စိုးရိမ်စိတ်



နင်.ကိုတကယ်ချစ်မိခဲ.လို.
ငါ.ရဲ.မာနလေးတွေလည်း ကျရှုံးခဲ.ပါပြီ
နင်နဲ.ပတ်သက်တဲ. အရာလေးတွေလည်း
ငါချစ်မြတ်နိုးတတ်လာပြီ
ငါပျော်နေတာထက် နင်ပျော်ရွင်နေတာကိုပဲ
အချိန်တိုင်း မြင်ချင်နေမိတာပါ
နင်.ကိုဆုံးရှုံးရမှာကြောက်တဲ. စိတ်ကလေးတွေဟာ
ငါ.ကိုငါ ခြောက်လန်.နေသလိုပဲ
အချိန်တိုင်း အရှုံးပေးနေတတ်တာ ငါပဲ ဖြစ်နေတယ်
ငါမမြင်ကွယ်ရာမှာ
နင်သစ္စာရှိရှိနဲ. ရှိနေပါ.မလားလို.
အချိန်တိုင်း စိုးရိမ်မိတယ်
နင်.ကိုဆုံးရှုံးသွားရမှာ စိုးရိမ်တဲ.
ငါ.သ၀န်တိုမှုလေးတွေကို
နင်နားလည်ပေးပါနော်
ကဗျာဆန်ဆန် ကာရံဖွဲ့  နွဲ့ ဆိုးမချွဲတက်ပေမယ့်
မြန်မာဆန်ဆန် ရာဇသံပေးလိုက်မယ်
ငါကလွဲရင်ပေါ့
နင် ဘယ်သူကိုမှ မချစ်ရဘူးနော်.......

ဖေ.ဘုတ်လျှို.၀ှက်ချက်



# 001 # Facebook Videos တွေကိုဘယ်လို Download လုပ်မလဲ

Facebook ပေါ်က Videos တွေကိုdownload ရယူတဲ့နည်းအများကြီးရှိပါတယ် IDM လိုမျိုးဆော့ဝ်တွေသုံးပြီးလည်းဒေါင်းလို့ရပါတယ်။
၁. http://www.downvids.net/ ဆိုတဲ့နေရာလေးကိုသွားလိုက်ပါ။
၂.အဲဒီမှာ "Enter The Video Link" ဆိုတဲ့နေရာ မှာ ကိုယ် လိုချင်တဲ့ Video Link လေးကိုထည့်ပေးလိုက်ပါ။
၃. ပြီးရင် Download ဆိုတာကိုနှိပ်ပေးလိုက်ပါ။
၎. "Download This Video (Right Click>>Save As) " ကို နှိပ်ပေးလိုက်ပါ
၅. ဗီဒီယိုကိုဖွင့်ပြပါလိမ့်မယ်။ အဲဒါဆိုရင် Right Click > Save As ဆိုပြီး ကွန်ပျူတာထဲမှာ သိမ်းထားနိုင်ပါပြီ။

# 002 # Facebook Status ကို schedule ဘယ်လိုလုပ်မလဲ

ကိုယ့်ရဲ့ Facebook Status ကို ကိုယ်ကြိုက်တဲ့ အချိန်ကျမှ တင်ချင်တဲ့ လူတွေအတွက်ပါ။
၁. http://www.laterbro.com/ သွားပါ။
၂. ကိုယ့်ရဲ့ Facebook Account နဲ့ Login ၀င်လိုက်ပါ။
၃. ပြီးရင် တင်ချင်တဲ့ Status ရေးပေးပါ။
၎. သူပေးထားတဲ့ Time နဲ့ Date Settings တွေကို ကိုယ်ကြိုက်တဲ့ အချိန်ကိုပြောင်းပေးပါ။
၅. ပြီးရင် Account နာမည်နဲ့ Checkbox လေးကို click လုပ်ပါ။
၆. ပြီးရင်တော့ Schedule လုပ်လို့ရပါပြီ...

# 003 # ဖေ့စ်ဘုတ် နောက်ခံအရောင် ဘယ်လို ပြောင်းမလဲ

Gmail,Gtalk တို့ကို Google Theme တွေနဲ့ နောက်ခံပြောင်းလဲလို့ ရသလို ဖေ့စ်ဘုတ်ကိုလဲ ပြောင်းလဲ လို့ ရပါတယ်။
၁. stylishprofile ကိုသွားပါ။
၂. plug in ကို install လုပ်ပါ။
၃. ပေးထားတဲ့ အဆင့်တွေက လွယ်ပါတယ်။ အခု နောက်ဆုံးက အနက်ရောင် ခရစ်စတယ် တင်ထားပါလိမ့်မယ်။

