မလေးရှားစတိုင် ဖက်ထုပ် ခေါက်ဆွဲ (၄ယောက်စာ)


မလေးရှားမှာ လူကြိုက်များတဲ့ ဖက်ထုပ် ခါက်ဆွဲ လေးပါ။ မလေးရှားလို Wantan Mee လို့ ခေါ်ပါတယ်။ ဒီခေါက်ဆွဲ လုပ်နည်းက လုပ်စားချင်နေတာတော့ ကြာပြီ။ ခုမှ လုပ်စားဖြစ်တာ၊ အိမ်သားတွေ တော်တော်ကြိုက်ကြတယ်။ ခေါက်ဆွဲ အရသာက ချိုပြီ ၀က်သားကင်၊ ဖက်ထုပ်၊ ကိုက်လန်၊ ငရုတ်သီးချဉ် တို့နှင့် တွဲဖက် စားရတာမို့ ထူးခြားကောင်းမွန်ပါတယ်။ ၀က်သားကင်၊ ဖက်ထုပ်၊ ငရုတ်သီးချဉ် လုပ်နည်းတွေပါ ရေးပေးထားတာမို့။ ခုပဲ တူတူလုပ်ကြည့်ရအောင်…

Time Preparation: 4hrs (Grill Pork)၊ 2hrs (Pickled Chilli)၊ Cooking Time: 1hr
------------------------------------------
လုပ်ပုံ အဆင်ဆင့်ကို http://www.wutyeefoodhouse.com/?p=4832%2F မှာကြည့်နိုင်ပါတယ်..
------------------------------------------
ပါဝင်ပစ္စည်းများ

အာဆီယံနိုင်ငံများသို့ ခေါ်ဆိုနိုင်မည့် ကျပ် ၂၀၀၀၀ တန် ဂျီအက်စ်အမ် ဆင်းမ်ကတ် များ စတင်ရောင်းချပြီ




အာဆီယံနိုင်ငံများသို့ ခေါ်ဆိုနိုင်မည့် ကျပ် ၂ဝဝဝဝတန် ဂျီအက်စ်အမ်ဆင်းမ် ကတ်များ စတင်ရောင်းချပြီဖြစ်ကြောင်း မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းမှသိ ရသည်။

အဆိုပါဆင်းမ်ကတ်များ အား ဆီးဂိမ်းပွဲတော် တွင် နိုင်ငံတ ကာမှ လာရောက်ကြ မည့်ဧည့် သည် များနှင့် ပြည်ပမှလာရောက် ယှဉ်ပြိုင်မည့် အားကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူများအသုံးပြု နိုင်ရန်အတွက် ရည်ရွယ်ရောင်း ချပေးခြင်းဖြစ်ပြီး ဒီဇင်ဘာလမှ စတင်၍ ဖေဖော်ဝါရီလအထိ သက်တမ်းသုံးလသာအသုံးပြုနိုင် မည်ဖြစ်ကြောင်း သိရသည်။

''ဒီဆင်းမ်ကတ်တွေရောင်း ပေးတာက နိုင်ငံခြားသားတွေအ တွက်အဓိကပေါ့။ နောက်ပြီး တ ခြားနိုင်ငံကမီဒီယာသမားတွေ အတွက်ပါရောင်းပေးမယ်။ ကတ် သက်တမ်းက သုံးလပဲခံမယ်၊ သုံး လမပြည့်မချင်းတော့ ငွေဖြည့်ကတ် ထည့်ပြီးသုံးလို့ရမှာပါ''ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးကပြောသည်။
 
 
From: YMG

www.mmdailystar.com

SAMSUNG GALAXY S2 GT-I9100G ကို OFFICIAL 4-1-2 တင်ပြီး ROOT လုပ်နည်း



ဒါလေးကို Facebook မှာ သူငယ်ချင်း နှစ်ယောက်မေးထားလို့  AndroidApkUser ကနေ တဆင့်ပြန်လည်မျှဝေပေးလိုက်တာပါ...

