Zoner Photo Studio 12 ဓာတ်ပုံပြင်တဲ့ဆော့ဝဲလ်လေးပါ

မင်္ဂလာပါသူငယ်ချင်းတို့ဒါလေးကတော့ဓာတ်ပုံတွေကိုလန်းလန်းလေးဖြစ်အောင်
ပြင်လို့ပြုလို့ရပါတယ် နောက်ပြီးစလိုက်ရှိုးလုပ်လည်းရပါသေးတယ်
တော်တော်လေးစုံလင်စွာအသုံးပြုလို့ရပါတယ်
ဒီဆော့ဝဲလ်လေးကိုကျနော်အကြိုက်ဆုံးကတော့
ပုံတွေကို ကာလာ ကိုကြိုက်သလိုပြင်လို့ရတာလေးပဲ...သူငယ်ချင်းတို့လည်း
လိုအပ်ရင်အောက်မှာဒေါင်းလိုက်ပါ
 
 
 


Gmail အကောင့်ဟောင်းမှ လူများကို အကောင့်အသစ်ထဲသို့ ပြောင်းနည်း


Gtalk အသုံးပြုသူတိုင်းမှာ အကောင့်တစ်ခုထက် ပိုပြီးရှိကြပါတယ်. အကောင့်အဟောင်းထဲက သူငယ်ချင်းတွေအားလုံးကို အကောင့်အသစ်ကို တစ်ယောက်ချင်း စီ ပြန်ပြီး လိုက်အပ်နေစရာ မလိုပါဘူး ။ အကောင့်တစ်ခု က သူငယ်ချင်းအကုန်လုံးကို
နောက်အကောင့် တစ်ခုကို ပြောင်းထည့်တာပေါ့ ။

အရင်ဆုံးgmail ထဲကို ၀င် ။(အကောင့်အဟောင်းနော်) ။ အခု နောက်ပိုင်း mailကstyleတစ်မျိုး ပြောင်းသွားတော့ mail ရဲ့ ဘယ်ဘက် အပေါ်ထောင့် compose mail,inbox တို့ အပေါ်မှာ Contact ဆိုပြီး ရှိပါတယ် ။ အဲ့ထဲကို ၀င် .. ။အဲ့ဒါဆိုရင်အဲ့မှာ ကိုယ့်သူငယ်ချင်းတွေ အားလုံး
ပေါ်လာပါလိမ့်မယ်။ အဲ့နေရာမှာ More Action ဆိုတဲ့ နေရာလေးကို နှိပ် ပြီးရင် export ...။ အဲ့လို export လုပ်လိုက်ရင်တော့ google က ဒေါင်းလုပ် ဖိုင်လေး တစ်ခုပေးပါလိမ့်မယ် ။ သူ့ အလိုလို .csv file ကို ရွေးပြီးသားမိုဒေါင်းလုပ်လုပ်လိုက်ပါ ။ တစ်နေရာရာမှာ saveလိုက်ပေါ့ ။ ပြီးရင် ပြောင်းထည့်ချင်တဲ့ အကောင့် အသစ်ထဲကို ၀င် ..။ ခုန က အဆင့်တွေအတိုင်း ပြန်သွား ။ ပြီးရင် More Action ထဲမှာ Import ကို နှိပ်။ပြီးရင် ခုန က ဒေါင်းလုပ် လုပ်ထားတဲ့ google.csv file ကိုရွေးပေးလိုက်ရင်မိမိရဲ့ အကောင့်အဟောင်းထဲက သူငယ်ချင်းတွေ အားလုံးအကောင့်အသစ်ထဲကို တစ်ဦးချင်းစီ လိုက်အပ်နေစရာမလိုတော့ပဲ ရောက်ရှိသွားပါလိမ့်မယ် ။

သူငယ်ချင်းတွေအားလုံးအဆင်ပြေကြပါစေ။

မောင်(စွယ်စုံကျမ်း)


https://www.facebook.com/photo.php?fbid=660346540672654&set=a.572785052762137.

