နှလုံးရောဂါ အကြောင်းသိကောင်းစရာလေးတွေ တင်ပေးလိုက်ပါတယ်

၁။ ရင်ဘတ်အောင့်တာမပျောက်ရင်

ခါတိုင်းအောင့် နေကြ ပုံစံ မဟုတ်ဘဲ ရင်ဘတ်အောင့် နေပြီး စက္ကန့် အနည်းငယ် အတွင်း သက်သာ သွားခဲ့ရင် နှလုံး ရောဂါကြောင့် ရင်ဘတ် အောင့်တာ မဟုတ်ပါဘူး။

ဒါဟာ အစာအိမ်မှ အက်ဆစ်တွေ အစာမျိုပြွန်ကို ဆန်တက်တာကြောင့် ရင်ပူတာပါ။ ရင်ဘတ် အောင့်တာ တဖြည်းဖြည်း ပိုဆိုးလာပြီး အနည်းဆုံး မိနစ် အနည်းငယ်ခန့်ထိ မပျောက်မှသာ နှလုံးရောဂါ အတွက် စိုးရိမ်ရမှာပါ။

၂။ အသက်ရှုမဝရင်

လူအများစုမှာ အသက်ရှူ မဝတာဟာ စိတ်ဖိစီးမှု များတာကြောင့် ဖြစ်တာပါ။ အသက်ရှူလို့ မရတဲ့ ခံစားမှုမျိုးဟာ Hyperventilation ကြောင့် ဖြစ်ပြီး သွေးထဲမှာ ကာဗွန်ဒိုင် အောက်ဆိုဒ်တွေ နည်းသွား ပါတယ်။ Treadmill စက်မှာ လမ်းလျှောက် နိုင်ပြီး လမ်းလျှောက် အပြီး အခြေအနေ ပိုမဆိုးရင် မစိုးရိမ် ရပါဘူး။ လူနာဟာ ဒီနေ့မှာ နေကောင်းနေပြီး နောက်တစ်နေ့မှာ လှေကားတက်ရင် လှေကားထစ်တွေမှာ နားပြီး အသက်ဝအောင် ရှူပြီးမှ လှေကား ထစ်တွေ တက်လို့ရတယ်ဆိုရင် စိုးရိမ်စရာ အခြေအနေပါ။

၃။ တစ်ခါမှမခံစားရဖူးသောခန္ဓာကိုယ်အထက်ပိုင်းနာကျင်ရင်

တစ်ခါတစ်ရံ နှလုံး တိုက်ခိုက် ခံရတာဟာ ရင်ဘတ်အောင့်တဲ့ လက္ခဏာ မပြတတ် ပါဘူး။ ရှေးဦးစွာ မေးရိုး မှာနာတာ၊ တံတောင်ဆစ်မှာ နာတာ၊ ဒါမှမဟုတ် သွားနာတာတွေ အနေနဲ့ လက္ခဏာ ပြတတ်ပါတယ်။ ဒါဟာ နှလုံးသွေးကြော ပိတ်တာကြောင့် နာကျင်တာ ဖြစ်ပြီး အာရုံကြောမှ တစ်ဆင့် ဘယ်ဘက်လက် ဒါမှမဟုတ် မေးရိုးကို နာကျင်တာတွေ ရောက်သွား တာပါ။ ဒီလို တစ်ခါမှ မခံစားရဖူးတဲ့ နာကျင်မှု အသစ်တွေ ခံစားရရင် လျစ်လျုရှု မထားပါနဲ့။

ခွဲခြားနိုင်သောနည်းလမ်းနှစ်ခု

အောက်ပါတို့မှာ သင်ခံစား နေရတဲ့ ဝေဒနာကို လျစ်လျူရှုသင့်သလား ဒါမှမဟုတ် ဆရာဝန်ကို ပင့်ရမလား ဆိုတာကို ခွဲခြားနိုင်တဲ့ နည်းလမ်း နှစ်ခုပါ။

၁။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

နှလုံးသန်မာဖို့ လေ့ကျင့်ခန်း မှန်မှန် လုပ်နေရင် ကောင်းတဲ့ နာကျင်တာနဲ့ မကောင်းတဲ့ နာကျင်တာ တွေကို သင်ခွဲခြား သိရှိ နိုင်ပါတယ်။ လှုပ်လှုပ်ရှားရှား လုပ်နေရင်းနဲ့ ခံစားရတဲ့ ဝေဒနာ ပိုဆိုးလာရင် ဆရာဝန် ပင့်သင့်ပါတယ်။

၂။ သင့်မှာရှိသောဖြစ်နိုင်ချေများကိုလေ့လာပါ။

သင့်မိဘတွေဟာ အသက်၉၀ အရွယ်ထိ အသက်ရှင်နေပြီး သင့်ရဲ့သွေးတွင်း ကိုလက်စထရော အဆင့်ဟာ ပုံမှန်ဖြစ်နေရင် တံတောင်ဆစ်မှာ နာနေတာဟာ တင်းနစ်ကစား တာကြောင့် ဖြစ်နိုင်ပါတယ်။ သင်ခံစားရတဲ့ ဝေဒနာဟာ နှလုံး ရောဂါမှန်း မသေချာရင် ဆရာဝန်နဲ့ ပြဖို့ အမြဲ သတိရပါ။
 
https://www.facebook.com/MyawadyNews?hc_location=stream 
 
 

ရှမ်းပြည်သို့ ခရီးတခေါက်ရောက်ခဲ့မယ်ဆိုရင်.................


