ရာသီဥတု ဒဏ်ကြောင့် ခြောက်ကပ်ပြီး ခြေဖ၀ါး ကွဲနေသူများ အတွက်ပါ



ရာသီဥတု ဒဏ်ကြောင့် ခြောက်ကပ်ပြီး ခြေဖ၀ါး ကွဲနေသူများ အတွက်ပါ
••••••••••••••••••••••••••••••••••••••••••••••••••••••••

ကျွန်တော်တို့ ခြေဖ၀ါး တွေဟာ ရာသီဥတု ဒဏ်ကြောင့်ပဲ ဖြစ်ဖြစ် ခြောက်ပြီး ကွဲတာတို့ ဖြစ်တတ်ကြ ပါတယ်။ ဒီလိုမျိုး အခြေအနေ မျိုးကို ဘယ်လို ပြန်လည် ကုစားရ မလဲဆိုတာ ဆက်ပြီး ဖတ်ရှုကြ ပါဦး။

ကျွန်တော်တို့ ခြေဖ၀ါး တွေဟာ သဘာဝ အားဖြင့် စိုစွတ်စေတဲ့ အဆီရည်တွေ ထုတ်ပေးလေ့ မရှိပါဘူး။ ချွေးပေါက်တွေကို မှီခိုပြီး ထွက်လာတဲ့ ချွေးတွေနဲ့ ခြေဖ၀ါး တွေကို စိုနေအောင် ထိန်းထားလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ဖြစ်စဉ် မျိုးဟာ တစ်ချို့သော အရာတွေကြောင့် ဖြစ်လေ့ မရှိပါဘူး။ ဆီးချိုရောဂါ၊ Thyroid ရောဂါ၊ အသား အရည်ကို ထိခိုက်စေတဲ့ နာတာရှည် ရောဂါတွေ၊ ခြေလက် ဖောယောင် တတ်တာတွေနဲ့ အ သက်ကြီး ရင့်ခြင်း တို့ဟာ ခြေဖ၀ါးကို ခန်းခြောက် စေတဲ့ အကြောင်း အရင်းထဲမှာ အဓိက တရားခံ တွေပါ။ ဘတ်တီး ရီးယားတွေ၊ ဗီတာမင် ချို့တဲ့တာတွေ၊ ရေနဲ့ တရားလွန် ထိတွေ့တာတွေ၊ ခြေထောက်နဲ့ ဟန်ကျ မဖြစ်တဲ့ ဖိနပ်တွေ၊ ခြေထောက်နှင့် ခြေဖ၀ါးပိုင်း လုံလောက်တဲ့ လေ ပမာဏနဲ့ ထိတွေ့ခြင်း မရှိတာ ကြောင့်လည်း ပုံမှန် စိုစွတ်တာ ခြောက်ခန်းပြီး ခြေဖ၀ါး ကွဲတာမျိုးတွေ ဖြစ်တတ် ပါတယ်။

How to Fix Dry Cracked Feet

အခု ကျွန်တော်တို့ ခြေဖ၀ါးတွေ ကွဲရတဲ့ အကြောင်းအရင်း တွေကို လေ့လာ သိရှိကြ ပြီးပါပြီ။ ဘယ်လို ကုထုံး မျိုးနဲ့၊ ဘယ်လို နည်းလမ်းမျိုးနဲ့ ကျွန်တော်တို့ ခြေဖ၀ါး တွေကို ကုသကြမလဲ။ ဓာတု ပစ္စည်းနဲ့ ဖော်စပ်ထားတဲ့ ဆေးဝါး မှန်သမျှ ရာနှုန်းပြည့် စိတ်မချ ရပါဘူး။ ခြေထောက် လိမ်းတဲ့ လိမ်းဆေးရည် တွေထက် ပိုပြီး စိတ်ချပြီး ဈေးသက်သာတဲ့ အိမ်သုံးကုထုံး တွေကသာ အကောင်းဆုံး အာမခံချက် ရှိတဲ့ နည်းလမ်း တွေ ဖြစ်ပါတယ်။ အဆိုပါ နည်းလမ်း တွေကို ဖော်ပြရရင် အောက်ပါ အတိုင်း ဆောင်ရွက် ကြည့်နိုင် ပါတယ်။

နည်း(၁) - ရှာလကာရည် ပန်းကန်လုံး တစ်ခွက် ပမာဏကို ၂ ဂါလန် ပမာဏ ရှိတဲ့ ခပ်နွေးနွေး ရေနဲ့ ရောလိုက်ပါ။ တစ်ပတ် မိနစ် ၃၀ ကနေ ၄၅ မိနစ် စိမ်ပါ။ ပြီးနောက် ရေစစ်၊ အခြောက်ခံ၊ Moisturizer သုံးပြီး ခြေအိတ် စွတ်ထားပါ။

နည်း(၂) - မုန့်ဖုတ် အမှုန့် Baking Soda ပန်းကန်လုံး တစ်ဝက် ပမာဏကို ၁ ဂါလန် ပမာဏ ရှိတဲ့ ခပ်နွေးနွေး ရေနဲ့ ပျော်ဝင် သွားအောင် ရော လိုက်ပါ။ ရောပြီး ရေထဲမှာ မိနစ် ၃၀ ကနေ ၄၅ မိနစ် အထိ စိမ်ပါ။ ပြီးနောက် ရေစစ်၊ အခြောက်ခံ၊ Moisturizer သုံးပြီး ခြေအိတ် စွတ် ထားပါ။

နည်း(၃) - ၁ ဂါလန် ကနေ ၂ ဂါလန် ပမာဏ ရှိတဲ့ ရေနွေးထဲကို လက်ဖက်ရွက်ဆီ နည်းနည်း ထည့်လိုက် ပါ။ ပြီးနောက် ရေထဲ စိမ်ပြီး ရေစစ်၊ အခြောက်ခံ၊ Moisturizer သုံးပြီး ခြေအိတ် စွတ်ထားပါ။ ဒီနည်း ကတော့ ဘတ်တီးရီးယားလို၊ မှိုလို မျိုးကြောင့် ခြေဖ၀ါး ကွဲတာမျိုး ဆိုပို ကောင်း ပါတယ်။

နည်း(၄) - ၁ ဂါလန်ကနေ ၂ ဂါလန် ပမာဏ ရှိတဲ့ ရေနွေးထဲကို လက်ဖက် စားဇွန်း ၂ ဇွန်းကနေ ၃ ဇွန်း ပမာ ဏရှိတဲ့ Lemon Juice ထည့်ပါ။ ပြီးနောက် ရေထဲစိမ်ပြီး ရေစစ်၊ အခြောက်ခံပါ။

How to Fix Dry Cracked Feet

အထက်ပါ နည်းတွေ အပြင် လှပတဲ့ ခြေဖ၀ါး ပိုင်ရှင်တွေ ဖြစ်ဖို့ အတွက် မှတ်သား ထားရမှာတွေ ရှိပါ သေးတယ်။ ကုမ္ပဏီထုတ် Lotion တွေ အစား သဘာဝ ကရတဲ့ သံလွင်ဆီ၊ အုန်းဆီ၊ ဖယောင်း ဒါမှမဟုတ် မီးဖိုကြောင်သုံး ဆီပဲဖြစ်ဖြစ် အထက် ဖော်ပြပါ နည်းလမ်း မျိုးတွေ သုံးတဲ့ အခါ တစ်စက်၊ နှစ်စက်သော ပမာဏလောက် အနံ့ကောင်းအောင် ထည့်ပြီး စိမ်ကြည့် ကြပါ။ ရေမွှေး ဆီမျိုးကို မသုံးပါနဲ့။ အကြောင်း ရင်းက အသားအရည် အတွက် စိတ်မချ ရလို့ပါ။ အကောင်းဆုံး နည်းလမ်း တစ်မျိုးကတော့ လက်ဖက် စားဇွန်း ၁ ဇွန်း ပမာဏ သံလွင်ဆီကို Lemon Juice အနည်းငယ်နဲ့ ရောပြီး ခြေဖ၀ါးနဲ့ သက်ဆိုင်တဲ့ နေရာတွေ ကို စိမ့်နေအောင် လိမ်းပါ။ ပြီးရင် သန့်ရှင်းတဲ့ ချည်ခြေ အိတ်နဲ့ စွပ်ထားလိုက် ပါ။