# 004 # Facebook စာမျက်နှာကို G-mail ထဲမှာ ပေါင်းပြီး သုံးချင်ရင်

Facebook စာမျက်နှာကို G-mail ထဲမှာ ပေါင်းထည့်လိုက်ပြီဆိုတာနဲ့ Facebook ရှိရာကို မသွားရတော့ပဲ ကိုယ့်ရဲ့ G-mail ထဲကနေ ကိုယ့် Facebook ထဲကို အိမ်မကွာ၊ကြမ်းမကွာ ရောက်သွားနိုင်ပါတယ်။
၁. G-mail ကိုဖွင့်ပြီး Setting ကိုနှိပ်ပါ။
၂. ပွင့်လာပြီဆိုရင် Lab ကိုနှိပ်ပါ။
၃. Lab ပွင့်လာပြီးတဲ့နောက်မှာ Add any gadget by URL ဆိုတာလေးကို Enable ပေးထားပါ။
၎. Gadget ကိုနှိပ်ပါ။
၅. Add ဆိုတဲ့ Box လေးကျလာပြီဆိုရင် အောက်မှာပေးထားတဲ့ Link ကိုကူးထည့်ပြီး Add နှိပ်ပါ။ http://hosting.gmodules.com/ig/gadgets/file/104971404861070329537/facebook.xml
၆. ပြီးသွားရင်တော့ G-mail ကို Refresh ပြန်လုပ်ပေးပါ။
၇. ဘယ်ဘက်အောက်နားမှာ face book Logo လေး ကို နှိပ်ရင် Box လေးတစ်ခုကျလာပါလိမ့်မယ်။
ဂ. Allow ကိုနှိပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ Face book ထဲကို Log-in ၀င်လို့ရပါပြီ ။

credit>>>(ဇေယျာစံ) 
 
http://bluenavyblog.blogspot.com/2013/12/blog-post_6.html 

Itunes အသုံးပြုနည်း



Ios စသုံးတဲ့ Users များအတွက် အသုံးဝင်မယ့် အသုံးပြုနည်း PDF ဖိုင်လေးမျှဝေးချင်ပါတယ်.. အခုမှ စကိုင်တဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်..Ios စကိုင်တဲ့ သူတွေ အတွက် မိမိကြိုက်နှစ်သက်တဲ့ သီချင်း၊ဗွီဒီယို၊ Data တွေကို အပြင်ကနေ ဖုန်းထဲကို ထည့်ချင်တဲ့အခါ Android မှာ လို ကွန်ပျူတာနဲ့ ချိတ်ပြီး တိုက်ရိုက်ထည့်လို့မရပါဘူး.. itunes ခံပြီးမှ မိမိအလိုရှိရာ ထည့်သွင်းလို့ရမှာဖြစ်ပါတယ်..ကျွန်တော် ကိုယ်တိုင်လည်း သီချင်းအသစ်ထည့် အဟောင်းပျက်နဲ့ Itunes ကိုသေသေချာချာ မသုံးတတ်ခဲ့ပါဘူး .. အခုတော့ အဆင်ပြေသွားပါပြီ… ကိုကျော်စွာအောင် ရေးတဲ့ itunes အသုံးပြုနည်းမှာ ပြည့်ပြည့်စုံစုံဖော်ပြပေးထားတာတွေ့ရပါတယ်..Ios စကိုင်တဲ့ Users တွေ အတွက် ဖတ်ထားသင့်တဲ့ PDF ဖိုင်လေး ဖြစ်ပါတယ်.. အောက်မှာ ရယူနိုင်ပါတယ်..

https://dl.dropboxusercontent.com/u/70499379/iTunes%20%E1%80%A1%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%BB%E1%80%95%E1%80%B3%E1%80%94%E1%80%8A%E1%80%B9%E1%80%B8.pdf

ဒီဇင်ဘာလ အတွက် (၇) ရက်သားသမီး ဟောစာတမ်း




တနင်္ဂနွေသား သမီး ။ ။
 မိတ်ဆွေကောင်း များနှင့် တွေ့ မည် ။ စပ်တူ လုပ်ငန်းများ အထူးအောင် မြင်မည် ။ ပညာရေး ပညာပေး အတတ်ပညာ နှင့်ပတ်သက်သော လုပ်ငန်းများ အကျိုးပေးမည် ။ လူငယ်များ ပညာရေးနှင့် ပတ်သက်ပြီး စိတ်ချမ်းသာမှုရမည် ။ အမွေရသကဲ့သို့  မမျှော်လင့်ပဲ ငွေဝင်မည် ။ ငယ်ရွယ်သူများ အောင်သွယ်ကောင်း မှုကြောင့် ချစ်သူရလိမ့်မည် ၀မ်းဗိုက်နှင့် ပတ်သက်သောရောဂါများ ခံစားရတတ်သည် ။
ယတြာ ။ ။ တာအိုးတစ်လုံး အတွင်းရေထည့် ရွက်လှ ၁၇ ရွက်ထည့်၍မွေးနံဘုရား ထောင့်တွင်လှုပေးပါ ။

