ကွန်ပျုတာထဲမှာ ဘာဆော့ဝဲမှမလိုပဲ MP3- MP4 ..အလွယ်တကူ ပြောင်းနည်း


ဒီနည်းလေးကတော့ ရုံးမှာ သုံးတဲ့သူတွေ ပြောင်းတဲ့ဆော့ဝဲ မရှိတဲ့အခါတွေမှာ

သုံးလို့ အဆင်ပြေပါတယ် ဘာဆော့ဝဲမှာမလိုပဲ အလွယ်လေးနဲ့  လိုအပ်သလို

ပြောင်းမယ့်နည်းပါ , MP4 တွေကို MP3 န*့ တခြား ဆိုင်ရာ ပြောင်းပြီး ဖုန်းတွေ

Player တွေထဲ ပြောင်းထည့်သုံးလို့ ရပါတယ် ။ ဆိုင်မှာသုံးရင်း ဆော့ဝဲမရှိတဲ့ခါ

ရုံးမှာသုံးရင် Youtube ကဟာတွေ ပြောင်းဖို့  သုံးချင်ရင် ဒီနည်းက ဆော့ဝဲမလို

ကျနော်ဆို ဒီနည်းနဲ့  ရုံးမှာသုံးတယ် သတိရလို့ အခုမှတင်လိုက်တာ လွယ်လေး



ဒေါင်းရန်နှိပ်ပါ

Open ဖိုင်ကို နှိပ်ပြီး ပြောင်းမယ့် သီချင်းကို ထည့်ပါ

Video Format လား Audio mp3 ဘာညာ ရွေးလိုက်ပါ

ပြီးရင် Screen အကြီး အသေး ရွေးလို့ ရတယ် ကြီးလေ ဖိုင်ဆိုဒ်ကြီးလေးပဲ

Audio ပိုင်းမှာတော့ 128kbps ကနော သေးသွားလေ ဖိုင်သေးလေပါ

64bit ဆို MB တော့ သေးမယ် အသံ တိမ်သွားတယ် အဆင်ပြေရာတွေး

Convert က** နှိပ် ပီးသွားတဲ့အခါမှတော့ Download ဆိုပီးပေါ်လာမယ်

  ဆော့ဝဲမလိုပဲ ရုံးသမားတွေ ဆိုင်မှာ ဆော့ဝဲမရှိတဲ့အခါတွေမှာသုံးလို့ ရပါတယ်.........

သင်.အဖေ

သင့်ကိုကိုယ်ဝန်စရှိကာစက သင့်အဖေသောက်နေကျ ဆေးလိပ်အားဖြတ်ခဲ့ပေမည်

သင်အသက်တစ်နှစ်ပြည့်သောအခါ သင့်အဖေလက်ဘက်ရည်ဖိုးကိုလျှော့နေလောက်ပြီ

သင်ငါးနှစ်လောက်ရှိသော် သင့်အဖေ သင့်ကျောင်းစရိတ်အတွက် အင်္ကျီအသစ် ပုဆိုးအသစ်မဝယ်ဖြစ်တော့

သင်ဖျားနာသောအခါ အလုပ်ပင်ပန်းတာတောင် ဂရုမစိုက်နိုင်
သင့်အနားမှာ မိုးလင်းအထိသင့်လက်ဖဝါးများအားကိုင်ပြီး ညလုံးပေါက်ဂရုစိုက်နေပေလိမ့်မည်

သင့်တက္ကသိုလ်ရောက်သောအခါ သင့်အတွက် ရှိစုမဲ့စု ဂုဏ်သိက္ခာကိုချိုးနှိမ်ပြီး သင့်အမှတ်များ သင့်ဆိုးသွမ်းမှုများအတွက် ကျောင်းအုပ်ကြီးထံအယူခံဝင်ရဦးမည်

သင်အိမ်ထောင်ကျသော် "ငါတော့မိဘဝတ္တရားကျေပါပြီ" ကြံဖန်ဝမ်းသာပေလိမ့်ဦးမည်

သင်ကလေးတွေရသော် သင်၏ရင်သွေး သူ၏မြေးအား သင့်ကဲ့သို့ပင် အချစ်ပိုလိမ့်ဦးမည်

သင်သည် ဒီအချိန်ထိ သင်မိဘတစ်ဦးသာဖြစ်သွားပေမည်
သင့်မိဘများကိုရော ကျေးဇူးဆပ်ပြီးပြီလား