ရော့ခ် ဘုရင်တစ်ဦးလို ဖြစ်စေမဲ့ Singtrix ကာရာအိုကေစက်



ကာရာအိုကေဆိုရတာ နှစ်သက်ပေမဲ့လို မိမိ ပင်ကိုယ်အသံမကောင်းလို စိတ်ညစ်နေသူများအတွက်
ွှအလိုရှိသလိုအသံကို ထွက်ပေါ်စေမဲ့ ကာရာအိုကေစက် ကို မိတ်ဆက် လိုက်ပါပြီး ။

အရွယ်အစားကတော့ i Pad မီနီ, i Phone အရွယ်အစားလောက်ပဲရှိပါတယ်။ မိမိသီဆိုမဲ့ မိုက်ခရို ခ်ဖုန်းနဲ့
ချိတ်ဆက်ကာ အသုံးပြုနိင်ပါတယ်။

အသံ ပြုလုပ်ချက်တွေအနေနဲ့ မိန်းကလေးအသံ၊ စက်ရုပ် အသံစတဲ့
အသံြေ့ပာင်းလဲ ပြုလုပ်ချက်တွေအပြင် အသံမကောင်းဘူးလို့ ထင်ရတဲ့ သူများရဲ့ အသံများကို ပိုမို ချောမွတ်ပြေပြစ်စွာ
ထွက်ပေါ်လာစေပါတယ်။
ဒါကြောင့် သီချင်း ဆိုဖို့ အသံမကောင်းသူများ အသံကောင်းကာ နဂိုကတည်းက ကောင်းမွန်သူများ
ပိုမို ကောင်းသည့်ထက်ကောင်းမွန်စေတဲ့ စက်တစ်ခုပဲဖြစ်ပါတယ်။.

ဒီစက်နဲ့ အတူ Subwoofer Built in တပ်ဆင်ထားတဲ့
40-1att, 2.1 Channelပါဝင်တဲ့ စပီကာပါရှိပါတယ်။

ဈေးနှုန်းအနေနဲ့ ကတော့ ဒေါ်လာ (၂၉၉) ဖြင့် ၀ယ်ယူရရှိနိင်မှာ ဖြစ်ပါတယ်။



~Aung Heine~ (smart.com.mm )


https://www.facebook.com/photo.php?fbid=497295677034935&set=a.351047714993066

Java လေ့လာသူများအတွက် အကောင်းဆုံးထဲက Apps တစ်ခု





ကျွန်တော်ဒီ App ကို ကျွန်တော့်ဖုန်းမှာတင်ပြီးသုံးတဲ့အခါ Java Programming ကိုလေ့လာဖို့ ထင်မှတ်မထားလောက်အောင် ပြည့်ပြည့်စုံစုံ
လုပ်ထားတာကိုတွေ့ရပါတယ်။ ဒါနဲ့ ကြိုက်လွန်းလို့ Tech Space မှာ အစအဆုံး ငါးပတ်တိတိရေးထည့်ခဲ့ပါတယ်။ Step by step လေ့လာသွားရမယ့် လမ်းကြောင်းတွေကိုပေါ့။

အထူးသဖြင့် Java ကို Online မှာလေ့လာနိုင်ဖို့ အကောင်းဆုံး
သော Learining Site များနဲ့ ချိတ်ပေးထားကာ လေ့လာနိုင်မှာဖြစ်ပါတယ်။
ဒီ Apps မှာ အပိုင်း ငါးပိုင်းခွဲထားပါတယ်။

(၁)Home - ကျောင်းသားတွေ နဲ့ developer တွေအတွက် လေ့လာရမယ့် လမ်းကြောင်းများ

(၂)Technlologies - Web ,Mobile နဲ့ Distributed applications များတည်ဆောက်နိုင်စေဖို့ technology များ

(၃)Tutorials - ဗီဒီယိုသင်ခန်းစာများနဲ့ Java ကိုလေ့လာနိုင်မယ့် Web Sites များ

(၄)Books - Free ရနိုင်တဲ့ Java စာအုပ်များ

(၅)Wiki - Java နဲ့သက်ဆိုင်သမျှ စာလုံးတွေကို wiki မှာဖတ်ရှုလေ့လာနိုင်စေဖို့ wiki နဲ့ ချိတ်ဆက်ပေးထားတာ

(၆)Jobs - လက်ရှိနိုင်ငံတကာမှာခေါ်နေတဲ့ အလုပ်များ

စသဖြင့်စုစည်းဖော်ပြပေးထားပြီး အောက်ပါအကြောင်းအရာ၊ ပညာရပ်များနဲ့ပတ်သက်ကာ ဆက်လက်လေ့လာနိုင်စေမှာဖြစ်ပါတယ်။

