PATTERN LOCK မေ့သွားရင် ပြန်ဖြည်နည်း

Android ဖုန်းတွေမှာ ဖြစ်တတ်တဲ့ Lock Pattern အကြောင်းပဲ ထပ်တလဲလဲ မေးနေကြလို့ နောက်ထပ်ဖြေရှင်း တစ်ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်...:)
 Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူ ဝင် မကြည့်နိုင်ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ပိတ်ထားလို့ ရတယ်ပေါ့ဗျာ … အဲ ဒါပေ မယ့် … ကိုယ်ပေးထားခဲ့တဲ့ Lock Pattern ဘယ်လိုဆွဲလဲဆိုတာ ဒါမှမဟုတ် Pin Number ဘာပေးခဲ့လဲ ဆိုတာ ခေါင်းထဲမှာ မမှတ်မိတော့ရင်တော့ ဘယ်လိုလုပ်မလဲ…


ကျွန်တော် ပြောပြမယ့် နည်းလမ်းလေးတွေက အသုံးဝင်မှာပါ … ဖုန်းထဲမှာ google account တော့ ဝင် ထား ဖို့လိုပါတယ် …

အကယ်လို့ ဖုန်းထဲမှာ Google Account ကို ဝင်မထားမိဘူးဆိုရင်တော့ … Wi-Fi ချိတ်ထားဖို့ လို ပါ တယ် … ဘာလို့လဲဆိုတော့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။ပြီးတော့ တခြားဖုန်း တစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ … Answer လုပ်လိုက်ပါ … ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock pattern ပြီးတော့ Settings > Accounts & Sync ကနေ Add Account
ပြီးတော့ google account ကိုထည့်လိုက်ပေါ့ဗျာ …

ပြီးတော့ ဖုန်းချလိုက်ပါ …
အောက်က အဆင့်တွေ ဆက်လုပ်လို့ ရပါပြီ …
Unlock Pattern မှာ ငါးကြိမ်ထက် ပိုမှားခဲ့ရင်တော့ ” you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. ” ဆိုပြီး ပေါ်လာပါမယ် …

OK နှိပ်လိုက်ပါ။

စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern? ဆိုတာလေးကို နှိပ်လိုက်ပါ ...
သင်ဖုန်းထဲမှာ ထည့်ထားတဲ့ username နဲ့ password ဖြည့်ပြီး Sign in လုပ်လိုက်ပါ … ဝင်သွားပြီ ဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ … ဒီတစ်ခါတော့ မှတ်ထားပေါ့နော် … ပြီးရင် Continue နှိပ်ပါ …
Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် … ပြီးရင် Confirm နှိပ်ပါ … ဒါဆိုရင်ေ တာ့ သင် ဟာ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ် …

အကယ်လို့ … ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ နောက်တစ်နည်း ရှိပါသေးတယ် …

အဲဒါကတော့ Screen Lock Bypass Android Application ကို အသုံးပြုပြီးတော့ ဖြည် တာပဲဖြစ်ပါတယ်။
ဒါပေမယ့် Lock ဖြစ်နေတဲ့ ဖုန်းထဲကို apk ဖိုင်ကို ဘယ်လို ထည့် Run မလဲ ???

PC ဒါမှမဟုတ် Laptop ကိုသုံးပြီးတော့ Google Account နဲ့ Android Market ထဲကို Log in ဝင်ပြီး USB Cable ကိုသုံးပြီး ဖုန်းထဲ ထည့်ရမှာပါ … ပြီးရင် Restart ကျပါမယ် … မကျရင် ကိုယ့်ဟာကို ချလိုက်ပါ … ပြန်တက်လာတဲ့အခါ Pattern Lock ဖြည်ပြီးသား ဖြစ်နေမှာပါ …

Credit to: Software City
 
 

