မိမိပုံကိုထိလိုက်တာနဲ့ ရေလှိုင်းလို ဖြစ်အောင်လုပ်တဲ့နည်းလေး

လုပ်နည်းလေးကတော့လွယ်ကူပါတယ်။
အားလုံးကြိုက်မယ်လို့မျှော်လင့်မိပါတယ်။
 
 
 
 

 
 
ပုံတွင်ပြထားသည့်အတိုင်း open ဆိုတာကိုနှိပ်ပါ။ ကွန်ပျူတာတွင်ရှိသောမိမိအသုံးပြုချင်သောပုံကိုရွေးချယ်ပါ။
 
 


 
 
 
စိတ်ကြိုက်ပုံရွေးချယ်ပြီး ထည့်လိုက်ပါ။ Loading သွားနေတာကိုခဏစောင့်လိုက်ပါ။
 
 

မိမိပုံပေါ်ပြီ ဆိုပါက Get Code ကိုနှိပ်ပါ။


Code ပေါ်လာပြီးဆိုရင်း ကော်ပီယူပြီး မိမိအိမ်မှာထည့်လို့ရပါပြီး။HTML ကိုနှိပ်ပြီးမှထည့်ပါနော်။

ဒီလောက်ဆိုရင်တော့အားလုံးအိုကေလောက်မယ်ထင်ပါတယ်
 

Pregnancy - LSCS ဗိုက်ခွဲမွေးရခြင်း




Q: ကလေးမွေးရင် ဗိုက်ခွဲစိတ်မွေးတာနဲ့ ရိုးရိုးမွေးတာ ဘယ်ဟာက ပိုကောင်းလဲဆိုတာ သိချင်ပါတယ်။

A: အဖြေကတော့ ရှင်းပါတယ်။ ဆန်းတာတိုင်းက ရိုးတာထက် နေရာတကာမှာ မသာပါ။

ကလေးမီးဖွါးတာမှာ Normal labor ဆိုတဲ့ မွေးလမ်းကြောင်းကနေဖွါးတာက အကောင်းဆုံး ဖြစ်ပါတယ်။ မွေးလမ်းကြောင်းကနေတောင်မှာ ဘာအကူအညီမှ မပါဘဲ၊ ဓမ္မတာ-ထုံးစံအတိုင်း မွေးနိုင်တာက (ပါဖက်) ဖြစ်တယ်။

မွေးလမ်းကြောင်းကနေ မွေးရာမှာ တခါတလေ ကူရတာတွေ ရှိတယ်။ သားဦး မွေးရင် မွေးလမ်းကို Episiotomy ချဲ့ပေး-ပြန်ချုပ်ပေး ရတာ။ သားအိမ်ညှစ်အား နည်းနေရင် Oxytocin (Syntocinon) ဆေးကို Drip ထဲထည့် သွင်းပေးရတာ။ ကလေးခေါင်းထွက်တာ ကြာမနေစေချင်လို့ Forceps delivery ညှပ်ဆွဲ၊ Vaccum extraction လေစုပ်စက်နဲ့ ဆွဲကူ မွေးပေးရတာ။ လုံးဝ အနာမခံချင်လို့ Epidural delivery ဆိုတဲ့ ခါးထုံဆေးနဲ့ မွေးပေးတာလည်း ရှိသေးတယ်။

ရိုးရိုးမဟုတ်နိုင်လို့ ခွဲမွေးရတာမှာ “ဘာလို့ ခွဲမွေးရသလဲ။” “မခွဲရင် မရဘူးလား။” “တကယ်ကို မရဘူးလား” ဆိုတာတွေ သိရလိမ့်မယ်။ မခွဲရင်လည်း ရတယ် ဆိုတာနဲ့ ခွဲကိုခွဲရမှာ နှစ်မျိုးရှိတယ်။ တချို့က နေ့ကောင်းရက်သာရွေး ခွဲမွေးချင်သူတွေလည်း ရှိတယ်။ တခါတလေ ဆရာဝန်က စိတ်မရှည်လို့၊ Risk ကို နဲနဲလေးမှ မယူချင်လို့ ခွဲတာလည်း ရှိတယ်။ တချို့ဆေးရုံ-ဆေးခန်းတွေကတော့ ခွဲပေးရင် လူနာဆီက ငွေပိုယူလို့ရတာမို့၊ လုံလောက်အောင် အချိန် မစောင့်ဘဲ ခွဲတာလည်း တကယ်ရှိပါတယ်။

မွေးလမ်းကနေ မွေးမရလို့ ခွဲရတာမှာ တခြား ရွေးစရာလမ်း မရှိတာမို့ ခွဲမွေးတာ အကောင်းဆုံး ဖြစ်တယ်။ ဥပမာ CPD ကလေးခေါင်းနဲ့ မိခင်မွေးလမ်း မတန်တဆ ဖြစ်တာ။ ဒါမှာလည်း ၂ မျိုး။ မအေရဲ့ အရိုးကွင်းက ကျဉ်းနေတာနဲ့ ကလေးက ခေါင်းက ပုံမှန်ထက် ကြီးနေတာ။ ဒီအခြေအနေ နှစ်ရပ်လုံးက ခွဲကိုခွဲရမယ်။

နောက်တမျိုးက Placenta previa အချင်းဟာ ပုံမှန်ရှိရမဲ့ သားအိမ်အဝနဲ့ ဝေးရာမှာ မဟုတ်ဘဲ၊ အောက်ပိုင်း ရောက်နေတာ။ အချင်းက သားအိမ်အဝကို အပြည့်ဖြစ်ဖြစ်၊ တစိတ်တပိုင်း ဖြစ်ဖြစ် လာဖုံးနေတာမျိုး။ အချင်းရှေ့ရောက်လို့ ခေါ်တယ်။ မွေးခါနီးလို့ သားအိမ်အဝ ကျယ်လာတာနဲ့ အချင်း ကွာလာပြီး၊ ကလေးမမွေးခင် သွေးတွေ အရင်ဆင်းတာမျိုး။ APH ခေါ်တာပေါ့။ မမွေးမီ သွေးဆင်းခြင်း အကြောင်းတရားတွေထဲက အရေးအကြီးဆုံးဖြစ်တယ်။ ဒါကို Ultrasound မှာ ကြိုသိထားနိုင်တာမို့၊ ရက်ရွေးပြီး၊ အေးအေးဆေးဆေး ခွဲမွေးပါလေ။

ကလေးအနေအထား ပုံမှန်မဟုတ်တာ၊ ရိုးရိုးမွေးဘို့ ကြိုးစားရင်း အချိန် ပိုမစောင့်သင့်တာ။ မိခင်ဖြစ်ဖြစ် ကလေးဖြစ်ဖြစ် တခုခုဖြစ်လာလို့ မွေးလမ်းကနေ မွေးအောင် အချိန် မစောင့်သင့်တော့တာ။ ဟိုကဆက်နေ-ဒီကဆက်နေ၊ ထူးဆန်းတဲ့ ကလေးဖြစ်နေတာ၊ ဒါတွေမှာလည်း ခွဲတာကောင်းတယ်။

တခုမှတ်ဘို့က တခါ ဗိုက်ခွဲမွေးရတိုင်း နောက်လည်း ခွဲရမယ်ဆိုတာ နေရာတိုင်းမှာ ယူဆလို့မရပါ။ အရင်တခါ ခွဲတုံးက ဘာအကြောင်းကြောင့် ခွဲရလည်း အပေါ်မှာ မူတည်တယ်။ အချင်းရှေ့ရောက်လို့ ခွဲထားရသူဟာ နောက်ကိုယ်ဝန်က ပုံမှန်ဖြစ်ပြီး ရိုးရိုးမွေးလို့ရတယ်။ ကလေးအနေအထား ဆိုတာလည်း တခါပုံမှန်မဟုတ်တိုင်း အမြဲမှား မနေတတ်ပါ။

ခွဲမွေးတာဖြစ်ဖြစ် အနာလေးတခု ခွဲရတာဖြစ်ဖြစ် အနည်းနဲ့အများ သတိထားရတာတွေ ချည်းပါဘဲ။ ခွဲစိတ်ခြင်း အန္တရာယ်တွေက ခွဲစိတ်မှု ကြီးကြီးသလို၊ လုပ်တာကိုင်တာ ပေါ့ဆရင် ပေါ့ဆသလို ရှိနိုင်တယ်။

ခွဲမွေးရတဲ့အတွက် အားသာချက်တွေလည်း ရှိပါတယ်။ ရက်၊ အချိန်၊ ရွေးမွေးနိုင်တယ်။ တတိယကလေးခွဲရရင် တခါတည်း သားကြော ဖြတ်ပေးနိုင်တယ်။ မွေးလမ်းကြောင်းဟာ အမေမွေးတဲ့အတိုင်းသာ ရှိနေမယ်။

Dr. တင့်ဆွေ
၁၃-၆-၂ဝ၁ဝ

4-11-2011 More C-sections on demand in UK (ယူကေ) မှာ ဗိုက်ခွဲပြီး ကလေးမွေးကြတာ များလာစရာရှိ

ဗြိတိန်မှာ အစိုးရကနေ အမျိုးသမီးတွေကို ကျန်းမာရေး အခမဲ့ လုပ်ပေးပါတယ်။ အပြောင်းအလဲတချို့လုပ်လိုက်တာမို့ ကလေးကို Cesarean section (CS) ဗိုက်ခွဲပြီး မွေးကြတာ ပိုများလာစရာအကြောင်း ရှိနေပါတယ်။

လောလောဆယ်မှာတော့ ပြင်ပဆေးခန်းတွေမှာ ဗိုက်ခွဲမွေးဘို့ ပိုက်ဆံမတတ်နိုင်ရင်တော့ Planned C-sections ရက်ရွေး ဗိုက်ခွဲမွေးပေးတာမျိုး လုပ်ပေးပါတယ်။ ဒါကလဲ တကယ်ဘဲ ခွဲမွေးမှဖြစ်မယ်ဆိုတာ သေခြာမှ လုပ်ပေးပါတယ်။ Emergency C-sections အရေးပေါ် မခွဲမဖြစ်ခွဲမွေးတာတော့ ရှိပါတယ်။

အခုတော့ ဒီလမကုန်ခင် အကျိုးသက်ရောက်တော့မဲ့ အသစ်ပြဋ္ဌာန်းမှုတွေ လုပ်လိုက်ပါပြီ။ မိခင်ကျန်းမာရေး၊ ကလေးကျန်းမာရေး ဆိုတဲ့ တိကျတဲ့ အကြောင်းခံတွေ မရှိပေမဲ့လဲ Mental health experts စိတ်အထူကုနဲ့ ဆွေးနွေးပြီးလို့ ခွဲမွေးချင်သပဆိုရင် ရက်ရွေးပြီး ဗိုက်ခွဲမွေးပေးပါတော့မယ်။
 
Dr. Tint Swe
 

မန်မာ့ရိုးရာစားစရာထန်းလျက်နှင့် ကျန်းမာရေး အာနိသင်များ


(၁) နေ့စဉ် စားသုံးခြင်းဖြင့် သွေး သားကို သန့်စင်စေသည်။

(၂) အစာကြေစေပြီး အချိုစားလိုစိတ် ရုတ်တရက်ဖြစ်လာတတ်သောအခါ မျိုးတွင် ထန်းလျက်ကို သတိရလိုက် ပါ။

(၃) ထန်းလျက်ကို ဂျင်းနှင့်ရော၍ စားသုံးခြင်းဖြင့် အဆစ်အမြစ်နာကျင် ခြင်းကို သက်သာစေပြီး အဆစ်များ ခိုင်မာလာစေသည်။

(၄) စားသုံးခြင်းဖြင့် အသားအရေနှင့် ဆံပင်ကျန်းမာစေပြီး မျက်နှာပေါ်တွင် ဝက်ခြံ၊ အမည်းကွက်များထွက်ခြင်း ကို ဟန့်တားပေးနိုင်သည်။

(၅) နေ့စဉ် ထန်းလျက်ရည် စားပွဲဇွန်း (၁)ဇွန်း သောက်ခြင်းဖြင့် အမျိုးသမီး များ လစဉ်ဓမ္မတာမလာမီ ဝမ်းဗိုက် နာကျင်ကိုက်ခဲခြင်းကို သက်သာစေ သည်။

(၆) ကိုယ်ဝန်ဆောင်မိခင်များတွင် ကိုယ်ဝန်လွယ်ချိန်၌ ဖြစ်တတ်သော သွေးအားနည်းရောဂါကို ကာကွယ် နိုင်သည်။

စားသုံးနည်းများ

(၁) အဆုတ်ပွ၊ ပန်းနာရောဂါအတွက် နှမ်းနက်ဖြင့် စားသုံးပါ။

(၂) အားနည်းခြင်းအတွက် ထန်းလျက် စားပွဲဇွန်း (၁)ဇွန်းတစ်နေ့ (၂)ကြိမ် စားပါ။

(၃)ြွကက်သားများသန်စွမ်းစေရန် နို့နှင့် ရောသောက်ပါ။

(၄) မောပန်းခြင်းအတွက် တစ်နေ့ လျှင် ထန်းလျက်စားပွဲဇွန်း(၁) ဇွန်း သောက်ပါ။

(၅) လစဉ် ဓမ္မတာလာစဉ်နှင့် မလာမီ ဖြစ်တတ်သော နာကျင်မှုများအတွက် တစ်နေ့လျှင်စားပွဲဇွန်း(၁)ဇွန်း သောက်ပါ

ရင်သားကင်ဆာကို ၁၅မိနစ်အတွင်း ပျောက်ကင်းစေတော့မယ့် တိုးတက်လာတဲ့ လေဆာကုထုံး

ရင်သားကင်ဆာကို ၁၅မိနစ်အတွင်း ပျောက်ကင်းအောင် လေဆာနဲ့ကုသလို့ရတဲ့ထိ တိုးတက်မှုတွေရှိလာပါပြီ။ ရင်သားကို ဖယ်ထုတ်စရာလုံးဝ မလိုတော့ပါဘူး။ အဲ့ဒီ့အတွက်ကြောင့် ဆရာဝန်တွေဟာ အရမ်းကို စိတ်လှုပ်ရှားရင်ခုန်နေကြပါတယ်။
အလင်းကုထုံးဟာ အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာအပါအဝင် ကင်ဆာ၎မျိုးကို ပျောက်ကင်းအောင် ကုသနိုင်တယ်လို့ အတည်ပြုပြီးဖြစ်ပါတယ်။ ရင်သားကင်ဆာကို ထိထိရောက်ရောက်ကုသနိုင်ဖို့ကိုလည်း သိပ္ပံပညာရှင်တွေက စမ်းသပ်လုပ်ဆောင်နေကြပါတယ်။ အကျိတ်ပေါ်ကို လေဆာရောင်ခြည်တိုက်ရိုက်ထိုးပြီး အလင်းကိုတုံ့ပြန်မှုရှိအောင်လည်း ဆေးတစ်မျိုးသုံးထားမယ်ဆိုရင် ကင်ဆာကို သတ်နိုင်ပါတယ်။ အောင်မြင်သွားမယ်ဆိုရင် အကျိတ်ဘေးပတ်လည်ကရှိတဲ့ ကျန်းမာတဲ့တစ်သျှူးတွေကို ထိခိုက်မှုမရှိစေပဲ ကုသနိုင်ပါလိမ့်မယ်။ ဒါဟာ လေဆာကုထုံးရဲ့ လှပသေသပ်မှုတစ်ရပ်ပါပဲ။
ကုသနည်းကတော့ အလင်းကိုတုံ့ပြန်မှုရှိအောင် အကျိတ်ထဲကို ဆေးထိုးပြီး၊ ကင်ဆာကိုသတ်ဖို့ အကြိတ်ကိုလေဆာနဲ့ ခဏတစ်ဖြုတ်ထိုးရမှာဖြစ်ပါတယ်။
သီဟနိုင်(Ref:dailymail)

လွမ်းနေတုန်းပဲ






အချိန်ဆိုတာ

 အသစ်တွေကို ဟောင်းစေတဲ.အပြင်

သူ.အချစ်တွေကိုလည်း ပြောင်းလဲစေခဲ.တယ်

အသည်းကွဲလို. ၀မ်းနည်းမနေဘူး

အရမ်းချစ်ပြလို. သူမသိ

စွန်.ပစ်ခွာသွားလည်း

အမုန်းဆိုတာ မပေးလိုက်ဘူး

ငါတိတ်တိတ်ကလေး ချစ်နေမယ်

ရူးရူးမူးမူးချစ်ခဲ.မိလို.