JAVA, J2EE, SERLVETS&JSP, JSF, STRUTS, ZKOSS, SEAM FRAMEWORK, PLAY FRAMEWORK, JAX-WS, JAX-RS, JAX-B, LOG4J, SQL, HIBERNATE, MYBATIS, ANDROID, HMTL5, JAVASCRIPT, JQUERY, JQUERY MOBILE, SENCHA TOUCH, NATIVE DROID, PHONEGAP, APACHE TOMCAT, JBOSS. ECLIPSE, INTELLIJ, JDEVELOPER, ANDROID STUDIO, APACHE TOMCAT, JBOSS

ဒီ Apps ကို Install ချင်ရင်တော့ Google Play မှာရှာပြီး Install နိုင်ပါတယ်။
တိုက်ရိုက် ကိုတော့ အောက်ပါ Link မှာ ဝင်ပြီး Install နိုင်ပါတယ်။

https://play.google.com/store/apps/details?id=pn.com.debrasoft.javapowerlink

ယနေ့ Java ကိုလေ့လာတဲ့ ကျောင်းသားတွေကကံကောင်းပါတယ်။စ
မတ်ဖုန်း၊ Tablet များပေါများလာလို့ ဒီလိုကောင်းမွန်တဲ့ Apps တွေကိုထည့်
သွင်းကာ Guide သဘောမျိုး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

မိမိတို့ ရဲ့ စမတ်ဖုန်းနဲ့ တက်ဘလက်များမှာထည့်သွင်းသုံးစွဲကြည့်ပါ
လို့ပဲ အကြံပြုလိုပါတယ်။

IT Guru ကြီးတွေဖြစ်နိုင်ကြပါစေ.....

-----------------------------------------------
Nyein Chan (TSJ Tech Team)
 

ဒီဇိုင်းအသစ်နဲ့ ခပ်လန်းလန်းလေး Windows XP အသစ်- WINDOWS ELMAGIC V2 2013 (698 Mb)


အောက်တိုဘာ နောက်ဆုံးသီတင်းပါတ်မှာထွက်လာတဲ့ ဒီဇိုင်းအသစ်အဆန်းနဲ့ ဆော့ဝဲအစံအလင် ပါရှိတဲ့
Windows XP SP3 Pro ကို Amr Adel က Modify ပြန်လုပ်ထားတဲ့ WINDOWS ELMAGIC V2 2013
တင်ပေးလိုက်ပါတယ်။

XP ချစ်သူများ သဘောကျ နှစ်ခြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
WINDOWS ELMAGIC V2 2013 | 698 MB Modified xp based on Windows xp Pro sp3 32 Bit
Includes All updates and security Fixes till Oct 2013
All Languages are deleted except european and arabic
WMP 11 and IE 8 were updated

What have been added :
100 HD backgrounds
25 New beutifull themes
Beautiful User account pictures
ALL SATA drivers
Updated WMP 11 and IE 8
Good Arabic and English Fonts
500 Shapes of Mouse
Year : 2013
Os : Modified Xp sp3
Courtesy of Amr Adel
Optional Programs
Internet Download Manager
Google Chrome
Flash Player
GOM Player
R-Alternative
Foxit Reader
AIMP3
RocketDock
Perfect Uninstaller
Mozilla Firefox
Skype
CLEAN
DRIVE BLACK ICON
PowerISO
WINRAR
SuperCopier

How to Install:
(1): Please use 7Zip/WinRAR/Universal Extractor to EXTRACT FILES
(2): runburn the iso or make the bootable usb device and install

Download Now
 
 
အားလုံးအဆင်ပြေပါစေ.......။  
 
 