တနင်္လာသားသမီး ။ ။
 စက်နှင့် ပတ်သပ်သောလုပ်ငန်းလုပ်သူများ အထူးသတိထားပါ ။ ရောင်းမှား ၀ယ်မှားဖြစ်ခြင်း ။ လူလိမ်ခံရခြင်းများ ကြုံတွေ့ ရလိမ့်မည်။ အိမ်ထောင်ရှင်မိန်းကလေးများခင်ပွန်းနှင့် စကားများပြီး အိမ်ထောင်ကွဲ သည်အထိဖြစ် တတ်သည် ။ရွှေအထားမှားပြီး ပျောက်တတ်သည် ။ သတိထားပါ ။ငယ်ရွယ်သူမိန်းကလေးများ ကြားစကားကိုယုံမိ၍ ချစ်သူနှင့်အဆင်မပြေဖြစ်လိမ့်မည် ။ တနင်္လာအစ ဗုဒ္မဟူးနံအဆုံးနာမည် ရှင်များ အထူးသတိထားပါ ။ ထိခိုက်ဒဏ်ရာ ရတတ်သည် ။ လိမ်လည်ပြီး ငွေချေးသူကြောင့် စိတ်ညစ်ရလိမ့်မည် ။ ယတြာ ။ ။ အင်္ဂါ နေ့  ညနေပိုင်းတွင် လမ်းဆုံလမ်းခွမှ ခွေးများကိုအစာကြွေးပေးပါ ။

အင်္ဂါ သားသမီး ။ ။
 ခြံ ကား ကွန်ပျူ တာ စက်ပစ္စည်း ရောင်းဝယ်သူများ အထစ်အငေါ့ ဖြစ်မည် ။ မမျှော်လင့်ပဲ ခရီးသွားခွင့် ကြုံ ခဲ့လျှင် ရေလမ်းခရီးကိုရှောင်ပါ အသက်အန္တရယ် ထိခိုက်တတ် ပါသည် ။ အိမ်ထောင်ရှင်များဇနီး မယား ကျမ္မာရေးအတွက် ငွေကုန်လိမ့်မည်။ဝန်ထမ်းများ စာရင်းဇယားနှင့်ပတ် သက်ပြီး အထက်လူကြီး၏ ဆူပူခြင်းခံရတတ်သည်။ ငယ်ရွယ်သူချစ် သူများ စကားပြောမှားပြီ အထင်လွဲကာစကားများ လိမ့်မည် ။ ဦးခေါင်း ခါးတို့ တွင် ထိခိုက်ဒဏ်ရာရတတ်သည် ။
ယတြာ ။ ။ နီးစပ်ရာ တရားစခန်းများမှ ယောဂီများအား ဆေးဝါးလှုါးန်းပေးပါ ။

ဗုဒ္မဟူးသားသမီး ။ ။
 အိမ် အဆောက်အဦး ခြံ ကား ကျောက်ရောင်းဝယ်သော လုပ်ငန်းများ စိတ်ဝမ်းကွဲပြီး အဆင်မပြေဖြစ်မည် ။ ၀န်ထမ်းများ အထက်လူကြီးနှင့် စကားများပြီး အလုပ်မှရပ်စဲခံ ရတတ်သည် ။ ငွေဝင်သော်လည်း ၀င်သလောက်ပြန် ထွက်နေမည် ။ဆေးမှား အစားမှားပြီး ဆေးရုံ ဆေးခန်း ရောက်တတ်သည် ။ ငယ်ရွယ်သူများ အချစ်ရေးကံကောင်း သော်လည်း စိတ်တိုင်းကျသောချစ်သူမျိုးမတွေ့ နိုင်သေးပါ ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ချစ်သူမျိုး နှင့်သာ ဖူးစာဆုံနေမည် ။ ယတြာ ။ ။ မိမိမွေးနံ ဘုရား။ထောင့်တွင် အုန်း (၆) ညွန့်နှင့် အစိမ်းရောင်ယပ် ( ၄) ချောင်း လှုပေးပါ။

ကြာသပတေး သားသမီး ။
 မည်သည့်လုပ်ငန်း လုပ်လုပ် အကျိုးပေးသောလဖြစ်သည်။ မိတ်ဆွေ ကောင်းများ၏ ကူညီမှုကြောင့် လုပ်ငန်းများအောင်မြင်မည်။ မမျှော်လင့်ပဲ ဘုရားဖူးခရီးသွားရလိမ့်မည် ။ အမွေရသကဲ့သို့  ထီပေါက်သကဲ့သို့  ငွေ ၀င်မည် ။ ၅ ၄ ၃ ၁ ဂဏန်းများဖြင့် ထီကံစမ်းပါ ။ ငယ်ရွယ်သူများ အချစ်ရေးကံကောင်းနေမည်။ စိတ်အလိုလိုက်ပါက အိမ်ထောင်ကျ သွား နိုင်ပါသည် ။ မိဘ ဘိုးဘွား များကို ငွေကြေးဖြင့်ကန်တော့ပါ ။ စာမေးပွဲ ဖြေထားသူများ ကောင်းသတင်းကြား ရလိမ့်မည်။
ယတြာ ။ ။ မိမိ အိမ်နားမှ ချို့တဲ့သော ကျောင်းသားများအား ဗလာစာအုပ် လှုပေးပါ။