နာနာကျင်ကျင်လွမ်းပါရစေ

တကယ်ချစ်မိရင်

အပြစ်ဆိုတာ မမြင်တတ်တော.ပါဘူး

တွေ.ဆုံခဲ.တဲ. ချစ်ခြင်းတ၇ားတွေကို
 
ခဏတော. သိမ်းထားပေးပါ

အဝေးကို တရကြမ်း မနှင်ထုတ်ပါနဲ.

ထွက်သွားမယ်ပြောတိုင်း ငါ.မျက်ဝန်းမှာ

တစ်ခဏသာ နက်ရှိုင်းစွာ ငိုကြွေးပါရစေ

ချစ်သူရယ်.............

ငါ.အချစ်တော. ပြောင်းလဲမသွားဘူး

ငါ.ရင်ထဲမှာလည်း ဟောင်းမသွားဘူး

နင်ပေးခဲ.တဲ. အိမ်မက်လေး ငါ အခုထိ မက်နေတုန်းပဲ

ချစ်သူ......
































Android Phone နဲ့ ပတ်သက်တဲ့ Code များ



Android OS သုံးထားတဲ့ Phone ရဲ့ Information၊ Battery Information၊ Battery History၊ Usage Stat တွေကို ခေါ်ကြည့်ချင်ရင် *#*#4636#*#* ဆိုတာနှိပ်လိုက်ရင်ပေါ်လာပါလိမ့်မယ်။


ဖုန်းကို Reset လုပ်ချင်ရင် *#*#7780#*#* ဖြင့် ခေါ်ပြီး Reset လုပ်လိုက်ရင် Google account settings stored in your phone, System and application data and settings, and Downloaded applications တွေကို ပိတ်သွားပါလိမ့်မယ်။ ဒါပေမဲ့ Current system software and bundled applications, SD card files e.g. photos, music files, etc. တွေကိုတော့ ချန်ထားခဲ့ပါတယ်။

*#*#273283*255*663282*#*#* လေးက Back Up လုပ်ရင် အသုံးဝင်မယ်ထင်မိပါတယ်။ File Copy Screen လေးကိုဖွင့်ပေးတာပါ။

*#*#197328640#*#* ကိုခေါ်ပြီး Service Mode ထဲဝင်လို့ရပါတယ်။ အဲမှာ GPS Test, WLan Test တွေကိုလုပ်လို့ရပါတယ်။

  • *#*#232339#*#* OR *#*#526#*#* OR *#*#528#*#*  - WLAN test (Use "Menu" button to start various tests)
  • *#*#232338#*#* - Shows WiFi MAC address
  • *#*#1472365#*#* - GPS test
  • *#*#1575#*#* - Another GPS test
  • *#*#232331#*#* - Bluetooth test
  • *#*#232337#*# - Shows Bluetooth device address

ဖုန်းရဲ့ End Call/Power Button ကို နှိပ်ထားပြီး Silent mode, Airplane mode and Power off လို့ခေါ်တဲ့ Settings တွေကိုပြင်ချင်ရင် *#*#7594#*#* ကိုသုံးနိုင်ပါတယ်။

*2767*3855# ကတော့ Factory Format ပါ။ အကုန်လုံးကို Reset and Restore ပြန်လုပ်သွားပါမယ်။ ဥပမာ Factory ကသွင်းပေးလိုက်တဲ့ Firmware ကိုပါပြန်သွင်းပေးသွားပါလိမ့်မယ်။

Phone က Camera ရဲ့ Firmware နဲ့ပတ်သက်ပြီး ခေါ်ချင်ရင် *#*#34971539#*#* နဲ့ခေါ်လို့ရပါတယ်။ အဲလိုနှိပ်ပြီးရင် Menu လေးခုတက်လာပါလိမ့်မယ်။

  • Update camera firmware in image (လုံးဝ မစမ်းဖို့ အကြံပေးချင်ပါတယ်။ မဟုတ်ရင် Service Center ပြန်ယူသွားပြီး Firmware ပြန်သွင်းနေရပါမယ်။)
  • Update camera firmware in SD card
  • Get camera firmware version
  • Get firmware update count

GTalk Service Monitor ကို ခေါ်ချရင် *#*#8255#*#* နဲ့ခေါ်လို့ရပါတယ်။

ဒီအောက်က Code တွေက ပို Advanced ဖြစ်ပါတယ်။ ဖုန်းရဲ့ Hardware ပိုင်းတွေနဲ့ပိုသက်ဆိုင်ပါတယ်။

*#*#4986*2650468#*#* ကို ခေါ်ပြီး PDA, Phone, H/W, RFCallDate တွေကို စစ်ဆေးနိုင်ပါတယ်။
*#*#1234#*#* က အပေါ်က ကောင်နဲ့ဆင်ပါတယ်။
*#*#1111#*#* - FTA SW Version
*#*#2222#*#* - FTA HW Version
*#*#44336#*#* - PDA, Phone, CSC, Build Time, Changelist number

Test လုပ်ရင် သုံးတဲ့ Codes တွေပါ။

*#*#0283#*#* - Packet Loopback
*#*#0*#*#* - LCD test
*#*#0673#*#* OR *#*#0289#*#* - Melody test
*#*#0842#*#* - Device test (Vibration test and BackLight test)
*#*#2663#*#* - Touch screen version
*#*#2664#*#* - Touch screen test
*#*#3264#*#* - RAM version
*#*#0588#*#* - Proximity sensor test
..............................................
Mobile House

Gtalk ကနေမြန်မာနိုင်ငံကို ဖုန်း Message ပို့ မယ်


ဒါလေးကတော့ကြပါပြီ မသိသေးတဲ့သူများအတွက်ပြန်လယ်မျှဝေပေးလိုက်ပါတယ်Gtalk ကတော့ မြန်မာနိုင်ငံကို ဖုန်း Message ပို့ရတာ တော်တော်အဆင်ပြေတယ်ဗျ။ ကျွန်တော်တော့ အဲဒီက ပို့ကြည့်ကြည့်တယ် လွယ်လည်းလွယ်တယ်။ ၁၀မီနစ်လောက်ကြာရင်တော့ စောင့်ရတယ်။ ပို့ချင်တဲ့ လူများ အောက်က သေသေချာချာဖတ်ပါ။ အရင်းဆုံး ကိုယ့် Gtalk မှာ gtalk@etmsms.com လို့ invite(add) လုပ်လိုက်ပါ။ အဲဒါဆိုရင် online ရောက်လာပါလိမ့်မယ်။ gtalk message box ထဲမှာ( sms 09+++++++ hello nay kg lar ) အဲလိုမျိုး ရိုက်ရပါတယ်။ sms နဲ့ ဖုန်းနံပတ်အကြားမှာ Spacebar ခံရပါတယ်။ ဖုန်းနံပတ်နဲ့ hello အကြားမှာ Spacebar ခံရပါတယ်။ ဒါဆိုရင် အဆင်ပြေမယ် ထင်ပါတယ်။ လုပ်ကြည့်ကြည့်ပါ။ country code တွေ ခံစရာမလိုပါဘူး။ 095217892 ဆိုတာနဲ့ရပါပြီး။ ကျွန်တော်အခုရေးလိုက်သော ဖုန်းနံပတ်များမှာ စိတ်ကူးထဲက ပေါ်လာတဲ့ ဖုန်နံပါတ်တွေပါ။ တစ်ကယ်လို့ တိုက်ဆိုင်းပြီး ဖုန်းနံပတ်တူနေတာများရှိရင် ခွင့်လွတ်ပါ။
 
 နိုင်ငံခြားရောက်နေသူများအတွက်
 

ကြာဇံဟင်းခါး


ကြာဇံပာင်းခါးအတွက်...

1)ပဲကြာဇံ - 200 g ကို ရေ 10 မိနစ်ခန်.စိမ်ပြီးဆယ်ပြီး ရေစစ်ထားပါ..
2)ကြွက်နားရွက်မှိုခြောက် - 50 g ကို ရေစိမ်ပြီး ပွလာပါက
သဲမပါစေရန် အောက်ခြေကိုဖြတ်ပြီး ရေစင်စင်ဆေးကာ
နှစ်ပိုင်းခန်.ဖြတ်ပြီးရေစစ်ထားပါ..
3)ပန်းခြောက် - 50 g - ကိုလဲ အထုံးလေးတွေထုံးပြီး 5 မိနစ်
ရေစိမ်ပြီး ရေစင်စင်ဆေးကာရေစစ်ထားပါ၊
4) ပဲလိပ်ခြောက် - 50 g ကိုလဲ 10 ခန်.ရေစိမ်ပြီး ပွလာလျှင်
1 လက်မလောက်ဖြတ်ကာ ရေစစ်ထားပါ..
4) ငုံးဥ - 20 လုံး ကို ပြုတ်ပြီ အခွံခွာထားပါ..
5) ) ကြက်သွန်ဥနီသေသေး - 20 လုံးကို အခွံခွာပြီးရေဆေးထားပါ၊
6) ဆား၊နနွင်း၊ ငံပြာရည်၊ အရသာမုန်. ၊ ငရုပ်ကောင်း
7)ကြက်သား & ကြက်ရိုး - 1/2 KG ကို အသားကိုသေးသေးတုန်း
ပြီး ကြက်ရိုးကို နှစ်ပိုင်းသုံးပိုင်းခုတ်ကာ ဆား၊ နနွင်းနယ်ကာ
1 နာရီခန်.နှပ်းထားပါ..
ကြက်သားချက်ရန်အတွက် ကြက်သွန်နီ - 4 လုံးနှင့် ဖြူ 3မွာကို
ငရုပ်သီးအစိမ်းမှုန်.ထည်.ကာ ညှက်အောင်ထောင်းထားပါ။
9)ကြာဇံချက်ထဲထည်.စားရန် ကြက်သွန်နီ - 2 လုံးကို ပါးပါးလှီး
ပြီးရေစိမ်ထားပါ၊ သံပုရာသီး ( 2) လုံးကို အစိတ်လေးတွေစိတ်ထားပါ။
နံနံပင်ကိုလဲ ရေစင်စင်ဆေးပြီး လက်မ၀က်ခန်.ညှပ်ထားပါ။
ငရုပ်သီး အလှော်မုန်.

ချက်နည်း...
-ထောင်းထားသောကြက်သွန်ကို နနွင်းမှုန်.ထည်ကာဆီသတ်ပြီး
ကြက်သား၊ကြက်ရိုးနှင့်ငံပြာရည်၊ ဆား။ အရသာမှုန်.ထည်.ကာ ချက်ထားပါ။
အိုးကြီးကြီးတွင်ရေ - 3 liter ခန်.ကို တည်ထားပြီး ပွက်ပွက်ဆူလျင်
အခွံခွာထားတဲ.ကြက်သွန်နီသေးလေးနှင့် ချက်ထားတဲ.ကြက်သား၊
ကြက်ရိုးတွေကို ဆီစစ်ကာထည်.ပါ။ ထိုနောက် ကြွက်နားရွက်မှို၊
ဆား၊ ငံပြာရည်၊ အရသာမှုန်.ထည်.ပြီး 15 မိနစ်ခန်.ကြာလျှင်
ပန်းခြောက်၊ ပဲလိပ်ခြောက် နှင့် ငုံးဥ ထည်.ကာ ဆူအောင်ထားပြီး
စားခါနီးမှ ပဲကြာဇံကိုထည်.ကာ ပွက်ပွက်ဆူလျှင် ပါးပါးလှီးထားသော
ကြက်သွန်နီ၊နံနံပင်၊ ငရုပ်သီးအလှော်မှုန်.ထည်.ကာ
သံပုရာရည်ထည်.ပြီး သုံးဆောင်နိုင်ပါပြီ...

နှင်းဆီဖူးလေးများ-Love BUDS
 

ဂျင်းဘောင်းဘီကို ခါးအောက်လျှောကျ ၀တ်ဆင်တတ်တဲ. ယောက်ျားလေး/မိန်းကလေးများ သိစေဖို.


