အမျိုးသမီးများနဲ. ထင်ရှားသော မှဲ.(၇)မျိုး

တစ်နေ့သ၌ ကျွန်ုပ်သည် တစ်စုံတစ်ခုသော ကိုယ်ရေးကိုယ်တာ ပြဿနာအနည်းငယ်ကြောင့် မဟာချိုင်နေဝစ်ရှိ ကျွန်ုပ်၏အခန်းနှင့် မနီးမဝေးတွင်ရှိသော ဝပ်ခုပ်ဟုမည်တွင်သော ဘုရားသို့ ထွက်လာခဲ့၏။ ဝပ်ခုပ်ဘုန်းကြီး ကျောင်းသည် ချောင်းကမ်းပါးဘေးတွင် ရှိလေ၏။ ထိုချောင်းကမ်းဘေးနားတွင် ထိုင်ခုံကလေးများလည်း ချထားလေ၏။ လှမ်းကြည့်လိုက်သောအခါတွင် ချောင်းလေးထဲတွင် ဗေဒင်ပန်းများသည် ဦးတည်ရာမဲ့ မျောပါနေလေ၏။ ကျွန်ုပ်၏ စိတ်အစဉ်သည်လည်း ဥိးတည်ရာမဲ့ မျှောပါနေသော ဗေဒါပန်းများကဲ့သို့ ဟိုမှဒီမှ လွင့်မျောနေလေတော့၏။

ကျွန်ုပ်သည် ချောင်းကမ်းလေးဘေးနားတွင် ထိုင်နေရင်းနှင့် ပါးစပ်ထဲတွင် ခံတွင်းချဉ်လာသောကြောင့် အသင့်ပါလာသော KRONG THIP ဆေးလိပ်ဗူးထဲမှ ဆေးလိပ်တစ်လိပ်ကို ထုပ်ယူ၍ အားရပါးရ မီးညှိရှိုက်ဖွာ လိုက်၏။ ထို့နောက် ပါးစပ်ထဲမှ ထွက်လာသော မီးခိုးများကို ကောင်းကင်ပေါ်သို့ မှုတ်ထုပ်လိုက်ရင်း ကောင်းကင်ကို အမှတ်မထင် မော့ကြည့်လိုက်မိလေ၏။ ကမ်းနဘေး ဓာတ်တိုင်ပေါ်တွင် ငှက်ကလေးနှစ်ကောင်သည် တစ်ကောင်နှင့် တစ်ကောင် ကြည်စယ်နေကြလေ၏။ ကမ်းနဘေး ပန်းပင်လေးများပေါ်တွင်လည်း လိပ်ပြာလေးများသည် ဟိုမှဒီမှ ပြန်ဝဲနေလေ၏။ လောကကြီးသည် ပကတိ တိပ်ဆိတ်နေ၏။

