TeamViewer QuickSupport (For Andriod Phone) တဖက်က ဖုန်းကနေ ကို့ဖုန်း ဒါမှမဟုတ် ကွန်ပြူတာတခုခုဆီကနေ အင်တာနက်လိုင်းရှိရုံလေးနဲ့ ၀င် ပြီး ပြုပြပေး လည်းရ, ၀င်မွှေလည်း ရ ပါတယ်



အခုတင်ပေးလိုက်တဲ့ TeamViewer ကတော့ Andriod ဖုန်းတွေအတွက်ပါ။ သူ့ရဲ့ လုပ်ဆောင်ချက်တွေ ကတော့ ဒီလင့်မှာ http://www.zawminthan.com/2013/09/teamviewer-8020768-pro-fully-activated.html ကွန်ပြုတာအတွက်တင်ထားတုန်းက ရှင်းပြထားပါတယ်။ တဖက်က ဖုန်းကနေ ကို့ဖုန်း ဒါမှမဟုတ် ကွန်ပြူတာတခုခုဆီကနေ အင်တာနက်လိုင်းရှိရုံလေးနဲ့ ၀င် ပြီး ပြုပြပေး လည်းရ, ၀င်မွှေလည်း ရ ပါတယ်။ ကို့ဖုန်းကနေတဖက်ကို ကို့ရဲ့ ID လေး ပေးရုံလေးနဲ့ ၀င်လာနိုင်မှာဖြစ်ပါတယ်။

အခုတင်ပေးလိုက်တာကတော့ သူများကကိုယ့်ဖုန်းထဲကို ၀င်လာလို့ရတဲ့ App လေးပါ။ ဆောဝဲလေးကို ဖုန်းမှာ Install ပြီး ကို့ရဲ့ ID လေးပေးရုံနဲ့ တဖက်လူက ကိုယ့်ဆီ ၀င်လာလို့ရပါတယ်။ သိပ်မရှင်းဘူးဆို ရင် အောက်မှာ Video ဖိုင်လေးနဲ့ တင်ပေးထားပါတယ်။ နမူနာကြည့်လိုက်ပါ ။ ကိုယ့်ရဲ့ဖုန်း တခုခု ဖြစ်လို့ ကိုက မလုပ်တတ်ဘူး နားလည်တဲ့သူကိုအကူညီတောင်းပြီး TeamViewer လေးနဲ့ ၀င်လာပြီး ကို့ဖုန်းလေးကို ပြုပြပေးလို့ရပါတယ်။

ကို့ဖုန်းကနေ သူများဆီသွားတဲ့ TeamViewer ကိုတော့ ဒီလင့်မှာ http://www.zawminthan.com/2013/09/teamviewer-for-remote-control-for.html ၀င်ယူနိုင်ပါတယ်။ အခုတင်ပေးလိုက်တဲ့ TeamViewer ကိုတော့ အောက်ကလင့်မှာ ရယူနိုင်ပါပြီ။ Andriod ဖုန်းသုံးသူတိုင်း ရှိထားသင့်တဲ့ App လေးပါ။ Andrid Version 2.3.3 အထက်မှ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးထွက် v7.0.990 လေးကို တင်ပေးလိုက်တာပါ။

စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။

http://www.zawminthan.com/2013/09/teamviewer-quicksupport-for-andriod.html

Admin ဇော်မင်းသန်း
Live Free Online Radio Media (Malaysia)
Website : www.zawminthan.com
Facebook : https://www.facebook.com/zawminthan

Google Play မှ Download ရယူလိုသော App/Game များကို ကွန်ပျူတာအသုံးပြုပြီး Download ရယူနည်း


Google Play က app တွေကို ယခုစာမျက်နှာမှတစ်ဆင့် ဖုန်းမလိုဘဲ app/game များကိုကွန်ပျူတာထဲသို့ တိုက်ရိုက် download လုပ်နိုင်ရန် အလွယ်ဆုံးစီစဉ်ပေးထားပါတယ်။ အောက်က Package name or Google Play URL ဆိုတဲ့ Textbox ထဲမှာ ကိုယ် download ရယူလိုသော app ရဲ့ Google Play link ကိုထည့်ပေးပါ (ဥပမာ- https://play.google.com/store/apps/details?id=com.bit.androsmart.kbinapp&hl=en) ။
ပြီးလျှင် Generate Download Link ကိုနှိပ်ပါ။ စက္ကန့်အနည်းငယ်အတွင်း “Click here to download from……” ဆိုတဲ့ အစိမ်းရောင်ခလုတ်လေးပေါ်လာမှာဖြစ်ပြီး ယင်းခလုတ်ကိုနှိပ်၍ Download ရယူနိင်ပါပြီ။