ဂျင်းဘောင်းဘီ ခါးအောက်ချ ဝတ်ဆင်ခြင်းရဲ့ ယဉ်ကျေးမှု ဇစ်မြစ်ဟာ အမေရိကန် နိုင်ငံမှ စတင်ခဲ့ခြင်း ဖြစ်ပါသည်။
တိတိကျကျညွန်းဆိုရသော် အမေရိကန်နိုင်ငံရှိ ထောင်များမှ အကျဉ်းသားတို့ စတင်ဝတ် ဆင်ခြင်း ဖြစ်သည်။ ယင်းသို့
ဝတ်ဆင်ခြင်းမှာ အဓိပ္ပါယ်တစ်မျိုးရှိသည်။အမျိုးသားချည်းသက်သက် ဖမ်းဆီးထားသော အကျဉ်းထောင်များတွင် တစ်ယောက်နှင့်တစ်ယောက် အပျော်တမ်း ဖော်ချွတ်
ဆက်ဆံလိုသူများ (အများအားဖြင့် အခြောက်များ) သည် ဂျင်းဘောင်းဘီကို တင်ပေါ်တင်ရုံမျှသာ ဝတ်ဆင်ပါသည်။
ယင်းသို့ဝတ်ဆင်မှုမှာ အကျဉ်းသားထောင်လုံခြုံရေးရဲများမှလွဲ၍ အခြား တွေ့မြင်သူ အကျဉ်းသားများမှာလည်း
သဘောပေါက်ပြီး အပြန်အလှန် လိင်တူဆက်ဆံခြင်းများ ရှိကြတယ်လို့ သိရှိကြသည်။ ထို့နောက် လူမသိ သူမသိတွေ့ဆုံမှုများပြုလုပ်ကာ မသင့်တော်သောအမူကိစ္စတို့ကို ပြုလုပ်ပါသည်။

ဘောင်းဘီတင်ပါးလျော ဝတ်ဆင်ခြင်းမှာ My Butt Available To Be Penetrated By Other Inmates ဟူသော အဓိပ္ပါယ်ရကြောင်း သိရသည်။
ယနေ့ခေတ်အချိန်ခါ ဂျင်းဘောင်းဘီ ခါးအောက်လျောကျဝတ်ဆင်သူ လူငယ် အမျိုးသမီး၊အမျိုးသားတို့ အား
ဗဟုသုတရရှိစေရန် ရည်ရွယ်ပါသည်။ကဲ သူငယ်ချင်းတွေ အားလုံး အဲ့လို ၀တ်ဆင်လို့ကော ကိုယ့်ကိုကိုယ် လှတယ်လို့ ထင်နေပါသလား.......?။
 
 

သင်.ဖုန်း original စစ်မစစ် စမ်းသပ်နည်း


သင်ဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖြော်ပပေးလိုက်ပါတယ။်

ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။

ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5

အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-
(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင်
သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။

(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင်
သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။

(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင်
သင့်ရဲ့ ဖုန်းကို ဖင်လန်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။

(၄) 00 ဖြစ်မယ်ဆိုရင်တော့
သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

(၅) 13 ဖြစ်မယ်ဆိုရင်တော့
သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။

အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။

Samsungဆို၇င်*#0*#ကိုခေါ်ပါ စာများအေ၇ာင်များ အကွက်လေးပေါ်၇င်စစ်ပါတယ်

10 = Finland also 01 = Finland
20 = Germany or 02
30 = Korea or 03
40 = China or 04
50 = Brazil, USA, Finland or 05
60 = HK, China, Mexico or 06
70 = Finland or 07
80 = Hungary or 08
91 = Finland or 19
 

သားအိမ်အတွင်း သန္ဓေတားပစ္စည်း ထည့်ခြင်းသည် ဘေးထွက်ဆိုးကျိုးများ


သန္ဓေတားခြင်း နည်းမျိုးစုံ အနက် သားအိမ်တွင်း သို့ သန္ဓေတား ပစ္စည်း ထည့်သွင်းခြင်း သည် သန္ဓေကို တားဆီး နိုင်သော် လည်း ဘေးထွက် ဆိုးကျိုးများ ပါရှိကြောင်း လူထု ကျန်းမာရေး စောင့်ရှောက်မှု အပြည်ပြည် ဆိုင်ရာ လူမှုရေး အဖွဲ့မှ ထုတ်ပြန် ခဲ့ကြောင်း သိရသည်။


သားအိမ်တွင်းထည့် သန္ဓေတား ပစ္စည်း သုံးစွဲခြင်းကြောင့် ရာသီ သွေးဆင်းမှု ရက်ကြာရှည်ခြင်း သွေးဆင်း မမှန်ခြင်း ၊ ရာသီ လာသောအချိန် ၀မ်းဗိုက် အောက်ပိုင်း ပိုမို ကိုက်ခဲခြင်းများ ဖြစ်ပေါ် တတ်ကြောင်း ၄င်း ထုတ်ပြန်ချက် တွင် ဖော်ပြ ထားသည်။ လိင်ဆက်ဆံ ရာတွင် အနှောက်အယှက် မဖြစ်ခြင်း ၊ နှစ်ကြာရှည်စွာ သန္ဓေ မတည်ခြင်း ၊ ထိုးဆေး သောက်ဆေး သုံးစွဲခြင်းထက် ပို၍ ငွေကုန် သက်သာခြင်း ၊ ဟော် ပါသော ထိုးဆေး ၊ သောက်ဆေး များ သုံးခြင်းကြောင့် ကိုယ်အလေးချိန် ပြောင်းလဲမှု မဖြစ်ခြင်း ၊ အချိန်မှန်မှန် ဆေးထိုး ၊ ဆေးသောက်ရန် မေ့လျော့ တတ်သူများ အတွက် သင့်လျှော်ခြင်း ၊ နို့တိုက် မိခင်များ နှင့် ကိုယ်ဝန် ပျက်ပြီးစ အမျိုးသမီးများ အတွက် သင့်လျော် အကျိုးရှိသည်ဟု ထုတ်ပြန်ချက် က ဆိုထားသည်။


ကာလသား ရောဂါ ရှိနေပြီး ဆေးမကုရ သေးသော သူများ ၊ လိင် ဆက်ဆံဖက် တစ်ယောက်ထက် မက ရှိသူများ ၊ သွေးဆင်းများသော သူများ ၊ သားအိမ်ကင်ဆာ ၊ သားအိမ်ခေါင်း ကင်ဆာ ရှိသူများ ၊ ကလေး မီးဖွားပြီး ၂ ရက်မှ တစ်လအတွင်း နှင့် ကိုယ်ဝန် ပျက်ကျ၍ ပိုးဝင် နေသူများသည် သားအိမ်တွင်း ထည့် သန္ဓေတား ပစ္စည်း ထည့်သွင်းခြင်း မပြုသင့်ဟု လူထု ကျန်းမာရေး စောင့်ရှောက်မှု အပြည်ပြည် ဆိုင်ရာ လူမှုရေး အဖွဲ့မှ မြန်မာနိုင်ငံ ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ စစ်နိုင် က ပြောကြား သည်။


မြန်မာ အမျိုးသမီး များသည် အရှက်အကြောက် အလွန်ကြီး သောကြောင့် လိင်ကိစ္စ နှင့် ပတ်သက်၍ ဆရာဝန် များအား မေးမြန်းသင့် သည့် အကြောင်းအရာ များကို သေချာစွာ မေးမြန်းခြင်း မရှိဘဲ မိမိ ထင်မြင်ချက် ဖြင့်သာ ပြုလုပ် နေခြင်းသည် အန္တရာယ် ရှိလာနိုင် သဖြင့် သားအိမ်တွင်းထည့် သန္ဓေတား ပစ္စည်း သုံးစွဲပါက သက်ဆိုင်ရာ ကျွမ်းကျင်သော ဆရာဝန် များ နှင့် သေချာစွာ ပြသ အသုံးပြု သင့်ကြောင်း လူထု ကျန်းမာရေး စောင့်ရှောက်မှု အပြည်ပြည် ဆိုင်ရာ လူမှုရေး အဖွဲ့မှ မြန်မာနိုင်ငံ ဆိုင်ရာ ညွှန်ကြားရေးမှူး ၏ ပြောဆိုမှု များအရ သိရှိရသည်။
 

ဖုန်းအသစ်လဲရင် contanctတွေ ဘယ်လိုရွေ.ပြောင်းမလဲ?

လိုချင်စရာ စမတ်ဖုန်းတွေ အပြိုင်အဆိုင် ထွက်ရှိနေကြတဲ့ ယနေ့ခေတ်ကြီးမှာ သင်လည်း လက်ရှိဖုန်းအဟောင်းလေးကို သုံးစွဲရတာ ကြာလာရင် ဖုန်းအသစ်ကို ပြောင်းကိုင်ချင်မှာ သဘာဝပါပဲ။ ဒီနေရာမှာ အရေးကြီးတဲ့ ကိစ္စတစ်ခုက ထည့်သွင်းစဉ်းစားစရာ ဖြစ်လာပါတယ်။ ဘာလဲဆိုတော့ မိမိသူငယ်ချင်း၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ ဆွေမျိုးတွေရဲ့ ဖုန်းနံပါတ် (Contacts) တွေပါ။

မိမိရဲ့ ပတ်ဝန်းကျင်၊ အလုပ်အကိုင် ကျယ်ပြန့်ရင် ကျယ်ပြန့်သလောက် Contact တွေရာချီ၊ ထောင်ချီအထိ ရှိနိုင်ပါတယ်။ အလုပ်တွေ အရမ်းများလာပြီး Social ကျနေတဲ့ ယနေ့ခေတ်ထဲမှာ သင့်ရဲ့ ဖုန်းမှာလည်း Contact တွေ အနည်းဆုံး ရာဂဏန်းလောက်ထိ ရှိနေပြီ မဟုတ်ပါလား?

စမတ်ဖုန်း အဟောင်းတစ်လုံးကနေ အသစ်ကို ကူးပြောင်းတော့မယ်ဆိုရင် မိမိရဲ့ SIM-Card, MicroSD Card စတာတွေကို ရွှေ့ပြောင်းရပါတယ်။ အဲဒီလို ရွှေ့ပြောင်းတဲ့ ကဒ်နှစ်ခုထဲက တစ်ခုခုမှာ မိမိရဲ့ ဖုန်းနံပါတ်တွေကို သိမ်းထားပြီး ဖုန်းအသစ်ကို ရောက်တဲ့အခါ Expand (ဖြန့်ချ) လိုက်ရုံပါပဲ။

ဒါပေမယ့် တစ်ခုရှိတာက SIM-Card ထဲမှာဆိုရင် ဖုန်းနံပါတ် ၂၀၀ ပဲ သိမ်းထားလို့ ရပါတယ်။ ဖုန်းထဲမှာ(သို့မဟုတ်) MicroSD Card မှာ ဆိုရင်တော့ ဖုန်းနံပါတ် အကန့်အသတ်မရှိ သိမ်းဆည်းနိုင်ပါတယ်။ ဒါကြောင့် သင့် Contact တွေကို မှတ်သားရွှေ့ပြောင်းဖို့ Memory Card လို့ခေါ်တဲ့ MicroSD Card တစ်ခုတော့ ရှိသင့်ပါတယ်။

ဘယ်လိုလုပ်ရလဲဆိုတော့ ဖုန်းအဟောင်းထဲက “Contacts” ထဲကို ၀င်ပါ။ အဲဒီမှာ Menu ကိုနှိပ်ပြီး Manage Contact > Export To Storage(Backup to SD card) > OK ဆိုရင် သင့်ရဲ့ Contact တွေ အားလုံးကို MicroSD Card ပေါ်မှာ .vcf ဖိုင်တစ်ခုနဲ့ မှတ်သားထားလိုက်ပြီ ဖြစ်ပါတယ်။

ဒါကြောင့် မမ်မိုရီကဒ်ကို ဖုန်းအသစ်ထဲ ပြောင်းထည့်ပြီး Contacts ထဲဝင်ကာ Manage Contact> Import from Storage (Restore from SD card) ဆိုရင် သင်ဖုန်းအဟောင်းမှာ မှတ်ခဲ့တဲ့ ရာပေါင်းများစွာသော Contact တွေအားလုံး အမှားအယွင်း မရှိ ဖုန်းအသစ်ထဲကို ရောက်သွားပြီ ဖြစ်ပါတယ်။

မမ်မိုရီကဒ်ထဲမှာတော့ “Contact/00001.vcf” ဆိုတဲ့ ဖိုင်လေးတစ်ခုရှိနေမှာပါ။ အဲဒီဖိုင်လေးထဲမှာ သင့်ရဲ့ Contact တွေအားလုံးကို စုစည်းသိမ်းဆည်း ပေးထားတာ ဖြစ်ပါတယ်။

အားလုံး အဆင်ပြေချောမွေ့ကြပါစေ…
---
Kangyi (Myanmar Consumer Guide)
 

အစားအစာ ပူပူကို ပလပ်စတစ် ပန်ကန်ခွက်ယောက်များတွင် ထည့်သွင်းစားသုံးခြင်းက ကျောက်ကပ် ကျောက်တည်စေနိုင်


ပလတ်စတစ် အသုံးဆောမင်ျားသည် လွယ်လင့်တကူ အသုံးပြုနိုင်ခြင်း၊ စွန့်ပစ် နိုင်ခြင်းကြောင့် ယေန့ခေတ် ကာလတွင် တွကင်ျယ် လာသော ပစ္စည်းများ ဖြစ်သည်။

ပလတ်စတစ် ပန်းကန် များသည် ပျော်ပွဲစား ထ်ွရကာတွင် လည်းကောင်း၊ အလွယ်စာ များကို ထုတ်ပိုးရာတွလင်ည်း ကောင်းလွယ် လင့်တကူ အသုံးပြု လာကြသည်။

သုတေသန တ်ရစပ်တွင် ဖော်ပြထားမှုအရ မယ်လမင်း ပစ္စည်းများ၊ ပလတ်စတစ် အသုံး အေဆာမင်ျားတွင် အစားအစာပူပူကို ထည့်သွင်း အသုံးပြုခြင်းသည် ကျောက်ကပ် ကျန်းမာရေးကို ထိခိုက် စေကြာင်း သိရှိရသည်။ ထိုင်ဝမ် သုတေသီများက ပလတ် စတစ် ပန်းကန်များတွင် အပူချိန်မြင့်သော အစားအစာကို ထည့်သွင်း စားသုံး ခြင်းသည် ကျောက်ကပ် ကျောက်တည် စေနိုင်ကြောင်းကို လေ့လာနိုင် ခဲ့သည်။ လေ့လာမှုတွင် ခေါက်ဆွဲ ပူပူ စားသုံးသူများကို လေ့လာ ခဲ့ခြင်း ဖြစ်သည်။ အုပ်စု နှစ်စုခွဲ၍ လေ့လာ ခဲ့ခြင်း ဖြစ်ပြီး ပထမအုပ်စုကို ပလတ်စတစ် ပန်းကန်ထဲတွင် စားသုံးစေခဲ့ပြီး ဒုတိယ အုပ်စုတွင် ကြွေပန်းကန် များကို အသုံးပြု စေခဲ့သည်။ စားသုံး ပြီးချိန်နှစ်နာရီ တိုင်းတွင် ဆီးနမူနာ များကို ရယူခဲ့ပြီး၁၂ နာရီကြာသည် အထိ ခြောက်ကြိမ်တိုင် ရယူခဲ့သည်။

သုံးပတ်ကြာသည့် အခါအုပ်စု နှစ်စု အသုံးပြုသည့် ပန်းကန် အမျိုး အစားကို ပြောင်းလဲပြီး ပြန်လည်၍ ဆီးနမူနာ ရယူခဲ့သည်။ ထို့နော်ရကလဒ် များကို ထုတ်ပြန်ခဲ့ရာ ပလတ်စတစ် ပန်းကန် များကို အသုံးပြုပြီး ခေါက်ဆွဲပူပူ များကို စားသုံးသူများတွင် ဆီးနမူနာ၌ ပလတ် စတစ် ကွန်ပေါင်း 8.5 microgram ပမာဏကို တွေ့ရှိခဲ့ပြီး ကြွေပန်းကန် အသုံးပြု စားသုံးသူ များ၏ ဆီးနမူနာတွမင်ူ အန္တရ်ာရယှိသော အဆိုပါ ကွန်ပေါင်းများကို မေတွ့ရှိခဲ့ကြောင်း ထုတ်ပြန် ထားသည်။ ထိုင်ဝမ်၊ Kaohsiung Medical University မှသုတေသီ Dr. Chia Fang Wu က အစားအစာ ပူပူကို ပလတ်စတစ် ပန်းကန် ခွက်ယောက် များတွင် ထည့်သွင်း စားသုံးခြင်းသည် ကျောက်ကပ်တွင် ပလတ်စတစ် ကွန်ပေါင်းများကို အနည်ထိုင် စေကြာင်း၊ ပလတ်စတစ်ခွက်နှင့် အပူချိန် မြင့်သော အစားအစာများ ပေါင်းစပ် လိုက်ပါက ကြာလာလျှင် ကျောက်ကပ်တွင်းဝယ် ကျောက်တည် လာနိုင်ကြောင်း၊ ခဏတာ အချိန် အတွင်း၌ အဆိုပါ အာနိသကင် သိသာ ထရငှ်ားမည် မဟုတ်သော်လည်း ကြာလာသည်နှင့် ဆီးသွားရ ခက်ခဲခြင်း၊ ဆီးကျောက် တည်ခြင်းများကို တွေ့ကြုံရ နိုင်ပြီးခွဲ စိရတသည့် အေခြ အေနသို့ပင်ရော်ရကှိ နိုင်ကြောင်း ရှင်းပြ ထားပါသည်။