သောကြာသားသမီး ။ ။ 
ခရီးသွားလုပ်ငန်း ဟိုတယ်လုပ်ငန်း သံ သဲ သွပ် ရောင်းဝယ်သော လုပ်ငန်းများ အဆင်မပြေဖြစ်မည် ။အိမ်ထောင်ရှင်များ ဇနီးကျမ္မာရေး ကြောင့် ငွေကုန်မည် ။ အိမ်တွင်းရေးအဆင်မပြေပဲ တစ်ဦးဦးနှင့် စကားအကြီးအကျယ် များမည် ။ခရီးသွားလျှင် စိတ်ညစ်ရမည်။ ကားနှင့်ပတ်သက်၍ စိတ်ညစ်ရမည် ။ မိမိအိမ် သူခိုးခိုးခံရကိန်းရှိသည်။ သတိထားပါငွေကြေးအရှုပ်အရှ င်းတခု ဖြေရှင်းရတတ်သည် ။ ငယ်ရွယ်သူများ ချစ်သူ ၂ယောက်တပြိုင်နက် ထားခြင်းကြောင့် စိတ်ညစ်ရမည်။
ယတြာ ။ ။မွေးနံ ဘု ရားထောင့်တွင် သီဟို ( ၂၁) ခက်လှုပေးပါ။

စနေသားသမီး ။ ။
 လုပ်ငန်းအသစ်များ မချဲ့ ပါနှင့် ။ ယခုလအတွင်း အဆင်မပြေနိုင်သေးပါ။ ဆန် ဆီ ဆေး စက်ပစ္စည်း စာ အုပ် စာပေ လုပ်ငန်းများ အဆင်ပြေမည် ။ မြေကိစ္စ အမွေ ကိစ္စကြောင့် စိတ်ညစ်ရလိမ့်မည် ။ခရီး ယာယီသွားရလိမ့် မည် ။ မိန်းမတစ်ယောက်ကြောင့် အိမ်ထောင်ရေးအဆင်မပြေဖြစ်တတ်သည် ငွေဟောင်း ကြွေးဟောင်းများ မမျှော်လင့်ပဲ ပြန်ဝင်မည် ။ငယ်ရွယ်သူများ ချစ်သူ၏ဆိုးနွဲ့ မှု ကြောင့် စိတ်အနည်းငယ်ညစ် ရတတ်သည် ။ ခြေထောက် တွင်ထိခိုက် ဒဏ်ရာရတတ်သည် ။
ယတြာ ။ ။မွေးနံ ဘုရားထောင့်တွင် ထီးအနီတစ်လက် အုန်း ( ၆ ) ရွက်ကိုလှုပေးပါ ။

အစစအဆင်ပြေကြပါစေ
ကိုမောင်မောင် ( ဆန်း သုတေသီ )

ကျည်ကာအင်္ကျီ ဝတ်သွားဖို့လိုမယ့် အာဖန်ဂန်နစ္စတန်မှ တရားမဝင် Apple အရောင်းဆိုင် အတု






ကမ္ဘာပေါ်မှာ Apple ကုမ္ပဏီက ထုတ်လုပ်တဲ့ အဆင့်မြင့် အီလက်ထရောနစ် ပစ္စည်းများကို ဘယ်လောက် လူကြိုက်များသလဲ သိပါသလား။ မေးကြည့်တာထက် ပြေးကြည့်တာက ပိုမြန်ပါလိမ့်မယ်။ ဘယ်ကိုပြေးကြည့် ရမလဲဆိုတော့ အာဖဂန်နစ္စတန်နိုင်ငံပါ။

မပူပါနဲ့။ ကိုယ်တိုင် သွားကြည့်စရာ မလိုအောင် ဒီသတင်းကို ဖော်ပြပေးထားတာပေါ့။ ကဲ ဒီ Apple အရောင်းဆိုင် အတုအကြောင်း လေ့လာကြည့်ရအောင်။

Apple Store Afghanistan ကို မြို့တော် ကဘူးလ်ရှိ နိုင်ငံရဲ့ အကြီးဆုံး ရှော့ပင်းစင်တာကြီးမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အဲဒီနေရာကလည်း ခေတဲ့နေရာတော့မဟုတ်ပါဘူး။ ၂၀၁၀ ခုနှစ်နောက်ပိုင်း အသေခံဗုံးခွဲ တိုက်ခိုက်ခြင်း ခံရတာ ၂ ကြိမ် ရှိပါပြီတဲ့။ အဲဒီ ရှော့ပင်းစင်တာကြီးမှာ ဈေးဝယ်သူများကလည်း သူဌေးတွေနဲ့ နိုင်ငံခြားသားတွေသာ ဖြစ်ပါတယ်တဲ့။