Octa-core CPU နဲ့ အစွမ်းကုန်မောင်းနှင်မယ့် Alcatel Idol X+ MTZT

မကြာမီရက်အတွင်းက Chipset အသစ်နဲ့ Alcatel Idol X+ စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ သူ့မှာ octa-core CPU စွမ်းရည် အပြည့်နဲ့ ပထမဆုံးမောင်းနှင်နိုင်မယ့် MediaTek ရဲ့ နောက်ဆုံးထွက် Chipset ကိုထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Octa-core CPU ကို Samsung Galaxy S4 မှာ ပထမဆုံးအသုံးပြုခဲ့တာပါ။ သို့ပေမယ့် Galaxy S4 ရဲ့ Core ၈ လုံးမှာ တစ်ခါအလုပ်လုပ်ရင် Core ၄ လုံးကသာ အလုပ်လုပ်တယ်လို့ သိရပါတယ်။ ယခုမိတ်ဆက်လိုက်တဲ့ Idol X+ ကတော့ Core ၈ လုံးစလုံး တစ်ပြိုင်တည်း အလုပ်လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီလိုဆိုရင် CPU စွမ်းရည်ချင်း တူနေတာတောင်မှ Idol X+ က ပိုသာတယ်လို့ ဆိုနိုင်ပါတယ်။

အရင်မိတ်ဆက်ထားတဲ့ Idol X လိုပဲ Idol X+ မှာ 1080p မျက်နှာပြင်နဲ့ 13 megapixel ကင်မရာတွေ တပ်ဆင်ထားမယ်လို့ ဆိုပါတယ်။ နောက်ထပ် ကျန်ရှိနေတဲ့ အချက်အလက်နဲ့ ဈေးနှုန်းတွေကိုတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။

ဒီဇိုင်းဆန်းပြီး စွမ်းဆောင်ရည် မြင့်မားတာကြောင့် Alcatel စမတ်ဖုန်းတွေက
ဈေးကွက်ထဲမှာ တဖြည်းဖြည်းနဲ့ နာမည်ကျော်လာခဲ့ပါတယ်။ အခုလို နာမည်ကျော် စမတ်ဖုန်းတွေထက် ထူးခြားတဲ့ မိုဘိုင်းဖုန်းတွေကို တီထွင်
နိုင်ခြင်းက Alcatel ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေပါပဲ။ ယခု Idol X+ ကလည်း မိုဘိုင်းလောကမှာ နာမည်ကျော်လာမယ့် စမတ်ဖုန်းတစ်လုံး
ဖြစ်လာ မယ်လို့ မျှော်လင့်မိပါတယ်။

Ref::Guide Magazine
 
 
 

Snapdragon ချစ်ပ် မျိုးဆက်သစ်





လက်ရှိနောက်ဆုံးပေါ် စမတ်ဖုန်းတွေမှာ တပ်ဆင်ထားကြတဲ့ ချစ်ပ်တွေဟာ Qualcomm မှထုတ်လုပ်တဲ့ Snapdragon 800 ဆိုတာကို သတိထားမိကြမှာပါ။ အခုအခါ မှာတော့ အဆိုပါ ချစ်ပ်ရဲ့ မျိုးဆက်သစ် ဖြစ်တဲ့ ‘Snapdragon 805’ ဆိုတာကို Qualcomm မှ ကြေညာလိုက်ပါတယ်။

မျိုးဆက်သစ် ချစ်ပ်ဟာ ပိုမိုကောင်းမွန်လာတဲ့ 2.5GHz Quad-Core ပရော်ဆက်ဆာနဲ့အတူ အမြင့်ဆုံး HD ဖြစ်တဲ့ 4K ဂရပ်ဖစ်လည်း ပါဝင်လာမှာ ဖြစ်ပြီး 4K အရည်အသွေးရှိ ဗီဒီယိုတွေ ရိုက်ကူးနိုင်ဖို့အတွက်လည်း ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတာက ဒီချစ်ပ်နဲ့အတူ Adreno 420 GPU (ဂရပ်ဖစ်)လည်း စီစဉ်ပေးထားပြီး အဆိုပါ ဂရပ်ဖစ်ဟာ လက်ရှိ Adreno 330 ချစ်ပ်ထက် ပရော်ဆက်ဆင်း ပါဝါ ၄၀% ပိုမိုသာလွန်လျက် ရှိပါတယ်။