Samsung Galaxy S2 GT-I9100g အတွက် Official 4.1.2တင်နည်းလေးပါ။ မိမိဖုန်းမော်ဒယ်ကို သေချာအောင် Setting>About phone ကိုဝင်စစ်ကြည်.ပါ။သေချာပြီဆိုစကြမယ်နော်။

  1. I9100GXXLSR_I9100GXEFLSR_XEF.zip  
  2.  Odin-3 (or) Odin-3.7
  3. Samsung USB Driver 
  1. ဖိုင်သုံးခုစလုံးကို Desktopပေါ်မှာ extra လုပ်ထားလိုက်ပါ။Samsung USB Driver ကို PCမှာ Runထားပါ။ 
  2. မိမိဖုန်း Phone USB debugging mode ကို Enable လုပ်ဆောင်ထားပါ။ (Settings –> Applications –> Development –> USB Debugging) 
  3. Batteryကို အနည်းဆုံး 50%လောက်ရှိပါစေ။
မိမိဖုန်းကိုပိတ်လိုက်ပါ။ Download Modeထဲကိုဝင်နိုင်ဖို.အတွက် Volume Down+ Home+Power buttonတွေကို တပြိုင်နက်တည်း 10 sec လောက်ကြာအောင်ဖိထားပါ။ Warningဆိုတာလေးပေါ်လာပြီဆိုရင် Volume Upကိုနှိပ်လိုက်ပါ။ Download Modeထဲကိုရောက်သွားပါလိမ်.မယ်။

 ပြီးလျှင် မိမိဖုန်းကို USB Cableဖြင်. PCနဲ.ချိတ်ဆက်လိုက်ပါ။Odin.exe လေးကိုဖွင်.လိုက်ပါ။

Odinမှာရှိတဲ. PDAထဲမှာ I9100GXXLSR_I9100GXEFLSR_XEF.zip ကို extra လုပ်လို.ရလာတဲ.I9100GXXLSR_I9100GXXLSP_I9100GXEFLSR_HOME.tar.md5′ ဖိုင်ကိုထည်.လိုက်ပါ။ 
Odinက ‘Re-Partition’ ကို အမှန်ခြစ်ထားရင် ဖြုတ်ဖြစ်အောင်ဖြုတ်ပါ။

ပြီးရင် startကိုနှိပ်လိုက်ပါ။ခဏစောင်.ပြီး PASS ဆိုတဲ.အစိမ်းရောလေး Odinမှာပေါ်လာရင် Firmware တင်လို.အောင်မြင်ပြီဖြစ်ပါတယ်။ဖုန်းက rebootဖြစ်သွားပါလိမ်.မယ်။ခဏကြာလို. reboot ပြန်တက်လာရင် မိမိတို. Samsung Galaxy S2 GT-I9100G လေးဟာ Official 4.1.2 လေးနဲ.လန်းနေပါလိမ်.မယ်။ 

Root လုပ်မယ်

ဒီဖိုင်လေးကိုဒေါင်းလိုက်ပါ။

SU-BB-Installer.zip 

မိမိဖုန်း external SD ထဲကိုထည်.လိုက်ပါ။

phone ကို ပိတ်လိုက်ပါ။

Recovery Modeထဲကိုဝင်ဖို. Volume up+Home+Powerကိုတဲပြီး 10sec လောက်ဖိနှိပ်ထားလိုက်ပါ။

Samsung logoလေးပေါ်လာပြီးရင် Recovery Modeထဲကို ရောက်သွားပါပြီ။

အထက်အောက်ရွေးချယ်ဖို. Volume Buttonsတွေကို အသုံးပြုရမှာဖြစ်ပြီး Select လုပ်ဖို.အတွက်တော. Power Buttonကိုရွေးချယ်ရမှာဖြစ်ပါတယ်။

 'apply update from external storage'ကိုရွေးလိုက်ပါ။ စောစောမိမိထည်.ထားတဲ. 
SU-BB-Installer.zip ဖိုင်လေးကိုရွေးချယ်လိုက်ပါ။ confirmလုပ်ဖို. မေးလာရင် yesကိုနှိပ်လိုက်ပါ။
ခဏစောင်.လိုက်ပါ။ ပြီးရင် Main Menu ကိုback နဲ.ပြန်ထွက်လိုက်ပါ။

Reboot System Nowကိုနှိပ်လိုက်ပါ။ Reboot ပြန်တက်လာရင် မိမိတို. S2 GT-I9100G 4.1.2လေးကို Rootလုပ်လို.အောင်မြင်ပြီဖြစ်ပါတယ်။

Source-XDA Developers

သက်တော် ၁၀၄ နှစ် ဆရာတော်ကြီးဦးသြဘာသ၏ ဆင်ဖြူတော်ကျောင်းတိုက်သို့ သာသနာပြုမြွေကြီးရောက်ရှိနေ




ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဘီးလင်းတန်းရပ်ကွက်၊ ပေါက်ကုန်း၊ ဆင်ဖြူတော် ဘုန်းတော် ကြီး ကျောင်း တိုက်(သက်တော်ရှည်)၊ သက်တော် (၁၀၄)နှစ်ရှိ ဆရာတော်ကြီး ဘဒ္ဒန္တသြဘာသ၏ ကျောင်းတိုက်တော်ကြီးသို့ ၂၁-၁၁-၂၀၁၃နေ့ ညနေ (၆း၁၅)နာရီခန့်က လုံးပတ်(၁၀)လက်မ၊ အရှည် (၈)ပေရှိ စပါးကြီး မြွေမကြီးတစ်ကောင် မထင်မှတ်ဘဲ ရောက်ရှိ လာခဲ့သည်။

သမိုင်းဖြစ်စဉ်မှာ ယခုပေါက်ကုန်း၊ ဆင်ဖြူတော် ဘုန်းတော်ကြီး ကျောင်းတိုက်ကြီး၏ လက်ရှိဆရာတော် သက်တော်(၁၀၄)နှစ်ရှိ ဆရာတော် ဘဒ္ဒန္တသြဘာသနှင့် အတူ ရန်ကုန်တိုင်း ဒေသကြီးရှိ အာလိန် ငါးဆင့် ဆေးဝင်္ကပါ ဆရာတော် ဦးသူရိယ၏ အောင်မြေကျောင်း တိုက်တစ်ခုဖြစ်ခဲ့ပါသည်။ ၎င်း ကျောင်းတိုက် တော်ကြီးအား သက်တော်ရှည် မေတ္တာဝါဒီ ဆရာတော် ဘုရားကြီးနှင့်အတူ ဆေးဝင်္ကပါ ဆရာတော် ဘုရားကြီးတို့ (၂)ပါးက ပေါက်ကုန်း၊ ဆင်ဖြူတော်ကျောင်း တိုက်အား တည်ထောင်တော် မူခဲ့သည်။

၂၁-၁၁-၂၀၁၃နေ့ ညနေ ၆း၁၅ နာရီခန့်တွင် နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် နတ်လမ်းပေါ်၌ သာသနာပြု စပါးကြီးမြွေကြီး ကို ကျောင်းသားများ တွေ့ရှိ၍ အုတ်အော်သောင်းတင်း အသံများကို ကြားသောအခါ ကိုရွှေကျီးသည် အိမ်မှကျောင်းဝင်း အတွင်းသို့ လာစဉ်တွေ့ရှိပြီး ၎င်းကိုယ်တိုင် ဦးခေါင်းပိုင်းမှ ကိုင်ပြီး အခြားလူ ၃ ဦးဖြင့် မြွေကြီးအား မယကာ ကျောင်းတော် ကြီး၏အောက်ဘက်၌ ထိန်းသိမ်း စောင့်ရှောက်ထားပြီး သက်တော် ရှည်ဆရာတော် ဘုရားကြီးက ၎င်းသည် သာသနာပြုရန် လာတာဖြစ်တယ်။ မသတ်ရန်နှင့် မြွေကြီးအား ယခု ကျောင်း ထိုင်ဆရာတော်က မေတ္တာသုတ်၊ ပဋ္ဌာန်းဒေသနာ တော်များကို နံနက်၊ ညနေ ရွတ် ဖတ်ပူဇော်သည့်အခါ နာယူမှုပြု လုပ်ပါသည်။ ၎င်းသာသနာပြု စပါးကြီး မြွေမကြီးအား အထူးအဆန်း သဖွယ် မြို့ပေါ်နှင့် မြို့နီးချုပ်စပ်မှ လာရောက်ကြည့်ရှုသူများ နေ့ည (၁၀၀၀)ကျော်ခန့်ဖြင့် စည်ကား လျက်ရှိပါသည်။

အမျိုးသမီးများအား ချဉ်းကပ်ရာဝယ် သတိထားသင့်တဲ့ အမှား(၆)ခု



တချိန်တုန်းက မင်းမှာ ရွေးချယ်သင့်တဲ့အမျိုးသမီးတစ်ဦး ရှိခဲ့ဖူးမယ်။ သူမမင်းကို လှမ်းကြည့်ပြီး ပြုံးပြတဲ့အချိန်မှာလည်း ရာခိုင်နှုန်း ၅၀လောက် မင်းအတွက် အခြေအနေ ကောင်းတယ်ဆိုတာ သိခဲ့လိမ့်မယ်။ ဒါပေမယ့် ကျန်တဲ့ ၅၀ ရာခိုင်နှုန်းဟာ မင်းထင်သလောက်တော့ မလွယ်ကူပြန်ဘူး။