App/Game များကိုဒေါင်းလော့ရယူနိုင်သောLink

IOS 7 တွင် ဘက်ထရီအား ကြာရှည်ခံအောင်


Smart phone အသုံးပြုကြသူများ မကြာခဏ ကြုံတွေ့နေကြရတဲ့ ပြဿနာကတော့ ဖုန်းဘက်ထရီ ကြာကြာ အသုံးမခံတာပဲဖြစ်ပါတယ်။

iOS 7 ထွက်လာပြီးတဲ့နောက်မှာ တစ်ချို့က iOS 7 သည် အစောပိုင်း iOS version များထက် ဘက်ထရီ ပိုပြီးအကုန်မြန်တဲ့ ပြဿနာရှိတယ်လို့ ဆိုကြပါတယ်။ အဖြေဟာ မှန်တယ် မှားတယ် ဆိုတာထက် သေချာတာကတော့ အခြား iOS များမှာ မပါတဲ့ လုပ်ဆောင်ချက် (features) အသစ်များကို iOS 7 မှာ ထပ်မံဖြည့်စွက်ထားတဲ့ အတွက် ဘက်ထရီ အကုန်မြန်တာနဲ့တော့ ဆက်စပ်မှု ရှိနေနိုင်ပါတယ်။

ဒီလိုအခါမျိုးမှာ iOS 7 ၏ Settings မှာ အနည်းငယ် ပြုပြင်ခြင်းဖြင့် ဘက်ထရီ အစားသက်သာစေနိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
သို့သော် အားလုံးကို အတိအကျ လိုက်နာ လုပ်ဆောင်ရန် မလိုအပ်ပဲ မိမိနှင့် သင့်လျှော်မည့် ပြုပြင်မှုများကိုသာ လုပ်ဆောင် အသုံးပြုနိုင်ပါတယ်။

iOS 7 ရဲ့ လုပ်ဆောင်ချက် အသစ်တစ်ခုဖြစ်သော “Background App Refresh” ကို “Disable” လုပ်ထားခြင်းက ဘက်ထရီ အသုံးချမှု သက်သာစေပါတယ်။ သတိပြုရမှာက “Disable” လုပ်လိုက်တဲ့အခါမှာ Location services ပါ Off သွားမှာဖြစ်လို့ Navigation အသုံးမပြုနိုင်ပါ။

လုပ်ငန်းအတွက် (၇) ချက်




(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။

(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။

(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။

(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ ( သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ )

(၅) အိမ်ငှားမနေနဲ့ - အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။

(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ ( မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ )

(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ ( အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ )

မင်းသိင်္ခ ၏ “ရေမျောကမ်းတင် အောင်ဗဒင်” စာအုပ်မှ ပြန်လည်ဖော်ပြပါသည်။


Ref: ထာဝရအလင်းတန်းများ
 

ရာသီဥတုအအေးဒဏ်ကြောင့်ကြုံရသည့် ကျန်းမာရေးပြဿ နာ




(၁) ဗိုက်တာမင် ဒီချို့တဲ့ခြင်း

လူ့ခန္ဓာကိုယ်တွင် ဗိုက်တာမင်ဒီ ထုတ်လုပ်ရန် နေရောင်ခြည်လိုသည်။ သို့သော် ရာသီဥတုအေးလာသည်နှင့် နေ့တာတိုလာသည်။ရာသီဥတုအေးသောကြောင့် အိမ်ပြင်မထွက်ကြဘဲ အိမ်တွင်းအောင်းနေလေ့ရှိကြရာ နေရောင်ခြည်ထိတွေ့မှုနည်းပြီး ဗိုက်တာမင်ဒီ ချိုတဲ့တတ်သည်။

(၂) ဗိုင်းရပ်စ်ပျံနှံ့ခြင်း

အေးသည့် ရာသီဥတုသည် ခုခံအားကို ကျဆင်းအောင် မပြုလုပ်နိုင်ပါ။ အေးသည့် ရာသီတွင် အိမ်တွင်းအောင်းနေတတ်ကြခြင်းကြောင့် ဗိုင်းရပ်စ် ပိုမိုကူးစက်ခံရလေ့ရှိသည်။

(၃) ကြွက်သားနှင့် အဆစ်များ တောင့်တင်းခြင်း

ခန္ဓာကိုယ်၏ (၇၀) ရာနှုန်းသည် ရေဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ရာ ပတ်ဝန်းကျင်၏ အအေးဓာတ်ကြောင့် အဆစ်တွင်းချော ဆီရည်များ အေးခဲလေ့ရှိသဖြင့် လှုပ်ရှားရ မလွယ်ကူဘဲ တောင့်တင်းလေ့ရှိသည်။

(၄) ရင်ကျပ်ဝေဒနာ

ပတ်ဝန်းကျင်၏ အပူချိန်နှင့် စိုထိုင်းဆ မြင့်တက်လာသည်နှင့် ရင်ကျပ်ရောဂါ ရှိသူများတွင် လေပြွန်ကျဉ်းလာတတ်သည်။ မောခြင်း၊ ရင်ကျပ်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူစဉ် တရွှီရွှီမြည်ခြင်းတို့ ခံစားရတတ်သည်။

(၅) အလှပျက်ခြင်း

အအေးဒဏ်ကြောင့် ဆံသား၊ ဖယောင်းလွှာ ပျက်စီးပြီးဆံသား နှစ်ခွဖြစ်တတ်သည်။
-နွေရာသီတွင် သွေးလှည့်ပတ်မှု များသောကြောင့် လက်သည်းအရှည် မြန်သည်။ အအေးဒဏ်ခံရဖန်များလျှင် လည်သည်းတည်ဆောက်ရန်လိုသည့် Keratin ဓာတ်ကို ခန္ဓာကိုယ် အနွေးဓာတ်ရစေရန် အသုံးပြုရသောကြောင့် လက်သည်းများ ပျော့လာပြီး ကျိုးလွယ်သည်။

Health Updates Journal
 

အဲဒါ ဘာကောင်လဲ ?