အထက်က ဖော်ပြခဲ့တဲ့ နည်းတွေမှာ ခြေအိတ် သုံးရင် ချည်ခြေအိတ်သာ သုံးသင့် ပါတယ်။ ဒါမှ လေ၀င် လေထွက် ရှိပြီး အကျိုးရှိမှာ ဖြစ် ပါတယ်။ ခြေဖ၀ါးတွေ ကွဲလှပါတယ် ဆိုတဲ့ သူတွေအတွက် သိမှတ်ဖွယ်ရာ တွေကို ဖော်ပြပေး ခဲ့ပါတယ်။ ဖြစ်ရတဲ့ အကြောင်းအရင်း တွေကို ကော ပြန်လည် ကုစားရတဲ့ နည်းလမ်း တွေပါ ဖော်ပြပေး ခဲ့တာကြောင့် အသုံးဝင်မှာပါ။ ဖော်ပြပါ သဘာဝနဲ့ ညီညွတ်တဲ့ နည်းလမ်းတွေ အသုံးပြုပြီး စာဖတ်သူ တွေရဲ့ ခြေဖ၀ါး တွေဟာ လှပပြီး နူးညံ့နိုင် ကြပါစေလို့ မျှော်လင့် ပါတယ်ဗျာ။
 

"မေတ္တာကို ထိထိရောက်ရောက် ပွားများပုံ"


               


ပရိကံ မေတ္တာဘာဝနာနှင့် ပတ်သက်၍ သိသင့်
သိထိုက်သည်များကို လေ့လာ နားလည်ပြီးသော
မေတ္တာဘာဝနာ အားထုတ်သူသည် မိမိ မေတ္တာပွါးမည့်
အချိန်ပိုင်းအတွင်း၌ ကြောင့်ကြ ပလိဗောဓများ ကင်းရှင်းအောင် စီမံထားပြီးနောက် မိမိကိုယ်ကို သန့်ရှင်းစင်ကြယ်အောင်
ရေမိုးချိုးဆေးကြော သန့်စင်ပြီးလျှင် တိတ်ဆိတ်သော အချိန်တွင် တိတ်ဆိတ်သော နေရာ၌ စိတ်ရော ကိုယ်ပါ လျှော့ချလျက် ပျော့ပျောင်း သက်သာစွာ ထိုင်ရမည်။ ထို့နောက် ရတနာ သုံးပါး၊
ဆရာသမား မိဘ တို့ကို ရှိခိုးကန်တော့ရမည်။

ပွါးပုံအစဉ် မေတ္တာပွါးရန် အဆင်သင့် ဖြစ်သောအခါ
(၁) မြတ်နိုးကြည်ညို ရိုသေလေးစားအပ်သူ၊
(၂) ချစ်ခင်သော မိတ်ဆွေ၊
(၃) မချစ် မမုန်း သိကျွမ်းရုံမျှ ဖြစ်သူ၊
(၄) ရန်သူတို့ကို တဦးစီ အပေါ်၌ မေတ္တာစိတ်ထား တဖွားဖွား ဖြစ်ပေါ်လာသည်အထိ ကျေပွန်အောင် အကြိမ်ကြိမ် အဖန်ဖန် ဆင်ခြင်ပွါးများပြီးမှ နောက်တဦးကို အစဉ်အတိုင်း ပွါးရသည်။

မိမိကိုယ်ကို သက်သေထားပါ ဖော်ပြပါအတိုင်း
မေတ္တာပွါးမည့်သူသည် ပထမဆုံး "ငါ ချမ်းသာရပါလို၏၊ ငါဆင်းရဲကင်းရပါလို၏" ဟု မိမိကိုယ်ကိုသက်သေအဖြစ် ထားရန် နှစ်မိနစ် သုံးမိနစ်ခန့် ပွါး ရမည်။ ထိုသို့ ပွါးခြင်းဖြင့် "မိမိ ချမ်းသာချင်သလို အခြား သတ္တဝါများလည်း ချမ်းသာလိုကြသည်။ မိမိ ဆင်းရဲကင်းချင်သလို အခြား သတ္တဝါများလည်း ဆင်းရဲကင်းလိုကြသည်" ဟု ကိုယ်ချင်းစာကာ အခြား သတ္တဝါများ၏ အကျိုးစီးပွါးကို လိုလားသော မေတ္တာစိတ်ထား ဖြစ်ပေါ်လာနိုင်ပေသည်။

ပွါးပုံ ယင်းသို့ ပွါးပြီးမှ ပထမဆုံး ပုဂ္ဂိုလ်ဖြစ်သော မြတ်နိုးကြည်ညို ရိုသေ လေးစားအပ်သော ဆရာသမား၊ ဆရာသမားနှင့် အလားတူသော ပုဂ္ဂိုလ်၊ ဥပဇ္ဈာယ် ဆရာ၊ ဥပဇ္ဈာယ်ဆရာနှင့် အလားတူသော ပုဂ္ဂိုလ် တဦးဦးကို အာရုံပြု၍ အမည်ကို ဖော်လျက် "ဦးနာဂ ချမ်းသာပါစေ" ဟု ဖြစ်စေ၊ "ဦးနာဂ ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ" ဟု ဖြစ်စေထိုသူ၏ ချမ်းသာရေး ဆင်းရဲကင်းရေးကို လိုလားသည့် မေတ္တာစိတ်ထား မိမိသန္တာန်၌ ဖြစ်ပွါးလာအောင် ဆင်ခြင် ပွါးများရမည်။

ယင်းသို့ ပွါးရာ၌ ထို ပုဂ္ဂိုလ်၏ စိတ်ထား ကောင်းခြင်း၊ နှုတ်ပြော ချိုသာခြင်း၊ သူတပါးကို ကူညီတတ်ခြင်း၊ အများအကျိုးဆောင်ခြင်း၊ ပေးကမ်း လှူဒါန်းတတ်ခြင်း၊ ကိုယ်ကျင့်တရားကောင်းခြင်း စသော ကောင်းဂုဏ်တို့ကို ဆင်ခြင် အောက်မေ့၍ ပွါးရမည်။

ထိုသို့ ပွါးဖန်များလာ၍ အပွါးခံ ပုဂ္ဂိုလ်ကို သေချာစွာအာရုံပြုလာနိုင်သောအခါ နာမည်ကို မဖော်တော့ပဲ "ချမ်းသာပါစေ၊ ချမ်းသာပါစေ" "ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ" စသည်ဖြင့် လွယ်ကူသလို ပွါးရမည်။ "ဘေးကင်းပါစေ၊ ရန်ကင်းပါစေ၊ အစစ အရာရာ အဆင်ပြေပါစေ" စသော စကားများဖြင့်လည်း ပွါးများနိုင်သည်။ ပွါးစတွင် နှုတ်ကပါ ရွတ်ဆိုဖို့ လိုကောင်း လိုပေမည်။ ပွါးမှု အသားကျလာသောအခါ စိတ်ဖြင့်သာ ဆင်ခြင် ပွါးများရမည်။

