Omega-3 က နှလုံးရောဂါဖြင့် သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်



ဟားဗက်တက္ကသိုလ်မှ ပညာရှင်များက Omega-3 ဓာတ် (ငါးကြီးဆီ) ကြွယ်ဝစွာ ပါရှိသည့် တူနာငါးများကို မကြာခဏ စားသောက်ပေးခြင်းဖြင့် သေစေလောက်အောင် ပြင်းထန်သော နှလုံးရောဂါ ဖြစ်နိုင်ခြေကို (၃)ပုံ(၁)ပုံမျှ လျော့သွားစေနိုင်ကြောင်း ထောက်ခံခဲ့ကြ Omega-3 ဓာတ်ကို ကြွယ်ကြွယ်ဝဝ ဖြည့် တင်းပေးခြင်းသည် နှလုံးရောဂါဖြင့် သေဆုံးနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ကြောင်း သုတေသီ များက ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ၊ ဟားဗက်တက္ကသိုလ်မှ ပညာရှင်များက Omega-3 ဓာတ် (ငါးကြီးဆီ) ကြွယ်ဝစွာ ပါရှိသည့် တူနာငါးများကို မကြာခဏ စားသောက်ပေးခြ င်းဖြင့် သေစေေ လာက်ေ အာင် ပြင်းထန်သော နှလုံးရောဂါ ဖြစ်နိုင်ခြေကို (၃)ပုံ(၁)ပုံမျှ လျော့ သွားစေနိုင်ကြောင်း ထောက်ခံ ခဲ့ကြသည်။

Omega-3 အဆီဓာတ်သည် တူနာနှင့် ဆယ်လ်မွန်ကဲ့သို့ ငါးများတွင် ကြွယ်ကြွယ်ဝဝ ပါဝင်လေ့ရှိသည်။ ယင်းဓာတ်ပစ္စည်းသည် နှလုံးလှုပ်ရှားမှု ရုတ်တရက် ဖောက်ပြန် ပြောင်းလဲခြင်းမျိုး ဖြစ်နိုင်ခြေကို တားဆီးပေးကြောင်း သိရသည်။ ထို့ကြောင့် ရုတ်တရက် နှလုံးထဖောက်ပြီး အသက်ဆုံးရှုံးမှုမျိုး ဖြစ်နိုင်မည့် အလားအလာကို သိသာစွာ လျော့ကျသွားစေကြောင်း ဟားဗက်မှ ဆေးသုတေသန ပညာရှင်များက ဆိုသည်။ အကယ်၍ တူနာငါးများကို တစ်ပတ်လျှင် (၃)ကြိမ်မှ (၄)ကြိမ်ထိ စားသောက်ပေးခြင်းဖြင့် နှ လုံးဖောက်ပြန် သေဆုံးနိုင်ခြေကို (၅၀)ရာခိုင်နှုန်းထိပင် လျှော့ချသွားနိုင်လိမ့်မည်ဟု သုတေသီများ က ထောက်ခံချက် ပေးထားသည်။

ယင်းအချိုးအစားသည် တစ်လလျှင် တစ်ကြိမ်အောက် တူနာငါး စားသူများနှင့် နှိုင်းယှဉ်ပြ ထားခြင်း ဖြစ် သည်။ သို့သော်လည်း ခြွင်းချက်တစ်ခုအဖြစ် ယခုအာနိသင်သည် မီးကင်ထားသော တူနာငါးများ အတွက် သာ ရည်ရွယ်ခြင်း ဖြစ်သည်။ ကြော်ထားသည့် တူနာငါးတွင်မူ အဆိုပါ အတိုင်းအတာထိ ထက်မြက်သော နှလုံး ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှု မရှိကြောင်း သိရှိရသည်။
 
 

အမျိုးသမီးတွေရဲ့ဝင်ငွေက သူတို့ ရဲ့ချစ်သူကောင်လေးတွေရဲ့ ဝင်ငွေထက် ပိုများနေရင်



“ကျွန်မဟာ လုပ်ငန်းခွင်မှာအောင်မြင်မှုတွေကို ကျွန်မရဲ့ ချစ်သူကောင်လေးထက် ပိုမိုရရှိနေပါတယ်။ နောက်ပြီး ဝင်ငွေကိုလည်း ကျွန်မရဲ့ ချစ်သူကောင်လေးထက် ပိုပြီးရှာဖွေနိုင်ပါတယ်။ ဒါတွေကသူ့ ရဲ့  အတ္တမာနကို ထိခိုက်စေမှန်းသိပါတယ်။ ဒီတော့ ကျွန်မချစ်သူကောင်လေးရဲ့  မာနကိုမထိခိုက်အောင် ဘယ်လိုပုံစံမျိုး နေရမလဲ။” ဆိုတဲ့ အခြေအနေမျိုးတွေ အပြင်လောကမှာ အများကြီးပါ။ ဒီလို အခြေအနေမျိုး ကြုံလာပြီဆိုရင် ချစ်သူရည်းစားတွေကြား အထင်အမြင်တွေ၊ နားလည်မှုတွေ လွဲမှားလာတတ်ကြတာကြောင့် ဒီပြဿနာကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး အကြံပေးချင်ပါတယ်။