အာဖဂန်မှရရှိတဲ့ သတင်းများအရတော့ အဆိုပါ အရောင်းဆိုင်ရဲ့ ရောင်းအားကတော့ မကောင်းလှဘဲ ပြီးခဲ့သည့်အပတ် စတင်ဖွင့်လှစ်ချိန်မှ ယခုအထိ iPhone ၆ လုံးနှင့် MacBook အချို့သာ ရောင်းချရသေးကြောင်း သိရှိရသည်။

အရောင်းဆိုင်မှာ တရားဝင်မဟုတ်သော်လည်း ရောင်းချသည့် ပစ္စည်းများမှာမူ Apple ပစ္စည်း အစစ်များဖြစ်သည်။ သို့သော်လည်း ဈေးနှုန်းအား မူရင်းထက် ၁၀ ဒေါ်လာမှ ဒေါ်လာ ၅၀ အထိ တင်ထားကာ အမြတ်ရယူနေသည်ဟု သိရှိရသည်။ ကုန်ပစ္စည်းများကို ဒူဘိုင်းမှာ မှာယူတင်သွင်းပြီး 16GB iPhone 5 ၏ ဈေးနှုန်းမှာ ဒေါ်လာ ၇၀၀ ခန့် ကျသင့်သည်ဟု သိရှိရသည်။

ယခုကဲ့သို့ တရားမဝင် Apple အရောင်းဆိုင်များ ပေါ်ပေါက်လာခြင်းမှာ ယခုမှတင် မဟုတ်ပေ။ ၂၀၁၁ ခုနှစ် အတွင်းကလည်း တရုတ်နိုင်ငံ၌ တရားမဝင် Apple အရောင်းဆိုင် အတု စုစုပေါင်း ၂၂ ခုအား ရှာဖွေတွေ့ရှိခဲ့ပြီး ပိတ်သိမ်းခဲ့သည်။

First Look: မျက်နှာပြင် ၂ ဖက်ပါတဲ့ ရုရှားထုတ် YotaPhone





ပုံမှာတွေ့ရတာ ကတော့ ‘YotaPhone’ အသစ် ဖြစ်ပါတယ်။ ပရိသတ်တွေ အနေနဲ့ ဒီနာမည်က စိမ်းနေပါလိမ့်မယ်။ ရုရှားနိုင်ငံမှ စမတ်ဖုန်းထုတ်လုပ်သူ Yota ကုမ္ပဏီမှ အသစ် ထုတ်လုပ်လိုက်တဲ့ ‘Dual-Screen’ ဖုန်း ဖြစ်ပါတယ်။ ရုရှားနိုင်ငံနဲ့ သြစတြေးလျ၊ ပြင်သစ်၊ စပိန်၊ ဂျာမနီ စတဲ့ ဥရောပ နိုင်ငံတွေမှာတော့ ဈေးနှုန်း ဒေါ်လာ ၆၀၀-၇၀၀ နဲ့ ယနေ့ကစပြီး ကြိုတင်ဝယ်ယူနိုင်ပါပြီ။

အခြားဒေသတွေမှာလည်း အဆိုပါ ‘Dual-Screen’ ဖုန်းကို မကြာခင် ရောင်းချဖြန့်ချိ သွားမှာပါ။ ဖုန်းမျက်နှာပြင်ဟာ သာမန်စမတ်ဖုန်းတွေလို ၁ ခုတည်းမဟုတ်ဘဲ ပုံမှာတွေ့ရတဲ့အတိုင်း ၂ ခု ဖြစ်ပါတယ်။ ဒါဟာ YotaPhone ရဲ့ ထူးခြားချက် တစ်ခုပါ။

မျက်နှာပြင်အကျယ် ၄.၃ လက်မရှိကာ Android OS အသုံးပြုမောင်းနှင် ထားပါတယ်။ စိတ်တိုင်းမကျတဲ့ အချက်တစ်ခုကတော့ အဆင့်မြင့်စမတ်ဖုန်းတွေ အားလုံး LED Display သုံးနေကြတဲ့အချိန်မှာ ဒီဖုန်းဟာ LCD Display နဲ့ ထွက်ရှိလာပါတယ်။ Resolution ကလည်း 720×1280 ဖြစ်ပါတယ်။ LCD Display ဆိုတော့ အခြား အဆင့်မြင့်ဖုန်းတွေနဲ့ ယှဉ်လိုက်ရင် Display ပိုင်းမှာ တောက်ပမှု အားနည်းနေတာကို တွေ့ရပါလိမ့်မယ်။

Screen ၂ ခုရှိတဲ့အနက် ပထမတစ်ခုက LCD Display ဖြစ်ပြီး နောက်တစ်ခုကတော့ EPD (Electronic Paper Display) ဖြစ်ပါတယ်။ ဖန်တီးထားတဲ့ အိုင်ဒီယာလေးကတော့ မဆိုးပါဘူး။ Entertainment အတွက် LCD Display ဘက်မှာ သုံးပြီး စာပေတွေ ဖတ်ရှုဖို့ကတော့ EPD Display ဘက်ခြမ်းမှာ သုံးလိုက်ရုံပေါ့။

Yota စမတ်ဖုန်းကုမ္ပဏီရဲ့ CEO က ဒီလိုပြောပါတယ်။ ယနေ့ခေတ်မှာ စမတ်ဖုန်းတစ်လုံးကို ပုံမှန် သုံးစွဲသူ တစ်ယောက်ဟာ တစ်ရက်မှာ ဖုန်းကို ပိတ်လိုက်/ဖွင့်ကြည့်လိုက် အနည်းဆုံး အကြိမ် ၁၅၀ လောက် လုပ်ပါသတဲ့။ ဒါဟာ ဘာကြောင့်ပါလဲ?

