ကနေ ဖယ်ခွာပစ်လိုက်တာနဲ့ အတူတူပါပဲ။

ရှင်းရှင်းပြောတော့ ဝိုင်းနှိပ်ကွပ်တဲ့ သဘောပေါ့။ Youtube တောင် Dislike ကြည့်ပြီး ဝမ်းနည်းနေကြတာ။ ကိုယ့်ရဲ့ Personal Facebook အကောင့်လေးမှာ Dislike တွေသာ စီတန်းနေရင် သူ့ဘဝအတွက်က ရင်လေးစရာပါပဲ။

ဒါကြောင့် Facebook က Dislike Button မထည့်ရခြင်းပါ။ ကိုယ့် အပေါင်းအသင်း မိတ်ဆွေများကို အားပေးစကား ပြောရင်၊ ခင်မင်ရင်းနှီးမှု အသစ်တွေ တည်ဆောက်ရင်း အေးချမ်းသာယာတဲ့ ဒုတိယ ကမ္ဘာ (Virtual Wrold) တစ်ခု တည်ဆောက်နိုင်အောင် အသိပညာရေး ရေးသားမျှဝေ လိုက်ရ ပါတယ်။

  အောင်ခမ်း ( smart.com.mm )
Smart Pro Journal


https://www.facebook.com/photo.php?fbid=531402786957557&set=a.351047714993066.7

Huawei ဖုန်းတွေ ကောင်းမကောင်း စစ်မယ်

မသိသေးတဲ့ MMSD ကဘော်ဘော်တွေ အတွက်ဗဟုသုတအဖြစ် ဝေမျှပေးလိုက်ပါတယ် ။ ကိုယ်ကိုတိုင် ဖုန်းသွားဝယ်ရင် အလွန်အသုံးဝင်ပါတယ် ….။ ဓါတ်ပုံ တင်ပေးဖို့ကို လိုင်းမကောင်းလို့ Huawei ကိုင်တဲ့ဘော်ဘော်တွေ ကိုယ့်ဖုန်းကိုယ် စမ်းကြည့်လိုက်ကြပါတော့နော် …..။

ပထမဆုံး ဖုန်းခေါ်တဲ့နေရာမှာ *#*#2846579#*#* လို့ရိုက်ထည့်လိုက်ပါ ။
ရိုက်ထည့်လိုက်ရင် MMITest_II , ProjectMenu , MMI Function Test ဆိုပြီးပေါ်လာပါလိမ့်မယ် ။
အဲ့ဒီ့ MMITest_II ဆိုတဲ့ဆီမှာ ကျွန်တော်တို့ စမ်းချင်တာတွေ အကုန်စမ်းကြည့်လို့ရပါတယ် ။အထူးသဖြင့် Touch ကောင်းမကောင်း နားကြပ် အလုပ် လုပ်၊မလုပ် စသည်ဖြင့် စမ်းလို့ရပါတယ် ……။
ဘာတွေပါမလဲဆို၇င်တော့ …..

1 . SD card test
2 . SIM card test
3 . Keypad test
4 . LCD backlight test
5 . Keypad LED test
6 . Camera test
7 . Touch screen test
8 . Appproach sensor test
9 . Environment light sensor test
10 . Vibrator test
11 . Speaker test
12 . Receiver test
13 . Mobile phone mic loopback test
14 . Mobile phone headset loopback test
15 . FM test
16 . Headset wire control test
17 . Bluetooth test
18 . Gravity sensor test
19 . Wifi test
20 . Other ……….