တန်ဆောင်တိုင်မီးပုံပျံပွဲတော် ( တောင်ကြီး )
ရွှေဘုန်းပွင့်ဘုရားတောင် ( တောင်ကြီး )
ကက္ကူဘုရား ( တောင်ကြီး )
ဂုတ်ထိပ်တံတား ( နောင်ချို)
ရွှေဥမင်သဘာဝလှိုဏ်ဂူဘုရား ( ပင်းတယ )
ကုံလုံဆရာတော်ဘုရားကျောင်း ( ပင်းတယ )
ပုန်းတလုတ်ရေကန်နှင့်ဇော်ဂျီသဘာဝရေထွက် ( ပင်းတယ )
နှီးဘုရား ( ကလော )
မြင်းမထိဂူ ( ကလော )
ပလောင်တောင် ( ကလော )
ပြဒါးလင်းဂူ ( ရွာငံ )
ရေပြာအိုင် ( ရွာငံ )
အင်းလေးကန် ( ညောင်ရွှေ )
ရေပေါ်စိုက်ခင်းများနှင့်ယက္ကန်းစင်များ ( ညောင်ရွှေ )
ဖောင်တော်ဦးဘုရား ( ညောင်ရွှေ )
ရှေးဟောင်းရွှေအင်းတိန်ဘုရား ( ညောင်ရွှေ )
ခေါင်တိုင်သဘာဝရေပူစမ်း ( ညောင်ရွှေ )
သဘာဝရေပူစမ်း ( လားရှိုး )
ထမ့်စန်းဂူ ( ဟိုပုံး )
ကိုရင်လေးကျောင်း ( ဟိုပုံး )
မိုးဗြဲဆည် ( မိုးဗြဲ )
ဘော်ကြိုဘုရားနှင့်သီပေါဟော် ( သီပေါ )
ရှမ်းပြည်နယ်တွင်းရှိရှေးဟောင်း ဟော်နန်းများ..........................

ရောက်ပြီးမှ မသွားရ မဖြစ်ရလေအောင် စေတနာဖြင်.

ဓနုတိုင်းရင်းသားများ ဆုံဆည်းရာ

ချစ်တတ်တဲ.အခါ



တစ်ယောက်ကို တစ်ယောက် အရမ်းချစ်လာတဲ့အခါ
မာနဆိုတာ အလိုလို ပျောက်ကွယ်သွားလိမ့်မယ်....

တစ်ယောက်ကို တစ်ယောက် အရမ်းချစ်လာတဲ့အခါ
နားလည်မှုဆိုတာ ပေးတတ်လာလိမ့်မယ်..........

တစ်ယောက်ကို တစ်ယောက် အရမ်းချစ်လာတဲ့အခါ
အချိန်တွေအကြာကြီး စိတ်ဆိုး..စိတ်ကောက်ပီး မနေတတ်ပဲ
ပြန်ခေါ်ပေးတတ်လာလိမ့်မယ်......

တစ်ယောက်ကို တစ်ယောက် အရမ်းချစ်လာတဲ့အခါ
ဆုံးရှုံးလိုက်ရမှာ ကြောက်လို့ ခွင့်လွှတ်ပေးတတ်လာလိမ့်မယ်...

တစ်ယောက်ကို တစ်ယောက် အရမ်းချစ်လာတဲ့အခါ
သူနဲ့ ပါတ်သက်တဲ့ အရာတွေကို အပြန်အလှန် တန်ဖိုးထားပေး
တတ်လာလိမ့်မယ်.........

တစ်ယောက်ကို တစ်ယောက် အရမ်းချစ်လာတဲ့အခါ
ခဏလေးဝေးနေရရင်တောင် အရမ်းလွမ်းနေတတ်ပီး စိတ်ပူ
နေတတ်လာလိမ့်မယ်...........

တစ်ယောက်ကို တစ်ယောက် အရမ်းချစ်လာတဲ့အခါမှာတော့
အပြန်အလှန် အတူတူတည်ဆောက်မယ်ဆိုတဲ့ ဘ၀သစ်လေး
အတွက် ရည်ရွယ်ချက်တွေ ထားတတ်လာပါလိမ့်မယ်.....