ဒီမှာသုံးစွဲသွားမယ့် Processor ကတော့ 32-bit ပဲ ဖြစ်ပါသေးတယ်။ ဒါပေမယ့် Qualcomm မှ မကြာခင်မှာ 64-bit ပရော်ဆက်ဆာတွေကို ဆက်လက်ထုတ်လုပ်သွား နိုင်ဖွယ်ရှိပါတယ်။ Qualcomm ကုမ္ပဏီကတော့ ၎င်းတို့အနေနဲ့ ယခုချစ်ပ်တွေကို အမြောက်အမြား ထုတ်လုပ်သွားဖို့ အဆင်သင့်ပဲလို့ ကြေညာထားပါတယ်။ ဒါကြောင့် နောင်နှစ် ၂၀၁၄ နှစ်လယ်လောက်မှာ အဆိုပါ ချစ်ပ်တပ်ဆင် ထားတဲ့ Device တွေကို ကျွန်ုပ်တို့ သုံးစွဲရတော့မှာပါ။

Ref: Techspot

ဆက်သွယ်ရေးကဏ္ဍ၏ သမိုင်းဝင်နေ့ (သို့) ကမ္ဘာ့ ပထမဆုံး ဆဲလ်ဖုန်းခေါ်ဆိုမှု




နေ့ရက် – ၁၉၇၃ ခုနှစ် ဧပရယ်လ ၃ ရက်နေ့
နေရာ – Midtown Manhattan (နူးယောက်ခ်မြို့)

လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ တိတိအကြာ သာယလှပသည့် နွေဦးကာလ ဧပရယ်လ ၃ ရက်နေ့ နံနက်ခင်းတွင် Motorola ကုမ္ပဏီ၏ အင်ဂျင်နီယာဖြစ်သူ Marty Cooper သည် နူးယောက်ခ်မြို့ကြီး၏ မြို့လယ်ခေါင်တစ်နေရာ၌ သမိုင်းဝင် လုပ်ရပ်တစ်ခုအား ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။

ယင်းပြုလုပ်ခဲ့သည်မှာ ထိုစဉ်ကာလများက ဆက်သွယ်ရေး နည်းပညာလောကတွင် Motorola ၏ အဓိကပြိုင်ဖက်ဖြစ်သူ Bell Labs သုတေသနဌာနမှူးဖြစ်သူ Joel Engel အား ဖုန်းခေါ်ခဲ့ခြင်းဖြစ်သည်။

တစ်ဖက်တွင် Joel ဖုန်းကိုင်လိုက်သည့်အခါ Marty က မမျှော်လင့်ထားသည့် စကားတစ်ခွန်းအား ညင်သာစွာဖြင့် ပြောဆိုခဲ့သည်။ ယင်းပြောဆိုခဲ့သည်မှာ “Joel ရေ။ ကျွန်တော် Marty ပါ။ ကျွန်တော်အခု ခင်ဗျားဆီကို ဆဲလ်ဖုန်းသုံးပြီး ခေါ်လိုက်တာပါ။ အမှန်တကယ်ကို ပေါ့ပါးပြီး သယ်ယူသွားနိုင်တဲ့ ဆဲလ်ဖုန်းပါ။” ပင်ဖြစ်သည်။

Joel ဖက်မှ အဖြေပြန်မကြားရ။ ဖုန်းလိုင်းမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ Marty သုံးနေသည့် ဆဲလ်ဖုန်း မကောင်း၍ မဟုတ်ပါ။ Joel သည်သာ တစ်ဖက်တွင် ပါးစပ်အဟောင်းသားဖြင့် နှုတ်ပိတ်နေခြင်း ဖြစ်ပါသည်။ မှန်ပါသည်။ Motorola အနိုင်ရရှိသွားပြီ ဖြစ်ပါသည်။

ထိုနေ့၊ ထိုအချိန်တွင် ကမ္ဘာပထမဆုံး ဆဲလ်ဖုန်းခေါ်ဆိုမှုအား ပြုလုပ်နိုင်ခဲ့သည်။ Marty အသုံးပြုခဲ့သည်မှာ DynaTAC 8000x ပင်ဖြစ်သည်။ ယင်းဖုန်းမှာ ၂.၅ ပေါင် လေးပြီး ထိုစဉ်က ဒေါ်လာ ၄၀၀၀ ကျသင့်သည်။ ၂၀၁၃ ငွေဖြင့် တွက်ချက်လျှင်မူ ဒေါ်လာ ၉၀၀၀ ကျသင့်မည်ဖြစ်သည်။ အမြင်မမှားပါ။ တွက်ချက်မှုလည်း မမှားပါ။ ဒေါ်လာ ၉၀၀၀ ဖြစ်ပါသည်။

