ကိုယ်ဝန်ဆောင်မိခင်များ လက်ဖက်စိမ်း သောက်သုံးရန် မသင့်


ကိုယ်ဝန်ဆောင်စဉ်အချိန်၌ လက်ဖက်စိမ်းသောက်ခြင်းသည် အနည်းငယ်မျှဖြစ်ပါက အန္တရာယ်မရှိ နိုင်သော်လည်း အလွန်အကျွံ သောက်သုံးခြင်းက ဘေးဥပဒ်ဖြစ်စေနိုင်သည်။ ရိုးရိုးလက်ဖက်ရည်ထက် ယင်းတွင် ကဖိန်းအနည်းငယ်ပါဝင်သည်။

သို့ဖြစ်၍ ကော်ဖီ၊ အအေး စွမ်းအားဖြည့် အချိုရည်၊ ချောကလက်၊ cake များသည် အလားတူ ဖြစ်သဖြင့် ချင့်ချိန်သောက်ရမည်။ လက်ဖက်စိမ်း သည် သာမန်လူများအတွက် အင်တီအောက်စီးဒင့်ပါဝင်သဖြင့် အရွယ်အိုမင်းမှုကို ဟန့်တားစေပြီး သောက်ရန် သင့်တော်သည်။

သို့သော် လက်ဖက်စိမ်းသည် ကိုယ်ဝန်ဆောင်များတွင် လိုအပ်သော “ဖောလစ်အက်ဆစ်”ကို လျော့နည်းသွားစေသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေနှင့် ပထမ (၁၂)ပတ်တွင် အရေးကြီးသောအာဟာရအဖြစ် “ဖောလစ်အက်ဆစ်”ကို လိုအပ်သည်။

ထိုမျှမက လက်ဖက်စိမ်းကဲ့သို့သော အခြားသောလက်ဖက်ရည်များသည် အစာအာဟာရထဲမှ သံဓာတ်ကို စုပ်ယူသဖြင့် လက်ဖက်စိမ်းကို မိမိ၏အစာနှင့်အတူ သောက်သုံးရန်မသင့်ချေ။

Health Updates Journal
 

လည်ချောင်းတွင် အရိုးစူးပါလျှင်


(၁) ရေများများသောက်ပါ။ ရေတွင် ဆားအနည်းငယ် ရောထည့်ပါ။ အရိုး တော်တော်များများသည် လည်ချောင်း မှအစာအိမ်သို့ ဆားကြောင့် နူးပျော့၍ အကုန်အကျမြန်မည်ဖြစ်သည်။

(၂)ထမင်းကို ထမင်းဆုပ်လုပ်၍ လည်းကောင်း၊ ငှက်ပျောသီး၊ ပေါင်မုန့်တို့ကို မြိုခြင်းကပ်နေသည့်နေရာ မှ အရိုးသည် အစာအိမ်သို့ ရောက်ရှိသွားပေမည်။ ဤသို့ မြိုပြီးတိုင်း ရေ(၁)ဖန်ခွက် သောက်ရန်မမေ့ပါ နှင့်။

(၃)ဗနီကာကို ရေတွင်ရော၍သောက်ပါ။ ဗနီကာတွင်ပါဝင်သော Acetic Acid က အရိုးကို ပျော့သွားစေပြီး လည်ချောင်းတွင်း၌ လွယ်ကူစွာ ကြေ ပျက်သွားသည်။

(၄)လိမ္မော်ရည် (သို့) သံပရာရည် သောက်ခြင်းသည်လည်း အရိုးကိုဖယ်ရှားပေးနိုင်သည်။ ယင်းတို့ထဲမှ citric acidက အရိုးကိုပျော့သွားစေနိုင်သည်။

(၅)သံလွင်ဆီကိုသောက်ပါ။ အရိုးက ချောပြီး လည်ချောင်းထဲမှ ထွက်သွားသည့်အပြင် အရိုးဆူးဒဏ်ကြောင့် လည်ချောင်းအထဲ၌ ထိခိုက်နာကျင်မှုကိုလည်း သက်သာစေသည်။

(၆)ယခုခေတ်တွင် coke အအေး အချို့ကို သောက်ခြင်းဖြင့် အရိုးပျော့သွားစေနိုင်သည်။

(၇)အဓိကအရေးကြီးသည့် အချက်မှာ လည်ချောင်း၏ အပြင်ဖက်မှ လည်ချောင်းကို နှိပ်နယ်ခြင်းမပြုပါနှင့်။

Health Updates Journal
 

မူးဝေခြင်း အကြောင်းရင်းများ


မူးနောက်နောက် ဖြစ်နေတာပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင် တစ်ခုလုံး ချာချာလည်နေ သလိုမျိုး ဖြစ်နေတာပဲ ဖြစ်ဖြစ်၊ အန်ချင် လောက်တဲ့ အထိ မူးနေတာပဲ ဖြစ်ဖြစ်၊ ခေါင်းမူးတာဟာ ဘယ်လိုမှ ခံစားလို့ မကောင်းတဲ့ အရာပါ။ ခေါင်းမူးခြင်း ဖြစ်ရခြင်း အကြောင်းရင်းတွေနဲ့ ကျွန်မတို့အနေနဲ့ ဘာလုပ်လို့ရနိုင်သလဲ ဆိုတာကို ကြည့်ရအောင်