တိုးတက်မှု ဤ ပထမ ပုဂ္ဂိုလ်ကို အကြိမ်ကြိမ် အဖန်ဖန် ပွါးခြင်းဖြင့် သမာဓိ ရလာ၍ ကြည်လင်မှု၊ ငြိမ်သက်မှု၊ နှစ်သက် ဝမ်းမြောက်မှု၊ ငြိမ်းအေးမှု၊ ချမ်းသာမှု၊ ကိုယ်စိတ်နူးညံ့မှု စသည်တို့ကို ခံစားလာရသောအခါ အလားတူ ပုဂ္ဂိုလ်တို့ကို တဦးပြီးတဦး ပြောင်း၍ ပွါးရမည်။ ဤသို့ဖြင့် မေတ္တာဈာန်သမာဓိကို ရလာနိုင်၏။

ထို ပထမပုဂ္ဂိုလ် အမျိုးအစားကို ကျေပွန် နိုင်နင်းအောင်ပွါးများပြီးမှ ဒုတိယ၊ တတိယ၊ စတုတ္ထ ပုဂ္ဂိုလ် အမျိုးအစားတို့ကို အစဉ်အတိုင်း ဆက်လက်၍ ပွါးရမည်။

ဩဓိမှ အနောဓိသို့ ထို့နောက်မှ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ တိုင်း၊ နိုင်ငံ ပိုင်းခြား ကန့်သတ်လျက် တဖြည်းဖြည်း အပွါးခံ နယ်ပယ်ကို ချဲ့၍ ချဲ့၍ ပွါးသင့်သည်။ ထို့နောက်မှ တိုင်ကြီး တတိုက်လုံး၊ တကမ္ဘာလုံး တစကြာဝဠာလုံး၊ တလောကလုံး စသဖြင့် တိုးချဲ့ပွါးများလျှင် အပိုင်းအခြား ရှိသော ဩဓိမေတ္တာမှ အပိုင်းအခြား မရှိသော အနောဓိမေတ္တာသို့ ပြောင်းလဲပွါးများပြီး ဖြစ်ပါလိမ့်မည်။

ပဋိသမ္ဘိဒါမဂ် ပါဠိတော်နည်းအတိုင်း အရပ် ဆယ်မျက်နှာ ကို တမျက်နှာစီ ပိုင်းခြား ကန့်သတ်၍ ဒိသာဖရဏ မေတ္တာအဖြစ် ပွါးများပြီးမှ တလောကလုံးကို ပွါးများလျှင်လည်း ပို၍ သင့်လျော်ဖွယ် ရှိပါသည်။

(ဓမ္မဒါန | လူငယ်သင် ချမ်းမြေ့ အခြေပျိုးဗုဒ္ဓဘာသာ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
 

ခွေးရူးပြန်ရောဂါ မဖြစ်ပွားအောင် ကြိုတင် ကာကွယ် သတိပြု နေထိုင်ရန် လိုအပ်

ပွင့်လင်းရာသီ ရောက်ရှိ လာသောကြောင့် ခွေးရူးပြန်ရောဂါ မဖြစ်ပွားအောင် ကြိုတင် ကာကွယ် သတိပြု နေထိုင်ရန် လိုအပ်


ပွင့်လင်းရာသီ ရောက်ရှိလာချိန်တွင် နှစ်စဉ် ဖြစ်ပွားမှု များသည့် ခွေးရူးပြန်ရောဂါ မဖြစ်ပွားအောင် သတိပြု နေထိုင်ရန် လိုအပ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ရောဂါပျံ့နှံ့မှု လေ့လာရေး ဌာနစုမှ တာဝန်ရှိသူတစ်ဦး၏ သတိပေး ပြောကြားချက်အရ သိရသည်။

အဆိုပါ ခွေးရူးပြန် ရောဂါသည် Rabies ဟုခေါ်သည့် ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့် ဖြစ်ပြီး ယင်းဗိုင်းရပ်စ်ပိုး ကူးစက်ခံရပါက ဦးနှောက်နှင့် အာရုံကြောမကြီးသို့ ရောက်ရှိ၍ ရောဂါ လက္ခဏာများ ပြလေ့ရှိကြောင်း၊ ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသည့် တိရစ္ဆာန်က ကိုက်မိခြင်း၊ ခြစ်မိခြင်း၊ ရောဂါရှိသူနှင့် တိရစ္ဆာန်၏ သွားရည်မှ တစ်ဆင့် မိမိခန္ဓာကိုယ်၏ ပေါက်ပြဲနေသည့် အရေပြားနှင့် ထိတွေ့ခြင်း၊ မျက်စိ၊ ပါးစပ်အတွင်းသို့ ရောက်ရှိသွားပါက ရောဂါ ကူးစက်နိုင်ကြောင်း သိရသည်။

''ရာသီဥတုက ဆောင်းရာသီဆိုပေမဲ့ အအေးလျော့တယ်။ ဒီအတွက် ခွေးရူးပြန် ရောဂါဖြစ်ပွား လာနိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန် တွေကိုလည်း ကာကွယ်ဆေး ထိုးထားပေးသင့်တယ်။ အန္တရာယ်ကို ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါ'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ခွေးရူးပြန် ရောဂါနှင့် ပတ်သက်၍ စစ်ဆေး ပေးနိုင်သည့် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းမှာ ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်နှင့် မန္တလေး ဒေသကြီး စဥ့်ကိုင်မြို့နယ်တို့၌သာ ရှိသေးကြောင်း၊ ယင်းအတွက် ရောဂါပျံ့နှံ့မှုကို လေ့လာရာတွင် ၎င်းဒေသ နှစ်ခုအတွင်း တွေ့ရှိ ချက်ကိုသာ နိုင်ငံ အတိုင်းအတာ အဖြစ် သတ်မှတ်၍ မှတ်ယူနေရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ခွေးရူးပြန် ရောဂါကြောင့် သေဆုံးမှုမှာ ၂ဝ၁ဝ ပြည့်နှစ်တွင် ၂ဝ၅ ဦး၊ ၂ဝ၁၁ ခုနှစ်တွင် ၂၄ဝ ဦး အသီးသီး ရှိခဲ့ပြီး နှစ်စဉ်လူဦးရေ ၂ဝဝ ကျော် သေဆုံးမှု ရှိနေသည့် အတွက် ကြိုတင် ကာကွယ်သင့်ကြောင်း သိရသည်။


https://www.facebook.com/photo.php?fbid=510057705758732&set=a.351047714993066.

ကမ္ဘာ့ပထမဆုံး ကွန်ပျူတာ Z3



ကမ္ဘာ့ ပထမဆုံး ကွန်ပျူတာ Z3 ကို Konrad Zuse ဆိုသူက တီထွင်ခဲ့ပါတယ်။
လွန်ခဲ့သော 1940 နှင့် 1945 ခုနှစ် အတွင်းမှာ United Kingdom နှင့် United States နိုင်ငံမှာ တီထွင်ပြု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက ယခုကဲသို့ မဟုတ်ဘဲအခန်းကျယ်ကြီး တစ်ခု အတွင်းမှာ ပြုလုပ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ၎င်းကွန်ပျူတာကို Z3 လို့လည်း ခေါ်ကြပါတယ်။

ထို Z3 လျှပ်စစ်ကွန်ပျူတာ ဒီဇိုင်းကို Konrad Zuse ဆိုသူက
တီထွင်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ထို့နောက် ပထမဆုံး
ပရိုဂရမ်ကို စတင်ပြီး ရေးခဲ့ကြတယ်လို့ ဆိုပါတယ်။

၎င်းကွန်ပျူတာကို ၁၉၄၀ မှာ စတင်တီထွင်ခဲ့ပြီး ၁၉၄၁ မှာ အကုန်လုံး ပြီးသွား ပါတယ်။ သို့သော် ကမ္ဘာ့ပထမဆုံး ကွန်ပျူတာ Z3 သည် ၁၉၄၃ ခုနှစ် အရောက်မှာ ပျက်စီးသွားခဲ့ တယ်လို့ ဆိုပါတယ်။ ထို့ကြောင့် ၁၉၆၀ တွင် နောက်ထပ် ကွန်ပျူတာများကို တီထွင်တယ်လို့ သိရပါတယ်။



ကျော်လင်းနိုင် ( smart.com.mm )


https://www.facebook.com/photo.php?fbid=510019139095922&set=a.351047714993066.

