forever


အချိန်တွေသာ ပြောင်းတာ

ရင်ထဲမှာတော. မဟောင်းနိုင်ဘူး

ချစ်သူ.....

ရာသီလပြောင်း နှစ်တွေဟောင်းလည်း

ရက်စွဲတွေသာ ကုန်းဆုံးသွားတာ

ငါ.မှာတော. နင်.ကိုမမေ.နိုင်ဘူး

ချစ်သူ.....

ငါချစ်ခဲ.တဲ.အချစ်ကို

နှလုံးသားနဲ.ရင်းလို.

သံယောဇဉ်နဲ.ချည်နှောင်ပြီး

ငါ.ရင်မှာနင်.အတွက်နေရာပေးခဲ.တယ်

ချစ်သူရယ်....

နင်သာ ငါ.ကိုထားမသွားရင်တော.

ကာလဆိုတဲ. တစ်ရက်နဲ.တစ်ရက်

ကူးပြောင်းခြင်းကို ငါသက်သေပြပါမယ်

ချစ်သူ...

နှုတ်ဆက်လက်ပြ ထွက်မသွားနဲ.

မုသားမပါတဲ.နှလုံးသား

ပေးဆပ်ပြီးတော.ချစ်တယ်

နင်.ရင်ခွင်မှာနေရင်း နင်.အနမ်းလေးပဲလိုချင်တယ်


ချစ်သူရယ်...

ရှိနေပေးပါ

သံယောဇဉ်ကြိုးမျှင်လေး

ရင်မှာတွယ်ငြိ

နှလုံးသားထိ ချည်နှောင်

မတွေ့ရင် မနေနိုင်

မပြေနိုင်တဲ့ နှောင်ကြိုး

တစ်ရစ်ပြီးတစ်ရစ်တိုးလို. နှောင်ဖွဲ.

မုန်းမေ.ဖို.ခက်

အချစ်မေတ္တာဓါတ်ကြောင်.

ဝေးကွာနေလည်း လွမ်းနေပါတယ် ချစ်သူ...

အဝေးမှ ရှောင်ခွာပြေးလို့..

ဟိုးအဝေးတစ်နေရာ ရောက်ရှိသော်လည်း

နင်.အတွက် အရိပ်လေး အဖြစ်နဲ.

ငါရဲ..ကဗျာလေးတွေ ရှိနေလိမ်.မယ်

ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကို မမျှော်လင့်ရဲပေမယ့်...

တစ်နေ့နေ့ တစ်ချိန်ချိန်ရဲ့ ပြန်ဆုံနိုင်ခွင့်ကိုတော့...

တို့နှစ်ယောက်လုံးက မျှော်လင့်နေတာမဟုတ်လား ချစ်သူ.....

တကယ်ချစ်တယ်ဆိုရင်

ကိုယ့်ချစ်သူကို အရမ်းချစ်ပါတယ်ဆိုတဲ့
လူတစ်ယောက်က တစ်ခြားသူတွေ အပေါ်
မျှော်လင့်ချက်ပေးသလို အပြုအမူမျိုးတွေ
မလုပ်ဘူး……………

ကိုယ့်ချစ်သူကို အရမ်းချစ်ပါတယ်ဆိုတဲ့
လူတစ်ယောက်က ကိုယ့်ချစ်သူမဟုတ်တဲ့
တစ်ခြားသူတွေရဲ့ ဂရုစိုက်မှုတွေကို မျှော်လင့်
မနေဘူး…………

ကိုယ့်ချစ်သူကို အရမ်းချစ်ပါတယ်ဆိုတဲ့
လူတစ်ယောက်က သူ မကြိုက်ပါဘူးဆိုတဲ့
အရာတွေကို သူ့ နောက်ကွယ်မှာ အကြိမ်ကြိမ်
လုပ်နေမိမှာ မဟုတ်ဘူး…………

ကိုယ့်ချစ်သူကို အရမ်းချစ်ပါတယ်ဆိုတဲ့
လူတစ်ယောက်က ကိုယ့် ချစ်သူအပေါ်
သစ္စာမဲ့တဲ့ လုပ်ရပ်မျိုးကိုလွယ်လွယ်နဲ့ ဆုံးဖြတ်
လိုက်မိဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်
ပါဘူး…………

လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင်
ကိုယ့်ရဲ့ အပြုအမူတွေတိုင်းမှာ သူ့အတွက်
ဆိုတာကိုလဲ ကိုယ့်ဘက်ကစဉ်းစားပေးတတ်ဖို့
လိုအပ်ပါတယ်……………
 
 
 
khin myo aye(poem)