ယနေ့အချိန်တွင် ဖုန်းများမှာ လွန်စွာပေါ့ပါးကျစ်လစ် သေသပ်လှပနေပါပြီ။ ဒါအပြင် လက်ရှိ iPhone တွေ၊ Android စမတ်ဖုန်းတွေကို ဒေါ်လာ ရာချီပြီး ပေးရသည်ဟု မငြီးငြူကြပါနဲ့။
ဆဲလ်ဖုန်းများဟာ နှစ်ပေါင်း ၄၀ အတွင်း ပုံသဏ္ဍာန်မှသည် စွမ်းဆောင်ရည်ပိုင်းအထိ အစစ အရာရာ ပြောင်းလဲသွားပြီဖြစ်ပြီး ဤတိုးတက်ပြောင်းလဲမှု များသည်လည်း လာမည့်နှစ်များအတွင် ပိုမိုမြန်ဆန်လာရန်သာ ရှိနေပါသည်။

နှစ်ပေါင်း ၄၀ မွေးနေ့မှသည် နောင်နှစ်ပေါင်း ၄၀ ဆီသို့ မျှော်မှန်းရင်း။

Samsung ရဲ့ အန်းဒရွိုက်သုံး Galaxy NX ကင်မရာ





တောင်ကိုရီးယားအခြေစိုက် ကမ္ဘာကျော် စမတ်ဖုန်းထုတ်လုပ်သူ Samsung ကတော့ Android OS မောင်းနှင် သုံးစွဲထားပြီး ဈေးလည်းကြီးတဲ့ ဒစ်ဂျစ်တယ်ကင်မရာ တစ်လုံးကို ထုတ်လုပ်လိုက်ပါတယ်။ Galaxy NX လို့ နာမည်ပေးထားပြီး ‘Mirrorless’ အမျိုးအစား ကင်မရာတစ်လုံး ဖြစ်ပါတယ်။ အရင်ကထွက်ရှိခဲ့တဲ့ NX 300 ကင်မရာကို အခြေခံထုတ်လုပ်လိုက်တာ ဖြစ်ပြီး ပိုမိုကောင်းမွန်လာတဲ့ အရည်အသွေး၊ ပိုလှတဲ့ ဒီဇိုင်း၊ ပိုများတဲ့ ဈေးနှုန်းတွေနဲ့ အတူပွဲထွက် လာခြင်းလည်း ဖြစ်ပါတယ်။ အခု သတ်မှတ်ထားတဲ့ ဈေးက Lens အပါအ၀င် ဒေါ်လာ ၁၇၀၀ ပါ။

အတောင် ၂ ဖက်ကို ဖြန့်ကာရယ် လေထဲမှာ ဝဲပျံလိုက်တော့မယ့် ကား





သင့်ရဲ့ Toyota Prius လေထဲမှာ ပျံသန်းနိုင်ပါသလား။ အဖြေကတော့ လွယ်ပါတယ်။ No ပါပဲ။ ဒါပေမယ့် အမေရိကန် အခြေစိုက် Terrafugia ကုမ္ပဏီကတော့ Yes ပါတဲ့။

မှန်ပါတယ်။ Transition လို့ အမည်ပေးထားတဲ့ car-airplane (ခေါ်) ကား-လေယာဉ် (ခေါ်) ကားပျံဟာ အမှန်တကယ်ကို ပျံသန်းနိုင်စွမ်းရှိမယ့် လျှပ်စစ်-ဓာတ်ဆီ hybrid မော်တော်ယာဉ် မကြာမီမှာ ဖြစ်လာဖွယ် ရှိနေပါတယ်။

ဆိုတော့ကာ Transition ဟာ ကားလား ၊ လေယာဉ်လားလို့ မေးမယ်ဆိုက မေးနိုင်ပါတယ်။ MCG အနေနဲ့လည်း အတိအကျ အဖြေမပေး နိုင်တဲ့အတွက်ကြောင့် code name ဖြစ်တဲ့ TF-X လို့ပဲ ခေါ်ပါမယ်။ စိတ်လောပြီး ဘယ်မှာဝယ်လို့ ရမလဲလို့တော့ မမေးလိုက်ပါနဲ့ဦး။ TF-X ဟာ ထုတ်လုပ်မှုအဆင့်တောင် မရောက်သေးပါဘူး။ ဒီဂျစ်တယ်ဒီဇိုင်း ပုံစံမှာပဲ ရှိနေပါသေးတယ်။