ဘာလို့လဲ ဆိုတော့ User တွေဟာ သူတို့အတွက် အရေးကြီးတဲ့ ဘာ Message တွေ၊ ဘာ Noti တွေ ရောက်နေပြီလဲ ဆိုတာနဲ့ စမတ်ဖုန်းရဲ့ Lock ချထားတဲ့ Black Screen နောက်မှာ ဘာတွေ ဖြစ်ပျက်နေပြီလဲ ဆိုတာကို အချိန်နဲ့ တစ်ပြေးညီ သိချင်လို့ပါပဲ။ ဒါဟာ ဒီနေ့ခေတ်မှာ တကယ်ပဲ ထင်ထင်ရှားရှား ကြုံတွေ့နေရတဲ့ ပြဿနာ တစ်ရပ်ပါ။

ဒါပေမယ့် စိတ်မပူပါနဲ့တော့။ YotaPhone ရဲ့ EPD Display ဘက်ခြမ်းဟာ ဒီကိစ္စကို ကောင်းစွာ ဖြေရှင်းသွားပါလိမ့်မယ်။ EPD ဟာ စာဖတ်ဖို့ တစ်ခုတည်းသာမက User အတွက် လိုအပ်တဲ့ Information တွေကို (ဖုန်း Screen ပိတ်ထားတဲ့အချိန်မှာတောင်) ဖော်ပြပေးသွားမှာပါ။ မျက်စိထဲ မြင်အောင် ပြောရရင် Nokia N9 မှာ ပါဝင်ခဲ့တဲ့ နည်းပညာနဲ့ ဆင်တူပါတယ်။

ဒီစနစ်ဟာ တကယ်သုံးစွဲတဲ့ သူတွေအတွက် တကယ်ကို အသုံးဝင်တဲ့ နည်းပညာ တစ်ခုပါ။ ကျွန်တော်တို့ အနေနဲ့ ဘယ်သူ့ဆီက Message ၀င်လာတာ၊ ဘယ်သူက ဖုန်းဆက်ထားတာ စတာတွေကို ဖုန်း Screen ဖွင့်ကြည့်နေစရာ မလိုတော့ဘဲ ဖုန်းကို ကောက်ကိုင်လိုက်တာနဲ့ သိနိုင်ပြီ ဖြစ်ပါတယ်။
ဒါကြောင့် ရုရှားနည်းပညာကုမ္ပဏီကြီးက သူတို့ဖုန်းကို “Always-On” ဖုန်းလို့ တင်စားခေါ်ဆိုထား ပါတယ်။

မျက်နှာပြင် ၂ ဖက်ပါတဲ့ ဒီ Dual-Screen ဖုန်းဟာ 1.7 GHz Dual-Core Processor ကို သုံးစွဲထားကာ Android 4.2.2 (Jelly Bean) OS တင်ထားပါတယ်။ RAM 2GB, 13 MP ကင်မရာနဲ့ 1800mAh ဘက္ထရီလည်း တပ်ဆင်ပေးထားပါတယ်။

ရုရှားနိုင်ငံနဲ့ ဥရောပ နိုင်ငံတွေ အတွက်တော့ ဒီဖုန်းကို Online ကနေ ရောင်းချပေးနေပါပြီ။

သင့်အနေနဲ့ရော ဒီလို တီထွင်ဆန်းသစ်ထားတဲ့ ရုရှားထုတ် Yota Phone ကို ဘယ်လို ထင်မြင်ယူဆ မိပါလဲ?

Ref: Android&ME, PCMag
 

ကမ္ဘာတစ်ဝန်းမှာ iPhone 5S အတွက် Consumer တွေ ဘယ်လောက်ပေးရသလဲ






Apple ရဲ့ iPhone ဆိုတာနဲ့ အခြားသော စမတ်ဖုန်းတွေထက် ဈေးပိုများမယ်ဆိုတာ လူတိုင်းလက်ခံထားတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် Apple အနေနဲ့ နိုင်ငံတကာ ဈေးကွက်တွေမှာ iPhone 5S ကို ဘယ်ဈေးတွေနဲ့ ရောင်နေလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။

