မြန်မာစာ သဝေထိုးနဲ.အသတ်တွေမမှန်သေးတဲ. ဖုန်းတွေ အားလုံးအတွက်


Root access ရှိပြီး မြန်မာစာ သဝေထိုးနဲ့ အသတ်တွေမမှန်သေးတဲ့ ဖုန်းတွေအားလုံးအတွက်ပါ

Android ဖုန်းတစ်လုံးကို မြန်မာစာမှန်အောင်လုပ်ခြင်းအတွက် fepfz.apk လေးက ဖုန်းတော်တော်များများကိုအဆင်ပြေစေတာတွေ့ရှိရပါတယ်။

Android ဗားရှင်း 4.1.x အသုံးပြုထားတဲ့ ဖုန်းတိုင်းမှာ ယခု APK ကို ထည့်သွင်းအသုံးပြုမယ်ဆိုရင် မြန်မာစာမှန်ပါတယ်  dr kyaw zaw naing ကိုအထူး ကျေးဇူးတင်ရှိပါတယ် ။

အခုသိရသလောက်တော့ Xperia SP,Z,Z1 Huawei C8813,C8813D, P6,Y300,G610 , Motorola XD928 , Samsung Note 2, Glaxy Grand , Z1 , galaxy s3 mini , S Advance , 610 cdma , Sp , c8815 , G520 , Note10.1 N8000 , galaxy tab 3 , samsaung tab2 , g610 u00 , Xperia Z , sonyအကုန်မှန်ပါတယ်
အောက်မှာ ဒေါင်းယူပါ

GSM/WCDMA internet ချက်ချင်းမတက်သူများ အတွက်



-Mobile Data ကို ဖွင့်ဖွင့်ချင်း Internet ချက်ချင်းမတက်သူများ ၊ လိုင်းပေါ်နေသော်လည်း Connection မရသူများ (ဘေးလူရပြီး ကိုယ်မရ) ၊ Connection Icon ပေါ်/ပျောက် ဖြစ်နေသူများ အတွက် အသက်ကယ် ဆေးနည်း တစ်ခု.....

-ကျတော်ကိုယ်တိုင် ဒီနည်းကို သုံးနေတာတော့ ကြာလှပါပြီ။ မကျိန်းသေသေးလို့ မပြောသေးတာပါ။ အခုကတော့ တော်တော်များများ ကိုလည်းလမ်းညွှန်ပြီး အဆင်ပြေကြတယ်လို့ပြန်ပြောလို့ပါ

-လုပ်ရမှာကတော့
APN ထဲမှာ New APN 2 ခု Create လုပ်ဖို့လိုပါတယ်

1.Name = 2
APN = mptnet
နှစ်ခုတည်းဖြည့်ပြီး Save ပါ Name မှာ 2 လို့ ပေးတာက 2ခုတည်း
ဖြည့်ထားတယ်ဆိုတာ ကိုယ်ရွေးရ လွယ်အောင်ပါ

2.Name = All
APN = mptnet
..... = ....
..... = ....
ကျန်တာအားလုံးကို ဖြည်နေကျပုံစံ အားလုံးဖြည့်ပေးပါ
Name မှာ All လို့ ပေးတာက ကိုယ် အားလုံးဖြည့်ထားတယ်ဆိုတာ
ကိုယ်ရွေးရ လွယ်အောင်ပါ

*** အဲဒီ 2 ခုကို ........ က 2 ရက်ခြား 3 ရက်ခြား တစ်ခါလောက်ပြောင်းပြီး လိုင်းမကောင်းပဲဖွင့်ထားတဲ့ ကျတော်တို့ ရဲ့ Bill တွေကို Like လုပ်နေတာပါ။
2 နဲ့ လိုင်းမကောင်းတာနဲ့ All ကိုပြောင်းပြီးသုံးကြည့်ပါ..
 

ဦးနှောက်ကို စကင်ဖတ်ပြီး စိတ်ဝင်စားမှုများကို မှတ်တမ်းတင်နိုင်သည့်ပစ္စည်း ပေါ်ထွက်


ဦးခေါင်းတွင် ဖုန်းနှင့်တွဲကာ ဝတ်ဆင်ပြီး တပ်ဆင်ထားသူ၏ အမြင်နှင့် ခံစားချက်များကို မှတ်တမ်းတင် ပေးထားနိုင်သည့် Neurocam ဆိုသည့် ပစ္စည်းတစ်မျိုးကို ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့တွင် ကျင်းပ သည့် ၂၀၁၃ ခုနှစ် လူသားအားရုံခံစနစ် ညီလာခံပွဲတွင် လက်တွေ့ ပြသခဲ့သည်။