TF-X အနေနဲ့ ဒေါင်လိုက် ဆင်းသက်မှုကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ရဟတ်ယာဉ်တွေ၊ Harrier Jump Jet လေယာဉ်နဲ့ အသစ်ထွက်ရှိလာမယ့် Lockheed Martin F-35 Lighting II အဆင့်မြင့် ဂျက်တိုက်လေယာဉ်တို့လို ဖြစ်ပါတယ်။ ဒါပေမယ့် ကားလိုလဲ မောင်းနှင်လို့ရမယ့်၊ ရဟတ်ယာဉ်လိုလည်း ဆင်းသက်နိုင်မယ့်၊ လေယာဉ်လိုလဲ ပျံသန်းနိုင်မယ့် ယာဉ်ပျံကို တည်ဆောက်ရတာ ရုပ်ရှင်ထဲမှာပဲ လွယ်ကူပါလိမ့်မယ်။ Boeing ရဲ့ V-22 Osprey ကိုသာ ကြည့်ပါတော့။ စတင်မိတ်ဆက်ခဲ့တဲ့ အချိန်ကနေစပြီး ထုတ်လုပ်တဲ့အချိန်အထိ ဆယ်စုနှစ် ၂ စု နီးပါး ကြာမြင့်ခဲ့ပါတယ်။

လူ ၄ ဦး လိုက်ပါစီးနင်းနိုင်မယ့် Terrafugia ရဲ့ ဤကားပျံ တည်ထွင်ထုတ်လုပ်ရေး အစီအစဉ်ဟာ လက်ရှိအချိန်မှာ စာရွက်ပေါ်မှာသာ ရှိနေသေးတာကြောင့် အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် အဆင့်မြင့် နည်းပညာသုံး ထိန်းချုပ်မှုစနစ်များနှင့် “အဆင့်မြင့် ထောက်လှမ်းရေးစနစ်” တွေ တပ်ဆင်ပေးထားမယ်လို့ သိရှိရပါတယ်။

TF-X ရဲ့ လုပ်ဆောင်ပုံကတော့ ရိုးရှင်းပါတယ်။ မြေပြင်ပေါ်သို့ ဆင်းသက်ပြီးတဲ့အခါ အတောင်ပံများဟာ အလိုအလျောက် ခေါက်သိမ်းပြီး ဖြစ်သွားပါလိမ့်မယ်။ အဲဒီနောက်မှာတော့ Rotax 912 ULS လေယာဉ်အင်ဂျင်ဟာ ပန်ကာ ၂ လုံးကို မောင်းနှင်ရာမှ ကားနောက်ဘီးများကို မောင်းနှင်ပေးပါလိမ့်မယ်။ အမြန်နှုန်းကတော့ လေထဲမှာ တစ်နာရီ မိုင် ၁၀၀ နှုန်း ဖြစ်ပြီး မော်တော်ယာဉ်အနေနဲ့ မြေပြင်ပေါ်မှာ တစ်နာရီ မိုင် ၆၀ နှုန်း ရရှိမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၇၉၀၀၀ ခန့် ရှိမယ်လို့ သိရှိရပါတယ်။

Google+ သုံးပြီး iPhone မှ Android ဖုန်းသို့ ဓာတ်ပုံများ ပြောင်းရွှေ့နည်း

(မှတ်ချက် – မြန်နှုန်းမြင့် အင်တာနက် လိုအပ်သည်။ သို့တည်းမဟုတ်ပါက ခန္ဓီပါရမီ ပြည့်ဝရန် လိုအပ်မည်။)

သင့်အနေနဲ့ မဟာ iPhone ကြီးကို ဝမ်းနည်းကြီးစွာနဲ့ စွန့်လွှတ်ပြီး Android စမတ်ဖုန်း အသစ်တစ်လုံးကို ကိုင်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုပါစို့။ သင့်အနေနဲ့ အရင်ဆုံး ခေါင်းထဲဝင်လာဖွယ် ရှိတာကတော့ iPhone ထဲက ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ဖုန်းအသစ်ပေါ် ဘယ်နည်းနဲ့ ပြောင်းရွှေ့ရမလဲ ဆိုတဲ့ မေးခွန်းပါပဲ။