Mobile Unlocked အင်တာနက် စာမျက်နှာရဲ့ စစ်တမ်းအရတော့ အချို့သော နိုင်ငံများမှာ iPhone 5S ရဲ့ ဈေးနှုန်းဟာ သိသိသာသာကို ပိုများနေတာကို တွေ့ခဲ့ရပါတယ်။ ယူအက်စ်မှာ ရောင်းတဲ့ဈေးထက် ၂၂ ရာခိုင်နှုန်း ပိုများနေတဲ့ နိုင်ငံကတော့ အိန္ဒိယနိုင်ငံပဲ ဖြစ်ပါတယ်။



ဒါတင်မကသေးပါဘူး အိန္ဒိယနိုင်ငံရဲ့ GDP အပေါ် အခြေပြုပြီး တွက်ချက်ထားတဲ့ Purchasing Power Parity (PPP) လို့ ခေါ်တဲ့ သာမန်လူတစ်ဦးရဲ့ ပျမ်းမျှဝင်ငွေနဲ့ ဝယ်နိုင်စွမ်းအားပါ ထည့်သွင်းတွက်ချက် လိုက်မယ်ဆိုရင်တော့ iPhone 5S တစ်လုံးရဲ့ တန်ဖိုးဟာ ခေါင်ခိုက်သွားပါပြီ။

နိုင်ငံတကာ ဈေးကွက်တွေမှာ ကုန်ပစ္စည်းတွေကို ဈေးတင်ရောင်းတာ လုံးရိုးလုပ်စဉ်ပဲ ဖြစ်ပါတယ်။ အခွန်အကောက်၊ သယ်ယူပို့ဆောင်စရိတ်နဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်တို့ အပေါ်မူတည်ပြီး ဈေးနှုန်းတွေ ကွဲပြားသွားတတ်ပါတယ်။



iPhone 5S ဟာ မိခင် အမေရိကန်နိုင်ငံမှာ ဈေးအချိုဆုံးဖြစ်ပြီး မော်ဒယ်အလိုက် ဒေါ်လာ ၆၄၉ ကနေ စပြီး ဝယ်ယူနိုင်ပါတယ်။ ဒါပေမယ့် ဂျော်ဒန်နိုင်ငံမှာ တရားဝင် ရောင်းချနေတဲ့ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာနဲ့ ဆိုရင် ၉၄၀ ကျသင့်ပါတယ်။ ဒါတောင် အခွန်မပါသေးပါဘူး။

အပေါ်မှာ ပြောခဲ့တဲ့ GDP PPP အရ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ အိန္ဒိယနိုင်ငံမှ ပြည်သူများအနေနဲ့ iPhone 5S အတွက် ကုန်ကျစရိတ်ဟာ ဝင်ငွေရဲ့ ၂၂.၃ ရာခိုင်နှုန်းအထိ ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် GDP မြင့်မားတဲ့ ချမ်းသာတဲ့ နိုင်ငံတွေက ပြည်သူများကတော့ iPhone 5S ရဲ့ တန်ဖိုး မြင့်မားနေစေကာမူ ဝင်ငွေလည်း မြင့်မားတာကြောင့် ကုန်ကျစရိတ်ဟာ မိမိဝင်ငွေရဲ့ ၁ ရာခိုင်နှုန်းသာ ရှိတာကို တွေ့ရပါတယ်။
 

Dell မှ ထုတ်လုပ်လိုက်တဲ့ ရုပ်ထွက်အမြင့်မားဆုံး 4K(Ultra HD) မော်နီတာ




ကမ္ဘာကျော် ကွန်ပျူတာ ကုမ္ပဏီကြီး Dell ကတော့ ၃၂ လက်မ၊ ၂၄လက်မ 4K (Ultra HD) ရုပ်ထွက်အမြင့်စား မော်နီတာတွေကို မိတ်ဆက်ပြသ လိုက်ပါတယ်။
4K ဆိုတာက လက်ရှိမှာ ရုပ်ထွက်အမြင့်မားဆုံး စနစ်တစ်ခု ဖြစ်ပါတယ်။ ရုပ်ပုံတွေကို HD (High Definition) စနစ်နဲ့ တိုးတက်လာပြီးတဲ့နောက် Full HD, Ultra HD စသဖြင့် ပိုမိုအဆင့်မြင့်ကာ ကြည်လင်ပြတ်သားတဲ့ နည်းပညာတွေလည်း ရှေ့ဆင့်နောက်ဆင့် ထွက်ရှိလာခဲ့ပါတယ်။

Dell မှ ယခုထုတ်လုပ်ပြသ လိုက်တဲ့ မော်နီတာတွေဟာ Resolution 3840×2160 Pixels ဖြစ်ပြီးတော့ ၃၁.၅ လက်မ၊ ၂၄ လက်မ မော်ဒယ်နှစ်မျိုး ဖြစ်ပါတယ်။ ဈေးတွေကတော့ မသေးလှပါဘူး။ ၃၁.၅ လက်မ 4K မော်နီတာ တစ်လုံးကို ဒေါ်လာ ၃၅၀၀ ဖြစ်ပြီး ၂၄ လက်မ 4K မော်နီတာ တစ်လုံးကိုတော့ ဒေါ်လာ ၁၄၀၀ နဲ့ ဈေးနှုန်းသတ်မှတ် ထားပါတယ်။