အမျိုးသားများ ဖန်ပြွန်သန္ဓေသား နည်းပညာဖြင့် သန္ဓေအောင်မအောင် ခွဲစိတ်စရာမလိုဘဲ သိနိုင်တော့မည်




မျိုးမအောင်သော အမျိုးသားများအနေဖြင့် ဖန်ပြွန်သန္ဓေသား နည်းပညာကို အသုံးပြုခြင်းအားဖြင့် ကလေးရနိုင်မရနိုင်ကို သိရှိရန် ခွဲစိတ်စရာမလိုဘဲ သိနိုင်မည့် နည်းပညာတစ်ခုကို တွေ့ရှိခဲ့ကြသည်။ ယင်းနည်းပညာအား Toronto ရှိ Mount Sinai Hospital မှ အဖွဲ့တစ်ဖွဲ့က ဦးဆောင်တွေ့ရှိခဲ့ ခြင်းဖြစ်သည်။ ယင်းမှာ သုက်ပိုးထဲ ၌ ECM နှင့် TEX10 ၊ ပရိုတင်း နှစ်မျိုးအား ရှာဖွေခြင်းဖြစ်သည်။ ယင်းပရိုတင်းနှစ်မျိုးမှာ ရှာဖွေရ လည်း လွယ်ကူပြီး ဆက်လက်ကုသမှုများအားလည်း လျင်မြန်စွာလုပ်ဆောင်နိုင်ကြောင်း သိရသည်။ လက်ရှိသုက်ပိုးလုံးဝမရှိသောမျိုး မအောင်သော အမျိုးသားများအား ကုသရာ၌ ခွဲစိတ်၍ ရှင်သန်နိုင်သော သုက်ပိုးထုတ်ခြင်း သို့မဟုတ် အလှူရှင်ထံမှ သုက်ပိုးယူခြင်းတို့ဖြင့် ကုသလျက်ရှိသည်။ ဦးဆောင်သူ အဖွဲ့ခေါင်းဆောင် Dr.keith Jarvi က လူနာများအနေဖြင့် ယခုကဲ့သို့ သုက်ပိုးမှ ပရိုတင်းနှစ်မျိုးအား စစ်ခြင်းအားဖြင့် ခွဲစိတ်၍ ကုသခြင်းမှ ရရှိနိုင်သည့် အချက်အလက်များ အားလုံးရနိုင်သည့်အတွက် ပိုမိုအဆင်ပြေသွားသည်ဟု ပြောကြားခဲ့သည်။



https://www.facebook.com/photo.php?fbid=510071455757357&set=a.351047714993066.7

အချိုရည်အများအပြားသောက်သုံးသူများတွင် အဖြစ်အများဆုံး သားအိမ်ကင်ဆာ ၇၈%ပိုဖြစ်ပွားနိုင်



 

လေ့လာမှုအသစ်တစ်ခုအရ သွေးဆုံးပြီးသူအမျိုးသမီးများတွင် အချိုရည်များသောက်သုံးခြင်းက သားအိမ်ကင်ဆာပိုဖြစ်နိုင်ကြောင်း သတိပေးခဲ့သည်။ ယင်းလေ့လာမှုအား University of Minnesota မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး ၂၃၀၃၉ဦး၏ပြီးခဲ့သော ၁၂လအတွင်း စားခဲ့သည့်အစားအစာ ၁၂၇မျိုးအား စစ်တမ်းကောက်ယူ ၍ရလဒ်များအား အသုံးပြု၍ ယင်းအချက်ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ ရလဒ်များအရ သွေးဆုံးပြီးချိန်၌ ယင်းအချက်ကို ဖော်ပြ ခဲ့ခြင်းဖြစ်သည်။ 

ရလဒ်များအရ သွေးဆုံးပြီးချိန်၌ အချိုလွန်ကဲသည့် ဖျော်ရည်များသောက်သုံးခြင်းက အီစထရိုဂျင်ပေါ်မူတည်၍ ဖြစ်ပွား သည့်အမျိုးအစား(၁)သားအိမ်ကင်ဆာ (Oestrogen -dependent type I endometrial cancer) ၇၈% ပိုမိုဖြစ်ပွားကြောင်း တွေ့ရသည်။ ဆက်လက်၍ လေ့လာချက်များအရ အ၀လွန်သည့်အမျိုးသမီးများတွင်လည်း အင်ဆူလင်နှင့်အီစထရိုဂျင် ပမာဏသာမန်သူများထက် ပိုများနေတတ်ပြီး ယင်းအချက်များကလည်း အထက်တွင်ဖော်ပြခဲ့သည့် သားအိမ်ကင်ဆာပိုဖြစ်နိုင်ကြောင်း တွေ့ရသည်။

အ၀င်း
ref:Netdoctor.co.uk

 https://www.facebook.com/photo.php?fbid=510070475757455&set=a.35104771499306

သူငယ်ပြန်ခြင်း (သို့) မှတ်ဉာဏ်ကျရောဂါ


                    

ဘာသာစကားနှစ်မျိုး ပြောသူတွေမှာ မှတ်ဉာဏ်ကျ၊ မေ့တတ်တဲ့ရောဂါဖြစ်မှုဟာ ဘာသာစကားတမျိုးတည်း ပြောသူတွေထက်စာရင် ကာလတခု နောက်ကျမှဖြစ်တဲ့ ကောင်းကျိုးရှိတယ်လို့ သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံက အသက်အရွယ်ကြီးလာသူတွေမှာ အများဆုံးဖြစ်တတ်တဲ့ ဒီရောဂါက ဦးနှောက်လုပ်ငန်းနဲ့ပတ်သက်နေတာမို့ ဦးနှောက်ကို သွေးသွားလာမှုကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေကို ကာကွယ်သင့်တယ်လို့ သက်ကြီးရောဂါအထူးကုတွေက ထောက်ပြနေကြပါတယ်။ အခြားရော ဘယ်လို ကာကွယ်သင့်ပါလဲ။

အသက်ကြီးသူတွေမှာ ပုံမှန်ဖြစ်တတ်တဲ့ မှတ်ဉာဏ်ကျ၊ မေ့တတ်တဲ့ ရောဂါမျိုးတွေမှာဖြစ်တဲ့ လက္ခဏာတွေ ဘယ်လိုကွာခြားမှုရှိပါသလဲ။ ဒီရောဂါမှာဖြစ်တဲ့ လက္ခဏာတွေ စဖြစ်လာတယ်လို့ သံသယရှိလာရင် ဒီရောဂါဖြစ်ကြောင်း သေချာအောင် သက်ကြီးရောဂါ အထူးကုတွေနဲ့ စစ်ဆေးသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပေး ပြောဆိုပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ဗြိတိန်နိုင်ငံက သက်ကြီးရောဂါအထူးကု ဒေါက်တာဖြိုးကျော်မြင့်ကို ကိုဝင်းမင်းက ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

http://myawadynews.blogspot.com/2013/12/blog-post_7337.html

ကိုယ်ဝန်မရစေရန် Safe Period တွက်ချက်ခြင်း။


                           