အသက် ၈၀ အရွယ် အဘိုးအိုတစ်ဦးဟာ အိမ်ထဲက ဆိုဖာမှာ အသက် ၄၅နှစ်အရွယ် ပညာတတ်သားဖြစ်သူနဲ့ထိုင်နေတုန်းမှာ ရုတ်တရက် ပြတင်းပေါက်မှာ ကျီးကန်းတစ်ကောင် လာနားပါတယ်။ ဖခင်ဖြစ်သူက သားကိုမေးတယ်။ “အဲဒါ ဘာကောင်လဲ သား?” သားကဖြေတယ် “အဲဒါကျီးကန်းပါ အဖေ”။ မိနစ်အနည်းငယ်ကြာတော့ ဖခင်ဖြစ်သူက သားကို ဒုတိယအကြိမ်ထပ်မေးပါတယ်။ “အဲဒါ ဘာကောင်လဲ သား?” သားကဖြေတယ် “အခုလေးပဲ ပြောပြီးပြီလေ အဲဒါကျီးကန်း”။ ခဏအကြာမှာ ဖခင်ဟာ သားကို တတိယအကြိမ် ထပ်မေးလိုက်ပါတယ်။ “သား အဲဒါ ဘာကောင်လဲ?” ဒီတစ်ကြိမ်မှာတော့ သားဖြစ်ရဲ့လေသံထဲမှာ စိတ်ဆိုးသံပါလာပြီး ဖခင်ဖြစ်သူကို မညာမတာပြန်ပြောလိုက်ပါတယ်။ “အဲဒါ ကျီးကန်း…. ကျီးကန်း….”။ ခဏလောက်အကြာမှာ ဖခင်ဟာ သားကို လေးကြိမ်မြောက်ထပ်မေးလိုက်ပါတယ်။ “အဲဒါ ဘာကောင်လဲ သား?” ဒီအကြိမ်မှာတော့ သားဟာ ဖခင်ကို အော်ဟစ်ပြောဆိုပါတော့တယ်။ “အဖေ ဘာကြောင့် ဒီမေးခွန်းကို ထပ်တလဲလဲမေးနေရတာလဲ? ကျွန်တော် အကြိမ်မရေတွက်နိုင်အောင် ပြောပြီးပြီလေ။” “အဲဒါ ကျီးကန်း သိလား” “ခင်ဗျား ဒါလေးမှ နားမလည်နိုင်ဘူးလား?”


ခဏကြာပြီးနောက်မှာတော့ ဖခင်ဖြစ်သူဟာ သူ့အခန်းထဲကိုဝင်သွားပြီး ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ ဒိုင်ယာရီ စာအုပ်လေးနဲ့ပြန်ထွက်လာပါ။ အဲဒီစာအုပ်လေးဟာ သူ့သာမွေးကတည်းက ထိန်းသိမ်းလာခဲ့တဲ့စာအုပ်ပါ။ စာမျက်နှာတစ်ရွက်ကိုဖွင့်ပြီး သူ့ရဲ့သားကို ဖတ်ကြည့်ဖို့ပြောပါတယ်။ သားဖြစ်သူက ဖတ်တဲ့အခါမှာ အောက်ပါစာလုံးတွေကို တွေ့လိုက်ရပါတယ်။

ဒီကနေ့ ကျွန်တော့်သားလေးနဲ့ ကျွန်တော် ဆိုဖာပေါ်မှာထိုင်နေတုန်း ပြတင်းပေါက်မှာ ကျီးကန်းတစ်ကောင်လာနားတယ်။ ကျွန်တော့်သားက အဲဒါဘာကောင်လဲဆိုတာကို ၂၃ ကြိမ်မေးပါတယ်။ ကျွန်တော် ၂၃ကြိမ်လုံးလုံးဖြေပါတယ်။ အဲဒါ ကျီးကန်းဆိုတဲ့ ငှက်ပါဆိုတာကို။ မေးခွန်းတစ်ခုတည်းကိုပဲ ထပ်ခါ ထပ်ခါ သားကမေးလိုက်တဲ့အချိန်တိုင်းမှာ ကျွန်တော်သူ့ကို ကြင်ကြင်နာနာ ပွေ့ဖက်ထားခဲ့ပါတယ်။ ကျွန်တော်လုံးဝကို စိတ်ဆိုးမှုမဖြစ်တဲ့အပြင် ရိုးသားတဲ့ ကျွန်တော့်သားလေးအတွက် ဂရုဏာသက်မိပါတယ်။