အဆိုပါနားကြပ်တွင် EEG ဆင်ဆာစနစ်များ ထည့်သွင်းထားပြီး ဦးနှောက်ကို တိုက်ရိုက် အာရုံဖမ်းနိုင်ကာ လူသားစိတ်ထဲတွင် ဖြစ်ပေါ်နေသည်များကို ပြန်လည် ဖော်ထုတ်ပြနိုင်ရန် မှတ်တမ်း ယူထားနိုင်သည်ဟု ပြပွဲတာဝန်ရှိသူများက ပြောကြားသည်။

ထို Neuroncam နားကြပ်ကို iPhone နှင့် တွဲသုံးနိုင်ပြီး ထည့်သွင်းထားသည့် ဆော့ဖ်ဝဲက အထောက်အကူ ပြုပေးမည် ဖြစ်သည်။

ဦးနှောက်အတွင်း ဖြစ်ပေါ်နေသည့် စိတ်ကူးများကို ဖုန်းကင်မရာက ငါးစက္ကန့်စာ GIF ဖိုင် အမျိုးအစားဖြင့် မှတ်တမ်း ယူထားနိုင်သည်။ မှတ်တမ်း အားလုံးကို အယ်လ်ဘန် တစ်ခုတွင် ပြန်ပေါင်းပြီး ဆက်စပ်ကြည့်ရှုကာ လူတစ်ယောက်၏ စိတ်ဝင်စားမှုကို ဖော်ထုတ်နိုင်မည် ဖြစ်ကြောင်း ပြပွဲတွင် လက်တွေ့ ပြသခဲ့ကြသည်။

စတိုးဆိုင်များတွင် ထိုပစ္စည်းများကို တပ်ဆင်လာမည် ဆိုပါက ဈေးဝယ်သူများသည် မည်သည့် ပစ္စည်းအပေါ် စိတ်ဝင်စားမှုများ ရှိကြောင်း မှတ်တမ်း ယူထားနိုင်သဖြင့် B2B ဟုခေါ်သည့် စီးပွားရေး ဆက်သွယ်မှု လုပ်ငန်းများအတွက် အထောက်အကူ ပြုနိုင်ကြောင်း သိပ္ပံပညာရှင် ကာနနာကာနိုက ပြောကြားသည်။
 

မိမိအသက်ကိုမိမိ ရန်ရှာစေသည့် အကြောင်းများ



(၁) အမျိုးသားဖြစ်ခြင်း
အမျိုးသားများတွင် မိမိအသက်ကိုမိမိ ရန်ရှာနှုန်းမြင့်မားလေ့ရှိသည်။ မိမိကိုယ်ကိုသတ်သေသည့်အခါတွင်လည်း အမျိုးသားများတွင် သေဆုံးနိုင်ချေ လေးဆပိုများသည်။

(၂) အသက်
အသက် (၁၉) နှစ်အောက်ငယ်သူများနှင့် (၄၅) နှစ်အထက်ရှိသူများတွင် မိမိကိုယ်ကိုသတ်သေနှုန်းမြင့်မားသည်။

(၃) စိတ်ကျရောဂါ
စိတ်ကျရောဂါရှိသည်ဟု သတ်မှတ်ခံရသူများတွင် သတ်သေနိုင်သည့် အန္တရာယ်ရှိသည်။ သာမန် စိတ်ဓါတ်ကျရုံမျှဖြင့် သတ်သေနိုင်သည့် အန္တရာယ်မရှိပေ။

(၄) ယခင်ကသတ်သေရန်ကြိုးစားဖူးခြင်း
ယခင်ကသတ်သေလိုသည့် အကြံအစည်ရှိခြင်း၊ ကာယကံ မြောက်ကြိုးစားဖူးခြင်းစသည့် ရာဇ၀င်ရှိသူများတွင် သတ်သေရန် နောက်တစ်ဖန်ကြိုးစားတတ်သည်။ စိတ်ပိုင်းဆိုင်ရာ ကုသမှုတစ်မျိုးမျိုးခံယူဖူးသူမည်သူမဆို အခြားသူများထက် မိမိအသက်ကို ပိုမိုရန်ရှာတတ်သည်။

(၅) အရက်နှင့်ဆေးအလွန်အကျွံသုံးစွဲခြင်း
အရက်မူးခြင်း၊ ဆေးလွန်ခြင်းသည် သတ်သေလိုသည့်အကြံအစည်ကို လက်တွေ့လုပ်ဆောင်ဖြစ်စေရန် တွန်းအားပေးနိုင်သည်။

(၆) အိမ်ထောင်ကွဲခြင်း၊ ကွာခြင်း၊ အိမ်ထောင်ဖက် သေ ဆုံးခြင်း
အကြောင်းအမျိုးမျိုးကြောင့် အထီးကျန်ဖြစ်နေသူများသည် အိမ်ထောင်ရက်သားကျပြီး တည်ငြိမ်သော ဆက်ဆံရေးရှိသူများထက် သတ်သေနှုန်းမြင့်မားသည်။