အိမ်ထောင်ရှင်တွေ သားသမီးမလိုချင်သေးတဲ့အခါ၊ အမျိုးသားကလည်း အကာအကွယ်မသုံးချင်ဘူး၊ အမျိုးသမီးကလည်းဆေးမသောက်ချင်ဘူးဆိုရင် အကာအကွယ်သုံးတာ၊ တားဆေးထိုးတာသောက်တာလောက် စိတ်မချရပေမယ့် အသုံးပြုလို့ရတဲ့ SAFE PERIOD တွက်ချက်ပုံကိုဖော်ပြပေးလိုက်ပါတယ်။

ပထမဦးစွာ အမျိုးသမီးရဲ့ ရာသီစက်ဝိုင်းကိုသိရပါမယ်။ ဒီနည်းဟာ ရာသီသွေးပေါ်ချိန်မှန်သူတွေဆိုရင် ပိုစိတ်ချရပါတယ်။ ရာသီစက်ဝိုင်းဆိုတာ ပြီးခဲ့တဲ့ရာသီလာချိန်ရဲ့ပထမဆုံးနေ့ကနေ အခုရာသီသွေးပေါ်ချိန်ရဲ့ပထမနေ့ အထိကို ဆိုလိုပါတယ်။ အဲဒီအချိန်အပိုင်းအခြားကို Menstrual Cycle(ရာသီစက်ဝိုင်း) လို့ခေါ်ပါတယ်။

ရာသီစက်ဝိုင်းဟာ တစ်ယောက်နဲ့တစ်ယောက်မတူညီကြပဲ များသောအားဖြင့်တော့ ၂၆ ရက်ကနေ ၃၁ ရက်အထိ ရှိတတ်ကြပါတယ်။

သားဥကြွေခြင်း Ovulation ဖြစ်စဉ်ဟာ ရာသီစက်ဝိုင်းရဲ့ တ၀က်မှာဖြစ်ပေါ်တတ်ပါတယ်။ ဆိုလိုတာက အမျိုးသမီးတစ်ယောက်ဟာ ၂၈ရက်တစ်ခါ ရာသီသွေးပေါ်တတ်ရင် အဲဒီရဲ့တ၀က်ဖြစ်တဲ့ ၁၄ ရက်မှာ Ovulationဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာလည်း တစ်ယောက်နဲ့တစ်ယောက် ကွာခြားမှုရှိနိုင်ပါတယ်။

အဲဒီ Ovulation မတိုင်ခင် ၁ပတ် နဲ့ Ovulation ဖြစ်ပြီး ၁ ပတ်တို့ဟာ ကိုယ်ဝန်ရနိုင်တဲ့ အချိန် Fertile period ပါပဲ။ အဲဒီအချိန်ကလွဲရင် ကျန်တဲ့အချိန်ဟာ စိတ်ချရတဲ့ကာလ SAFE PERIOD လို့သတ်မှတ်ပါတယ်။

ဒါကြောင့် ဒီလို SAFE PERIOD ကိုတွက်ဖို့ဆိုရင် Fertile period ကိုသိရပါမယ်။

Fertile period ကိုတွက်ချက်ခြင်း။

ရာသီသွေးပေါ်ချိန် မှန်သူများအတွက် - ရာသီစက်ဝိုင်း၏ တ၀က်သည် သားဥကြွေချိန်ဖြစ်သည်။ သားဥကြွေချိန်မတိုင်မှီ ၇ ရက် နှင့် ကြွေပြီး ၇ ရက်တို့သည် SAFE PERIOD ဖြစ်သည်။

A--------------------B===========*===========B--------------------A

A = ရာသီသွေးစပေါ်ချိန် / နောက်တစ်ကြိမ်ရာသီသွေးပေါ်ချိန် * =သားဥကြွေချိန်

ရာသီသွေးပေါ်ချိန် မမှန်သူများအတွက်

===== ပြထားသော ကာလသည် ကိုယ်ဝန်ရနိုင်ချိန်Fertile periodဖြစ်၍ ----- ပြထားသောကာလသည် SAFE PERIOD ဖြစ်သည်။

- ရာသီသွေးပေါ်ချိန် အတိုဆုံးအချိန်မှ ၁၈ ရက် နုတ်ခြင်းသည် Fertile period ၏ ပထမရက်ဖြစ်သည်။ - ရာသီသွေးပေါ်ချိန် အရှည်ကြာဆုံးအချိန်မှ ၁၀ ရက် နုတ်ခြင်းသည် Fertile period ၏ နောက်ဆုံးရက်ဖြစ်သည်။

ဥပမာ- အမျိုးသမီးသည် ရာသီသွေးပေါ်ချိန် ၂၆ ရက်မှ ၃၁ ရက်အထိ ကွာခြားတတ်သည်ဆိုပါစို့ ထိုအမျိုးသမီး၏ ရာသီသွေးပေါ်ချိန်အတိုဆုံး ကာလ ၂၆ မှ ၁၈ ကိုနုတ် = ၈ ရက် ထိုအမျိုးသမီး၏ ရာသီသွေးပေါ်ချိန်အရှည်ဆုံးကာလ ၃၁ မှ ၁၀ ကိုနုတ် = ၂၁ ရက်

ထို့ကြောင့် ထိုအမျိုးသမီးအတွက် ရာသီလာချိန် ပထမရက်မှစတင်ရေတွက်လျှင် ၈ ရက်မြောက်နေ့မှ ၂၁ ရက်မြောက်နေ့အထိသည် Fertile period ဖြစ်သည်။ ထိုအချိန်မဟုတ်သည့် အခြားရက်များသည် SAFE PERIOD ဖြစ်သည်။

SAFE PERIOD နည်းသုံးလျှက်နဲ့ပင် ကိုယ်ဝန်ရရှိနိုင်မှု

တစ်နှစ်မှာ လူအယောက် ၁၀၀ ထဲမှာ ၁၁.၉ ယောက် ကိုယ်ဝန်ရနိုင်သည်။ ရာခိုင်နှုန်းအရ ၂၅ % အထိကိုယ်ဝန်ရရှိနိုင်မှု ရှိသည်။

ဤသို့ ကလေးမရစေနိုင်ရန် တားဆီးကာကွယ်မှုများနည်းထဲတွင် သားကြောဖြတ်ခြင်းနည်းမှတပါး အကောင်းဆုံးမှာ အကာအကွယ်(ကွန်ဒုံး) သုံးခြင်းပင်ဖြစ်သည်။ အကာအကွယ်သုံးခြင်းသည် လိင်မှတဆင့်ကူးစက်သောရောဂါများကိုပါ ကာကွယ်သောကြောင့် လူငယ်များအတွက် အကောင်းဆုံးပင်ဖြစ်သည်။

http://myawadynews.blogspot.com/2013/12/safe-period.html

ငါးသေးသေးလေးများ စားသုံးပေးခြင်းဖြင့် အရိုးပွရောဂါ ကာကွယ်နိုင်



ယခုရက်ပိုင်းတွင် ဈေးများ၌ ခေါင်းတစ်ရာသားဟု ခေါ်ကြသော ငါးသေးသေး လေးများ ပေါပေါများများ ဝယ်ယူလျက်ရှိကြောင်း သိရသည်။

ထိုငါးလေးများမှာ အလွန်သေးငယ်သည့် ငါးသလဲထိုး ငါးမျိုးနှင့် ငါးမှုန်လေးခေါ် ငါးသေးသေးလေးများ ဖြစ်သည်။ ရာသီပေါ် ဖြစ်သဖြင့် လတ်ဆတ်ပြီး တစ်ဆယ် ကျပ်သားလျှင် ငါးရာ ကျပ်ဝန်းကျင်သာ ဈေးရှိသဖြင့် အိမ်ရှင်မများ အတွက်လည်း ဈေးသုံးချွေတာရာ ရောက်သည်။