အရက်ဟာ တစ်ခါတစ်ရံမှာ စိတ်လွတ်သွားတတ်ပြီး ပိုကောင်းသွားတတ်သလို ပိုလည်း ဆိုးသွားတတ်တယ်။ အဆုံးသတ်ရလဒ်ဟာ ကြောက်စရာကောင်းသွားတတ်တယ်။ သူမအနေနဲ့ မျက်လုံးချင်းဆုံရမှာ ရှောင်ရှားလာမယ်။ မင်းကို မသိချင်ယောင်ဆောင်မယ်။ ဒါတောင်မှ မင်းက နောက်မဆုတ်သေးဘူးဆိုရင် သူမရဲ့ သူငယ်ချင်း၊ ယောက်ျားလေးသူငယ်ချင်းတွေကို ခေါ်ပြီး မင်းကို ရိုက်ခိုင်းတဲ့ အခြေအနေတွေအထိ ဖြစ်လာတတ်ပါတယ်။ ဒီလိုမျိုးနဲ့ မင်းကောင်မလေးတစ်ယောက်ကို ဆုံးရှုံးခဲ့ဖူးပြီးပြီ ဆိုရင်တော့ နောက်တစ်ကြိမ် ဒါမျိုးမဖြစ်ရလေအောင် အခုပြောပြပေးမယ့် အမှားလေး တွေကိုရှောင်ရှားကြည့်ပါ။ မင်းကံကောင်းပါလိမ့်မယ်။

ပတ်ဝန်းကျင်ကို ကယ်တင်ဖို့ အကူအညီလိုပါသလား ?




 ပတ်ဝန်းကျင်ထိန်းသိမ်းရန် စွမ်းအင်အသုံးပြုမှု လျော့ချပါ။ ဒီအချက်လေးတွေကို လေ့လာကြည့်ရင်တော့ ပြောသလောက် မခက်တာကို တွေ့နိုင်ပါတယ်။ ကဲ စလိုက်ကြရအောင်။

(၁) လျှပ်စစ်နဲ့အသုံးပြုရတဲ့ပစ္စည်းမှန်သမျှကို မလိုအပ်ရင်၊ မသုံးသေးရင် ပိတ်ထားပါ။ မီးချောင်း၊ ရုပ်မြင်သံကြား၊ ကွန်ပျူတာ၊ ပရင်တာ အစရှိတာတွေပေါ့။

(၂) ပလပ်ပေါက်ကို ဖြုတ်ထားပါ။ အားသွင်းကြိုး တွေဟာ “phantom” စွမ်းအင်တွေကို ဆွဲယူ နေကြပါတယ်။ application တစ်ခု သုံးအပြီး ပြန်ပိတ်လိုက်ချိန်မှာအောင် စွမ်းအင်ကတော့ ဆက်လက် သုံးနေဆဲပါ။ တကယ်လို့များ ဘက်ထရီတစ်ခုက ၃၆နာရီခံခဲ့မယ်ဆို သတ်မှတ်ချိန် မပြည့်မီမှာ အားသွင်းကြိုးကို ဖြုတ်ထားပါ။ ဖြစ်နိုင်သမျှကြိုးတွေအားလုံးကို ပလပ်ဖြုတ်ထားပါ။


(၃) အသစ်ပြန်လည်ဖြစ်တည်နိုင်တဲ့ စွမ်းအင်အရင်းအမြစ်ကို သုံးပါ။ USA ရဲ့ စွမ်းအင်အသုံးပြုမှု ၇၁ ရာခိုင်နှုန်းဟာ သဘာဝလောင်စာတွေ လောင်ကျွမ်းခြင်းက ရတာပါ။ ကျောက်မီးသွေးကဲ့သို့သော လောင်စာမျိုးတွေဟာ ပတ်ဝန်းကျင်ညစ်ညမ်းစေပြီး greenhouse ဓါတ်ငွေ့တွေထုတ်လွှတ်ပါတယ်။ အိမ်တစ်အိမ်ရဲ့ ပျှမ်းမျှ လောင်စာလောင်းကျွမ်းမှုဟာ တစ်နှစ်ကို ကျောက်မီးသွေး ၁၂၀၀၀ ပေါင် ရှိပါတယ်။ များစွာသော အီလက်ထရစ် ကုမ္ပဏီတွေဟာ အသစ်ပြန်လည်ဖြစ်တည်နိုင်တဲ့ အရင်းအမြစ်တွေကနေ စွမ်းအင်တွေကို ထုတ်ပေးပါတယ်။ ဥပမာ-ဆိုလာပြားတွေ၊ လေရဟတ်ကြိတ်စက် တွေဟာ သဘာဝပတ်ဝန်းကျင် မထိခိုက်တဲ့ စွမ်းအင်အရင်းအမြစ်တွေ ဖြစ်ပါတယ်။