သို့သော်လည်း ကြွေပန်းကန် ခွက်ယောက် များကို အသုံးပြုခြင်းကမူ အဆိုပါ အာနိသကငို မေတွ့ရဘဲ အစား အစာပူပူများ ထည့်သွင်းရန် သင့်တော်ကြောင်း၊ တိရစ္ဆာန်များတွင် လေ့လာ မှုအရ ပလတ်စတစ်က ကျောက်ကပ် ပျက်စီးခြင်း၊ ကျောက်တည်ခြင်းနှင့် ကဆင်ာ ရောဂါများကို ဖြစ်စေနိုသင်ည် ကိုတွေ့ ရှိခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြ ထားသည်။ ယခု လေ့လာမှုကို Journal JAMA Internal Medicine တွင် ဖော်ပြထားခြင်း ဖြစ်သည်။
The Webshop

Hack ခံလိုက်ရသည့် သင့်၏ Facebook Account အား ဘယ်လိုပြန်ယူနိုင်မည့် နည်းလမ်းများ


Facebook ကို hack အလုပ်ခံရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အဓိက အကြောင်းရင်းကတော့ ပေါ့ဆမှုကြောင့်ပဲ ဖြစ်ပါတယ်။

ဘယ်နည်းနဲ့ဖြစ်ဖြစ် အကယ်၍သာ သင့်ရဲ့ Facebook ကို hack လုပ်ခံလိုက်ရပြီ ဆိုရင်တော့ အောက်ပါနည်းလမ်းများကို အသုံးပြုပြီး ပြန်လည်ရယူဖို့ ကြိုးစားဆောင်ရွက် ကြည့်နိုင်ပါတယ်။

နည်းလမ်း ၁ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မှတ်မိလျှင်)
 အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - "My Account is Compromised" အား နှိပ်ပါ။
အဆင့် ၃ - မိမိ account နှင့် သက်ဆိုင်သည့် အီးမေးလ် (သို့) ဖုန်းနံပါတ် (သို့) Facebook သုံး မိမိအမည် (သို့) မိမိ၏ အမည်အပြည့်အစုံအား ထည့်သွင်းပြီး Search လုပ်ပါ။
အဆင့် ၄ - ရှာတွေ့သည်ဆိုလျှင် မိမိ၏ ရှိရင်းစွဲ password အား ထည့်သွင်းပါ။
အဆင့် ၅ - မှန်ကန်သည်ဆိုလျှင် Facebook မှ သင်၏ account အား လုံခြုံရေးဆောင်ရွက်ရန် ပြောကြားပါလိမ့်မယ်။ Continue နှိပ်ပါ။
အဆင့် ၆ - Password အသစ်အား ၂ ခါပြန် ရိုက်ထည့်ပါ။
သင်၏ hack လုပ်ခံထားရသည့် account ထဲ ပြန်ဝင်လို့ ရပါပြီ။
မှတ်ချက် - ဖုန်းတွင် SMS ရယူခြင်းဖြင့် လုံခြုံရေး ၂ ထပ် ပြုလုပ်ထားပါက မိမိ၏ account ပါ ဖုန်းအား လက်ဝယ်ရှိနေရန် လိုအပ်ပါမည်။

နည်းလမ်း ၂ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မမှတ်မိလျှင်)

အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - "My Account is Compromised" အား နှိပ်ပါ။
အဆင့် ၃ - စာမျက်နှာ ဘယ်ဖက်အောက်ထောင့်ရှိ "I can't identify my account" အား နှိပ်ပါ။
အဆင့် ၄ - Facebook မှ မေးမြန်းသည့် သင်နှင့် သက်ဆိုင်သည့် မေးခွန်းများအား ဖြေပါ။
အဆင့် ၅ - Submit လုပ်ပါ။

မကြာမီတွင် Facebook မှ သင့်အား ဆက်သွယ်လာမည်ဖြစ်ပြီး သင်၏ account အား ပြန်လည်ရယူနိုင်ရန် ကူညီပါလိမ့်မည်။

ဤကဲ့သို့ ရှုပ်ထွေးပြီး စိတ်ညစ်ဖွယ်ရာ ဖြစ်ရပ်များအား မကြုံတွေ့လိုလျှင် မိမိ၏ account လုံခြုံရေးအတွက် မပေါ့ဆပဲ သတိထားပြီး နေထိုင်သင့်ပါသည်။

မိမိ account လုံခြုံရေးအတွက် ဆောင်ရွက်နိုင်သည့် အချက်များ -

- အလွယ်တကူ မသိရှိနိုင်မည့် password များထားပါ။
- အလျဉ်းသင့်သလို ပြောင်းလဲပါ။
- လုံခြုံရေး မေးခွန်းများ ထားရှိပါ။
- ဖုန်း SMS သုံး လုံခြုံရေး ၂ ထပ် ထားရှိပါ။
- မလုံခြုံသည့် ကြုံကြိုက်ရာ WiFi သုံးခြင်း ရှောင်ကြဉ်ပါ။
- မိမိ Facebook နှင့် Email အား အချိန်ပြည့် ဖွင့်ထားခြင်း ရှောင်ကြဉ်ပါ။
- Facebook တွင် မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်များ ဖော်ပြထားခြင်း ရှောင်ကြဉ်ပါ။

by ; Myanmar Consumer Guide

ပြန်လာမယ်.ရက်


တစ်ချိန်က

ငါ့အနားနင်နေချင်တယ်ဆိုတော့

ငါထွက်ပြေးခဲ့တယ်

ချစ်တယ်လို. တတွတ်တွတ်ပြောခဲ.ဖူးတဲ.

နှုတ်ခမ်းလေးကို ဥပက္ခာပြုလို.

နင်.အချစ်နဲ.ဝေးရာ ရှောင်လွဲခဲ.ဖူးတယ်

နင်.ရဲ ကြင်နာမှုတွေ ရရှိတုန်းက

အပိုတွေလို.ထင်ခဲ.မိတယ်

အခုတော.

အားလုံးကို ငါသိချိန်မှာ

ငါ.အနား နင်မရှိတော.ဘူး

နင်.အချစ်တွေလည်း ပျောက်ဆုံးခဲ.ပြီ

ဒါပေမယ်.

မျှော်လင်.ခွင်.ရှိရင်

ငါစောင်.နေပါရစေ

ဒီတစ်ခါ

နင်.ကိုအရမ်းချစ်တဲ.အကြောင်း

ငါသက်သေပြချင်.လို.ပါဟာ

ပြောလှည်.ပါ


ပြေးနေပေမယ်.

ဝေးဝေးမရောက်နိုင်ဘူး

ပုန်းနေပေမယ်. မလုံခြုံဘူး

တုန်လှုပ်နေပေမယ်. မမုန်းနိုင်ဘူး

တစ်နေ.ဝေးမှာပါလို.

သိပေမယ်. မထားခဲ.နိုင်ဘူး

မှားနေမှန်းသိပေမယ်.

အမှန်မပြင်နိုင်ဘူး

သိလျှက်နဲ. လမ်းမခွဲနိုင်တာ

မမြင်ချင်တဲ. မျက်ရည်ကျမိတာ

ငါ.အမှားပါ

ကျောခိုင်းဖို. ကြိုးစားတိုင်း

ငါစွန်.လွတ်လို.မရဘူး ဖြစ်ခဲ.တယ်

ငါ ဘယ်လိုရှေ.ဆက်ရမလဲဟင်.....................

ပြောလှည်.ပါ ချစ်သူ....

ကမ္ဘာပေါ်မှာ ဘယ်ဘာသာစကားတွေကို လူတွေအများဆုံးပြောဆိုကြသလဲ


၁။တရုတ်(မန်ဒရင်) Mandarin --------------------------------- မန်ဒရင်ဘာသာစကားဟာ ကမ္ဘာပေါ်မှာ လူပေါင်း ၈၄၅သန်းပြောဆိုကြတဲ့ စကားဖြစ်ကမ္ဘာပေါ်မှာ ဘယ်ဘာသာစကားတွေကို လူတွေအများဆုံးပြောဆိုကြသလဲပါတယ်။ မန်ဒရင်စကားကို တရုတ်စကားအဖြစ်သာ ညွှန်းဆိုကြသော်လည်း မန်ဒရင်စကားဟာ တရုတ်ဘာသာစကားအများအပြားထဲက တစ်မျိုးသာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ရုံးသုံးဘာသာစကားဖြစ်တဲ့အပြင် စင်္ကပူနိုင်ငံမှာလည်း တရားဝင်ရုံးသုံးဘာသာစကားဖြစ်ပါတယ်။

၂ ။ စပိန် Spanish ---------------- စပိန်စကားဟာ ကမ္ဘာပေါ်မှာ လူပေါင်း ၃၂၉သန်းပြောဆိုကြတဲ့ စကားဖြစ်ပါတယ်။ စပိန်စကားကို ရုံးသုံးဘာသာစကားအဖြစ် သက်မှတ်ပြောဆိုကြတဲ့ နိုင်ငံပေါင်း ၂၀ကျော်ရှိပါတယ်။ လက်တင်အမေရိက နိုင်ငံအားလုံးနီးပါးဟာ စပိန်စကားကို ပြောဆိုကြပါတယ်။ ဒါ့အပြင် အမေရိကန်အပါအ၀င် ကမ္ဘာ့ အနောက်တောင်အရပ်မှာလည်း ကျယ်ပြန့် စွာပြောဆိုကြတဲ့ ဘာသာစကားဖြစ်ပါတယ်။

၃ ။ အင်္ဂလိပ် English ------------------ အင်္ဂလိပ်စကားကို ကမ္ဘာပေါ်မှာ လူပေါင်း ၃၂၈သန်းပြောဆိုကြပါတယ်။ အင်္ဂလိပ်စကားဟာ အနောက်ဂျာမန်နဲ့ အင်္ဂလိုဆက်စွန် ဘာသာစကားများအပါအ၀င် အခြားမြောက်များစွာသောဘာသာစကားများကနေ ပေါင်းစပ်ပြီးဖြစ်ပေါ်လာတာပါ။ အင်္ဂလိပ်ဘာသာစကားပြောဆိုမှုဟာ လက်တင်နဲ့ ပြင်သစ်တို့ မှာ အလျင်အမြန်ပဲလွှမ်းမိုးမှုရှိလာပါတယ်။ အင်္ဂလိပ်စကားကို ရုံးသုံးစကားအဖြစ် သက်မှတ်ပြောဆိုကြတဲ့ နိုင်ငံပေါင်း ၅၃နိုင်ငံထက်မနည်း ရှိပါတယ်။

၎ ။ ဟိန္ဒီ-အူရဒူ Hindi-Urdu -------------------------- ဟိန္ဒီ-အူရဒီဘာသာစကားကို ကမ္ဘာပေါ်မှာ လူပေါင်း ၂၄၂သန်းထက်မနည်း ပြောဆိုကြပါတယ်။ ဟိန္ဒီ-အူရဒူစကားဟာ ဘန်ဂါလီဘာသာစကားနဲ့ ခပ်ဆင်ဆင်တူတဲ့ အင်ဒို-အာရီယန်ဘာသာစကားအမျိုးအစားအပြားအပြားကနေ ပေါင်းစပ်ဖြစ်ပေါ်လာတာပါ။ ဟိန္ဒီနဲ့ အူရဒူစကားတို့ ဟာ အလွန်ဆင်တူယိုးမှားဖြစ်တဲ့အပြင် ခွဲခြားဖို့ လည်းခက်ခဲပြီး ဟိန္ဒီသီးသန့် နဲ့ အူရဒီသီးသန့် အဖြစ် သတ်သတ်မှတ်မှတ်လည်း ရှိပါတယ်။ ပါကစ္စတန်လိုနိုင်ငံမျိုးမှာ အူရဒီအဖြစ် တစ်သီးတစ်သန့် ပြောဆိုကြပြီး အိန္ဒိယမှာတော့ ဟိန္ဒီအဖြစ် သတ်မှတ်ပြောဆိုကြပါတယ်။

၅ ။ အာရဗီ Arabic -------------------- ကမ္ဘာတစ်ဝှမ်းလုံးမှာ အာရဗီစကားပြောဆိုသူ ၂၂၁သန်းကျော်ရှိပါတယ်။ အာရဗီကိုအဓိကပြောဆိုကြတဲ့ဒေသတွေကတော့ အရှေ့ အလယ်ပိုင်းနဲ့ မြောက်အာဖရိကတို့ ဖြစ်ပါတယ်။ အာရဗီစကားဟာ နိုင်ငံပေါင်း ၂၆နိုင်ငံကျော်ရဲ့ ရုံးသုံးဘာသာစကားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အစ္စလာမ်ဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ကျမ်းတော်မြတ်ကုရ်အာန်မူရင်းဟာလည်း အာရဗီဘာသာစကားနဲ့ ရေးသားထားတာဖြစ်ပါတယ်။ သို့ သော်လည်း ကုရ်အာန်ကျမ်းမြတ်မှာရေးထားတဲ့ အာရဗီဟာ အများသုံးအာရဗီစကားထက် ပိုမိုနက်နဲပြီး သာမန်လူတစ်ယောက်အတွက် အလွယ်တကူဘာသာပြန်ဆိုဖို့ မလွယ်ကူကြောင်းသိရှိရပါတယ်။ ဒါ့ကြောင့်လည်း ဘာသာစကားအများအပြားနဲ့ လူအများ နားလည်လွယ်အောင် ဘာသာပြန်ဆိုထုတ်ဝေထားကြောင်း မှတ်သားရပါတယ်။

၆ ။ ဘန်ဂါလီ Bengali ---------------------- ကမ္ဘာပေါ်မှာ ဘန်ဂါလီ(ဘင်္ဂလီ)စကားပြောဆိုသူ လူပေါင်း ၁၈၁သန်းရှိပါတယ်။ ဘင်္ဂလီစကားဟာ ဟိန္ဒီ၊ ပန်ဂျပ်နဲ့ အူရဒူတို့ နဲ့ ခပ်ဆင်ဆင်တူတဲ့ အင်ဒို-အာရီယန်ဘာသာစကားအမျိုးအစားအများအပြားကနေ ပေါင်းစပ်ဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။ ဘန်ဂါလီစကားဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရုံးသုံးဘာသာစကားဖြစ်ပြီး အိန္ဒိယရဲ့ အနောက်ဘန်ဂေါ၊ ထရိပူရ၊ အာသံပြည်နယ်တို့ အပြင် အမေရိကန်၊ ဆော်ဒီအာရေးဗျနဲ့ ဥရောပနိုင်ငံအများအပြားမှာလည်း ဘန်ဂါလီစကားပြောဆိုသူ အများအပြားရှိကြောင်း သိရပါတယ်။