#Laminmaung

မြန်မာ့မြို့/ရွာ/ဒေသများ၏ ရှေးဟောင်းအမည်များ

ကန္တာရ၀တီ >>>>> ကယား
ကမ္ဘောဇ >>>>> ရှမ်း
ကုသိနာဂရ >>>>> ပုသိမ်
ကေတုမတီ >>>>> တောင်ငူ
ကေလာသ >>>>> တောင်၊ ကျိုက်ထိုဘီးလင်းတောင်ဘက်
ကောသမ္ဘီ >>>>> ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်
ခေမရဋ္ဌ >>>>> ကျိုင်းတုံ
ခေါသန္တီ >>>>> မြင်းမြေ၊ ရွှေဘိုအနီး
ခတ္တိယ >>>>> ဧရာဝတီမြစ်ဝကျွန်းပေါ်
ဂန္ဓာရ >>>>> စိန့်၊ ကချင်ပြည်နယ်
စေတုတ္တရာ >>>>> စလင်းအနောက်ဘက်
စိနရဋ္ဌ >>>>> ကချင်ပြည်နယ်
စန္ဒပူရ >>>>> မဏိပူရဘက်နယ်စပ်
စမ္ပာနဂရ >>>>> သပိတ်ကျင်းမြောက်ဘက်
ဇေယဝဍ္ဎန >>>>> တောင်ငူနယ်
ဇေယျပူရ >>>>> စစ်ကိုင်း
ဇောတိနုဂရ >>>>> ကျိုင်း ဟုံ ကြီး စိ စွမ် ပန္နား လူ ၁၂ နယ်
တတ္ထဒေသ >>>>> ခန်းခြောက်မြေ၊ ပုဂံနယ်
တမ္ပဒီပ >>>>> ဧရာဝတီမြောက်ပိုင်း
ဓညဝတီ >>>>> မြောက်ဦး
ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ >>>>> မြစ်ငယ်
ဒွာရာဝတီ >>>>> သံတွဲ
နဂရာဇာ >>>>> နဂရစ်
ပဉ္စာလရာဇ် >>>>> တကောင်း
ပဌမနဂရ >>>>> မကွေးတောင်ဘက်
ပေါက္ကရ၀တီ >>>>> ရန်ကုန်
မဟာနဂရ >>>>> မွန်ငယ်
မစ္ဆဂီရိ >>>>> ချင်းတောင်တန်း
မေဃဝတီ >>>>> မာန်အောင်
မိတ္ထီလာ >>>>> မိတ္ထီလာ
ယက္ခပုရ >>>>> သထုံ
ယောနက >>>>> ယော
ရတနပုရ >>>>> အင်းဝ
ရတနာပုံ >>>>> မန္တလေး
ရာဇဂြီဟ >>>>> ကလေးအနီး
ရာမညဒေဝ >>>>> မွန်ပြည်နယ်
ရမ္မာဝတီ >>>>> ရမ်းဗြဲ
ရတနာသိင်္ခ/ရတနာသိင်္ဃ >>>>> ရွှေဘို
ဝေဘာရာ ဝေပုလ္လ >>>>> ကျောက်ဆည်အရှေ့ရိုး
ဝေသာလီ >>>>> မြောက်ဦးအနီး
ဝိမဏု >>>>> ဗိဿနိုး၊ တောင်တွင်းကြီးအရှေ့
သလ္လဝတီ >>>>> ချင်းတွင်းမြစ်
သာကေတ >>>>> ရန်ကုန်
သာဂရ >>>>> ဆွာအနီး
သာယာဝတီ >>>>> သုံးဆယ်အနီး
သိရီခေတ္တရာ >>>>> မော်ဇာ
သိရီပစ္စရာ >>>>> ပုဂံအနီး
သိင်္ဂုတ္တရ >>>>> ရွှေတိဂုံကုန်းတော်
သုနာပရန္တ >>>>> ဧရာဝတီမြစ်မြောက်ဘက်
သုဓမ္မဝတီ >>>>> သထုံ
သုဝဏ္ဏဘူမိ >>>>> တိုက်ကုလား၊ အရက်သမ၊ ဝင်က
သင်္ဃဿနာရ >>>>> တကောင်း
ဟရိပုဉ္စ >>>>> မွန်ပြည်နယ်/ ထိုင်း
ဟံသာဝတီ >>>>> ပဲခူး
အမရပူရ >>>>> တောင်မြို့
အရိမဒ္ဒနပူရ >>>>> ပုဂံ
အသီတဉ္စန >>>>> ရန်ကုန်
အလ္လကပ္ပ >>>>> စစ်ကိုင်းအနီး
အာဠဝတီ >>>>> မြစ်ကြီး
သြရိဿ >>>>> ပဲခူး
ဥက္ကလာပ >>>>> ရန်ကုန်

လိုတာလေးများထပ်ဖြည့်စွက်ပေးခဲ့ကြပါ


https://www.facebook.com/photo.php?fbid=529434647154371&set=a.351047714993066

လူ့ဘဝ၏အောင်မြင်တိုးတက်ခြင်းသို့သွားရာလှေခါး(၃၀)ထစ်


၁။ ကတိအပေးနည်းပါစေ။
 
၂။ အမှန်ကို အမြဲပြောပါ။
 
၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။
 
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
 
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ
 
၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။
 
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။

၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။
 
၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။
 
၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
 
၁၁။ အကျင့်စာရိတ္တကောင်းခြင်းမွန်သည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကိုဖြစ်စေသည်။
 
၁၂။တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။
 
၁၃။သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည်သင့်၏ကျေနပ်မှုနှင့်လုပ်ငန်းအပေါ်မှာမူတည်ပါလိမ့်မယ်။
 
၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။
 
၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်၍်ပြောပါ။
 
၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။
 
၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။
 
၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်။
 
၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။
 
၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။
 
၂၁။ မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည် ထိုက်တန်စွာအောင်မြင်ခြင်းဖြစ်၏။
 
၂၂။ ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည်
နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။
 
၂၃။သင့်အပြုအမူဆောင်ရွက်ချက်မှလွဲ၍သင့်အကျင့်စာရိတ္တကိုထိခိုက်စေမည့်အကြောင်းမရှိနိင်။
 
၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။
 
၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချပါ။
 
၂၆။ကိုယ့်အကျိုးသာကြည့်ပြီးသူတစ်ပါးအကျိုးမကြည့်သောသူများအားမိတ်ဆွေအဖြစ်မပြုသင့်။
 
၂၇။အကျင့်စရိုက်ကြမ်းတမ်းသူများနှင့်အတူတကွမနေသင့်။
 
၂၈။သြဇာအာဏာရှိသူသော်ငြားလည်းယုတ်မာရက်စက်လူမဆန်သူများနှင့်ဝေးဝေးနေသင့်၏။
 
၂၉။သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ် စိတ်နှစ်ဖြာချမ်းသာရ၏။
 
၃၀။ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။