ကလေးဖြစ်သူက ၂၃ ကြိမ်တိုင်တိုင် “အဲဒါ ဘာကောင်လဲ?” လို့မေးခဲ့စဉ်က ဖခင်ဖြစ်သူဟာ စိတ်မဆိုးဘဲ ၂၃ ကြိမ်တိုင်တိုင်ဖြေပေးခဲ့တာမှာ ဒီနေ့အချိန်မှာ ဖခင်ဖြစ်သူက သားကို ဒီမေးခွန်းကိုပဲ လေးကြိမ်မေးရုံနဲ့ စိတ်ဆိုး ဒေါသထွက်ပါသတဲ့။


ဒါကြောင့်မို့ သင့်မိဘတွေဟာ အရွယ်ရလာပြီဆိုရင် သူတို့ကို ၀န်ထုပ်ဝန်ပိုးသဖွယ်သဘောထားပြီး မနှစ်မြို့စရာလို့ ကြည့်မြင်မယူဆလိုက်ပါနဲ့။ သူတို့ကို ကျက်သရေရှိတဲ့စကားလေးတွေပြောပေးပါ။ အေးအေးဆေးဆေး ပြောပါ။ သူတို့ကို ရိုရိုသေသေ နှိမ့်နှိမ့်ချချနဲ့ ကြင်ကြင်နာနာပြောဆိုဆက်ဆံပေးပါ။ သူတို့တွေဟာ အတ္တကင်းတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ကျွန်တော်တို့အပေါ်ကို သွန်းလောင်းခဲ့သူတွေပါ။ 


ဒီကနေ့ ကျွန်တော်တို့တွေကို လူ့အသိုင်းအ၀ိုင်းမှာ ရပ်တည်နိုင်အောင်လုပ်ပေးဖို့ သူတို့ဟာ မုန်တိုင်းမမြင် အပူဒဏ်မမြင်နဲ့ တောင်တွေကိုကျော်ပြီး ချောက်ကမ်းပါးတွေကိုဖြတ်လာခဲ့ကြရသူတွေပါ။
ဤစာအား ဝေမျှခြင်းအားဖြင့် ကျွန်တော်တို့၏ အသိစိတ်များကို မြှင့်တင်ပေးကြပါစို့။

Ref: English-မြန်မာ စာပဒေသာ။

Posted by ကိုစိုးနိုင်


https://www.facebook.com/photo.php?fbid=511767072254462&set=a.351047714993066

ကျန်းမာရေးအတွက်ဒီလောက်ကောင်းတဲ့ ကြံရည်တစ်ခွက်



 
 
 ၁- ကျောက်ကပ်ကျန်းမာရေးနှင့်တကွ ကျောက်ကပ်နှင့်ဆိုင်တဲ့
ရောဂါများကိုကာကွယ်နိုင်ပြီး ကျောက်ကပ်ကျောက်တည်ခြင်းမှလဲကာကွယ်ပေးခြင်း
 
၂- လည်းချောင်းနှင့်ဆိုင်သောရောဂါနှင့်တုပ်ကွေးဖြစ်ခြင်းမှလည်း သက်သာစေခြင်း
 
၃- ကင်ဆာရောဂါကာကွယ်မှုနှင့်
အထူးသဖြင့် ရင်သားကင်ဆာသမားများအတွက် ကောင်းမွန်ခြင်း
 
၎- ကိုယ်တွင်းအပုပ်အညစ်များကိုကျစေခြင်း
 
၅- ဖျားနာနေမကောင်းဖြစ်ပြီးလျှင် ကြံရည်သောက်သင့်တဲ့အဓိကအချက်ကတော့
နေမကောင်းဖြစ်ချိန်တွင်ပျောက်ဆုံးသွားသော
ပရိုတိန်းဓါတ်နှင့် သကြားဓါတ်များကိုပြန်လည်ဖြည့်တင်းပေးခြင်း
 
၆- အသားအရည်တွင်မရှိမဖြစ်လိုအပ်တဲ့ ရေဓါတ်ကိုဖြည့်တင်းပေးပြီး
ဝက်ခြံများထွက်ခြင်းမှသက်သာစေခြင်းနှင့် ကြံရည်ကို သင့်မျက်နှာပေါ်မှာ
လိမ်းပြီး မိနစ်ပိုင်းထားပေးခြင်းကို ပုံမှန်လုပ်ပေးခြင်းဖြင့် အိုမင်းရင့်ရော်ခြင်းမှ
ကင်းဝေးစေခြင်း
 
၇- ကယ်လ်စီယမ်၊ကိုဗော့၊ကြေး၊မဂ္ဂနီဆီယမ်၊ဖော့စဖောရပ်၊
ပိုတက်ဆီယမ်နှင့်သံဓါတ်တို့ ပါဝင်ပါတယ်။
 