(၄) သဘာဝအလင်းရောင်ရအောင်ယူပါ။ အိမ်ခေါင်မိုးမှာ အလင်းရောင်ဝင်နိုင်တဲ့ မှန် (သို့) အလင်းသွပ်မျိုး (၂)ချပ်လောက် ဖောက်ထားပါ။ ဒါမှသာ နေ့အချိန် မီးချောင်းများ ပိတ်ထားနိုင်မှာဖြစ်ပြီး တစ်ချို့သော အလင်းသွပ်အမျိုးအစားတွေဟာ စွမ်းအင်အဖြစ်ပါ ကူးပြောင်းပေးနိုင် ပါသေးတယ်။


(၅) လျှပ်စစ်နဲ့ အသုံးပြုရတဲ့ လေ့ကျင့်ခန်းသုံးစက်တွေ အသုံးမပြုပါနဲ့။ အဲ့ဒီအစား တကယ့် စက်ဘီးအစစ်တစ်စီးကို အသုံးပြုပါ။ ဒါမှမဟုတ် တစ်နေရာမှ တစ်နေရာကို လမ်းလျှောက်ပါ။ အလုပ်ပို လုပ်ပါ။

ဒီအခြေခံအချက်လေးတွေ လိုက်နာကြည့်ရင် ကျွန်ုပ်တို့တစ်ဦးချင်းဟာ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကို တတ်နိုင်တဲ့နည်းလမ်းနဲ့ ထိန်းသိမ်းပေးရာ ရောက်မှာပါ။

Ref:wikihow

စိတ်ဖိစီးမှုလျှော့ချပေးမယ့် အစားအစာ ၆ မျိုး



သင်အလုပ်ကနေအိမ်ပြန်ရောက်တဲ့အချိန် ချက်ပြုတ်ဖို့အတွက် ပင်ပန်းနွမ်းနယ်တဲ့အကြိမ်ကပိုများမှာပါ။ ကူပြီးချက်ပြုတ်ပေးမယ့်သူရှိရင် သင်ကကံကောင်းတဲ့သူတစ်ယောက်ဖြစ်မှာ ဖြစ်ပြီး ကျန်တဲ့သူတွေအတွက်ကတော့ pizza ကတစ်ခုတည်းသောဖြေသိမ့်စရာပါ။ ဒါပေမယ့် စိတ်ဖိစီးမှုက လူတွေကို ဆိုးဝါးတဲ့အစားအသောက်ရွေးချယ်မှုတွေလုပ်အောင် တွန်းအားပေးပါတယ်။ အသင့်စား အစားအစာတွေကိုလွယ်ကူသက်သာတယ်ဆိုပြီး အလွှန်အကျွံစားသုံးတာဟာ သင့်ရဲ့စိတ်ဖိစီးမှုကို တိုးပွားအောင်လုပ်တာနဲ့အတူတူပါပဲ။ ဘာလို့လဲဆိုတော့အဲဒီ့လိုမျိုး အစားအစာတွေဟာ သင့်ကို အပြစ်ရှိတယ်လို့ခံစားစေမှာဖြစ်ပြီး အဆိုးဆုံးကတော့ ပူပင်သောကကို တိုးပွားစေတာပါပဲ။ အဲဒီ့အစား စိတ်ဖိစီးမှုလျှော့ချနိုင်တဲ့ ဒီအံ့အားသင့်စရာအစားအစာတွေစားပြီး တည်ငြိမ်အေးချမ်းမှုကိုခံစားပါ။

၁။ ကညွှတ်



ဖောလစ်အက်ဆစ်ကို စိတ်ခံစာမှုကောင်းမွန်တိုးတက်စေတဲ့ အဟာရတစ်ခုလို့ပြောကြပါတယ်။ အဲဒီ့အတွက်ကြွားဝါနိုင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုး ကတော့ ကညွှတ်ဖြစ်ပါတယ်။ ဒါ့အပြင်ကညွှတ်ကို ဘယ်ဟင်းလျှာထဲရောရော အဆင်ပြေပါတယ်။ အဲဒီ့တော့ ကညွှတ်ကို အသီးအရွက်သုပ်ထဲရောပြီး ဆီထည့်ရင်ထည့် ဒါမှာမဟုတ် ဆီပူပူမှာမွှေကျော်လိုက်ပါ။ အဲဒီ့သွယ်လျှတဲ့ရိုးတံရှည်လေးတွေက သင့်ရဲ့စိတ်ဓာတ်ကျမှုကို မှော်အတတ်လိုပဲ ဖြောက်ဖျက်ပစ်ပါလိမ့်မယ်။