ဒေါ်လာ ၃၅၀၀ တန် ၃၁.၅ လက်မ 4K မော်နီတာမှာ ဆိုရင် Adjust လုပ်လို့ရတဲ့ Stand လေးလည်း ပါဝင်ပါတယ်။ ဒါ့အပြင် HDMI Port, mini-Display Port, USB 3.0 Port လေးခုနဲ့ Multifunction Card Reader တွေကိုလည်း ထည့်သွင်း ပေးထားတာပါ။ မော်နီတာ နှစ်မျိုးလုံးအတွက် Dell မှ Warranty ၃ နှစ် ပေးထားပြီး မော်နီတာမှာ ထည့်သွင်းဖန်တီးထားတဲ့ Pixel တွေထဲက Pixel တစ်ခုခု ချွတ်ချော်သွားရင်တောင် ကုမ္ပဏီအနေနဲ့ အစားထိုး ပြန်လည်လဲလှယ် ပေးမှာဖြစ်ကြောင်း သိရပါတယ်။

ယခုလက်ရှိ 4K မော်နီတာတွေဟာ အရည်အသွေးလည်း ကောင်းသလောက် ဈေးကြီးပေမယ့် မကြာခင်မှာ Dell အနေနဲ့ ဈေးနှုန်းပိုမိုသက်သာတဲ့ Display တွေကို ဆက်လက်ထုတ်လုပ် သွားဖို့ အစီအစဉ်ရှိပါတယ်။ ယခုဖော်ပြခဲ့တဲ့ 4K မော်နီတာတွေကိုတော့ www.dell.com မှာ ၀ယ်ယူရရှိနိုင်ပါပြီ။

Ref: Techspot
 

flash song 6

တနယ်စီဝေး(အဂ္ဂမိုး)
ကလေးရယ်ကြယ်(မိုမို)
Baby(အာဒဏ်)
မ မချစ်လို့ မဖြစ်
ပလောင်သီးချင်း
ဇာတ်သိမ်းပိုင်း
အချစ်အဝေး
သို့ (ထူးအလ်လင်း)
QQ များတွက်
သူငယ်ချင်းလေး(စံပီး)
** မ **
မငိုပါနဲ့ ကလေးရယ်
မမျှော်လင့်ပဲ
ရည်စားဦး(Dဖြိုး)
အရမ်းချစ်တယ်မင်းသမီးလေး
ကျေးဇူး
Never-Meet
စကားလေးတခွန်း
အင်တာနက်ချစ်သူ
မင်းပြန်လာမဲ့အချိန်
မ တွက်သီးချင်း
အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ 
ညီမလေးချစ်သူအနား
အလွမ်းပြေအနမ်း
ငါဆက်ချစ်မဲ့သူ
တနေ့ တော့ဆုံးမယ်
ဒွိဟ
ခေါင်းငုံထားပါ့မယ်
အဝေးချစ်သူကောင်းမလေး{Gလတ်}
ပလောင်သီးချင်း
"မ"မချစ်လိုမဖြစ်
You Believe Me{ZAT}
ဒဏ်ရာ {ကဗျာ}
အမှန်တကယ်{ကေကေ}
     
အဖြူရောင်သတိုသမီး
အလွမ်းဝင်္ကပါ
ဝါရင့်သမ္ဘာရင့်အလွမ်းစာမျက်နှာ
မင်းနဲ့ မဆုံးသရွေ့ 
အလှဘုရင်မ
My Home Paradise
အဓိကသူငယ်ချင်းလေး
ထာဝရသင်ခန်းစာ
ယုံပါ
မျက်စိပိတ်နားပိတ်ယုံ
တသက်လုံးချစ်မဲ့သူခိုးချစ်ရတဲ့သူ
ကိုယ်ရေးကိုယ်တာ
သို့  ၁၅၀၀စက္ကထရီ(ဟဲလေး)
ပစ်မထားနဲ့  မ ရယ်
* မမ *
မငြိတွယ်နဲ့ (လင်းလင်း)
အပြုံးGood Bye
God Send Rain甜蜜蜜
ချစ်နေတုန်းပဲ
မင်းမချစ်တဲ့ငါသစ္စာလမ်း (Lဆိုင်းဇီ)
အချိန်တိုင်းပဲ(လှိုင်ဦးမော်)တိတ်တိတ်လေးပါပဲ(ဆိုတေး)
ကောင်းကင်ပြာ (အိမ့်ချစ်)နှလုံးသာချင်ထိတွေ့ ခဲ့တယ်
ရှိသည်ဖြစ်သည်{ချမ်းချမ်း}
ကိုယ်ချစ်သူ{Thalat}
အိမ်မက်ကမ္ဘာ{ရသ}
မိုးတိမ်ကဗျာ{ရသ}
လွှမ်းပိုင်ဆိုတဲ့ငါ{လွှမ်းပိုင်}
ဝါဆို{မိုးသက်တင်}