၈- ဗီတာမင်များအနေဖြင့်လည်း ဗီတာမင် B1,B2,B3,B5 တို့ ပါဝင်ပြီး
အမျှင်ဓါတ်နှင့်ပရိုတိန်းတို့ လည်းပါဝင်ပါတယ်။
 
၉- သင့်လက်သည်းမှာ အဖြူအစက်ကလေးတွေရှိရင်
သင့်အစားအစာထဲမှာသကြားဓါတ်အလွန်နည်းနေတာကြောင့် သကြားပြည့်ဝစွာပါဝင်တဲ့
ကြံရည်ကိုသောက်ပေးခြင်းဖြင့် သင့်လက်သည်းခြေသည်းတွေကို
ပိုမိုတောက်ပြောင်လာစေမှာပါ။
 
၁၀- ကြံရည်ဟာ သင့်သွားအလှနှင့်ကျန်းမာရေးကိုပါထိန်းသိမ်းပေးပြီး
သင့်သွားတွေတောင်ပြောင်စေဖို့ နဲ့ ပိုးစားခြင်းမှကာကွယ်ပေးခြင်းတို့ ကို
လုပ်ဆောင်ပေးပါတယ်။
၁၁- အသားဝါရောဂါဖြစ်ခြင်းမှလည်းကာကွယ်ပေးတာကြောင့်
ယခုပဲလတ်ဆတ်တဲ့ကြံရည်တစ်ခွက်အမြန်သောက်လိုက်ပါ။

Ref: ZK(ကနောင်)

အောင်မြင်လိုသူတိုင်း လိုက်နာရှောင်ကြဉ်ရမယ့် အချက် - ၂၀




၁. စွန့်စားလိုစိတ် မရှိခြင်း။
(Unwillingness to take risks)

၂. ဇွဲမရှိခြင်း။
(Lack of persistence)

၃. ကျေနပ် လွယ်ခြင်း။
(Instant gratification)

၎. ဦးစားပေးလုပ်ဆောင်မှု မရှိခြင်း။
(Lack of priorities)

၅. ဖြတ်လမ်းကို ရှာခြင်း
။(Looking for shortcuts)

၆. အတ္တ၊ လောဘ များခြင်း။
(Selfshness and greed)

၇. ခိုင်မာတဲ့ ယုံကြည်ချက် မရှိခြင်း။
(Lack of conviction)

၈. သဘာဝနိယာမကို ကောင်းကောင်းနားမလည်ခြင်း။
(Lack of understanding of nature's laws)

၉. ကြိုတင်စီစဉ်ပြီး ပြင်ဆင်ဖို့ ဆန္ဒမရှိခြင်း။
(Unwillingness to plan and prepare)

၁၀. ရှာကြံအကြောင်းပြတတ်ခြင်း။
(Rationalizing)

၁၁. အမှားကို သင်ခန်းစာ မယူခြင်း။
(Not learning from past mistakes)

၁၂. အခွင့်အရေးကို မြင်အောင် မကြည့်နိုင်ခြင်း။
(Inability to recognize opportunity)

၁၃. အကြောက်ကြီးခြင်း။
(Fear)

၁၄. ပင်ကိုယ်စွမ်းရည်ကို အသုံးမချတတ်ခြင်း
။(Inability to use talents)

၁၅. စည်းကမ်းလိုက်နာမှု မရှိခြင်း။
(Lack of discipline)

၁၆. မိမိကိုယ်ကို တန်ဘိုးမထားခြင်း။
(Lack of self-esteem)

၁၇. အသိပညာ ဗဟုသုတ ချို့တဲ့ခြင်း။
(Lack of knowledge)

၁၈. ကံကိုယုံကြည်တဲ့ သဘောထားရှိခြင်း။
(Fatalistic attitudes)

၁၉. ရည်ရွယ်ချက် မခိုင်မာခြင်း။
(Lack of purpose)

၂၀. သတ္တိနည်းခြင်း။
(Lack of courage)

သူငယ်ချင်းတို့ရေ………

ဒီအချက် ၂၀-ဟာ Shiv Khera ရဲ့ You Can Win စာအုပ်ရဲ့ အခန်း(၂) Success; Winning stragegies ထဲက ထုတ်နှုတ် ဘာသာပြန် ရေးသားထားတာ ဖြစ်ပါတယ်။ ဒီအချက်ကလေးတွေကို လိုက်နာရှောင်ကြဉ်မယ်ဆိုရင် ဘဝအောင်မြင်ရေးအတွက်
အလွန်တန်ဖိုးကြီးတဲ့ အချက်တွေဖြစ်တာမို့ ဖေါ်ပြလိုက်ခြင်း ဖြစ်ပါတယ်။

ဘဝနဲ့ဆန္ဒ တသားတည်းကျပါစေ…………
လင်းမြတ်(ပန်းတောင်း)

Ref: ဘဝအားမာန်

https://www.facebook.com/photo.php?fbid=511946572236512&set=a.351047714993066.