လက်သင်္ကေတပြ ဘာသာစကားကို ပြောစကားအဖြစ် ဘာသာပြန်ပေးမယ့် လက်ပတ်




လက်သင်္ကေတပြ ဘာသာစကားနဲ့ ပြလိုက်တဲ့ လက်လှုပ်ရှားမှုတွေကို စကားပြောအဖြစ် ဘာသာပြန် ဆက်သွယ်ပေးမယ့် စက်သစ်တစ်မျိုး ထွက်ပေါ်လာပါတယ်။

လက်သင်္ကေတပြ ဘာသာစကားသုံး လက်ပတ်ကို အာရှတက္ကသိုလ်က ဒီဇိုင်းနာ ၆ဦးကဖန်တီးခဲ့တာပါ။ အဲ့ဒီ့တက္ကသိုလ်ဟာ ထုတ်ကုန်ဒီဇိုင်းဆုဖြစ်တဲ့ Red Dot Design Concept Award (၂၀၁၃ခုနှစ်) ဆုတွေထဲက တစ်စုကို ရရှိထားပါတယ်။ အဲ့ဒီ့ ပြိုင်ပွဲကြီးဟာ နိုင်ငံတကာပြိုင်ပွဲဖြစ်ပြီး လျှောက်လွှာပေါင်း ၁၅၅၀၀ကို လက်ခံယှဉ်ပြိုင်စေခဲ့တယ်လို့ သိရပါတယ်။


လက်သင်္ကေတပြ ဘာသာစကား ဘာသာပြန်စက်မှာ လက်စွပ်လေးတွေနဲ့ လက်ပတ်၂ခုပါရှိပြီး ပူးတွဲအလုပ်လုပ်ဆောင်ကြပါတယ်။ ဗုဒ္ဓဘာသာ ပုတီးတွေ လွမ်းမိုးတယ်လို့ ဆိုပါတယ်။

မိုးကြိုးသွားက ပေးသော တက်တူး



ပုံမှာ မြင်တွေ့ရတာကို တက်တူးလို့ ထင်ချင်စရာ ရှိပါတယ်။ သို့ပေမယ့် ယင်းဟာ တက်တူးမဟုတ်ပဲ မိုးကြိုးပစ်လို့ ရတဲ့ အမာရွတ် ဖြစ်ပါတယ်။

အင်္ဂလိပ်လိုတော့ Lichtenberg figure လို့ခေါ်ပါတယ်။ အမြဲတမ်း မဟုတ်ပေ မယ့် မိုးကြိုးအပစ်ခံရရင် ရတတ်တဲ့ အမာရွတ်အများစုက ပုံမှာ မြင်တွေ့ ရတဲ့ အတိုင်းပဲ ဖြစ်ပါတယ်။ တက်တူးထိုးထားသလိုပဲ အပွင့် ပွင့် တွေနဲ့ လှနေ ပါတယ်။ မိုးကြိုးအပစ်ခံရပြီး ကံကောင်းလို့ အသက် ရှင် သွားတဲ့ လူနာတွေ ဆီကနေ မှတ်တမ်း တင်ထားတဲ့ အမာရွတ် ဖြစ်ပါတယ်။

မိုးကြိုးသွားရဲ့  ပြင်းတဲ့အပူချိန်နဲ့ လျှပ်စစ်ကြောင်းကြောင့် အရေအပြား ပေါ် မှာ သွေးစီးကြောင်းလို ထင်ကျန်ခဲ့တာ ဖြစ်ပါတယ်။ အချို့ က ပျောက်ပေမယ့် အချို့ ကတော့ အမာရွတ် အနေနဲ့ တစ်သက်လုံး ထင်သွား တယ်လို့ ဆိုပါ တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Lichtenberg figure- မိုးကြိုးသွားက ထိုးပေးလိုက် တဲ့ (တက်တူး) အမာရွတ်ကတော့ ယခုလို လှပနေတာကို မြင်တွေ့ ရပါတယ်။
---
Ref: wiki
အောင်ခမ်း ( ရိုးရာလေး )


https://www.facebook.com/photo.php?fbid=504676416296861&set=a.351047714993066.7

ငါးရဲ့လျှာကို စား သတ္တ၀ါ ၊ထူးဆန်းတဲ့ တိုက်ခိုက်မှု



ငါးပါးစပ် ထဲဝင်ပြီး လျှာမှာ ကပ်တွယ် နေပြီးနောက်မှာ လျှာကို စားပစ်လိုက်ပြီး ငါးရဲ့လျှာ နေရာမှာ သူတို့က အစားထိုး ၀င်နေတဲ့ ကယ်လီဖိုးနီးယား ပင်လယ်ကွေ့က Cymothoa exigua တွေ