ခေါင်းတစ်ရာသား ငါးကလေးများကို နံနံပင်၊ ပင်စိမ်းရွက်များအုပ်၍ ငါးလေး အိုးကပ်ချက် စားလျှင် အလွန်နှုတ်မြိန်ပြီး ခံတွင်းတွေ့စေသည်။ ငါးသလဲထိုး လေးများကို ဆန်မှုန့် အနှစ်ဖြင့် အကြော် ပြုလုပ်၍လည်း စားသုံး ကြသည်။ ဆီပြန်ဟင်းလည်းချက်၍ စားနိုင်သည်။ ငါးလေးများကို အရိုးပါ ဝါးစားခြင်းဖြင့် အရိုးအဆစ်ကို သန်မာစေနိုင်ပြီး အရိုးကျိုးလွယ် ခြင်းကို ကာကွယ် နိုင်သည်။

လွန်ခဲ့သော သက္ကရာဇ်၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁ဝပြည့်နှစ် အထိ (၁ဝ)နှစ်ကို'' အရိုးအဆစ် ဆယ်စုနှစ်'' အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO မှ သတ်မှတ် ခဲ့သည်။ ထိုကဲ့သို့သတ်မှတ် ရခြင်းမှာ ကမ္ဘာပေါ်တွင် အရိုးကျိုးသူ၊ အဆစ်ရောင် လေးဘက်နာ ဖြစ်သူများ တိုးပွားများပြားလာခြင်းကြောင့် ဖြစ်သည်။ အရိုးမကျိုးစေရန်အတွက် ကာကွယ်ရန် ဗီတာမင်စီ ရရှိစေ နိုင်သော နေရောင်ခြည် ခံခြင်းနှင့် ကယ်လစီယံဓာတ် ကြွယ်ဝသော နို့နှင့် ငါးများ အရိုးပါ ဝါးစားခြင်းကို ဆရာဝန်များက အကြံပြုလာ ကြသည်။

ယခုအရိုးအဆစ် ဆယ်စုနှစ် လွန်လာသောအခါ ခေါင်းထောင် လာသော ရောဂါမှာ ''အရိုးပွရောဂါ''ဖြစ်သည်။ အရိုးတွင် အနှစ်နည်းပြီးအရိုးပါး လာသော ကြောင့်ဖြစ်သော ရော ဂါ ဖြစ်သည်။ ယောက်ျားများ အသက် (၅ဝ) ကျော်တွင် ဖြစ်လေ့ရှိပြီး မိန်းမများတွင် သွေးဆုံး ပြီးနောက် အရိုးပွ လာသည်ကို ထူးခြားစွာလေ့ လာတွေ့ရှိရသည်ဟု ဆိုသည်။

အရိုးပွ၊ အရိုးပါးရောဂါသည် အာယုဗေဒ ဆေးပညာ အမြင်အားဖြင့် ပထဝီဓာတ် အားယုတ် သော ရောဂါဖြစ်သည်။ ပထဝီဓာတ်သည် အရိုးအဆစ် တို့၏ အမာခံဓာတ် ဖြစ်သည်။ ၎င်းဓာတ် ချို့တဲ့လျှင် ဝါယောဓာတ် ခေါင်းထောင်လာသဖြင့် လေဖြတ်နိုင်သည်။ ငါးလေး အိုးကပ် စားခြင်းသည် လေဖြတ်ခြင်းကို ကာကွယ်နိုင်သည်ဟု ရှေးက မြန်မာဓာတ်စာ ဆရာကြီး များက ညွှန်ကြားကြသည်။


https://www.facebook.com/photo.php?fbid=510017775762725&set=a.351047714993066

နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားက မီးရှူးမီးပန်းများ မြင်ကွင်း။


 
 


 27th SEA Games ဖွင့်ပွဲအခမ်းအနား မြန်မာတို့ ၏ ပုဂံအလှ ကို ဖော်ကျူး
သော ကကွက်ကို ကပြ တင်ဆက်နေစဉ်

ပရော်ဖက်ရှင်နယ်သမားတို့ အမှားတစ်ခု



(ဖတ်ဖြစ်အောင် ဖတ်စေလိုပါသည်)


ဂျယ်ရီ တစ်ယောက် ရုံးနောက်ကျလို့ ကားအမြန်မောင်းလာတယ်။ တွန်မီ အမည်ရ ပုဂ္ဂိုလ်ကလည်း ရုံးနောက်ကျလို့ ကားအမြန်မောင်းလာပါတယ်။

တွန်မီ နဲ့ ဂျယ်ရီ ကား ၂ စီးဟာ လမ်းကြော ယူမှု တူနေပြီး သူအပြိုင်၊ ကိုယ်အပြိုင်ဖြစ်လာ ပါတယ်။ တစ်ယောက်ကလည်း တစ်ယောက်ကို အကြောမပေးပဲ မောင်းနေကြရာကနေ ကားပြိုင်ပွဲကြီးလို ဖြစ်လာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လှမ်းတောင် ဆဲလိုက်ကြပါသေးတယ်။

တွန်မီ ရုံးမှာ ပါကင်ထိုးတော့ သူ့မနီးမဝေးမှာ ဂျယ်ရီက ကားပါကင်ထိုး တာ တွေ့ပါတယ်။ နောက်တော့ ပိုပြီး တိုက်ဆိုင်တာက ဝင်တဲ့အဆောက် အအုံကော၊ စီးတဲ့ ဓာတ်လှေကားပါ သွားတူနေပါတယ်။ အစောက လမ်းပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် ဆဲထား၊ ပြိုင်မောင်းထားကြ တာမို့ ဒေါသတွေ မပြေကြသေး ပါဘူး။

ဒီလိုနဲ့ သွားတဲ့အထပ်ခြင်းကလည်း တူသလို၊ ဝင်တဲ့အခန်းကလည်း တူနေတာကို ၂ ယောက်စလုံး အံ့သြစွာ တွေ့ရှိခဲ့ကြ ပါတယ်။

နောက်တော့ သိလိုက်ရတာက တွန်မီချိန်းထားတဲ့ ရောင်းသူ ဆိုတာ ဂျယ်ရီ ဖြစ်ပြီး ဂျယ်ရီချိန်းထားတဲ့ ကုန်ပစ္စည်းဝယ်မယ့် Customer က တွန်မီ ဖြစ်နေပါတယ်။ ၂ ယောက်သား ကားအပြိုင်မောင်းလာကြပြီး တစ်ယောက်နဲ့တစ်ယောက် ဆဲဆို ထားကြတာ အရောင်းအဝယ် လုပ်ဖြစ်ဖို့က မသေချာ တော့ပါဘူး။ သို့ပေမယ့် ၂ ယောက်စလုံးကလည်း အကြပ်အတည်းတွေ့နေကြ ပါတယ်။ ၂ ယောက်စလုံးကလည်း အနေရအခက်ဆုံး အခြေအနေတစ်ခုကို ရောက်သွား ပါတယ်။

...

Story from unknown author.

သင်ခန်းစာ -

Professionalism လို့ခေါ်တဲ့ ပရော်ဖက်ရှင်နယ်ကျကျ နေထိုင်၊ပြောဆို၊ ကျင့်ကြံတတ်မှု ဘာသာရပ် ထဲမှာ Private နဲ့ Business Life ကို Sector ခွဲတဲ့ အကြောင်းအရာ ပါရှိပါတယ်။ အိမ်ကနေ ထွက်လာရင် Private Life ( Family Life ) က ခေတ္တရပ်သွားပါပြီ။ ခြံပြင်ထွက်လိုက်တာနဲ့ Business Life ကိုဦးတည်ပါတယ်။ ဒီလိုဦးတည်ချိန် ရုံးနောက်ကျတဲ့ အတွေးအခေါ် စိုးရိမ်စိတ် တစ်ခု ကြောင့်ပဲ လမ်းခရီးမှာ တွေ့ကြုံရသမျှကို စိတ်အလို မကျ၊ ပြုမှု တုန့်ပြန်နေခြင်းက Professional မကျတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ထိုနည်းတူစွာ လုပ်ငန်းခွင် ပြဿနာကိုလည်း အိမ်ကို သယ်မပြန်ရပါဘူး။ သူ့ Sector နဲ့ သူ Sector ခွဲပြီး မလိုအပ်တဲ့ တုံ့ပြန်မှုတို့ကို မပြုလုပ်ရန် လိုအပ်ပါတယ်။

အောင်ခမ်း ( work.com.mm )


https://www.facebook.com/photo.php?fbid=510846525679850&set=a.351047714993066.