ကွန်ပျူတာ ထိုးရပ်သွားစေနိုင်တဲ့ အကြောင်းရင်းများ

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ အနက်ပြသနာတစ်ခုက memory ပါသူ့  ပြဿနာကလည်း Blue death screen တက်လာပြီး Fatal Exception Error ဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုပါပဲ။ ဒီmemoryကြောင့်ဖြစ်တဲ့ ပြဿနာကလည်း အတော်များများကြုံတွေ့ရလေ့ရှိပါတယ်။fatal error ဆိုတာက Hardware နဲ့ပါတ်သတ်ပြီး ပြဿနာကြီးကြီးမားမားတစ်ခုရှိနေပြီဆိုတာကိုညွှန်ပြခြင်းပါပဲ။

တစ်ခါတလေမှာ….လုံးဝသုံးမရတော့ဘဲ အသစ်တစ်ခုအစားထိုးရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

ဒါပေမယ့် memory ကြောင့်ဖြစ်တဲ့ Fatal error ဆိုရင်တော့ chips အချင်းချင်း တွဲဖက်မညီတဲ့အခါမျိုးမှာလည်းဖြစ်တတ်ပါတယ်။ဥပမာ - 70ns Ram နဲ့ 60ns Ram နှစ်ချောင်းကိုတွဲစိုက်ထားမယ်ဆိုရင်ပိုနှေးတဲ့ 60ns နဲ့ပဲ ကွန်ပျူတာက အလုပ်လုပ်မှာပါပဲ။အဲဒါကိုမှmemory
ကို overworked ဖြစ်စေတဲ့ Program မျိုးကိုဖွင့်လိုက်တဲ့အခါမှာ၊Memory များများသုံးတဲ့ software တွေကိုသုံးလိုက်တဲ့အခါမျိုးမှာကွန်ပျူတာက….Crash ဖြစ်သွားတော့တာပါပဲ။သူမှာက 70ns Ram လည်းရှိနေတော့ အဲဒီအမြန်နှုန်းနဲ့သုံးဖို့ကြိုးစားပါလေရော။ဒါပေမယ့် 60ns Ram ကမလိုက်နိုင်တဲ့အခါ…ထိုးရပ်သွားတော့တာပေါ့။

ကဲ……ဒီပြဿနာကို
ဖြေရှင်းကြည့်ရအောင်။ပထမနည်းလမ်းကတော့ BIOS setting မှာ Ram ရဲ့ Wait state ကိုတိုးပေးထားလို့ရပါတယ်။ဒီလိုလုပ်ခြင်းအားဖြင့် memory
ကိုပိုတည်ငြိမ်စေပါတယ်။နောက်ထပ်နည်းလမ်းတစ်ခုကတော့……..Motherboard ပေါ်က memory တွေကို နေရာပြောင်းကြည့်ခြင်းပါပဲ။

memoryကိုဖြုတ်တဲ့နေရာမှာ တစ်ခုသတိထားရမှာက၊ ကြေးပြားခြေထောက်အချောင်းလေးတွေကို
မထိမိစေဖို့ပါပဲ။လူမှာရှိတဲ့ Static charge ကြောင့် memory ကိုပျက်စီးစေနိုင်လို့ပါ။အကောင်းဆုံးကတော့……
..မတူညီတဲ့ အမြန်နှုန်းနဲ့ Ram နှစ်ခုပြိုင်တူထည့်မထားဖို့ပါပဲ။