CCTV Camera ဖြင့်မိမိအိမ်၊ အလုပ်ပတ်ဝန်းကျင် တို့ကို အင်တာနက်မှ ကြည့်မယ်





တကယ်လို့ ကျွန်တော်တို့အိမ်မှာ (ဒါမှမဟုတ်) ရုံးခန်းထဲမှာ CCTV Camera တပ်ထားမယ်။ Internet နှင့်ပါ ချိတ်ဆက်ထားမယ်ဆိုရင် ဘယ်နေရာပဲရောက်ရောက် Internet ချိတ်ဆက်ထားတဲ့ Mibile Phone ဖြင့်သော်လည်းကောင်း၊ Computer ဖြင့်သော်လည်းကောင်း လှုပ်ရှားမှုတွေကို တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ CCTV Camera Type 4 မျိုးရှိပါတယ်။ Analog Camera, Digital Camera, IP Camera နှင့် Wireless Camera ဆိုပြီး ရှိပါတယ်။




သားလေးက ပေးလိုက်တဲ.သင်ခန်းစာ


"မေမေ… သားခေါင်းက ဆံပင်တွေ ဘယ်တော့ပြန်ပေါက်လာမှာလဲဟင်…"

ဒီလို မေးလိုက်တိုင်း သူမမှာ ပြန်ဖြေစရာ အဖြေမရှိခဲ့..။ ဘယ်တော့မှ ဆံပင်ပြန်မပေါက်နိုင်တော့တဲ့ သားလေးရဲ့ ခေါင်းလေးကို ပွတ်သပ်လိုက်ပြီး..

"နောက်ကျရင် ပြန်ပေါက်လာမှာပေါ့သားရယ်….."

သားလေး သူမတို့ မိသားစုထဲကို ရောက်လာတော့ သူမဘ၀အတွက် အရာရာပြည့်စုံသွားခဲ့ပြီ..။ ချစ်တဲ့ ခင်ပွန်းရယ်..၊ သားလေးရယ်က သူမအတွက် နိဗ္ဗာန်ဘုံဆိုလည်းမမှား…၊ ဒါပေမယ့် ကောင်းတာတွေပဲ အမြဲ မဖြစ်တတ်တဲ့ လောကကြီးရဲ့ ပုံသေနည်းအတိုင်းပင် သားလေးတွင် ကင်ဆာရောဂါဆိုး ၀င်ရောက်ခဲ့ပြီး အခုဆိုရင် ဆရာဝန်က သားလေးရဲ့ သက်တမ်းကို နောက်ဆုံး ၆ လလို့တောင် သတ်မှတ်ထားနေပြီလေ..။
အတွေးတွေကြောင့် ကျလုဆဲဆဲ မျက်ရည်တို့ကိုသုတ်ရင်း ကုတင်ပေါ်က သားလေးကို သူမ အားယူပြုံးပြ လိုက်သည်။ သားလေးက ကုတင်ပေါ်မှ အားယူထိုင်လိုက်ပြီး…

"သားကျောင်းပြန်တက်ချင်တယ်မေမေ… စာတွေလည်း မမှီမှာစိုးတယ်.. စာမေးပွဲလည်း ဖြေရအုံးမှာလေ…"

"ဖြေရမှာပေါ့သားရယ်… နောက်တစ်ပတ်ဆို သားက ဆေးရုံက ဆင်းရတော့မှာလေ… "

သူမအသံတွေ တုန်နေမိသည်ထင်သည်။ ချစ်တဲ့ သားလေးနှုတ်ခမ်းပေါ်က အပြုံးလေးတစ်ပွင့်ကို သူမတွေ့လိုက်ရသည်။ သူမ ဒီအခိုက်အတန့်လေးကို သူမမှာ ရှိသမျှ စည်းစိမ်တွေ အကုန်သုံးပြီး ရပ်တန့် ထားလိုက်ချင်သည်။ စိတ်ထဲမှာတော့ သားလေးအတွက် သူမ မီးပင်လယ်ဝေနေပြီလေ…။