မလေးရှားက မြန်မာနိုင်ငံသားဟိုတယ်ဝန်ထမ်းရဲ့ ရိုးသားမှု ဂုဏ်ပြုခံရ



          တချို့လူတွေအနေနဲ့ ကောက်ရတဲ့ အဘိုးတန်ပစ္စည်းမျိုးဆိုရင်ပြန်မပေးပဲ ယူထားလိုက်ကြမယ် ထင်ပါ တယ်။ ဒါပေမယ့် မလက္ကာက ဟိုတယ်တခုမှာ အလုပ်လုပ်နေတဲ့ မြန်မာ သန့်ရှင်းရေး အလုပ်သမားကတော့ ဒီလိုမျိုး မဟုတ်ပါဘူး။ အလွန်ရိုးသား ပါတယ်။

တန်ဘိုးကြီး စိန်လက်စွပ်ကို တွေ့ခဲ့ရပေမယ့် ပြန်ပေးခဲ့တဲ့ မြန်မာအလုပ်သမားတဦး အကြောင်း ဒီကနေ့ မလေးရှား နေ့စဉ် သတင်းစာတခုမှာ အပြည့်အစုံ ဖော်ပြထားပါတယ်။

        မြန်မာအလုပ်သမား Mr. Khua Kung Thang က မလေးရှားနိုင်ငံက Hatten Hotel Malacca မှာ သန့်ရှင်းရေး အလုပ်သမား အဖြစ် အလုပ်လုပ်နေသူဖြစ်ကာ စင်ကာပူ အမျိုး သမီးတဦးက
ဟိုတယ်ခန်း တခုမှာ တည်းခိုပြီး ပြန်သွားတဲ့အချိန်မှာ အမေရိကန် ဒေါ်လာ ၁၈၆၀၀ ဝန်းကျင် တန်ဘိုးရှိတဲ့ စိန်လက်စွပ် တကွင်းကို ကောက်ရခဲ့ပါတယ်။

အမည်မဖော်ပြထားတဲ့ စင်ကာပူ အမျိုးသမီးက မလေးရှား နိုင်ငံ Jalan Merdeka အရပ်က Hatten Hotel Malacca ဟိုတယ် မှာ စီးပွားရေး လုပ်ငန်း ကိစ္စနဲ့ ၃ ရက်တာ တည်းခိုသွားခဲ့တာပါ။

    အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံက သန့်ရှင်းရေး အလုပ်သမား Mr. Khua ဟာ ဟိုတယ်အခန်း အတွင်း သန့်ရှင်းရေး ဝင်လုပ်တဲ့အခါမှာ ကုလားထိုင်တလုံး အောက်က အဲဒီ
တန်ဘိုးကြီး စိန် လက်စွပ် ကို တွေ့ ရှိခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ သူက ဟိုတယ်က သူ့အထက်အရာရှိကနေတဆင့် စင်ကာပူအမျိုးသမီး နေထိုင်ခဲ့ပြီး ပြန်ထွက်သွားတဲ့ အခန်းက စိန် လက်စွပ်ကောက်ရတဲ့အကြောင်း အသိပေး အပ်နှံခဲ့ပါတယ်။

နိုင်ငံရပ်ခြားမှာ သွားပြီး အလုပ်လုပ်နေရတဲ့ ရွှေမြန်မာတွေရဲ့ ဂုဏ်ကို သူ့ရဲ့ ရိုးသားမှုနဲ့ အရောင်ပြောင် ထွန်းအောင် လုပ်ပြ လိုက်တာ တကယ် ဂုဏ်ယူစရာ ကောင်းပါတယ်။

ဒါဟာ အမှန်အကန် မြန်မာ့ဂုဏ်ဆောင်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

-အိမ့်သံစဉ် ~
Source : http://blog.irrawaddy.org/2013/12/blog-post_5272.html

ဒီနေရာမှ ကူးယူမျှဝေပါသည်။

ဇနီး ကင်ဆာပျောက်ဖို့ ဘဲလေးစကတ်ဖြင့် ကမ္ဘာပတ်ခဲ့သူ



ဇနီးဖြစ်သူက ရင်သား ကင်ဆာ ရောဂါ သည် ဖြစ်ပြီး အသက်ရှင်ဖို့ အခွင့်အလမ်း နည်းသူ ဖြစ်ပါတယ်။

ပျော်ပျော်ရွှင်ရွှင်၊ ပြုံးပြုံး ရယ်ရယ် နေခြင်းကသာ ရောဂါကို ကုသပေးတဲ့ အကောင်းဆုံး နည်းလမ်း ဆိုတာကို တွေ့ရှိလိုက်ရတဲ့ Bob Carey ဟာ ဇနီးသည် Linda အသက်ဆက်လို့ရအောင် ဘဲလေး စကတ်တစ်ခုနဲ့ ကမ္ဘာ ပတ် ဓာတ်ပုံရိုက်ပါတော့တယ်။ တောင်ဝင်ရိုးစွန်း အအေးပိုင်းဒေသ အပြင်၊ ဥရောပ၊ အမေရိက တိုက်တို့က အလှပံဆုံး ရှုခင်းရှိနေတဲ့ နေရာတွေမှာ ဘဲလေး စကတ် အပန်းရောင် (Tu Tu) ကို ဝတ်ဆင်လို့ ဓာတ်ပုံ အရိုက်ခံ ပါတော့တယ်။