၇ ။ ပေါ်တူဂီ Portuguese --------------------------- ပေါ်တူဂီစကားကို ကမ္ဘာတစ်ဝှမ်းလူပေါင်း ၁၇၈သန်းပြောဆိုကြပါတယ်။ ပေါ်တူဂီစကားဟာ လက်တင်ဘာသာစကားကနေတိုက်ရိုက်ဆင်းသက်လာတဲ့ ဘာသာစကားအများအပြားထဲကတစ်ခုဖြစ်ပြီး ပေါ်တူဂီနိုင်ငံနဲ့ ဘရာဇီးနိုင်ငံတို့ ရဲ့ ရုံးသုံးဘာသာစကားဖြစ်ပါတယ်။ ဒါ့အပြင် အန်ဂိုလာ၊ ကိပ်ဗာဒီ၊ အရှေ့ တီမော၊ ဂီနီယာဘစ်ဆု၊ မိုဇမ်ဘစ် နဲ့ São Tomé and Príncipe နိုင်ငံတို့ မှာလည်း ရုံးသုံးဘာသာစကားအဖြစ် သက်မှတ်ပြောဆိုကြပါသေးတယ်။

၈ ။ ရုရှား Russian --------------------- ကမ္ဘာပေါ်မှာလူပေါင်း ၁၄၄သန်းထက်မနည်း ရုရှားစကားကိုပြောဆိုကြပြီး ရုရှားနိုင်ငံရဲ့ ရုံးသုံးစကားဖြစ်ပါတယ်။ ရုရှားစကားပြောဆိုသူအရေအတွက် အများစုကတော့ ရုရှားနိုင်ငံတွင်းမှဖြစ်ပြီး ဘီလာရုစ်၊ ယူကရိန်းနဲ့ ကာဇက်စတန်တို့ မှာလည်း ကျယ်ပြန့် စွာပြောဆိုကြပါတယ်။ ရုရှားစာ အက္ခရာတွေကို Cyrillic လို့ ခေါ်ဆိုကြောင်း မှတ်သားရပါတယ်။

၉ ။ ဂျပန် Japanese ----------------------- ဂျပန်စကားကို ကမ္ဘာပေါ်မှာလူပေါင်း

၁၃၂သန်းပြောဆိုကြပါတယ်။ ဂျပန်နိုင်ငံရဲ့ ရုံးသုံး
 

ရွှေထွက်တဲ့ သစ်ပင် (Gold from Trees)


သိပ္ပံ ပညာရှင် တွေက ရွှေကြောရှာဖွေ ရင်းနဲ့ ရွှေတွေ သီးနေတယ်လို့ ဆိုလို့ရတဲ့ Eucalyptus သစ်ပင်တွေ ကို မတော် တဆ တွေ့ရှိခဲ့ ပါတယ်။ ဒီအပင်တွေကို ဘယ်လို အသုံးချ ကြမလဲ။

ပုံပြင်ထဲ မှာတော့ ကိုယ်လိုချင်တဲ့ ပစ္စည်း တွေကို အပင် တွေဆီက ခူးယူကြတာ ကြားဖူး ကြမှာပါ။ ရှေးတုန်း ကလဲ ပစ္စည်းတွေ သီးတဲ့ ပဒေသာပင် ဆိုတာ ရှိခဲ့တယ်လို့ လူကြီးတွေက ပြောဖူးကြ ပါတယ်။ ကဲအခု ကတော့ ပစ္စည်းတွေ သီးတဲ့ အပင်တွေ အကြောင်းတော့ မဟုတ် ပေမယ့် ရွှေထွက်တဲ့ သစ်ပင်တွေ အကြောင်း ပြောပြမှာပါ။


ရွှေထွက်တဲ့ သစ်ပင်ဆိုလို့ ရွှေတုံးကြီးတွေ သီးနေတဲ့ အပင်တွေကို သွားမြင် နေကြမယ် ထင်ပါတယ်။ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ ရွှေထွက်တဲ့ သစ်ပင်တွေ တွေ့တဲ့ နေရာ ကတော့ ခြောက်သွေ့တဲ့ ဒေသ တစ်ဖြစ်လဲ Goldfields-Esperance ဒေသဖြစ်ပြီး သြစတြေးလျ တိုက် အနောက် ဘက်မှာ ရှိတာပါ။ မူလ ကတော့ ရှာဖွေသူ တွေဟာ ဒီရွှေထွက်တဲ့ မြေအောက်မှာ ဘာရှိသလဲ ဆိုတာ လောက်ပဲ ရှာဖွေဖို့ ရည်ရွယ် ခဲ့ပေမယ့် တကယ် ရွှေတွေ့တော့ မြေကြီးထဲမှာ မဟုတ်ဘဲ Eucalyptus သစ်ပင် တွေမှာ သွားတွေ့ ပါတယ်။ အဲဒီဒေသက Eucalyptus သစ်ပင် တွေဟာ အကိုင်း အလက် ချိုးခံရ ပေမယ့်လည်း မူလ အတိုင်း ပြန်လည် ရှင်သန် နိုင်စွမ်းရှိတဲ့ အပင်တွေ ဖြစ်ပြီး အမြစ်တွေ ဟာလည်း မြေအောက် ဘက်ကို လျှိုတိုးနိုင်စွမ်း အားကောင်း တာကြောင့် ရေသောက် မြစ် တွေက ဘယ်လို မြေအောက် ရေကို အသုံးချပြီး အပင်တွေ ကို ရှင်သန် စေသလဲ ဆိုတာတောင် ရှာရခက် ပါတယ်။ ဒီမှာ မေးစရာ ရှိတာက မြေကြီး အောက်က ရွှေတွေဟာ သစ်ပင် ကနေ ဘာကြောင့် ထွက်သလဲ ဆိုတာပါပဲ

တကယ်တော့ Eucalyptus သစ်ပင်တွေရဲ့ အမြစ်ဟာ ရှည်လျား လွန်းတာ ကြောင့် ရွှေတွေရှိတဲ့ မြေလွှာ ထဲအထိ ရောက်ရှိ နိုင်ပါတယ်။ သစ်ပင် တွေဟာ ဓာတ်ပစ္စည်း တွေကို မြေအောက် ကနေ သယ်ဆောင် နိုင်စွမ်းရှိတာ မဆန်းပေမယ့် မူလ အားဖြင့် ရွှေဆိုတဲ့ သတ္တုဟာ အပင် တွေရဲ့ အဆိပ် ဖြစ်တာကြောင့် ဒီအပင် တွေကတော့ အထူး အဆန်းလို ဖြစ်နေ ပါတယ်။ ရွှေရှိတဲ့ မြေလွှာထဲ ရောက်နေတဲ့ အမြစ် တွေက ရွှေအပိုင်း အစ တွေကို စုပ်ယူပြီး နောက် အန္တရာယ် ရှိတဲ့ ဓာတ်ပေါင်း စည်း မှုတွေ မဖြစ်ဖို့ အပေါ်ဆုံး အဖျားမှာ ရှိတဲ့ အရွက် ကျတွေဆီ ပို့ပေး လိုက် ပါတယ်။ ဒီဖြစ်စဉ်ကို ရှာဖွေ တွေ့ရှိသူ တွေက အစက မယုံကြ သေးပါဘူး။ ဖန်လုံအိမ် ထဲမှာလည်း အဲဒီ အပင်တွေ ရွှေတွေကို သယ် ဆောင် နိုင်စွမ်း ရှိ၊မရှိ စမ်းသပ်ခဲ့ ကြရာမှာ အမှန် ဖြစ်တယ် ဆိုတာ လေ့လာ တွေ့ရှိခဲ့ ကြပါတယ်။

စာဖတ်သူများ စဉ်းစားမိ ကြမှာပါ။ အဲဒီအပင် တွေကို ရှာဖွေ တွေ့ရှိသူ တွေဟာ အပင် တွေကို ခုတ်ပြီး ဘာလို့ ရွှေတွေ ထုတ်မယူ ကြတာလဲ ဆိုတာပါပဲ။ အဲဒီ Eucalyptus အပင်တွေက ရွှေထွက် ပေမယ့် များပြားလှတာ မဟုတ် ပါဘူး။ အမှုန်အမွှား လောက်ပဲ ဖြစ်ဟန် တူပါတယ်။ ဘာကြောင့် လည်း ဆိုတော့ အဲဒီလို ရွှေ ထွက်တဲ့ အပင်ပေါင်း ၅၀၀ လောက် ပေါင်းမှ လက်ထပ် လက်စွပ် တစ်ကွင်းစာ လုပ်ဖို့ လုံလောက်တဲ့ ရွှေသာ ရနိုင်လောက် လို့ပါပဲတဲ့။ အဲဒီတော့ ဒီအပင် တွေဟာ ရွှေထွက် ရာမှာ အသုံး မ၀င်ရင် ဘယ်မှာသုံး ကြပါမလဲ။ ရွှေထုတ်တဲ့ နေရာမှ သုံးကြပါ မယ်တဲ့။ အပင်တွေ စိုက်ပြီး ရွှေ ရှိ၊မရှိ စမ်းသပ်လို့ ရတာကြောင့် ရွှေကြော တွေကို ပေါက်တူး ပေါက်ပြီး ရှာစရာ မလိုတော့ ပါဘူး။

ဒီနည်းဟာ မတူးဖော် ရသေးတဲ့ ကမ္ဘာ့ရွှေ ပမာဏ သုံးဆယ် ရာခိုင်နှုန်း လောက် ရှိမယ်လို့ တွက်ဆခံ ထားရတဲ့ Goldfields- Esperance ဒေသ အတွက်တော့ ရွှေဖြစ်တဲ့ ရွှေစမ်းနည်းပါပဲ။ သူများနိုင်ငံမှာ ဒီလို သဘာဝ မပျက် စီးတဲ့ ရွှေရှာတဲ့ နည်းသစ်တွေ တွေ့လာတာ အားလုံး အတွက် အရမ်းကောင်း ပါတယ်။ ဒီလိုနည်း မျိုးကို ကျွန်တော်တို့ နိုင်ငံမှာ သုံးနိုင် ရင်တော့ အကောင်းဆုံး ပါပဲ။ ဒါမှ အလ ဟဿ တောင်တွေ၊ တောတွေ၊ သဘာဝတွေ မပျက်စီး နိုင်သလို ဒေသခံတွေ အတွက်လဲ အကျိုး ရှိလှပါကြောင်း တင်ပြလိုက် ရပါတယ်ဗျာ။

Myanmar Youth Media Club
 
 

ဆီးချိုရောဂါတွင် အသုံးဝင်သော သစ်ကြမ်းပိုးခေါက်

အသုံးများတဲ့ ဟင်းခတ်အမွှေး အကြိုင်ဖြစ်တဲ့ သစ်ကြမ်းပိုးခေါက် ( cinnamon )ဟာ အမျိုးအစား(၂) ဆီးချို သွေးချိုရောဂါရှင်တွေရဲ့ သွေး အချိုဓာတ်ကို ထိန်းချုပ်ပေးနိုင် တယ်လို့ သုတေသနတစ်ရပ်မှာ ဖော် ပြထားပါတယ်။ ဒီလေ့လာမှုမှာ Type II ဆီးချိုသွေးချိုရောဂါရှင် ၅၄၃ဦးကို လေ့လာစမ်းသပ်မှု (၁၁)ကြိမ် ပြုလုပ်ပြီးရလာတဲ့ အချက်အ လက်တွေကို အခြေခံထားတာဖြစ်ပါ တယ်။
သစ်ကြမ်းပိုးခေါက် (၁၂၀)မီလီ ဂရမ်ကနေ (၆)ဂရမ်အထိ အသီး သီးပါဝင်တဲ့ ဆေးဝါးတွေကို လေး ပတ်ကနေ ရှစ်ပတ်အထိ တိုက်ကျွေး ခဲ့ပြီး ဆေးမတိုက်ကျွေးတဲ့ အုပ်စုနဲ့ နှိုင်းယှဉ်လေ့လာခဲ့ပါတယ်။ တွေ့ရှိ လာရတာကတော့ သစ်ကြမ်းပိုး ခေါက်ပါဝင်တဲ့ဆေးဝါးတွေကို တိုက် ကျွေးထားတဲ့ အုပ်စုက ဆီးချိုဝေဒနာ ရှင်တွေမှာ ကျန်တဲ့အုပ်စုထက်စာရင် အစာမစားမီသွေးတွင်း ဂလူးကို့စ် ပမာဏကို ပိုမိုကျဆင်းတယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင်သစ်ကြမ်းပိုး ခေါက်မှာသွေးတွင်းကိုလက်စတီရော LDL ကိုလည်း လျော့ပါးစေပြီး အကျိုးပြု ကိုလက်စတီရော HDL ကိုတော့ မြင့်တက်စေခဲ့တာကိုတွေ့ ရှိခဲ့ကြပါသေးတယ်။ ဒီလိုအာနိသင် တွေရှိနေတာဟာ အမျိုးအစား ၂ ဆီးချိုသွေးချိုဝေဒနာရှင်တွေအ တွက် သတင်းကောင်းပဲဖြစ်တယ်လို့ လေ့လာမှုခေါင်းဆောင် Westerm University of Health Sciences in Pamona မှ ဆေးဝါးဗေဒပါမောက္ခ Dr Olivia Phung က ပြောကြားခဲ့ပါ တယ်။ဒီအာနိသင်တွေဟာ သစ်ကြမ်း ပိုးခေါက်မှာပါဝင်တဲ့ cinnamalde hydein ဆိုတဲ့ ဓာတ်ပေါင်းက အင် ဆူလင်ဟော်မုန်းထွက်ရှိမှုကို လှုံပေး နိုင်လို့ပဲ ဖြစ်တယ်လို့ သုတေသီတွေ ကပြောကြားထားပါတယ်။ ထည့် သွင်းရမယ့် သစ်ကြမ်းပိုးခေါက် ပမာဏ၊ သောက်သုံးရမယ့် အချိန်ကာ လတွေကိုဆက်လက်လေ့လာ နေကြ ပါတယ်။
ဒီလေ့လာမှုကို Journal The Annals of Family Medicine မှာ ဖော်ပြထားတာဖြစ်ပါတယ်။
သန့်စင်
ref: PTI
Health Updates Journal

ဖုန်း ဘက်ထရီနှင့် ပက်သက်၍ ရှောင်ရန်အချက်များ


ဒီတစ်လော သတင်းတွေကြားနေရပါတယ်။ iPhone 5 ကြောင့် ဓာတ်လိုက်သေရတဲ့ လေယာဉ်မယ် သတင်း၊ Samsung Galaxy S3 အိပ်ကပ်ထဲမှာ ပေါက်ကွဲတဲ့သတင်းတို့အပြင် ဖုန်းပေါက်ကွဲမှုနဲ့ ပက်သက်တဲ့ သတင်းများ၊ လူသေမှုသတင်းများ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်ကစလို့ သိသိသာသာ မြင့်တက်လာတဲ့ သတင်းတွေပါ။ အဖြစ်များတာ ကတော့ တရုတ်ပြည်မှာပါ။ အကြောင်းကတော့ အာမခံချက် နည်းတဲ့ ပစ္စည်းကြောင့်မို့ ဖြစ်ပါတယ်။ ဖုန်းကို အားသွင်းနေ ရင်း ပြော တာကြောင့်ရော၊ အချိန်လွန်သွင်းတာတွေကြောင့်ရော ဖြစ်ပါတယ်။