ကမ္ဘာကျော် Oxford အဘိဓာန်ကြီးကနေ ၂၀၁၃ ခုနှစ်ရဲ့ မဟာစကားလုံးအဖြစ် “Selfie” (ကိုယ်ကိုကိုယ် ရိုက်ထားသည့် ဓာတ်ပုံ) ကို ရွေးချယ်လိုက်တဲ့ ခေတ်ကာလကြီးမှာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ဆိုတာဟာ မိမိဘဝရဲ့ ပုံရိပ်တွေပါပဲ။ iPhone ရဲ့ iSight ကင်မရာကလည်း ထိပ်တန်းစာရင်း ဝင်တယ်ဆိုတော့ ဖြစ်နိုင်ခြေရှိတာက iPhone ထဲမှ ရာပေါင်းများစွာသော ဓာတ်ပုံများ ရှိနေပါလိမ့်မယ်။

ဒါဆိုရင် Android ဖုန်းကို ပြောင်းကိုင်ချင်တဲ့အခါ ဘယ်လိုလုပ်ကြမလဲ။ ဒုက္ခများပြီလား။ Android ဖုန်းပဲ မေ့လိုက်ရတော့မလား။ မစိုးရိမ်ပါနဲ့။ Google ကနေ့ ကူညီပါလိမ့်မယ်။ Google ရဲ့ Google+ လူမှုကွန်ယက်ရဲ့ အကူအညီနဲ့ iPhone ထဲက ဓာတ်ပုံတွေကို Android ဖုန်းအသစ်ပေါ် မျက်စိတစ်မှိတ်အတွင်းမှာ လွယ်လင့်တကူ ပြောင်းရွှေ့နိုင်ပါ လိမ့်မယ်။

ကဲ ဘယ်လိုလုပ်ရမလဲ ဆိုတာကို တဆင့်ခြင်းစီလိုက် လေ့လာကြည့်ရအောင်။

၁) iPhone ကို Wi-Fi နဲ့ ချိတ်ဆက်ပါ။ Cloud ထဲကို ထည့်ရတာ Data အရမ်းစားပါတယ်။ ဖုန်းလိုင်းရဲ့ Data အစား Wi-Fi နဲ့ ချိတ်ဆက်ပြီး လုပ်မယ်ဆိုရင် ပိုအဆင်ပြေပါလိမ့်မယ်။

၂) Apple App Store မှ Google+ app အား iPhone ပေါ်သို့ ဒေါင်းလုပ်ဒ် လုပ်ပါ။ ပြီးပါက ဖွင့်လိုက်ပါ။

၃) iPhone ပေါ်မှတဆင့် Google+ app ထဲသို့ sign in လုပ်ပါ။

၎) Google+ app ထဲ၌ “Backup your Photos” ကဏ္ဍအောက်ရှိ “Turn on Auto Backup” အား ရှာဖွေပြီး နှိပ်လိုက်ပါ။ Phone မှနေပြီး သင့်ရဲ့ ဓာတ်ပုံနှင့် ဗီဒီယိုများအား upload လုပ်လိုပါသလားဟု မေးပါလိမ့်မယ်။

၅) “Yes” နှိပ်ပါ။ ဒါဆိုရင် System မှနေပြီး Camera Roll ထဲရှိ ဓာတ်ပုံနဲ့ ဗီဒီယိုများကို စတင်ပြီး upload လုပ်ပါတော့မယ်။

၆) နောက်ဆုံးအဆင့် အနေနဲ့ သင့်ရဲ့ အသစ်စက်စက် Android စမတ်ဖုန်းထဲက Google+ app ကို ဖွင့်ပြီး sign in လုပ်လိုက်ပါ။ သင့်ရဲ့ iPhone အဟောင်းထဲက ဓာတ်ပုံနဲ့ ဗီဒီယိုတွေဟာ မျက်လှည့်ပြလိုက်သည့်အလား “Photos” များထဲ ရောက်နေတာကို တွေ့ရပါလိမ့်မယ်။ Photos ထဲမှာ မရှိဘူး ဆိုရင်တော့ ဖြစ်နိုင်ချေ ရှိတာက သင့် Android စမတ်ဖုန်းရဲ့ Gallery app ထဲကနေက “Auto Backup” Folder ထဲမှာ ရှာတွေ့နိုင်ပါလိမ့်မယ်။

by မြ၀တီ