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများအနက်အန္တရာယ်အကြီးဆုံး
ပြဿနာက အပူလွန်ကဲခြင်းပါပဲ။ Software ကိုသာမက Hardwareကိုပါ
ပျက်စီးစေနိုင်တဲ့အတွက်ကွန်ပျူတာအတွင်းအပူလွန်ကဲခြင်းမဖြစ်အောင်အမြဲသတိပြုသင့်ပါတယ်။
ကွန်ပျူတာအတွင်းမှာအလုပ်အများဆုံးလုပ်ဆောင်ရပြီး အပူအများဆုံးထွက်တာ CPU များဖြစ်ပါတယ်။
ဒါကြောင့် CPU များမှာ အပူမလွန်ကဲအောင် အအေးခံအတောင်များနဲ့ ပန်ကာများတပ်ဆင်ထားပေးရပါတယ်။
တကယ်လို့ CPU ပန်ကာမလည်တော့ပဲရပ်သွားမယ်ဆိုရင် CPUမှာ အပူလွန်ကဲလာပြီး
Kernel error တက်လာပါလိမ့်မယ်။ ဒီလိုဆိုရင်ကွန်ပျူတာအတွင်းရှိ ပန်ကာ များနဲ့ အအေးခံ စနစ်ကောင်းစွာ အလုပ်လုပ်ခြင်းရှိမရှိကိုချက်ခြင်းစစ်ဆေးသင့်ပါတယ်။Chipsetများကို ပုံမှန်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ထက် ပိုခိုင်းပြီး Overclockingလုပ်တဲ့အခါမှာလည်း အပူလွန်ကဲလာတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာပုံး မှာပြည့်စုံလုံလောက်တဲ့အအေးခံစနစ်မရှိပဲ Overclocking မလုပ်သင့်ပါဘူး။Overclocking လုပ်လိုက်လို့ မီးခိုးထွက်လာတဲ့အထိအပူလွန်ကဲတာကိုကြုံဖူးပါတယ်CPUကြောင့်ဖြစ်တဲ့ပြဿနာကိုBIOS setting မှာ CPU internal cache ကို Disableလုပ်ထားခြင်းဖြင့်လည်းဖြေရှင်းနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကွန်ပျူတာကိုပိုနှေးသွားစေနိုင်ပေမယ့်တည်ငြိမ်မှုပိုရစေနိုင်ပါတယ်။

ကွန်ပျူတာကို Crash ဖြစ်စေတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကHard disk
ကိုအသုံးပြုတာကြာလာတဲ့အခါမှာ Hard disk ပေါ်မှာ ဖိုင်တွေနေရာချထားတာရှုပ်ထွေးလာပြီး
မနိုင်ဝန်ပိကာ ကွန်ပျူတာထိုးရပ်သွားစေတာပါပဲ။Hard disk fragmented ဖြစ်တယ်ပေါ့ဗျာ။
ဒီလိုဆိုရင်တော့ ဖြေရှင်းဖို့ရာ နည်းလမ်းများစွာ ရှိပါတယ်။အရိုးရှင်းဆုံးနည်းလမ်းကတော
့Start>Programs>Accessories>System Tools>Disk Defragmenter
ကနေDisk Defragmenter ကိုဖွင့်ပြီး ဖိုင်တွေကိုအစီစဉ်တကျပြန်စီခြင်းပါပဲ
Defragment လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်မှာ ဖိုင်တွေထပ်ရေးခြင်းမလုပ်သင့်ပါဘူးဒါကြောင့်
ကျနော်တို့အနေနဲ့ ကွန်ပျူတာကို ဘာမှမသုံးတဲ့အချိန်မှာပဲDefragment လုပ်သင့်ပါတယ်။
နောက်ထပ်သတိထားသင့်တာ တစ်ခုက Antivirus program ကိုလည်း ပိတ်ထားပေးသင့်ပါတယ်။
Hard disk မှာ ထည့်ထားတာ အရမ်းပြည့်လာတဲ့အခါမှာလည်းအလုပ်လုပ်တာနှေးလာပြီး
system ကို crash ဖြစ်စေနိုင်တာပါပဲ။ဒါကြောင့် မလိုအပ်တော့တဲ့ဖိုင်တွေကို အပါတ်စဉ်
ဒါမှမဟုတ် လစဉ် ရှင်းထုတ်ပြီးHard disk မှာ နေရာလွတ်ရှိအောင်ဖန်တီးထားသင့်ပါတယ်။