Apple ကတော့ ပြန်လည်စစ်ဆေးမှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။ Apple ပစ္စည်းက ဓာတ်လိုက်တတ်ပါတယ်။ အထူးသဖြင့် Macbook တွေမှာ သိသာပါတယ်။ သံမန်သလင်းပေါ်မှာ ဖိနပ်မစီးဘဲ အားသွင်းထားတဲ့ Macbook ကိုကိုင်ရင် ဓာတ်လိုက်တာ ကိုယ်တွေ့ပါပဲ။ iPhone ကတော့ မသိပါဘူး။

ဘယ်လိုပဲ ဖြစ်ဖြစ် ဖုန်းနဲ့ ပက်သက်လို့ ရှောင်သင့်တဲ့အချက်လေးတွေ ကတော့ -

အားသွင်းစဉ် ဖုန်းပြောခြင်း

Safety Factor ဘယ်လိုပဲ ထားထား အားသွင်းစဉ် ဖုန်းပြောတဲ့ အမူအကျင့် ကို ရှောင်ကိုရှောင်ရမှာ ဖြစ်ပါတယ်။ ဘက်ထရီရဲ့  အလုပ်ပိုပြီး အပူလွန်ကဲစေပါတယ်။


- အာမခံချက်မရှိသော ဘက်ထရီအစားထိုးခြင်း

ဘက်ထရီဝယ်တဲ့အခါ အော်ရီဂျင်နယ် သာ ဝယ်ရမှာ ဖြစ်ပါတယ်။ Power Voltage သတ်မှတ်ချက် တိတိကျကျရှိမှ ဖုန်းနဲ့သင့်တော်မှာပါ။ မဟုတ်ရင် ဖုန်းကိုလည်း ထိခိုက်ပြီး အသုံးပြုတဲ့သူကိုပါ ဆိုးကျိုးဖြစ်စေပါတယ်။ ဈေး သက်သာတာကိုပဲ ကြည့်ပြီး ဘက်ထရီ အတုများ၊ Official ထုတ်ကုန်များ မဟုတ်တာကို သုံးစွဲခြင်းဟာ recommend မပေးပါဘူး။


- ဖုန်းကို အပူချိန်ပြောင်းလဲထိတွေ့မှု သတိထားခြင်း

အားသွင်းပြီး ပူနေတဲ့ ဖုန်းကို ရုတ်တရက် အလွန်အေးတဲ့ ပတ်ဝန်းကျင်ဆီ ယူသွားလိုက်တာမျိုးကို ရှောင်ဖို့ ဖြစ်ပါတယ်။ ဒါက အအေးပိုင်းဒေသတွေ မှာ ပိုဂရုစိုက်ရမယ့်အချက် ဖြစ်ပါတယ်။ အပူချိန် ရုတ်တရက်ပြောင်းလဲမှုဒဏ်ကို ဘက်ထရီတို့ မခံနိုင်ပါဘူး။


- အားအလွန်အကျွံသွင်းခြင်း

အားပြည့်တဲ့အခါ ဖုန်းကို အားသွင်းခြင်း ရပ်တန့်စေဖို့ ဖြစ်ပါတယ်။ လျှပ်စစ် ဓာတ်အား ဆက်တိုက်ဆီးဝင်နေမှုကြောင့် အားပြည့်ရင် ဖြတ်တောက်တဲ့ စနစ်မျိုး ဘယ်လိုပဲ ထားပေးထားပေး Manually လုပ်တာလောက် စိတ်မချ ရပါဘူး။ အခန့်မသင့်ရင် အပူချိန်လွန်ကွဲပြီး မီးလောင်ကျွမ်းမှု၊ ပေါက်ကွဲ မှု ဖြစ်စေပါတယ်။ အားပြည့်ရင် စမတ်ဖုန်းရယ်မှ မဟုတ်ပဲ ဘယ် အီလက်ထရောနစ် ပစ္စည်းမဆို ခလုပ်ပိတ်ပြီး ပစ္စည်းဖြုတ်ရမှာ အခြေခံ သိနေရ၊ လုပ်နေရမယ့် အချက်ပဲ ဖြစ်ပါတယ်။


- အားမသွင်းမှီ ရေစိုမစို စစ်ဆေးခြင်း

အားသွင်းချိန်တင်မကပါဘူး။ ဘက်ထရီသာ ရေစိုနေရင် ဘယ်အချိန်ဖြစ်ဖြစ် အသုံးပြုဖို့မသင့်တော်ပါဘူး။ ရေငွေ့အရမ်းများနေရင်လည်း လျှပ်စစ်ရှော့ ဖြစ်တတ်ပါတယ်။

.
ဒီလောက်ဆိုရင် စမတ်ဖုန်း ဘက်ထရီနဲ့ ပက်သက်လို့ ရှောင်ရှာသင့်တဲ့ အကြမ်းဖျဉ်း သိသင့်တဲ့အချက်များ သိရှိပြီလို့ မျှော်လင့်ပါတယ်။
.
အောင်ခမ်း (TSJ team)

ကွန်ပျူတာ ဆက်တိုက် အသုံးပြုနေသူများ မျက်စိ ကို ဘယ်လို ကာကွယ် ထိန်းသိမ်း မလဲ



ကွန်ပျူတာ ကို တစ်နေ ကုန် ကြည့်တဲ့ သူတွေ မျက်စိ အတွက် ဘယ်လို လေ့ကျင့် ခန်း လုပ်သင့် သလဲ ဆိုတဲ့ အချက် တွေ ကို တင်ပြ လိုက်ပါ တယ်။

နေရာမှန် ပါစေ

သင့်ရဲ့ ကွန်ပျူတာ ကီးဘုတ်၊ မောက်စ် တို့ကို နေရာ မှန် ထားတတ် ဖို့ အရေးကြီး ပါတယ်။ သင့် ရဲ့ ကွန်ပျူတာ Screen ဟာ သင့် မျက်လုံး ကနေ သင့်ရဲ့ လက် တစ်လှမ်း စာ အကွာ နဲ့ မျက်လုံး ရဲ့ ( ၂၀ ) ဒီဂရီ အောက် နိမ့်နေ ရပါ မယ်။

အလင်း ရောင်

သင့် အခန်း တွင်း အလင်း ရောင် ပျံ့နှံ့ ပါစေ။ ဒါမှ ကွန်ပျူတာ Screen မှ လာ သော Reflection တွေ ကို လျော့ချ နိုင်မှာ ဖြစ်ပါ တယ်။ ကွန်ပျူတာ Screen အား သင့် မျက်စိ နှင့် သင့်တော် ရာ အလင်း၊ အမှောင် Setting လုပ် ထား ပါ။ Anti -Reflective Lenses ပါ သော မျက်မှန် ကို တပ် ပေးခြင်းဖြင့် တောက်ပ သော အရာ မှ လာသော Reflection တွေ ကို ကာကွယ် နိုင်ပါ တယ်။ သင့် ရဲ့ မျက်စိ ဆရာဝန် က သင့်အား ကွန်ပျူတာ နှင့် ထိတွေ့ နေသူ မှန်း သိရင် ထို Anti -Reflective Lenses ထည့် ထား တဲ့ မျက်မှန် ကို ညွှန်းပါ လိမ့် မယ်။ ကွန်ပျူတာ နှင့် အလုပ် လုပ်သူ များ မိနစ် ( ၂၀ ) လောက်ကြာ တိုင်း ခေါင်း ကို ခဏ ဘေး ကို လှည့်ပြီး ပေ ( ၂၀ ) လောက် ဝေးတဲ့ အရာ တစ်ခုခု ကို ကြည့်ကြည့် ပေးပါ။ ဒီ နည်းလမ်း ဟာ သင့် ရဲ့ ပင်ပန်း နေတဲ့ မျက်လုံး ကို သက်သာ ရာ ရစေ ပါတယ်။ နောက်ပြီး အခါ ( ၂၀ ) လောက် မျက်စိ အား ပိတ် လိုက် ဖွင့်လိုက် လုပ်ခြင်း ဖြင့် မျက်လုံး စိုစွတ် ခြင်း ကို ရယူပါ။ ပြီး ရင် ခဏ ထိုင်ခုံ မှ ထပြီး ခြေလှမ်း ( ၂၀ ) လောက် လမ်းလျှောက် ခြင်း ဖြင့် သွေး လည်ပတ် ပါစေ။ မျက်စဉ်း ခတ် ပေးပါ။ လူ တစ်ယောက် ဟာ တစ် မိနစ် အတွင်း ပုံမှန် ( ၁၂ ) ခါ မျက်တောင် ခတ် ကျ ပါတယ်။ ဒါပေမဲ့ ကွန်ပျူတာ နဲ့ အလုပ် လုပ် နေရင် ငါးခါ လောက် သာ မျက် တောင် ခတ်တာ ကို သင် သတိထား မိပါ သလား။ အကျိုး ဆက် အနေ ဖြင့် မျက်စိ အား ခြောက်ကပ် နေစေ ပါတယ်။ ထိုသို့ ခြောက်ကပ် မနေအောင် မျက်စဉ်း ခတ်ပေး နိုင် ပါတယ်။

လက်ဖဝါး အုပ်ခြင်း

ထိုင်ခုံပေါ် တွင် မတ်မတ် ထိုင်ပြီး သင့် ရဲ့ လက်ဖဝါး နှစ်ခု အား နွေးလာ သည် အထိ ပွတ်ပေး ပါ။ ထို နွေးနေ သော လက် ဖဝါးနဲ့ သင့် မျက်စိ နှစ်ဖက် ကို တစ်မိနစ် လောက် ဖုံးအုပ် ပေးလိုက် ပါ။ သင့် မျက်စိ ညောင်း ကိုက်၊ ပင်ပန်း လာတိုင်း နှစ်ကြိမ်၊ သုံးကြိမ် လောက် လုပ်ပေး ပါ။ ထို လက်ဖဝါး မှ လာသော နွေးထွေးမှု သည် သင့်ရဲ့ ပင်ပန်း နေသော မျက်စိ အား သက်သာ စေ ပါတယ်။

မျက်နှာ သစ်ခြင်း

အားတဲ့ အချိန် မှာ မျက်စိ မှိတ်ပြီး ရေအေး ဖြင့် မျက်နှာ သစ်ပေး ပါ။ အင်မတန် လန်းဆန်း ခြင်း ကို ခံစား ရပါလိမ့် မယ်။

လက်ဖက် ခြောက် အထုပ်

သောက်ပြီး သား လက်ဖက် ခြောက် အထုပ် ကလေးများ ကို လွှင့်မပစ် ဘဲ ရေခဲ သေတ္တာ ထဲ ထည့်ထား ပြီး အားတဲ့ အချိန် ကျရင် ထို လက်ဖက် ခြောက် အထုပ် နှစ်ထုပ် အား သင့် မျက်စိ တစ်ဖက် စီ တွင် တင်ပြီး အနား ယူ ပါ။ မျက်စိ အား အေးမြ စေပါသည်။ ဗီတာမင် အေ၊ စီ၊ အီး ပါသော အစား အစာ များ ပိုစား ပါ။

သားဗိုလ်
IT Weekly

အမျိုးသမီးတိုင်းသိသင့်သော ကင်ဆာလက္ခဏာ ၁၀ မျိုး

အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေ အတွက် သတိပေး လက္ခဏာတွေကို လျစ်လျူရှု မထားသင့်ပါဘူး။ ဒီလက္ခဏာတွေကို အစောပိုင်း အဆင့်ကတည်းက သိနားလည်မှသာ ကုသမှုကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

(၁) တင်ပဆုံ နာကျင်ကိုက်ခဲခြင်း

ချက်အောက်ပိုင်း တင်ပဆုံတွင်းမှာ နာကျင်တာနဲ့ တင်းနေတာစတဲ့ လက္ခဏာ တွေကို တာရှည်ခံစားနေရရင် သတိထားသင့်ပါတယ်။ ဒါက ရာသီအကြို ဝေဒနာ မဟုတ်ဘူးဆိုတာ သေချာဖို့တော့ လိုပါတယ်။ တင်ပဆုံတွင်း နာကျင်ကိုက်ခဲမှုဟာ မမျိုးဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ မိန်းမကိုယ် ကင်ဆာစတဲ့ ကင်ဆာတွေနဲ့ ဆက်စပ်မှုရှိလို့ သတိထားသင့်ပါတယ်။

(၂) ဝမ်းဗိုက်ဖောင်းခြင်း၊ လေပွခြင်း

ဝမ်းဗိုက်ဖောင်းတာနဲ့ လေပွတာက မမျိုးဥအိမ်ကင်ဆာမှာ အတွေ့ရများတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ လေပွတာကြောင့် ဘောင်းဘီ ကြယ်သီးကိုတောင် မတပ်နိုင်အောင် ဖြစ်နေတာမျိုး၊ ဘောင်းဘီဆိုက်ကြီးတာကို ဝတ်ရတာမျိုး ဖြစ်နေရင် ဒီလက္ခဏာတွေကို လျစ်လျူမရှုသင့်ပါဘူး။

(၃) ခါးအောက်ပိုင်း ကြာရှည် ကိုက်ခဲခြင်း

ခါးနာတာက ခါးအောက်ပိုင်းမှာ အဖြစ်များပြီး စူးရှတဲ့ ကိုက်ခဲမှုမျိုးကို ခံစားရ တတ် ပါတယ်။ တချို့အမျိုးသမီးတွေက ကလေးမွေးတဲ့ ခံစားချက်မျိုးနဲ့ ဆင်တူတယ်လို့ ဆိုကြပါတယ်။ ခါးနာတာက မမျိုးဥအိမ် ကင်ဆာရဲ့ လက္ခဏာတစ်ရပ်ပါ။

(၄) ကြာရှည် ဖျားနာခြင်း

ခုနစ်ရက်ထက် ပိုကြာကြာ ဖျားရင် ဒါမှမဟုတ် အဖျားက မပျောက်နိုင်ဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ကြာရှည်ဖျားနာတာက ကင်ဆာရဲ့ လက္ခဏာ တစ်ရပ် ဖြစ်နိုင်လို့ပါ။ ဒါပေမဲ့ အများအားဖြင့် ဖျားတာက တခြားအပရိက ဝေဒနာတွေရဲ့ လက္ခဏာလည်း ဖြစ်တတ်ပါတယ်။

(၅) မိန်းမကိုယ်မှ ပုံမမှန်သွေးဆင်းခြင်း

မိန်းမကိုယ်က ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာက စိုးရိမ်ရပါတယ်။ ရာသီသွေး အလွန်အမင်း ဆင်းတာ၊ ရာသီလာချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား သွေးဆင်းတာ၊ Sex အတွင်းနဲ့ အပြီးမှာ သွေးဆင်းတာတွေ အားလုံးက ပုံမမှန် သွေးဆင်းမှုတွေဖြစ်ပြီး အမျိုးသမီး ကင်ဆာ လက္ခဏာတွေလည်း ဖြစ်ပါတယ်။ ဒီလက္ခဏာတွေက သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ မမျိုးဥအိမ် ကင်ဆာတို့နဲ့ ဆက်စပ်မှု ရှိပါတယ်။