(၁) သွေးပေါင်ကျခြင်း

ကိုယ်ဟန်အနေအထားကြောင့် သွေးပေါင်ကျခြင်း Postural Hypotension ဟာ ရုတ်တရက် မတ်တတ် ရပ်လိုက်တဲ့အခါ သွေးပေါင်ခဏ ကျသွားခြင်းကြောင့် ဖြစ်တက်ပါတယ်။ ထိုအခါ ဦးနှောက်ဆီ သွေးအရောက် လျော့သွားခြင်းကြောင့် ခေါင်းမူးရခြင်း ဖြစ်ပါတယ်။ဘာလုပ်နိုင်မလဲမတ်တက်ရပ်လိုက်တိုင်း လိုလို ခေါင်းမူးတက်ပါက သွေးပေါင်ချိန် စစ်ကြည့်သင့်ပါတယ်။ သွေးတိုးရောဂါ ဆေးကုသခံနေရသူ ဆိုရင်လည်း ဆေးပမာဏ ချိန်ဆပေးဖို့ လိုကောင်း လိုနေပါလိမ့်မယ်။

(၂) Meriere's Disease

Meriere ရောဂါဆိုတာ နားအတွင်းခန်း ရောဂါကြောင့် နားလေထွက်ခြင်းနဲ့ မူးဝေခြင်းကို ဖြစ်စေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ နားအတွင်းခန်းမှာ အရည်တွေ ပိုလျှံလာပါက ချာချာလည်းမူးဝေခြင်းကို ဖြစ်စေတက်ပါတယ်။ တခြား လက္ခဏာရပ်တွေကတော့ မူးခြင်း၊ ပျို့အန်ခြင်း၊ အကြားအာရုံချို့ယွင်းခြင်း၊ နားအူခြင်းတို့ပဲ ဖြစ်ပါတယ်။ ရောဂါပြင်းထန်မှု ပမာဏနဲ့ အချိန်ကြာမြင့်မှုက လူတစ်ယောက်နဲ့ တစ်ယောက်ပေါ် မူတည်ပြီး ကွာဟတက် ပေမယ့် အရမ်းမူးဝေခြင်းကြောင့် ထိုင်ချလိုက်ရတဲ့အထိ ဖြစ်တက်ပါတယ်။ ဘာလုပ်နိုင်မလဲ နားအတွင်းခန်းမှာ အရည်လျှံခြင်းက ပြဿနာဖြစ်တာကြောင့် အဲသလို မဖြစ်ရအောင် စားတဲ့ အစာထဲ ဆားလျှော့စားဖို့၊ ဆီးဆေးသောက်ဖို့ လိုကောင်းလိုနိုင်ပါတယ်။ ဒီလိုနဲ့မှ မရရင် နားထဲက အရည်တွေကို ဆေးရုံမှာ စုပ်ထုတ်လို့လည်း ရပါတယ်။

(၃) ခေါင်းတစ်ခြမ်းကိုက်ခြင်း

(Migraine) ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ ခေါင်းကိုက်ခြင်း တစ်မျိုးဖြစ်သလို တစ်ခါတစ်ရံမှာ ခေါင်းမူးခြင်း ဖြစ်စေနိုင်တဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်ခြင်းနဲ့ ဆက်စပ်နေတဲ့ ခေါင်းမူးခြင်းဟာ Meriere ရောဂါနဲ့ လက္ခဏာ အများစု ဆင်တူနေတက် ပေမယ့် အကြားအာရုံတော့ လျော့မသွားတက်ပါဘူး။ ကားမူးခြင်း၊ လေယာဉ်မူးခြင်း၊ သဘောင်္မူးခြင်းတို့လို မူးဝေခြင်းမျိုးက ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်တွေမှာ ပိုဖြစ်ပေါ်တက်ပါတယ်။ ဘာလုပ်နိုင်မလဲ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ခံစားနေရသလို ခေါင်းမူးခြင်းလည်း ဖြစ်ပေါ်တက်ပါက ခေါင်းတစ်ခြမ်းကိုက် ကုဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ပြကြည့်ပါ။

(၄) ရောဂါပိုးဝင်ခြင်း

အဖြစ်အများဆုံးကတော့ Vestibular Neuritis လို့ခေါ်တဲ့ ဗိုင်းရစ်ပိုး တစ်မျိုးကြောင့်ပါ။ ရေယုန်ဖြစ်စေတဲ့ ရောဂါပိုးနဲ့ ခပ်ဆင်ခင်တူပါတယ်။ ဒီရောဂါပိုးတွေက ဦးနှောက်ရှိ Vestibular နာ့ဗ်ကြောတွေပေါ် နှောင့်ယှက်လိုက်တဲ့အခါ နားတစ်ဖက် ရောင်လာတက်ကာ သင့်ကို ဟန်ချက်မညီစေတော့ဘဲ ချာချာလည် မူးဝေစေတက်ပါတယ်။

(၅) BPPV (Benign Proxysmal Positional Vertigo)

ဒီရောဂါဟာ နားအတွင်းခန်းရှိ ကယ်လ်စီယမ် ကာဗွန်နိတ်ကျောက်တွေ ပြုတ်ထွက်ကာ ရွေ့လျား နေခြင်းကြောင့် ဖြစ်တက်ပါတယ်။ ခေါင်းဆောင့်မိတဲ့အခါမျိုးမှာ ဖြစ်တက်ပြီး လှဲလိုက်တဲ့အခါမျိုး၊ ခေါင်းမော့ လိုက်တဲ့ အခါမျိုး ဒါမှမဟုတ် ကုန်းလိုက်တဲ့ အခါမျိုးတွေမှာ မူးဝေတက်ပါတယ်။ဘာလုပ်နိုင်မလဲနား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ကြီးတွေ အနေနဲ့ ကုသပေးနိုင်တာကြောင့် ဆေးရုံသွားပြသင့်ပါတယ်။