သူ့ပရောဂျက်အောင်မြင်ပါတယ်။ ၂၀၀၃ ခုနှစ်ကစတင်လို့ ဘဲလေး စကတ်နဲ့ ရယ်စရာ ဓာတ်ပုံများ လိုက်ရိုက်လိုက်တာ ၃ နှစ်အတွင်း ချစ်ဇနီးရဲ့  ရင်သား ကင်ဆာ ရောဂါဟာ တကယ် ပျောက်ကင်းသွားပါတယ်။ ယင်း အောင်မြင်မှုကို မှတ်တမ်းတင်ပြီး ယနေ့ Tu-Tu Project အမည်နဲ့ ရင်သား ကင်ဆာရောဂါသည်များ ကယ်တင်ရေး ဖောင်ဒေးရှင်း လုပ်တာလည်း အောင်မြင်ခဲ့ပါတယ်။

Tu-Tu Project ဝဘ်ဆိုဒ်မှ ဘဲလေးစကတ် နဲ့ ရိုက်ထားတဲ့ အလှအပ ဓာတ်ပုံများကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

www.thetutuproject.com

အောင်ခမ်း


https://www.facebook.com/photo.php?fbid=512340702197099&set=a.351047714993066.

ကုလားအုတ်ပင့်ကူ




ကုလားအုပ် ပင့်ကူ (Camel Spider) လို့လူသိများတဲ့ Solifugae အမည်ရ ပင့်ကူဟာ အမြင်မှာ အင်မတန် ကြောက်စရာ ကောင်းပါတယ်။


အဆိပ်ကတော့ လူကိုမသေစေပါဘူ။ သို့ပေမယ့် အန္တရာယ်တော့ ပေးနိုင် ပါတယ်။ တစ်ကိုယ်လုံး ဖြန့်လိုက်ရင် ၁၂ လက်မ လောက်ထိ ကြီးသွားနိုင်တဲ့ အတွက် အရွယ်ကြီး ပင့်ကူ အမျိုးအစားပဲ ဖြစ်ပါတယ်။ ပင့်ကူလို့ပြောပေမယ့် ပုံစံက ပင့်ကူနဲ့တောင် သိပ်မတူချင်ပါဘူး။ ခန္ဓာကိုယ်က ပရွတ်ဆိတ်လိုပဲ အပိုင်းပိုင်းနဲ့ ဖြစ်ပါတယ်။ သို့ပေမ့် ခြေထောင်များတော့ ပင့်ကူးမှန်းတော့ သိသာပါတယ်။ ပုံစံက ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အပြင် အမွှေးမပါတဲ့ Camel spider လည်း ရှိပါတယ်။ သဲကန္တာရမှာ စကော်ပီရံနဲ့ အပြိုင် တိုက်နိုင်တဲ့ အကောင်များ ဖြစ်ပါတယ်။

သူ့ထက် အရွယ်ငယ်တဲ့ မြွေတွေ၊ ကင်းမြီးကောက်တွေကို စားသုံးနိုင်ပြီး အခြားသော တွင်းအောင်း သတ္တဝါများကို စားသုံးပါတယ်။ သဲကန္တာရရှိတဲ့ အပူပိုင်း ဒေသတွေမှာ နေထိုင်ကျက်စားတဲ့ ပင့်ကူကြီး တစ်မျိုး ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki
Aung Kham ( International news for myanmar )

https://www.facebook.com/photo.php?fbid=512237432207426&set=a.351047714993066.7

ဂင်းနစ်မှတ်တမ်းဝင် လက်နှစ်ဖက်မပါသော အမျိုးသမီး လေယာဉ်မှူး



15-12-2013

မွေးကတည်းက လက်မပါပါဘူ။ ဒါပေမယ့် ကတ္ကသိုလ်မှာ စိတ်ပညာ နဲ့ ကျောင်းပြီးခဲ့ပါတယ်။
ခြေထောက်နဲ့ စာရေးပါတယ်။
ခြေ ထောက်နဲ့ ပဲ စားသောက်ပါတယ် စန္တယားတီးတတ်ပါတယ်။ မျက်ကပ်မှန်ထည့်နိုင်ပါတယ်။
အလှပြင် တတ်ပါတယ်။ ကားမောင်းလိုင်စင်ရှိပြီး ကျွမ်းကျွမ်းကျင် ကျင် မောင်းနှင်နိုင်ပါတယ်။

တိုက်ကွန်ဒိုမှာ ခါးပတ်နက်ရထားပါတယ်။14 နှစ် အရွယ်ကတည်းကပါ။

အထူးခြားဆုံး ကတော့ လေယာဉ်မောင်းနှင် နိုင်ခြင်း ဖြစ်ပါတယ်။

သူမဟာ ကမ္ဘာပေါ်မှာ လက်မပါပေမယ့် လေယာဉ်မောင်းလိုင်စင်ရတဲ့ အမျိုးသမီး ပိုင်းလော့ တစ်ဦးအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။