ဘယ်လိုအခြေအနေ မျိုးမှာ ရေမချိုးသင့်ပါသလဲ~ (ဦးနှောက်သွေးကြောပြတ်ခြင်း။ဦးနှောက်သွေးထွက်ခြင်း ။လေဖြတ်ခြင်း တို့ဖြစ်တတ်တာမို့ သွေးတိုးနဲ့နှလုံး ရောဂါ ရှိသူများပိုပြီး ဂရုစိုက်ပါ )


❉ သွေးပေါင် အရမ်းကျ နေချိန် မှာ ရေမချိုးသင့်ပါ ...
ရေချိုးတဲ့အခါ ရေအပုချိန်မြင့်ရင် သွေးကြောကျယ်ပြန့်သွားတာပြီး
ဦးနှောက်ထဲမှာသွေးပန့်ပိုးတာက မလုံလောက်ဘုးဖြစ်နေတတ်တာမို့
အလွယ်တကု မှုးလဲတတ်ပါတယ် ။
ရေအေးနဲ့ချိုးရင် သွေးကြောတွေက ကျုံ့သွား ပြီး အချမ်းတက်နိင်တယ် ။

❉ ရေအေးဖြင့်အမြဲ မျက်နှာသစ်သူတချို့ ...
ကျန်းမာရေးချို့တဲ့တဲ့အမျိုးသမီးများ ရေအေးနဲ့မချိုးသင့်ပါ။နဂိုကခုခံအားမကောင်းတာမို့ အေးတဲ့နိုးဆွမှု ကြောင့်အအေးမိ ၊အဖျားတက်ခြင်းကိုဖြစ်စေတယ် ။ ဒါပေမယ့် ကြာရှည် ရေအေးဖြင့်မျက်နှာသစ်သူကသွေးလည်ပတ်မှုကို အထောက်အကုပြုပါတယ် ။အအေးမိ နှာစေးတာကိုကာကွယ်နိင်ပြီး အသားရည်ကိုစိုပြေစေတယ် ။

❉ အရက်သောက်ပြီး နောက် ရေမချိုးသင့်...
အရက်ပျံက အသည်း အလုပ်လှုပ်ရှားမှုကို ပာန့်တားနိင်တယ် ။ ဂလုးကို့စ် ထုတ်လုပ်ခြင်းကိုတားဆီးတယ်။ရေချိုးတဲ့အခါခန္ဓာကိုယ်ထဲမှသကြားဓာတ်ကိုအသုံးပြုရတာပိုများလာပါတယ်။အရက်သောက်ပြီးနောက်ရေချိုးရင်သွေးချိုက အချိန်မှီမဖြည့်စည်းပေးနိင်တာမို့အလွယ်တကု ခေါင်းမုးခြင်း ။ မျက်စိပြာခြင်း ၊ တစ်ကိုယ်လုံးအားမရှိ အားပျော့သွားတတ်ခြင်း ။ ပိုဆိုးပါက သွေးချိုကျဆင်းခြင်းကြောင့် မူးမေ့ မြော သွားတတ်ပါတယ် ။

❉အစားဝအောင်စားပြိး နောက် ရေမချိုးသင့်...
အစားဝအောင်စားပြိး နောက် ရေချိုးရင်တစ်ကိုယ်လုံးရဲ့အပေါ်ယံအရေပြား သွေးကြောက ရေနွေးရဲ့နိုးဆွမှုကြောင့် ကျယ်ပြန့်သွားပါတယ် ။ များသောသွေးလည်ပတ်မှုကအပြင်ဖက်သို့ရောက်ရှိလာတာနဲ့အမျှဝမ်းဗိုက်ထဲမှသွေးပန့်ပိုးမှုကနည်းလာတာမို့ အစာကြေလမ်းကြောင်းစုတ်ယုမှုကို ထိခိုက်စေတာကြောင့်သွေးချိုကကျဆင်းလာပါတယ် ။ ပိုဆိုးပါက မှုးမေ့လဲကျ တတ်ပါတယ် ။

❉ အလုပ်လုပ်ပြီးချင်း ရေမချိုးသင့်...
ကာယအလုပ်လုပ်ဖြစ်စေ ဥာဏ်စွမ်းရည်ဖြင့်အလုပ်လုပ်သည်ဖြစ်စေ
အလုပ်လုပ်ပြီးနောက် ခဏ အနားယုပြီးမှ ရေချိုးသင့်တယ် ။
သို့မပာုတ်လျှင် နှလုံးရောဂါ ၊ ဦးနှောက်ထဲမျာသွေးပန့်ပိုးမှုမပြည့်စုံခြင်း ဖြစ်တာမို့မုးမေ့လဲကျသွားတတ်ပါတယ် ။

❉ အဖျားရှိတဲ့အခါရေမချိုးသင့်...
အဖျား (၃၈ဒီဂရီ = ၁၀၀.၄ ဖာရင်ပိာုက် ) မြင့်တက်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ကယ်လိုရီကုန်ဆုံးသွားက ၂၀% များလာပါတယ် ။ အဲဒီအချိန်မှာခန္ဓာကိုယ်ကအားလျှော့တာတဲ့အချိန်ဖြစ်တာမို့ရေချိုးလိုက်ရင် ရုတ်တရက် (အက်စီးတန့်)မတော်တဆများဖြစ်ပွားနိင်ပါတယ် ။


လုတိုင်း လုတိုင်း ရေချိုးတာက နေ့စဉ် အလုပ်တစ်ခု ဖြစ်နေတယ် ။
ရေချိုးခြင်းကိုချိုးကိုချိုးရမယ်လို့တသတ်မှတ်တည်း မသတ်မှတ်ပါနဲ့ ။
ရှောင်ရန်နှင့်သတိထားစရာတွေလည်းရှိပါတယ် ။ သတိမမှုမိရင်
ရေချိုးလိုက်တာနဲ့တစ်ကိုယ်လုံးရောဂါဝေဒနာများရတတ်ပါတယ်။
အထုးသဖြင့်အလွန်ပုတဲ့မြန်မာပြည်၊ထိုင်း။မလေးမှာရှိတဲ့သူငယ်ချင်းများပိုပြီးသတိထားသင့်ပါတယ် ။

(ဦးနှောက်သွေးကြောပြတ်ခြင်း။ဦးနှောက်သွေးထွက်ခြင်း ။လေဖြတ်ခြင်း တို့ဖြစ်တတ်တာမို့ သွေးတိုးနဲ့နှလုံး ရောဂါ ရှိသူများပိုပြီး ဂရုစိုက်ပါ)


post by နှင်းဆီဖူးလေးများ

KFC ကြက်ကြော် (Kentucky Fried Chicken or KFC) ကို စတင်တည်ထောင်သူ Harland David Sanders Colonel Sanders


“ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံးနေဝင်ချိန်ကျမှ အောင်မြင်ခဲ့တဲ့ လူသားတစ်ယောက်အကြောင်းကိုပြောပြချင်ပါတယ်။ ”