ဒီထူးဆန်းတဲ့ တိုက်ခိုက်မှုဟာ သတ္တ၀ါ လောက မှာတော့ အခုထိ သိသမျှ ထဲက တစ်ခုတည်းသော ဖြစ်ရပ် ဖြစ်ပါတယ်။ C. exigua တွေက တခြားငါး တွေရဲ့ လျှာတွေကိုလဲ တိုက်ခိုက် ပေမဲ့ ဒီနှင်းဆီရောင် snapper ငါးတစ်မျိုး ဆီမှာပဲ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုအဖြစ် နေ ထိုင်နိုင်တာ ဖြစ်ပါတယ်လို့ Arizona တက္ကသိုလ်က marine biologist Rick Brusca ကဆိုပါတယ်။ သူက တခြား လျှာစား isopods အ များကြီး ရှိတာတောင်မှ C. exigua ကပဲ အဲ့လို လုပ်နိုင်တာလို့ ထပ်မံ ပြောပါသေးတယ်။ တကယ်လို့များ အချစ်ပုံပြင် တစ်ပုဒ်ကို ယုံမယ် ဆိုရင် ပြောပြချင် ပါသေးတယ်။ ဒီ isopods တွေဟာ protandrous hermaphrodites တွေ ဖြစ်ပါတယ်။ ဆိုလိုတာက သူတို့က ပထမ အထီး အဖြစ် မွေးလာပြီး နောက်တော့မှ အမအဖြစ် ပြောင်းသွား ပါတယ်။ 
 

ဘယ်သူ့ကိုမှ အလွယ်တကူ မဝေဖန်ပါနဲ့


ဆရာဝန်တစ်ယောက်ဟာ သူအလုပ်လုပ်နေတဲ့ ဆေးရုံထဲကို အလျှင်အမြန်နဲ့ ပြေးဝင်သွားတယ်။

အရေးကြီး ခွဲစိတ်မှုတစ်ခု ချက်ချင်းလုပ်ဖို့ လိုအပ်လို့ ဖုန်းဆက်ခေါ်တဲ့အတွက် ဖုန်းရရချင်း ချက်ချင်းအ၀တ်အစားလဲပြီး ရောက်လာတာပါ။ ရောက်ရောက်ချင်းပဲ ခွဲစိတ်ဆောင်များ ရှိရာကို ပြေးသွားခဲ့ပါတယ်။

အထဲရောက်တော့ လူမမာကောင်လေးရဲ့ ဖခင်ဖြစ်သူဟာ နံရံကိုမှီပြီး ဆရာဝန်ဖြစ်တဲ့ သူ့ကို စောင့်နေတာကို တွေ့လိုက်ရတယ် ...။

သူ့ကိုတွေ့တွေ့ချင်း ကောင်လေးရဲ့ ဖခင်က ဒေါသတကြီးနဲ့ အော်တယ် ...
"ခင်ဗျား ဘာလို့ ဒီလောက် ကြာနေတာလဲဗျာ ... ကျွန်တော့သားရဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရောက်နေတယ်ဆိုတာ ခင်ဗျားမသိဘူးလား ... ခင်ဗျားမှာ တာဝန်ယူတတ်တဲ့ စိတ်ဓာတ် မရှိဘူးလား .... "

အမျိုးသမီးများမှာ အားကိုးရာ


                      
အမျိုးသမီးများသည် အရာရာတွင် သိမ်မွေ့သူများ ဖြစ်ကြ၍ အားအစွမ်းမရှိသူ၊
နည်းပါးသူများ ဖြစ်ကြ၏ဟု မှတ်ထင်ကြရပေသည်။ မှတ်ထင်ကြသည့်အတိုင်း
မဟုတ်ပေ။ ထက်မြက်သော အားအစွမ်းများ ရှိကြသူများသာ ဖြစ်ပေသည်။

အမျိုးသမီးများ၏ အားအစွမ်းများမှာ -

(၁) ရူပဗလံ = ရုပ်ရည်အဆင်း လှပတင့်တယ်ခြင်းသည် အမျိုးသမီးတို့၏ အား
အစွမ်းတစ်မျိုး ဖြစ်ပေသည်။ သို့ဖြစ်၍ အမျိုးကောင်းသမီးတို့သည် ရုပ်ရည်အ
ဆင်းများ လှပတင့်တယ်အောင် ပြုပြင်ကြရပေသည်။