ကြွေးမြီသစ်ကိုမတည်မီ ကြွေးဟောင်းကိုရော ရှင်းပြီးပါရဲ့လား

နောက်ဆုံး
"ဘယ်တော့မှပြန်မတောင်းတတ်တဲ့အကြွေးက မိဘကျေးဇူးကြွေး "ဆိုတာလဲ သင်နားလည်ပါစေ

အားလုံး မိဘကျေးဇူးဆပ်နိုင်ကြဖို့
မမေ့ဖို့ ရည်ရွယ်ပါတယ်


တေလေဂျပိုး
 

မိဘဂုဏ်အင်္ဂါ(၁၂)ဖြာ

ဘယ်ပန်းတွေ ဘယ်လောက်ပဲ လန်းလန်း
ဘယ်စမ်းတွေ ဘယ်လောက်ပဲ အေးမြမြ
မိဘရဲ.အပြုံးလေး တစ်ပွင်.လောက်
မလန်းဆန်း မအေးမြနိုင်ပါဘူး

မိဘဂုဏ်အင်္ဂါ(၁၂)ဖြာ
 
၁။ သားသမီးအပေါ်တွင် ထာဝစဉ်မေတ္တာထားသောကြောင့် ဗြဟ္မာဖြစ်ပါသည်။

၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသ ပေးသောကြောင့် လက်ဦးဆရာ ဖြစ်သည်။

၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။ သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျပုဂ္ဂိုလ်ဖြစ်သည်။

၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။

၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒဟုမည်သည်။

၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။

၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။

၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။

၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။

၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။

၁၁။သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။

၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသောဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။

ဆောင်ပုဒ် ...

၁။ မိဘဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။

မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော စာသားများဖြစ်သည်။ အချို့ သောသားသမီးတို့သည် မိဘကိုပစ်ပယ်၍ ဘိုးဘွားရိပ်သာသို့ ပို့ထားကြသည်။ အချို့သော သားသမီးများက မိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန် ပင်ဖြစ်သည်။ ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး လိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။

မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး ဖြစ်ပါသည်။

မိဘကျေးဇူးအနန္တကို သိတဲ့အတိုင်း ဆပ်ခွင့်ရနိုင်ကြပါစေ…

အမွေခံထိုက်သူ ဖြစ်ပါစေ

တခါတခါ သတိမခိုင် ထမိန်မနိုင် ပုဆိုးမနိုင် ယိုင်နဲ့ နဲ့  အဖေအို အမေအိုတို့ က ကိုယ့်ကိုယ်ကို မသန့်  စင်နိုင်တော့ ဂျီးစော်ကနံ- ချွေးစော်ကနံပြန်တော့ သားသမီးတွေက နှာခေါင်းလေး တရှုံ့ ရှုံ့  လုပ်တတ်ကြတယ်။ ကိုယ့်တုန်းက အမေ့ရင်ခွင်ထဲ အဖေ့လက်ထဲမှာ ပါချခဲ့တဲ့ အီအီးတွေ ချူချူးတွေကျတော့ မေ့နေတတ်ပီး သူတို့  အလှည့်ကျတော့ မျက်စောင်းတွေထိုး ခြေဖနောင့်သံတွေ ခပ်ပြင်းပြင်းနဲ့  ဆန္ဒတွေ ပြတတ်တဲ့ သားသမီးတွေထဲမှာ သင်မပါစေနဲ့  ။

!!! - အမှားတွေကို သိရင်ပြင်လိုက်ပါ...
မှားမှန်းသိရက်နဲ့  မပြင်ရင် သူယုတ်မာဘဲ။

>>> အမေ့ရင်ခွင်မှာ မိမိတို့  အီအီးတွေ ချူချူးတွေ ပါချခဲ့ တုန်းက အမေက ပျော်စရာ ချစ်စရာ ရယ်စရာလို့  မှတ်ယူ ခဲ့တယ် ကိုယ့်အလှည့်ကျမှ ရွံစရာဆိုပြီး ... မှတ်ယူနေမယ်ဆိုရင် >>>
အမွေခံထိုက်တဲ့ သားသမီး ဖြစ်ပါ ဦးမလား ?

မဇ္ဈိမဂုဏ်ရည်ဆရာတော်ဒေါက်တာ အရှင်ကောဝိဒ- ၏
အမွေခံထိုက်သူဖြစ်ပါစေ တရားတော်မှ