(၆) ဝမ်းသွားသော အလေ့အထ ပြောင်းလဲမှု ကြာရှည်ဖြစ်ပေါ်ခြင်း

ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ ဝမ်းထဲ သွေးပါတာ၊ လေထတာ၊ ဝမ်းအရည်ကျဲကျဲ သွားတာနဲ့ အူအလေ့အထ ပြောင်းလဲမှုတွေ ဖြစ်ရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဒါတွေက မီးယပ်သားဖွားကင်ဆာနဲ့ အူမကြီးကင်ဆာ လက္ခဏာတွေနဲ့ ဆက်စပ် နေတတ်ပါတယ်။

(၇) အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် များစွာလျော့ကျခြင်း

ဘာအကြောင်းရင်းမှ မရှိဘဲ ကိုယ်အလေးချိန် ၁၀ ပေါင်နဲ့အထက် လျော့ကျ တာက ပုံမှန် မဟုတ်ပါဘူး။ အမျိုးသမီး တစ်ဦးရဲ့ ကိုယ်အလေးချိန်က တစ်လအတွင်း အတက်အကျ ဖြစ်နိုင်ပေမယ့် ၁၀ ပေါင်နဲ့အထက် လျော့ကျရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

(၈) မိန်းမကိုယ် ပုံမမှန်ပြောင်းလဲမှုများ

မိန်းမကိုယ်မှာ အနာဖြစ်တာ၊ အရည်ကြည်ဖြစ်တာ၊ အရေပြား အရောင်ပြောင်း လဲတာနဲ့ မိန်းမကိုယ်ကနေ ပုံမမှန် အရည်ဆင်းတာတွေဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

(၉) ရင်သားပြောင်းလဲခြင်း

လစဉ် ရင်သား စစ်ဆေးမှုအတွင်း အဖုအကျိတ်ပေါ်တာ၊ နာကျင်တာ၊ ရင်သားက အရည်ထွက်တာ၊ ရင်သား နီမြန်းတာနဲ့ ရောင်ရမ်းတာတို့ ဖြစ်နေရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ပါ။

(၁၀) နုံးချည့်ညောင်းညာခြင်း

အဖြစ်များဆုံး ကင်ဆာလက္ခဏာ တစ်ရပ်က နုံးချည့်ညောင်းညာတာပါ။ ကင်ဆာ အဆင့်မြင့်တဲ့အခါ ပိုမို နုံးချည့် ညောင်းညာနိုင်ပေမယ့် ကင်ဆာ အစောပိုင်း အဆင့်မှာကတည်းက သိသာထင်ရှားတဲ့ ဝေဒနာပါ။ နေ့စဉ် ပုံမှန်လုပ်ဆောင်မှုတွေ လုပ်တာတောင် နုံးချည့်ညောင်းညာ နေဆဲဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ဆေးပညာဆိုင်ရာဆောင်းပါးများ

ယုံကြည်တယ် ချစ်သူ..



ကိုယ်.အနား
ချစ်သူမရှိပေမယ်.
သူအနားမှာ ရှိသလို ပျော်နေခဲ.တယ်
ယုံကြည်ခြင်းတွေ အပ်နှင်းလို.
ငါ.အတွက်
သူကြိုးစားနေတယ်ဆိုတာ သိပါတယ်
ချစ်တဲ.သူတိုင်း
အနားမှာရှိစေချင်ကြတာပါပဲလေ
ချစ်မိရင်နှလုံးသားတစ်ခုလုံး
ဆွဲငင်စေတာ အချစ်ရဲ.တန်ခိုးပါပဲလေ
တစ်စထက်တစ်စ
အချစ်တွေ ပိုခိုင်မြဲဖို.
အချိန်တွေ ရက်တွေ လတွေ မလိုဘူးနော်
အနိုင်ယူမှုကင်းတဲ.နားလည်မှု အချစ်ပဲလိုတယ်
ငါတို့နှစ်ယောက်တွက်ဖြူစင်တဲ့အချစ်
နားလည်ပေးနိုင်တဲ့နှလုံးသား
ဖျက်စီးမရတဲ့သံယောဇဉ်ကြိုးနဲ့ချည်နှောင်ထားတယ်နော်........

Bigasoft iPhone Ringtone Maker v1.7 Free








iPhone တွေအတွက် ကိုယ်နှစ်သပ်တဲ့ ringtone လေးတွေ ဖန်းတည်းချင်တဲ့သူများအတွက် ဒီ Software လေးက အဆင်ပြေပါတယ်၊ mp3 တင်မဟုတ်ပဲ Movie တွေကိုပါ ဖန်းတည်းယူလို့ရမှာ ဖြစ်ပါတယ်၊ လိုချင်သူများ အောက်မှာ ယူစေဗျာ၊ Full version ဖြစ်ဖို့ keys လေးလဲအထဲမှာရှာပေးထားပါကြောင်း၊

About:-
Bigasoft iPhone Ringtone Maker is an easy-to-use tool to make custom iPhone ringtone which can convert music like MP3 to iPhone ringtone M4R, even make custom iPhone ringtone M4R from your personal music/movie files including WMA, M4A, WAV, MP3, RA, AVI, MPEG, WMV, DivX, Xvid, MP4, H.264/AVC, AVCHD, MKV and so on, and sync to iPhone via USB cable automatically. Moreover, it can clip music and video segment you like as your unique iPhone ringtone.

Features List:
Convert MP3 to iPhone ringtone M4R
Make custom iPhone ringtone from music files
Create iPhone ringtone from video files
Transfer ringtone to iPhone automatically
Adjust ringer volume
Export to iTunes
Take whole song as ringtone
Customize ringtone duration
Listen before transfer
Music player onboard
Easy to use
Compatible with all Windows
iPhone 3GS support
 
 
 
credit -ခေတ်သစ်မောင်
 

ချစ်ခွင်.

Image Host
ချစ်မိတဲ့မောင့်အတွက်တော့
ရူးမတတ်ခံစားပြီး
အသည်းနှလုံးတွေတစ်စစီ
ကွဲကြေရပေမယ့်
အချိန်ဆိုတဲ့အရာက
တစ်စစီကွဲနေတဲ့အသည်းကိုပြန်ကောက်ပြီးဆက်ပေးခဲ့တယ်...............
ဒါပေမဲ့
ငယ်လေးရယ် အက်ကြောင်းလေးတွေတော့ထင်ကျန်ခဲ့တာပေါ့
ဘာပဲဖြစ်ဖြစ်ပါမောင်ကျေနပ်တယ်
အကောင်းဆုံးဆိုတဲ့အရာထဲက
အကောင်းဆုံးဆိုတာမောင် တွေ့ခဲ့တယ်
အဲ့ဒါကငယ်လေးနဲ့ဆုံတွေ့ရလို့ပဲ
သေချာတယ်
ဖြစ်နိုင်မယ်ဆိုရင်
နောက်ဘ၀မှာပါထပ်ချစ်ခွင့်ရချင်သေးတယ်
အမြဲတမ်းဆုတောင်းနေပါတယ်.............


  credit - *မောင်* ကဗျာ


မကြာခင် သီတင်းကျွတ်တော.မယ်


Free Pictures




တောင်းပန်ပါတယ် ဆိုတဲ.
စကားထက်
နောက်မလုပ်တော.ပါဘူး ဆိုတဲ.
ကတိတွေ မပေးပါနဲ.
မလိုချင်ဘူး
ကောင်းစေချင်လို. လမ်းညွန်ပေးတဲ.သူကို
လျှာရှည်တယ် မထင်ပါနဲ.
အမှားတစ်ခု လုပ်မိတိုင်း
ဝိုင်းပြောမယ်.သူ အများကြီး
ကိုယ်.က** စိတ်ဆင်းရဲမှု ကင်းပြီး
နားလည်ပေးနိုင်ဆုံးသူက
ကိုယ်.က** အချစ်ဆုံးလို. ထင်တယ်
အချစ်ဆိုတာ
ပူလောင်မှုများပြီး
အေးချမ်းခြင်းဆိုတာ
နည်းပါတယ်နော်
ကိုယ် ဆုပ်ကိုင်ထားတဲ. လက်တစ်စုံဟာ
ကိုယ်.ဘ၀ရဲ.
အေးမြခြင်း ခွန်အားဖြစ်ပါစေ
အနာဂတ်မှာ
ပျော်ရွင်သာယာတဲ.
မိသားစုလေး တည်ဆောက်နိုင်ကြပါစေ
                                         (မကြာခင် သီတင်းကျွတ်တော.မယ်နော်)

တစ်ခါတစ်လေ.....


တစ်ခါတစ်လေမှာ
အချစ်ဆုံးသူတွေက သစ္စာသွားတယ်
မထင်မှတ်တဲ.သူတွေက
နားလည်မှုတွေ ပေးတယ်
တစ်ခါတစ်လေမှာ
စိတ်တွေ မွန်းကျပ်လာတဲ.အခါ
သူ.ပခုံးလေးမှီပြီး
စိတ်ညစ်မှုတွေ ပယ်ဖျောက်ချင်တယ်
တစ်ခါတစ်လေမှာ
အ၇မ်းချစ်ပါတယ်ဆိုတဲ.သူဟာ
စိတ်ညစ်အောင်လုပ်တတ်တယ်
ကိုယ်.ကပစ်ပယ်ထားတဲ.သူဟာ
ကိုယ်.အတွက် ငိုကျွေးခြင်းရဲ.
ပခုံးလေးနဲ.မျက်ရည်သုတ်ပေးတဲ.
သူတစ်ယောက်ဖြစ်နေတတ်တယ်
တစ်ခါတစ်လေ
အနီးဆုံးလူဟာ
အဝေးဆုံးဖြစ်နေတတ်တယ်


စောင်.မျှော်နေသူ


ချစ်သူ
မိုင်တွေ ဘယ်လောက်ပဲဝေးကွာနေပါစေ
ချစ်သူသာ ကိုကို့ရင်ထဲမှာရှိနေတယ်ဆိုတဲ့စိတ်လေးနဲ့
အရာရာကိုကျေနပ်နေပါပြီ ချစ်သူ...

တစ်ချိန်ချိန်မှာတော့ တို့နှစ်ယောက်နီးစပ်ရမယ်ဆိုတဲ့
ခံစားချက်နဲ့ အနေဝေးနေတဲ့ တို့နှစ်ယောက် အတွက်
အင်းအားတွေ ဖြစ်နေပါနော် ...ချစ်သူ...

အနေနီးနီးဝေးဝေး ချစ်သူနှလုံးသားရဲ့ဘေး
ကိုကို့ အချစ်တွေတစ်သက်စာအတွက်
စတေးပေးထားတယ်.......

ကိုကို့ဘေး ချစ်သူမရှိသေးရင်လည်း
ချစ်သူအပေါ်ထားတဲ့ ကိုကို့အချစ်တွေအေးမသွားပါဘူး...

လွမ်းလိုက်တာ ချစ်သူရယ်.......

အခုလို လွမ်းနေရတဲ့ နေ့ ရက်ရှည်တွေ အစား ကိုကို ချစ်တဲ့
ချစ်သူမျက်နှာလေး မြင်တွေ့ ခွင့်ရမဲ့ နေ့ လေးရောက်ချင်ပီ...

မျှော်လင့်လိုက်ရတာ ချစ်သူရယ်........
တို့ နှစ်ယောက် အတူတူ ဆုံတွေ့ ခွင့်ရနိုင်မဲ့ နေ့ ရက်လေး
ဘယ်အချိန်များရောက်လာမလဲဆိုတဲ့ အတွေးတွေနဲ့ ပေါ့

ကြောက်နေမိတယ် ချစ်သူရယ်........
သိပ်ချစ်ရတဲ့ ချစ်သူ ဟိုးအဝေးကြီးမှာ ကိုကို့ကို မေ့ပီး ပျော်နေမလား
ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့  ချစ်သူအချစ်တွေပြောင်းလဲသွားမှာကိုလေ

သတိရနေပေးပါ ချစ်သူရယ်.........
ကိုကို့အနီးနားမှာ မရှိသေးပေမဲ့ ဟိုးအဝေးတစ်နေရာက
ချစ်သူကို လွမ်းနေ သတိရနေရင်း ချစ်သူနဲ့ အတူတူ ဆုံနိုင်ခွင့်ရမဲ့ နေ့ လေးကို
ကိုကို အချိန်တိုင်း စောင့်မျှော်နေတယ်ဆိုတာကိုပေါ့..
 
 

မိန်းကလေးများဖတ်သင်.သော စကား(၂၉)ခွန်း


(၁) ကိုယ့်ရှေ့က ဒီယောက်ျားဟာ ဘယ်လောက်ပဲကောင်းကောင်း ပြောစရာမရှိအောင် ကောင်းနေပါစေ။ သင့်ကို သူမချစ်ရင် ဒါဟာချွတ်ယွင်းချက်ပါ… ဒီချွတ်ယွင်းချက်ကို သင်လုံးဝပြောင်းလဲလို့ မရနိုင်ဘူး။

(၂) လူတစ်ယောက်ရဲ့ အကြီးဆုံးချွတ်ယွင်းချက်က တစ်ကိုယ်ကောင်းဆန်တာ၊ ရိုင်းစိုင်းတာ၊ မတည်တံ့တာ မဟုတ်ဘူး။ ကိုယ့်ကို မချစ်တဲ့လူတစ်ယောက်ကို ခေါင်းမာမာနဲ့ ဆက်ချစ်နေတာပဲဖြစ်တယ်။

(၃) သင့်လက်ရှိအနေထားဟာ ဘယ်လောက်ပဲဆိုးနေပါစေ။ သင့်ကို ချစ်တဲ့လူ ရှိနိုင်တယ်။ သင့်လက်ရှိအနေအထားဟာ ဘယ်လောက်ပဲကောင်းနေပါစေ။ သင့်ကို မချစ်တဲ့လူ ရှိနိုင်တယ်။

(၄) ဘယ်လောက်ပဲ လှအောင်ပြင်ပြင်၊ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ အဝတ်အစား ဝတ်ဝတ် ဒါတွေဟာ ခဏတာ ပဲဖြစ်တယ်။ စိတ်ရင်းစေတနာကောင်းတွေကမှ အပြင်ပန်းရဲ့ တကယ့်အလှဆုံးတွေဖြစ်တယ်။

(၅) သင့်ကို ဘာကြောင့်ထိခိုက်စေခဲ့သလဲလို့ အချစ်ကို သင်အပြစ်ဆိုခဲ့ရင် …. မေးပါရစေ…. စစချင်းမှာ အချစ်ရောက်ရှိလာဖို့ကို သင်ခေါင်းညိတ် လက်ခံခဲ့တယ် မဟုတ်လား!