မွေးနေ.နဲ.ဗေဒင်ကို တွက်ကြည်.မယ်

ဗေဒင်ဝါသနာအိုး (၇၀)%လောက်တော့ မှန်ကြမှာပါ။ “အနောက်တိုင်း နျူမရိုလိုဂျီ” နည်းစနစ်လေးဖြစ်ပြီး သိပ်လွယ်ပါတယ်။တွက်နည်းအဆင့် (၁) ကိုယ့်ရဲ့ အင်္ဂလိပ်မွေးရက်ကို ယူပါ။ (၂) ကိုယ်တွက်လိုတဲ့ နှစ် မွေးနေ့မှာကျတဲ့ နေ့ (တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး . . . ) ကို ယူပြီး - အင်္ဂလိပ်ဂဏန်းပြောင်းပါ။ (၃) အဲဒီ နှစ်ခုကို ပေါင်းလိုက်ပါ။ အဲဒါကို အဲဒီနှစ်(အသက်ပိုင်း) ရဲ့ “...စိုးမိုးဂဏန်း” လို့ ခေါ်ပါမယ်။အဖြေရပါပြီ။ မလွယ်ဘူးလား ? မွေးနေ့ကျတဲ့နေ့က တနင်္ဂနွေနေ့ ဆိုရင် = (1) ဂဏန်းကိုယူ မွေးနေ့ကျတဲ့နေ့က တနင်္လာနေ့ ဆိုရင် = (2) ဂဏန်းကိုယူ မွေးနေ့ကျတဲ့နေ့က အင်္ဂါနေ့ ဆိုရင် = (9) ဂဏန်းကိုယူ မွေးနေ့ကျတဲ့နေ့က ဗုဒ္ဓဟူးနေ့ ဆိုရင် = (5) ဂဏန်းကိုယူ မွေးနေ့ကျတဲ့နေ့က ကြာသပတေးနေ့ ဆိုရင် = (3) ဂဏန်းကိုယူ မွေးနေ့ကျတဲ့နေ့က သောကြာနေ့ ဆိုရင် = (6) ဂဏန်းကိုယူ မွေးနေ့ကျတဲ့နေ့က စနေနေ့ ဆိုရင် = (8) ဂဏန်းကိုယူ = စိုးမိုးဂဏန်းတွေရဲ့ “အကောင်း , အညံ့” ကို ကြည့်ရအောင် ။ အခုလောလောဆယ်တော့ “ကောင်း ၊ ညံ့ ၊ သင့်” ဘဲ ဖော်ပြပေးဦးမယ်။ နောက်ဆောင်းပါးတွေမှာ စိုးမိုးဂဏန်းတစ်ခုဟာ ဘာတွေ ကောင်းလဲ ၊ ဘာတွေ ညံ့လဲ အသေးစိတ်ဖော်ပြပေးပါမယ်။

စိုးမိုးဂဏန်း (2) = ညံ့
စိုးမိုးဂဏန်း (3) = ကောင်း *
စိုးမိုးဂဏန်း (4) = ညံ့ *
စိုးမိုးဂဏန်း (5) =သင့်
စိုးမိုးဂဏန်း (6) = ကောင်း
စိုးမိုးဂဏန်း (7) = ကောင်း
စိုးမိုးဂဏန်း (8) = ကောင်း/ညံ့
စိုးမိုးဂဏန်း (9) = ညံ့ *
စိုးမိုးဂဏန်း (10) =ကောင်း *
စိုးမိုးဂဏန်း (11) = ကောင်း