Temporary files တွေကိုပုံမှန်ရှင်းထားပေးရင်ကို နေရာလွတ်တော်တော်
များများရနိုင်မှာပါ။start>run>%temp% ဆိုရင် Temporary folder
ထဲရောက်သွားပါလိမ့်မယ်။ဖျက်သင့်တယ်ထင်တာ ဖျက်ပစ်ပေါ့ဗျာ။အများစုက…
software တစ်ခုတင်တဲ့အချိန်၊ အသုံးပြုတဲ့အချိန်မှာ ဖန်တီးထားတဲ့ဖိုင်တွေပါအတော်
များများဖျက်လို့ရပါတယ်။Recycle Bin ကိုလည်းရှင်းဖို့မမေ့ပါနဲ့ဦး။အမှိုက်ပုံးသွန်ရတာ
အလုပ်ရှုပ်လွန်းလို့ ကျွန်တော်ဆို…ဘယ်တော့မှအမှိုက်ပုံးထဲကိုမပို့ဘူး……Shift+delete
နဲ့အပြီးရှင်းထုတ်လိုက်တာပဲ။

ဒါပေမယ့်မဖျက်ခင် အသေအချာစဉ်းစားဖို့တော့လိုတယ်လေ၊ နောင်တမရကြေးပေါ့ဗျာ
Hard disk နဲ့ပါတ်သတ်တဲ့ နောက်တစ်ခုက Hard disk မှာ errors တွေ၊
bad sectors တွေရှိမရှိအနည်းဆုံး တစ်လတစ်ခါလောက်တော့ scan လုပ်ပေးသင့်ပါတယ်။

Start>All programs>Accessories>System tools>Scan Disk ကိုသွားပြီး
လုပ်လို့ရပါတယ်။တခါတရံမှာ အဲဒီ Start Menu ထဲမှာ Scan Disk မပါဘဲ ဖြစ်နေတတ်ပါတယ်။
ဒီလိုဖြစ်နေပြီဆိုရင်တော့ Start>Run မှာ chkdsk လို့ရိုက်ပေးလိုက်ပါ။MS-DOS ကနေ Scan လုပ်ပေးပါလိမ့်မယ်။ဒီလိုမှမလုပ်ချင်ဘူးဆိုရင်လည်း ကိုယ်စစ်ချင်တဲ့ Hard disk ရဲ့ Properties
ကိုခေါ်ပြီး Tools tab အောက်မှာ Error-checking ဆိုတဲ့ ခေါင်းစဉ်အောက်က Check Now
နဲ့စစ်လည်းဖြစ်ပါတယ်။ 

ကဲ......သတိပြုနိုင်ကြပါစေဗျာ
အာကာဖြိုး(နည်းပညာ) ဆီကနေယူလာတာပါ


ကီးဘုတ်ပေါ်မှာ Alt key န*့ ဂဏန်းတွဲရိုက်နိုင်တဲ့ သင်္ကေတများ


Alt + 0153..... ™... trademark symbol
Alt + 0169.... ©.... copyright symbol
Alt + 0174..... ®....registered trademark symbol
Alt + 0176 ...°......degre­e symbol
Alt + 0177 ...±....plus-or­-minus sign
Alt + 0182 ...¶.....paragraph mark
Alt + 0190 ...¾....fractio­n, three-fourths
Alt + 0215 ....×.....multi­plication sign
Alt + 0162...¢....the cent sign
Alt + 0161.....¡..... .upside down exclamation point
Alt + 0191.....¿..... ­upside down question mark
Alt + 1...........smiley face
Alt + 2 ......☻.....bla­ck smiley face
Alt + 15.....☼.....su­n
Alt + 12......♀.....f emale sign
Alt + 11.....♂......m­ale sign
Alt + 6.......♠.....s­pade
Alt + 5.......♣...... ­Club
Alt + 3............. ­Heart
Alt + 4.......♦...... ­Diamond
Alt + 13......♪.....e­ighth note
Alt + 14......♫...... ­beamed eighth note
Alt + 8721.... ∑.... N-ary summation (auto sum)
Alt + 251.....√.....s­quare root check mark
Alt + 8236.....∞..... ­infinity
Alt + 24.......↑..... ­up arrow
Alt + 25......↓...... ­down arrow
Alt + 26.....→.....ri­ght arrow
Alt + 27......←.....l­eft arrow
Alt + 18.....↕......u­p/down arrow
Alt + 29......↔... left right arrow
 
ပျော်ရွင်ပါစေ