(၂) ဘောဂဗလံ = ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝခြင်းသည် အမျိုးသမီးတို့၏
အားအစွမ်းတစ်မျိုးပင်ဖြစ်ပေသည်။ သို့ဖြစ်၍ အမျိုးကောင်းသမီးတို့သည် စီးပွား
ဥစ္စာကို စုဆောင်းရှာဖွေ သိမ်းဆည်းကြရပေသည်။

(၃) ဉာတိဗလံ = ဆွေမျိုးဉာတိ မိဘများ ပြည့်ပြည့်စုံစုံ ရှိခြင်းသည် အမျိုးသမီး
တို့၏ အားအစွမ်းတစ်မျိုးပင် ဖြစ်ပေသည်။ သို့ဖြစ်၍ အမျိုးကောင်းသမီးတို့သည်
မိဘဆွေမျိုးများနှင့် အရာရာမှာ သင့်တင့်ညီညွတ်အောင် နေထိုင်ကြရပေသည်။

(၄) ပုတ္တဗလံ = သားသမီးများနှင့် ပြည့်စုံခြင်းသည် အမျိုးသမီးတို့၏ အားအစွမ်း တစ်မျိုးပင် ဖြစ်ပေသည်။ သို့ဖြစ်၍ အမျိုးကောင်းသမီးတို့သည် သားသမီးရရှိရေးကို အလေးပြုကြရပေသည်။

(၅) သီလဗလံ = အကျင့်သီလနှင့် ပြည့်စုံခြင်းသည် အမျိုးသမီးတို့၏ အားအ
စွမ်းတစ်မျိုးပင် ဖြစ်ပေသည်။ သို့ဖြစ်၍ အမျိုးကောင်းသမီးတို့သည် သူ့အသက်မ သတ်ခြင်း။ သူ့ဥစ္စာမခိုးခြင်း၊ သူ့သားယောက်ျားများ မဖျက်ဆီးခြင်း၊ လိမ်ညာ၍ မပြောခြင်း၊ အရက်သေစာ မသောက်စားခြင်းစသော အကျင့်သီလနှင့် ပြည့်စုံ
အောင် နေထိုင်ကြရပေသည်။

ထောပတ်သီးက ဘာတွေကောင်းလဲ


                      
ထောပတ်သီးရဲ့ ကောင်းကျိုး တွေကတော့ အများကြီးပါပဲ။ ကျန်းမာရေးနှင့် ညီညွတ်လို သူတိုင်း ထောပတ်သီးလို အသီးမျိုးကို ပုံမှန်စားပေးရင် အကောင်းဆုံး ပါပဲ။ သူ့ရဲ့ ကျန်းမာရေး ဆိုင်ရာ
အကျိုး ကျေးဇူး တွေကလည်း အံ့ဩစရာ ကောင်းလှပါတယ်။ တကယ်တော့ ထောပတ်သီးဟာ Berry ဘယ်ရီလို့ ခေါ်သော သစ်သီး မိသားစုမှ ဆင်းသက်လာသည့် မျိုးနွယ်ဝင် သစ်သီးတစ်မျိုး ဖြစ်ပါတယ်။


 မြန်မာနိုင်ငံမှာတော့ ထောပတ် သီးလို့ ခေါ်ကြခြင်းရဲ့ အကြောင်းရင်းက မှည့်၍ ပျော့နေသော ထောပတ်သီး အသားများဟာ ကိုင်တွယ်ထိတွေ့ ကြည့်လိုက်ရင် နွားနို့မှ ထုတ်လုပ်ထားသော ထောပတ်ကဲ့သို့ နူးညံ့သည့် အသားမျိုး (Texture) မို့လို့ ထောပတ်နဲ့ တူလို့ ထောပတ်သီးလို့ အမည်ပေး ထားဟန် တူပါတယ်။ အင်္ဂလိပ် ဘာသာအားဖြင့် Avocadoလို့ ခေါ်ပါတယ်။ တချို့ကလည်း ထောပတ်သီးရဲ့ အပေါ် အရေခွံ အရောင် ပုံသဏ္ဌာန်နဲ့ သစ်တော်သီး ပုံသဏ္ဌာန် ဖြစ်နေတဲ့ အတွက် မိကျောင်း သစ်တော် Alligator Pear လို့လည်း ခေါ်ကြ တယ်လို့ ဆိုပါတယ်။ ထောပတ်သီးရဲ့ အာနိသင် တွေ ကတော့-