အသားလှုပ်ဟောကိန်း

ထိပ်ဦးအသား၊ လှုပ်ဘိငြားမူ၊ မင်းများကြည်ညွတ်၊ ပူဇော်လတ်အံ့။
အမြတ်တင်ရာ၊ လယ်ယာဦးကင်း၊ လှုပ်ခြင်းတဖြာ၊ လက်ယာအက္ခိ၊ မျက်စိအပေါ်၊ လှုပ်သော်တကြောင်း၊ ခင်ပွန်းကောင်းနှင့်၊ ပေါင်းမိတတ်စွ၊ လာဘ်သော်ရလိမ့်။
အောက်ကလှုပ်မူ၊ ချစ်သူရန်လို၊ မျက်ပိုစမြဲ။
လက်ဝဲမျက်ခုံး၊ လှုပ်သည့်ထုံးကား၊ ကံဘုန်းထွန်းသစ်၊ ကြံတိုင်းဖြစ်လိမ့်။
မျက်ရစ်အောက်သား၊ လှုပ်ခဲ့ငြားမူ၊ မြေး-သား-မျိုးဆွေ၊ ပျက်စီးလေ၍။
မျက်ရည်ကျငြား၊ လက်ယာနားမူ၊ ရန်ပွားခိုက်ဆစ်၊ ဖြစ်အံ့တချက်၊ ရာထူးတက်လိမ့်။
လက်ဝဲနားမှာ၊ လာဘ်များစွာ၏။
နှာခေါင်းစင်စစ်၊ တုန်လှုပ်လစ်မူ၊ ချစ်သည်သူနှင့်၊ ကလူကျီစယ်၊ ပျော်ရဖွယ်တည့်။
ထက်ဝယ်နှုတ်ခမ်း၊ လှုပ်ဆမ်းဘိငြား၊ စကားရန်စ၊ တွေ့လေရအံ့။
အောက်ကလှုပ်လာ၊ ဝေးရပ်ရွာမှ၊ ရောက်လာစကား၊ သတင်းကြား၏။
ပါးစောင်လက်ယာ၊ လှုပ်ဘိခါသော်၊ ပိယာ သိနေဟ၊ ခင်ပွန်းရလိမ့်။
လှုပ်ကြွမေးသား၊ တရားဆင်ခင်း။
လည်ပင်းလှုပ်မူ၊ ရွှေခြူဘယက်၊ လက်ခတ်တန်းဆာ၊ ရတို့ရာ၏။
လက်ယာပခုံး၊ လှုပ်သည့်ထုံးကား၊ မယားကောင်းရ။
လက်ဝဲမှသော်၊ ရန်စခိုက်ဆစ်၊ ဖြစ်အံ့မမှား။
လက်ကြားဘီးစုပ်၊ အသားလှုပ်သော်၊ ဥက္ကဋ္ဌသီး၊ စုပ်ကြီးရမြဲ။
လက်ဝဲဟိစုပ်၊ လှုပ်သော်ပျက်စီး၊ ဥပဒ်ကြီး၏။
တသီးလက်ယာ၊ ရုံးလှုပ်လာမူ၊ မဟာမိတ္တ၊ ရမည်အကြောင်း၊ စားကောင်းလည်းစား။
ဝဲလှုပ်ငြားသော်၊ ထူးခြားဥစ္စာ၊ သူပေးလာအံ့။
လက်ယာရင်ဘတ်၊ ဆတ်ဆတ်ခုံကြွ၊ ချမ်းသာလှ၏။
ဘယ်ကလှုပ်မူ၊ နှလုံးပူအံ့။
စူစူချက်မ၊ ခုန်ကြွသောခါ၊ ဗိုလ်ပါလူပေါင်း၊ ကောင်းချီး ချီးပ။
နှံတောင်းမှသော်၊ ရအံ့ဥစ္စာ။
လက်ယာတင်သား၊ လှုပ်ဘိငြားမူ၊ တပါးသူစု၊ ဥပဒ်ပြုလိမ့်။
ဘယ်စုလှုပ်ခါ၊ ပ-ရန်ရှာ၏။
ခါးသားလှုပ်က၊ ဥစ္စာကျလိမ့်။
ညာကပေါင်သား၊ မယားရစစ်။
ဘယ်ကဖြစ်မူ၊ ချစ်သူမျက်လို။
ကိုယ်ဒူးပုဆစ်၊ လှုပ်လစ်သော်ကား၊ ခိုက်ရန်ပွားလိမ့်။
သလုံးသားညာ၊ သားရရာ၏။
ဝဲမှာသော်ကား၊ မယားမာန်တက်။
ကျောက်ကုန်းထက်မှ၊ လှုပ်ချက်ထူးလာ၊ တန်းဆာဝတ်စား၊ ရငြားမယွက်။
လက်နှစ်ဘက်တွင်၊ တဘက်ဘက်မှ၊ ဆတ်ဆတ်ကြွသော်၊ ကိစ္စရေးရာ၊ ဆောင်ရစွာ၏။
အင်္ဂါဣနြေ္ဒ၊ လှုပ်ဘိချေသော်၊ ချစ်ဆွေမယား၊ သူတပါးနှင့်၊ တိမ်းပါးတုံမြောက်၊ မက်လောက်ဥစ္စာ၊ ပျောက်တတ်စွာဟု၊ ဆရာဘုန်းဟေ့၊ ဟောရိုးတွေ့ရှင့်။
သိပ်ငွေ့ဝမ်းပြင်း၊ လှုပ်လတ်ခြင်းကား၊ အစားကောင်းရ။
ပါဒအစုံ၊ လှုပ်လတ်တုံသော်၊ ပြင်းတုံရှည်လျား၊ ခရီးသွားဟု၊ အများသူငါ၊ မှတ်သိရာသည်၊ စဉ်လာတိတ္တုံ စကားတည်း။

မင်္ဂလာသတင်းစဉ်

မိမိ Computer ထဲမှာ မြန်မာ့ရိုးရာ ပြက္ခဒိန်လေးယူချင်တယ်ဆိုရင်

မိမိ Computer ထဲမှာ မြန်မာ့ရိုးရာ ပြက္ခဒိန်လေးယူချင်တယ်ဆိုရင် အောက်မှာဒေါင်သွားပါ




 အချစ်ရူးလေး မှ ကူးယူမျှဝေခြင်းဖြစ်သည်။