သူ့အကြောင်းကတော့ဒီလိုပါ။ လူ့လောကမှာသူ့ကိုမွေးဖွားလိုက်ပြီး-
(၅) နှစ်သားအရွယ်မှာ သူ့ဖခင်ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်။ ဖခင်မရှိတော့တဲ့နောက်ပိုင်း သူ့မိခင်က အလုပ်ထွက်လုပ်ခဲ့ရတယ်။
(၁၂) နှစ်သားအရွယ်မှာ သူ့မိခင်က နောက်အိမ်ထောင်ပြုလိုက်တယ်။

သူ့ပထွေးရိုက်နှက်နှိပ်စက်တဲ့ဒဏ်ကို နောက်ကွယ်မှာခံခဲ့ရတယ်။ (၁၄) နှစ်သားအရွယ်ရောက်တော့ ကျောင်းတက်ဖို့လဲပိုက်ဆံမရှိ၊ မိဘအိမ်မှာလည်း မနေချင်တော့တဲ့အတွက်ကြောင့် လေလွင့်တဲ့ဘဝကို စတင်ရောက်ရှိခဲ့ရတယ်။

(၁၆)
နှစ်သားအရွယ်မှာအသက်လိမ်ပြီးစစ်ထဲဝင်ခဲ့တယ်။ မကြာခဏ သင်္ဘောမူးတဲ့အတွက်ကြောင့် အိမ်ပြန်ပို့ခံရတယ်။ (၁၈) နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ မကြာပါဘူး။ သူပိုင်သမျှကို သူ့ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။
(၂ဝ) နှစ်အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်းလုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။

(၃ဝ) နှစ်အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူလုပ်ခဲ့တယ်။ ဒါပေမယ့်နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ပတ်သက်ပြီး သူဌေးနဲ့ရန်ဖြစ် စကားများပြီး အလုပ်က နှုတ်ထွက်ခဲ့တယ်။
(၃၁) နှစ်အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ ထိုးကြိတ်ခဲ့ကြတယ်။

(၃၂) နှစ်အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။
(၃၅) နှစ်အရွယ်မှာကံမကောင်းခြင်းက သူ့ဆီကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး တံတားတစ်စင်းပေါ်ဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ ချောက်ထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံးဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။

(၄ဝ) နှစ်အရွယ်မှာ မြို့တစ်မြို့မှာ ဓါတ်ဆီဆိုင်တစ်ဆိုင်သူဖွင့်ခဲ့တယ်။ ဆိုင်းဘုတ်တင်ချိန်မှာ စီးပွားဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှုဖြစ်ပွားခဲ့ရတယ်။ (၄၇) နှစ်အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦး ကျန်ခဲ့တယ်။

(၆၁) နှစ်အရွယ်မှာ အထက်လွှတ်တော်အမတ် ဝင်အရွေးခံခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။
(၆၅) နှစ်အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ Fast food သူ့စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိစုမဲ့စုပစ္စည်းတွေကို တန်ဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။

(၆၆) နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ ကြက်ကြော်အတတ်ပညာနဲ့ အလုပ်ရှာခဲ့တယ်။

(၇၅) နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့အင်အားမရှိတာကြောင့် ကိုယ်စတည်ထောင်ခဲ့တဲ့အမည်နဲ့ အတတ်ကိုလွှဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က သူ့ကို စတော့ရှယ်ယာတစ်သောင်းပေးပြီး ဝယ်ယူတဲ့စရိတ်အချို့လုပ်ချင်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။

(၈၃) နှစ်အရွယ်မှာ Fast food နောက်ထပ် စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အမှုဖြစ်ခဲ့ရသေးတယ်။
(၈၈) နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည်ကမ္ဘာကျော်ခဲ့တယ်။

သူကတော့ KFC ကြက်ကြော် (Kentucky Fried Chicken or KFC) ကို စတင်တည်ထောင်သူ Harland David Sanders Colonel Sanders (9,Sept,1890-16,Dec,1980) ပဲဖြစ်ပါတယ်။

ကဲ...ဘယ်လိုလဲ သင့်မှာရော "ဒူးမထောက် လက်မမြှောက်တဲ့စိတ်" ရှိရဲ့လား။ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်စမ်းပါ။

~~~~~~~~~~ဆာလာအိတ်~~~~~~~~

https://www.facebook.com/ads.com.mm

မုန်းဖို.လွယ်ပေမယ်. မေ.ဖို.ခက်တယ်




တိုက်ဆိုင်မှုလေးတွေ ရှိတိုင်း
နင်.ကိုသတိရနေပါတယ်
ငါမရှိလည်း နင်အဆင်ပြေပါတယ်ဆိုတာသိပေမယ်.
နင်.အတွက် ငါစိတ်ပူနေတတ်တုန်းပဲ
ပြန်လာခဲ.ပါလို. ငါမတောင်းဆိုပေမယ်.
နင်ပြန်လာမလားဆိုပြီး မျှော်လင်.နေတုန်းပဲ
လိုအပ်တဲ. အချိန်တိုင်း
နင်.ဘေးမှာ ငါအမြဲရှိနေပေးမှာပါ
မလိုအပ်တော.တဲ.အချိန်မှာတော.
အဝေးဆုံးတစ်နေရာကို ငါထွက်သွားပေးမှာပါ
နင်.အတွက်တော. ငါဟာ အဖြည်.ခံချစ်သူတစ်ယောက်ပါ
နင်နဲ.ပတ်သက်ရင် နင်.ကိုချစ်ခဲ.တုန်းကလိုပဲ
ဘယ်သောအခါမှ ပြောင်းလဲသွားခြင်း မရှိပါဘူး
မမေ.နိုင်သူငါကတော. တစ်ချိန်ကနင်ပြောခဲ.တဲ.
ချစ်တယ် ဆိုတဲ.စကားတစ်ခွန်းကိုပဲ
အကြိမ်ကြိမ် ကြားယောင်နေမိပါတယ် ချစ်သူရယ်

အော်.....သံယောဇဉ်မီးလေးရယ်

လွမ်းရမယ်မှန်းလဲမသိ

ချည်တာလဲ မဟုတ်  ဖြုတ်ဖို့ လည်မလွယ်

တကယ်ထင်ထင် မမြင်ရပေမယ့်

ခိုင်မြဲလှတယ်

ရစ်ပတ်လို့ နှောင်တွယ်   မိတယ်လို့ မသိ

ဖြတ်မရတဲ့   သံယောဇဉ်ကြိုးလေးရယ်ပါ
ဝေးကွာခြင်းကို အပြစ်တင်ရမလား
မဖြစ်နိုင်တာကို စွဲလမ်းခဲ.တဲ. ငါ.နှလုံးသားကိုပဲ အပြစ်တင်ရမလား
လက်ဆုပ်လက်ကိုင်ပြမရတဲ. ငါ.အချစ်တွေ နင်မမြင်နိုင်တာ အပြစ်တင်ရမလား
ငါ.ကို ဖမ်းစားနိုင်ခဲ.တဲ. နင်.နှလုံးသားကို ငါပိုင်ချင်ခဲ.တယ်
ဒါပေမယ်. ငါရရှိပိုင်ဆိုင်ခဲ.တာက အရှုံးကြီးပဲ ဖြစ်နေတယ်
အာရုံမှာ ကြည်နူးစရာ နင်.ရဲ.စကားသံမရှိတော.
ငါရေးတဲ. ကဗျာတွေရဲ. အတွေးသံစဉ်တွေမှာ
အထီးကျန်ဆိုတဲ. စကားလုံးတစ်လုံးတည်းက
ထင်တိုင်းကြဲနေတာ ............အဲဒါလည်း နင်ပေးတဲ. ကဗျာတွေပဲလေ ချစ်သူ...