(၇) သေဆုံးရန် စနစ်တကျ ပြင်ဆင်ထားခြင်း
ကျွမ်းကျင်သူများ၏အဆိုအရ အချို့ပုဂ္ဂိုလ်များတွင် ဆရာဝန်များ နှင့်တွေ့ဆုံခြင်း၊မိတ်ဆွေများ၊ ဆွေမျိုးများနှင့်တွေ့ဆုံခြင်း၊ “နောက်ဆုံးတစ်ခေါက်လာ လည်ခြင်း” ဟုအဓိပ္ပါယ်ရသော စကားများပြောဆိုခြင်း၊ မှတ်တမ်းမှတ်ရာများ ရေးသားနေခြင်း စသည်တို့ကို စနစ်တကျ ပြုလုပ်နေပါက မကြာမီမိမိကိုယ်ကို သတ်သေမည့် အန္တရာယ်ရှိကြောင်း သတိပြုရန်လိုသည်။

သီဟ
Ref: Health Centra

ကွန်ပျူတာအော်ပရေတာများအတွက် ကျန်းမာရေးသတိပေးချက်



ကွန်ပျူတာရှေ့ထိုင်ပြီး အချိန်ကြာ ကြာ စာရိုက်ရသူများမှာ မျက်လုံးကြွက် သားများ အားကုန်ခြင်း၊ အညောင်းမိ/ ခါးနာခြင်း၊ အရိုးကျီးပေါင်းတက်ခြင်း၊ လက်ချောင်းများနှင့် လက်ကောက်ဝတ် များနာကျင်ခြင်း စသည့်ဝေဒနာများ ဖြစ်လာစေပါတယ်။

သတိပေးချက်(၁)
==========
ကွန်ပျူတာကို မိနစ် ၂ဝ လောက် ကြည့်ပြီးတိုင်း အခြားတစ်နေရာသို့ မျက်နှာ မူ၍ ပေ ၂ဝ အကွာရှိ ပစ္စည်းတစ်ခုခုထံ အကြည့်လွှဲပါ။ ဒီနည်းက မျက်လုံးအိမ်ထဲ ရှိမှန်ဘီလူးကို ပြေလျော့စေပါတယ်။

သတိပေးချက်(၂)
==========
ကွန်ပျူတာကို မိနစ် ၂ဝ လောက် ကြည့်ပြီးတိုင်း မျက်လုံးအိမ်စိုစွတ်စေဖို့ မျက်တောင်အကြိမ် ၂ဝ ခတ်ပေးပါ။ ဒီနည်းက ကွန်ပျူတာစိုက်ကြည့်ခြင်း ကြောင့် မျက်စိခြောက်ခြင်းနှင့် အခြား နောက်ဆက်တွဲ မျက်စိဝေဒနာများမဖြစ် အောင် ထိန်းသိမ်းပေးပါတယ်။

သတိပေးချက်(၃)
==========
ကွန်ပျူတာခုံမှာ မိနစ် ၂ဝ လောက် ထိုင်ပြီးတိုင်း ခြေလှမ်း ၂ဝ ထလျှောက် ပေးပါ။ ဒီနည်းက ခြေထောက်နဲ့ခန္ဓာကိုယ် အောက်ပိုင်းမှာ သွေးများစုပုံမနေတော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံးသို့ သွေးလည်ပတ်မှုပြန်လည်မျှတလာစေပါတယ်။

သတိပေးချက်(၄)
==========
အလုပ်ချိန်ပြီးပြီဆိုရင် လက်ကောက် ဝတ်ကို နာရီလက်တံလည်ပတ်သည့် လားရာအတိုင်း ၁ဝ ကြိမ်စက်ဝိုင်းပုံစံ လှည့်ပေးပါ။ ပြီးရင် နာရီလက်တံ ပြောင်းပြန် ၁ဝ ကြိမ်စက်ဝိုင်းပုံစံလှည့် ပါ။ ဒီနည်းက လက်ချောင်း၊ လက်ဆစ် များနှင့် လက်ကောက်ဝတ်နာကျင်ခြင်းကို သက်သာစေပါတယ်။

သတိပေးချက်(၅)
==========
တစ်နေ့တာအတွက် တာဝန်ချိန်ပြီး ဆုံးသွားပါက လည်ပင်းကိုငြိမ်ငြိမ်ထား ပြီး ခေါင်းကို ယာဘက်သို့ ၁ဝ ကြိမ် ဖြည်းဖြည်းချင်းရွှေ့ပါ။ ပြီးရင်ခေါင်းကို အပေါ်-အောက် ၁ဝ ကြိမ်ဖြည်းဖြည်း ချင်းရွှေ့ပါ။ ဒီနည်းက ဇက်ကြောတက် ခြင်း၊ လည်ပင်းအရိုးအဆစ်များညောင်းညာ ခြင်း စသည့်ဝေဒနာများကိုချက်ချင်း သက်သာသွားစေပါတယ်။

ပေါက်ပေါက် - The Union Daily