နာမည်က Jessica Cox ပါ။

အမေရိကန်နိုင်ငံ၊ အရီဇီုးနားပြည်နယ်၊ Tucson မြို့ ငယ်က အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။

ခုအချိန်မှာ စိတ်ဓာတ် ကျဆင်းနေသူများကို ပြန်လည်စိတ်ဓာတ်မြင့်တင်ပေးတဲ့
ဖောင်ဒေးရှင်းအဖွဲ့ ထောင်လို့ ကမ္ဘာပတ်နေပါပြီ။

*****သူမဟာ ကြောက် ရွံ့မှု့ ကို ဖယ် ရှားနိုင် သူပါ
လက် ရှိဘဝ ကို စိတ်မပျက်သူပါ။

ကြိုးစားမှု့ကို အကောင် အထည်ဖော်တတ်သူပါ။
ပြီးတော့ မဖြစ်နိုင် ဘူးဆိုတဲ့ စကားလုံးကို မယုံကြည်သူပါ

ငြိမ်းလဲ့

 https://www.facebook.com/photo.php?fbid=512385228859313&set=a.351047714993066.

(၅) ကြိမ်မြောက် SEA GAMES ၊ ရွှေ (၅၇)ခုနဲ့ ပထမ

 
၁၉၆၉ ခုနှစ်က မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ (၅) ကြိမ်မြောက် SEA GAMES( ထိုအချိန်က SEAP GAMES- 5th Southeast Asian Peninsular Games ) ကျွန်းဆွယ် အားကစားပွဲတော် ဖွင့်ပွဲ သမိုင်းဝင်ရှားပါးပုံလေးပါ..

၅ ကြိမ်မြောက် SEAP GAMES ပွဲမှာ
▬▬▬▬▬▬▬▬▬▬▬▬▬
★ မြန်မာ( Burma) ရွှေ (၅၇)ခုနဲ့ ပထမ။

★ ထိုင်း(Thailand) ရွှေ (၃၂)ခုနဲ့ ဒုတိယ။

★ စင်္ကာပူ( Singapore) ရွှေ (၃၁)ခုနဲ့ တတိယ။အသီးသီးရရှိခဲ့ပြီး မြန်မာတို့ရဲ့ (SEAP GAMES)
မျက်မှောက်ခေတ်အခေါ် SEA GAMES ရွှေခေတ်ကာလကြီးလည်းဖြစ်သည်။

ယခုမျက်မှောက်ခေတ်အခေါ် SEA GAMES ဟူသော အမည်ကို ၁၉၇၇ ခုနှစ်မလေးရှားနိုင်ငံတွင်ကျင်းပသည့်(၉)ကြိမ်မြောက်ပွဲတွင်မှာ ပြောင်းလဲခေါ်ဝေါ်ကျင်းပခဲ့ခြင်းဖြစ်သည်။

- Admin Team of YBAM

Photo Credit to : Mech Ko Lay
Posted by ►
www.facebook.com/youngbuddhistassociation.mm


https://www.facebook.com/photo.php?fbid=727275460615802&set=a.322278357782183.

ရင်ဘတ်ထဲက ချစ်ခြင်းများ


နင်သာ...
နားထောင်ပေးမယ်ဆို ပြောချင်တဲ.စကားလုံးတွေ...
အကြောင်းအရာလေးတွေ နားလည်ပေးမယ်ဆို ရှင်းပြချင်တဲ.စကားလုံးတွေ...
စာနာမှုနဲ.ပြန်ချစ်မယ်ဆို ပေးဆပ်စရာ အချစ်တွေ...
ပြန်လာခဲ.မယ်ဆို အရှုံးပေးစရာနဲ.ရင်ဘတ်ထဲမှာ ခွင်.လွတ်ကြင်နာခြင်းတွေ...
ရင်ဘတ်ထဲမှာတော. နင်.အတွက် နေရာအပြည်.ပါပဲ ချစ်သူ....
ဟန်ဆောင်ခြင်းကင်းတဲ. ငါ.ရဲ.ရင်ထဲမှာ
နင်.အတွက် ချစ်ခြင်းအပြည်.တွေ  ရှိနေတယ်
အကြောင်းပြချက် မခိုင်လုံပေမယ့်

ခိုင်လုံတဲ့ အရာတွေ များစွာထဲမှာ

နှလုံးသားရဲ့ဆန္ဒ ပါဝင်တယ်

အေးစက် တဲ့ အမုန်း ကိုပဲ ဖြစ်ဖြစ်

ချစ်ခြင်းရဲ့ အစွန်းတဖက်လို့ ယူဆပြီး မြဲမြဲ ဆုပ်ကိုင်ထားချင်တယ်

အချစ်နှင့်ပတ်သတ်သမျှ အရာအားလုံး အမုန်းမှာတောင် မေတ္တာအပြည့်ရှိတယ်

ချစ်သူ