♠ Khin Myo Aye ♠
( Poem )



"အချိန်တွေ မဖြုန်းကြပါနဲ့"

အချိန်သည် လူသားတိုင်းကို မျက်နှာမလိုက်ဘဲ(၂၄)နာရီဟူသော(တစ်ရက်)ကိုအညီအမျှ လူသားတိုင်းကို ပေးထားသည်။ (၂၄)နာရီဟူသော အချိန်ကို လူသားတိုင်း အခမဲ့ ရရှိကြသည်။ ရယူသူချင်းအတူတူ ထို(၂၄)နာရီကို အကျိုးရှိရှိ အသုံးချတတ်ပါက ထိပ်ဆုံးသို့ရောက်၍ မကြိုးစားသူက အောက်ဆုံးကို ရောက်သွားတတ်သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံသည် သယံဇာတပေါကြွယ်ဝသော နိုင်ငံဖြစ်သည်။ ယခုအခါ နိုင်ငံတော်အစိုးရက ဈေးကွက်စီးပွားရေးကိုလည်း ဖွင့်လှစ်ထားပါသည်။ သို့သော်လည်း သယံဇာတပစ္စည်းတွေ ဘယ်လောက်များများ၊ ဈေးကွက်စီးပွားရေးတွေ ဘယ်လောက်ဖွင့်ဖွင့် အချိန်တွေ အလဟသဖြုန်းပြီး အလုပ်မလုပ်သရွေ့ ဘယ်သောအခါမှ ကြီးပွားတိုးတက်သော နိုင်ငံဖြစ်လာဖို့ ခဲယဉ်းမည်ဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် မြန်မာလူငယ် အတော်များများသည် လက်ဖက်ရည်ဆိုင်ထိုင်ပြီးတော့လည်း အချိန်ဖြုန်းသည်။ စစ်တုရင်ထိုးပြီးတော့လည်း အချိန်ဖြုန်းသည်။ ဘိလိယက်ထိုးပြီးတော့လည်း အချိန်ဖြုန်းသည်။ စကားများ အရက်ဆိုင်ထိုင်ပြီးတော့လည်း အချိန်ဖြုန်းသည်။

လူတိုင်းလူတိုင်း မိမိအသက်ကို တန်ဖိုးထားတတ်သည်။ မိမိအသက်ကို တန်ဖိုးထားတတ်သောသူသည် အချိန်ကို တန်ဖိုးထားတတ်ရမည်။ အချိန်ကို တန်ဖိုးထားသူသည် အချိန်မှန်သမျှထဲမှ ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်မျိုးမျိုးကို အမြဲရအောင် ယူနေရမည်ဖြစ်သည်။ မယူသူသည် အချိန်ကို အလဟဿဖြုန်းတီးသူပင်ဖြစ်သည်။ အချိန်ကို အလဟဿဖြုန်းတီးသူသည် လူ့ဘ၀၌ မိမိနေရမည့်အသက်ကို ဖြုန်းတီးခြင်းပင်ဖြစ်၏ဟု မေတ္တာရှင်(ရွှေပြည်သာ)၏ အဆုံးအမ စကားလည်း ရှိပါသည်။

လောကတွင် အစားထိုး၍မရသောအရာနှစ်ခုမှာ မိဘနှင့်အချိန်ပင်ဖြစ်သည်။ ၀တ္ထုပစ္စည်းတစ်ခုခုတွင် တန်ဖိုးရှိသကဲ့သို့ အချိန်၌လည်း တန်ဖိုးရှိပါသည်။ အချိန်ကို ရွှေ နှင့် စိန်ထက်ပင် အဖိုးထိုက်တန်ကြောင်း သိသူများသလောက် မလုပ်သည်က ပို၍များလေသည်။ ပိုက်ဆံတစ်ကျပ်ကို အလဟဿဖြုန်းတီးရန် စဉ်းစားမည်ဖြစ်သော်လည်း ငါးမိနစ်မျှသော အချိန်ကို ဖြုန်းတီးပစ်ရန် ၀န်မလေးကြချေ။

ထို့ကြောင့် အချိန်ကို မဖြုန်းတီးဘဲ တန်ဖိုးရှိရှိ အသုံးချတတ်ရန် တိုက်တွန်းလိုပါသည်။
အချိန်ဟူသော စက္ကန့်၊ မိနစ်၊ နာရီပေါင်းများစွာကို အကျိုးရှိရှိ အသုံးချ၍ လူသားတိုင်း အောင်မြင်မှုသရဖူကို ရယူ၍ ကြီးပွားတိုးတက်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။


ဤစာလေးကို မဂ္ဂဇင်းတစ်အုပ်၌ ဖတ်မိကာ ကြိုက်နှစ်သက်၍ သူငယ်ချင်းများအား ဖတ်စေချင်ကာ ပြန်လည်ကူးယူထားခြင်းဖြစ်ပါတယ်။

နွေထနောင်း