(၆) ပါးစပ်နဲ့ပြောပြနိုင်တဲ့ သောကတွေဟာ တကယ့်သောကတွေမဟုတ်ဘူး။ သင့်ကို ခွဲသွားနိုင်တဲ့ချစ်သူဟာ တကယ့် ချစ်သူမဟုတ်ဘူး။

(၇) အချိန်တိုက်စားမသွားနိုင်တဲ့ ရင်ထဲက ဒဏ်ရာပါးပါးတချို့ဟာလည်း ပျော်ရွှင်ခြင်းတွေဖြစ်တယ်။

(၈) တကယ်လို့ လူတစ်ယောက်မှာ အားလပ်ချိန်မရှိဘူးဆိုရင် သူ မအားလပ်ချင်လို့ ဖြစ်တယ်။ တကယ်လို့ လူတစ်ယောက် ဟာ မသွားနိုင်ဘူးလို့ဆိုရင် သူခွဲမထွက်သွားချင်လို့ ဖြစ်တယ်။ တကယ်လို့ လူတစ်ယောက်မှာ ဆင်ခြေတွေသိပ်များနေပြီ ဆိုရင် သူအလေးမထားတော့လို့ဖြစ်တယ်။

(၉) သဘောတရားတစ်ခုကို နားလည်ထားရမယ်။ အဲဒီသဘောတရားက ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက် ကို အလွယ်တကူ နှစ်သက်နိုင်တယ်။ ဒါပေမယ့် အလွယ်တကူမချစ်မိနိုင်ဘူး။

(၁ဝ) တစ်ခါတလေမှာ သိပ်အာရုံမစိုက်နဲ့… ယောက်ျားတွေဟာ ဖြစ်ကတတ်ဆန်းနိုင်ပါတယ်။ ကိစ္စလေးတစ်ခုကို မေ့တာနဲ့ သင့်ကို သူမချစ်တော့တာ မဟုတ်ဘူး။ သင့်အတွေးနဲ့ သင့်ကိုယ်သင် မခြောက်လှန့်ပါနဲ့။

(၁၁) မိန်းကလေးတွေက ရင်ထဲကခံစားချက်တွေကို အလွယ်တကူ ထုတ်ပြတတ်တယ်။ ဒါပေမယ့် ယောက်ျားတွေက မဟုတ်ဘူး။

(၁၂) သူ့ကိုပြောင်းလဲဖို့ ဘယ်တော့မှ မကြိုးစားနဲ့။ ဘယ်သူကမှ ဘယ်သူ့ကို မပြောင်းလဲနိုင်ဘူး။ သင့်အတွက်နဲ့ သူပြောင်းလဲချင်စိတ် ရှိမရှိဆိုတာပဲ ရှိတယ်။

(၁၃) လွတ်လပ်ခြင်းဆိုတာ အဖိုးတန်တယ်။ ဒါပေမယ့် နေ့တိုင်းမှာ ထောင်သောင်းမကတဲ့ လူတွေဟာလွတ်လပ်ခြင်းကို အချစ်နဲ့လဲယူနေကြတယ်။

(၁၄) လောကမှာ ယောက်ျားကောင်းတွေ တစ်ယောက်မှမရှိဘူးလို့ မဆိုနဲ့။ သင့်ကို နာကျင်၊ စွန့်ပစ်ခဲ့တဲ့လူကိုအမုန်း ရန်ညိုးမထားနဲ့။ သင့်ကိုသူ ချစ်ခဲ့ဖူးပါတယ်။ ကြင်နာခဲ့ဖူးပါတယ်။ ခွင့်လွတ်ခြင်းက သင့်ကို ပိုလှပစေပါလိမ့်မယ်။

(၁၅) သူ့ချစ်သူ ဘယ်လောက်လှလဲ! သူ့ချစ်သူ ဘယ်လောက်ချောလဲလို့ သွားမစပ်စုနဲ့ သွားဂရုမစိုက်နဲ့။ ဒါဟာ စိတ်ရှုပ်စရာတွေကို သင့်ကိုယ်သင် ရှာယူနေတာဖြစ်တယ်။

(၁၆) ငိုယိုနေချိန်မှာ ဒေါသစကား မပြောနဲ့၊ ဆုံးဖြတ်ချက်တွေ မချနဲ့။ ဒါဟာ သင့်ကို နောင်တရစေလိမ့်မယ်။

(၁၇) သင် ဖြူစင်ရိုးသားတယ်ဆိုရင် ပြီးတာပဲ။ ဖြူစင်ရိုးသားချင် ဟန်ဆောင်တယ်ဆိုရင်တော့ သင်ပိုအရုပ်ဆိုး မည်းညစ်သွားမယ်ဆိုတာ မှတ်ထားပါ။

(၁၈) ကြိုးစားမှုတိုင်း အောင်မြင်လိမ့်မယ် မဟုတ်ဘူး။ ဒါပေမယ့် မကြိုးစားရင် လုံးဝ မအောင်မြင်နိုင်ဘူး။

(၁၉) မိန်းကလေးတွေ ကိုယ့်ကိုယ်ကို ချစ်တတ်ရမယ်။ ဘယ်လောက်ပဲ ထိခိုက်နာကျင်ရပါစေ.. ဘယ်လောက်ပဲ ဝမ်းနည်းကြေကွဲရပါစေ။ ခံစားနိုင်တယ်.. ဝမ်းနည်းနိုင်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို မချစ်လေ တခြားသူက သင့်ကိုမချစ်လေ ဖြစ်တယ်။

(၂ဝ) ရုပ်ရည်အလှအပ၊ အသိဉာဏ်၊ ငွေကြေး… စတဲ့အရာတော်တော်များများတွေက ကံစီမံရာဖြစ်တယ်။ အဲဒီအရာ တွေကို သင်ရဲ့မနာလို ဝန်တိုစိတ်နဲ့ ပြောင်းလဲဖို့ မကြိုးစားနဲ့။

(၂၁) ရင်ခွင်ကျယ်ကျယ်ထားပါ။ ဆုံးရှုံးသွားတဲ့အရာအတွက် နာကျင်ထိခိုက်မနေနဲ့….. သူဟာ သင့်အတွက် မဟုတ်ခဲ့ဘူး လို့ပဲ သတ်မှတ်လိုက်ပါ။

(၂၂) ရည်မွန်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ ရည်မွန်အောင် ဟန်မဆောင်ပါနဲ့။ ဟန်ဆောင်တာကို မိန်းကလေးတွေ မကြိုက်သလို ယောက်ျားလေးတွေက ပိုမုန်းတယ်။

(၂၃) ကိုယ့်အားကိုယ်ကိုးနိုင်အောင် အမြဲလုပ်ပါ။ ငွေကြေးအရာမှာဖြစ်ဖြစ်၊ အချစ်ရေးမှာဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုး နိုင်အောင် လုပ်ပါ။

(၂၄) သင့်မှာ ချစ်သူများကြောင်း၊ ယောက်ျားလေး သူငယ်ချင်းများကြောင်း လူတွေကို ကြွားဝါ၊ ပြသဖို့ မကြိုးစားနဲ့။ ဒါဟာ သင့်ကို လူတွေအားမကျစေတဲ့အပြင် သင့်ကို အထင်အမြင် သေးစေပါတယ်။

(၂၅) ငါ့ကိုချစ်လားလို့ အချိန်တိုင်း လိုက်လိုက်မမေးနဲ့။လိုက်လိုက်မေးတဲ့အချိန် သင့်ကို သူမချစ်ဘဲနေလိမ့်မယ်။

(၂၆) ယောက်ျားတစ်ယောက်ရဲ့ အကောင်း၊အဆိုးကိုသူ့ရဲ့စိတ်များတယ် တသမတ်တည်းဖြစ်တယ် ဆိုတာနဲ့ မခန့်မှန်းနိုင်ဘူး။ ဟိုးရှေးရှေးကတည်းက ယောက်ျားတွေဟာ စိတ်များခဲ့တယ်။ အဲဒီစိတ်ကိုသူထိန်းချုပ်နိုင် မနိုင်ဆိုတာနဲ့ပဲ ခန့်မှန်းလို့ရတယ်။

(၂၇) ရဲရင့်ထက်မြက်တဲ့ မိန်းကလေးတိုင်းဟာ ပျော့ညံ့တဲ့မိန်းကလေးတွေထက် ပိုလှပတယ်။ တကယ်လို့ သင်ချစ် တဲ့သူက သင့်ကိုမချစ်တော့တဲ့အခါ ရဲရဲရင့်ရင့် လမ်းခွဲပါ။ ဒါဟာ ပျော့ပျော့ညံ့ညံ့ လိုက်ကပ်နေတာထက်စာရင် ပိုကောင်းပါတယ်။


(၂၈) မိန်းမထက် မလုပ်ပါနဲ့။ ထက်မြက်တဲ့ မိန်းကလေးလုပ်ပါ။

(၂၉) အရက်နဲ့ ဆေးလိပ်ဟာ ဟိုရှေးယခင်က ခုချိန်ထိ မူးယစ်ဆေးလို့ သတ်မှတ်ထားကြတယ်။ မိန်းကလေးတွေ အတွက်တော့ အချစ်တစ်ခုတည်းနဲ့တင် အသက်ကို သေစေတတ်တယ်။
 
 
 

***ဗုဒ္ဓဘာသာဝင်တိုင်း သိမှတ်ထားသင့်သော “မေတ္တာသုတ်” အဓိပ္ပါယ်နှင့်၊ “မေတ္တာပွားရကျိုး” နှင့်၊ “မေတ္တာပွားသည့်အခါ အစွမ်းထက်လိုပါက လိုက်နာစောင့်ထိန်းဖွယ်များ”***


၁။ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိဝ မတန္ဒိတော။

**မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ကြမ်းတမ်းခက်ထန်သော ဘီလူး သရဲစသော နာနာဘာဝတို့သည် မခြောက်လှန့်နိုင်ကြကုန်၊ ယင်းသုတ်ကို နေ့ညမပြတ် ရွတ်ဖတ်သရဇ္ဈာယ်သောသူသည်...

၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ။
ပရိတ္တံ တံ ဘဏာမ ဟေ။

**ချမ်းသာစွာ အိပ်ပျော်ခြင်း၊ အိပ်နေစဉ်လည်း အိပ်မက်ဆိုးများ မမြင်မက်ခြင်းစသော အကျိုးဂုဏ်များရှိသောကြောင့် - အို သူတော်ကောင်းအပေါင်းတို့ ငါတို့ ရွတ်ဆိုကြပါစို့…

၃။ကရဏီယ မတ္ထကုသလေန၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနိ၊

**အကျိုးစီးပွားလိုလား၍ လိမ္မာကျွမ်းကျင်သောအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်၏ ဂုဏ်တို့ကို အာရုံပြုကာ ယခုကဲ့သို့မေတ္တာပွားမှုကို ပြုသင့်ပါပေ၏၊ ထိုသို့ မေတ္တာပွားလိုသူသည် တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊ ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်၏၊ အလွန် ရိုးဖြောင့်သူ ဖြစ်သင့်၏၊ ဆုံးမလွယ်သူ၊ သူတပါး၏စကားကို နာခံလွယ်သူဖြစ်ပြီး ကိုယ်နှုတ်နှလုံး သိမ်မွေ့ကာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းမာန်မာနလဲ မထားသင့်ပေ။

၎။ သန္တုဿကော စ သုဘရော စ၊
အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။

**စားသောက်စရာ၊ နေစရာအရာရာတို့တွင် ရှိသမျှဖြင့် တင်းတိမ်ရောင့်ရဲလွယ်သူ ဖြစ်သင့်၏၊ ကိုယ့်ဝမ်းတခါးအတွက် လွယ်လင့်တကူပေါ့ပါးစွာ အသက်မွေးနိုင်သူလည်း ဖြစ်သင့်၏၊ အပိုဗာဟိရ ကိစ္စ နည်းပါးနိုင်သလောက် ကျင့်သုံးသင့်၏၊ စိတ်သွားတိုင်းကိုယ်ပါနေသကဲ့သို့ ဖြစ်သင့်၏၊ ထို့ပြင်သာမက မျက်စိ၊ နားစသော ဣနြေ္ဒငါးပါးကို ထိန်းသိမ်းသူ၊ တည်ငြိမ်ရင့်ကျက်သူ၊ ဥာဏ်ပညာဖြင့် ချင့်ချိန်နိုင်သူလည်း ဖြစ်သင့်၏၊ ကိုယ့်နင့်ဆက်စပ်သော သူအားလုံးတို့အပေါ်၌ တွယ်တာမနေသင့်ပေ။

၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊
ယေန ၀ိညူ ပရေ ဥပ ၀ဒေယျုံ။
သုခိနောဝ ခေမိနော ဟောန္တု၊
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။

**ရှေးရှေးသော ပညာရှိတို့ ကဲ့ရဲ့အပ်သော မကောင်းမှုမှန်သမျှ အသေးအမွှားလေးကအစ ဘာတစ်ခုမျှ မပြုလုပ်ပါစေကုန်လင့်၊ သတ္တ၀ါအားလုံးတို့သည် ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ချမ်းသာကြပါစေသတည်း၊ ဘေးရန်ကင်းကွာ ချမ်းသာစွာ နေနိုင်ကြပါစေသတည်း၊

၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊
တသာ ၀ါ ထာဝရာဝ န၀သေသာ။
ဒီဃာ ၀ါ ယေ၀ မဟန္တာ၊
မဇ္ဈိမာ ရဿကာ အဏုက ထူလာ။

**ထွက်သက်ဝင်သက် အသက်ရှုနေကြသော သတ္တ၀ါမှန်သမျှ၊ ကြောက်ရွံ့ထိတ်လန့်တတ်ကြသောရဟန္တာမဖြစ်ကြသေးသော သတ္တ၀ါများ၊ မကြောက်မရွံ့ တည်ကြည်ငြိမ်သက်ကြသော ရဟန္တာမထေရ်မြတ်ကြီးများ၊ ခန္ဓာကိုယ်ရှည်လျားသော သတ္တ၀ါ၊ ခန္ဓာကိုယ်ကြီးမားသော သတ္တ၀ါ၊ မရှည်မတို၊ မကြီး မသေး အလယ်အလတ်ဖြစ်ကြသော သတ္တ၀ါ၊ ခန္ဓာကိုယ် ဆူဖြိုးသောသတ္တ၀ါ၊ အားဖြင့် နောက်ဆုံး အဏုမြူတမျှ သေးငယ်ကုန်သော သတ္တ၀ါတွေအပါအ၀င် အားလုံးတို့သည် ဘေးရန်မရှိ ချမ်းသာပကတိရှိကြပါစေ …

၇။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊
ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူတာဝ သမ္ဘဝေသီဝ၊
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။

**မျက်စိဖြင့် မြင်နိုင်သောမြင်ဖူးသောသတ္တ၀ါ၊ မမြင်နိုင်သော၊ မမြင်ဖူးသောသတ္တ၀ါ၊ ကျွနုပ် အဝေးမှာ ရှိနေသော၊ အနီးနားမှာ ရှိနေသော၊ မနီးမဝေးမှာ ရှိနေသောသတ္တ၀ါများ၊ နောင်ဘ၀မဖြစ်ရတော့သည့် ရဟန္တာစသော သူတော်ကောင်းတို့သည်၎င်း၊ နောင်ဘ၀ဖြစ်ကြအုံးမည့် ပုထုဇဉ် သေက္ခစသော သတ္တ၀ါအားလုံးတို့သည်၎င်း ဘေးရန်ကင်းကွာ ချမ်းသာကြပါစေကုန်သတည်း၊

၈။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊
နာည မညဿ ဒုတ္ခ မိစ္ဆေယျ။

**တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို၊ တိရိစ္ဆာန်တကောင်က တစ်ကောင်ကို ဘယ်လိုအကြောင်းကြောင့်မျှ၊ ဘယ်နေရာမှာမဆို၊ စဉ်းလဲကောက်ကျစ်မကောင်းကြံခြင်း၊ မာန်မာနထောင်လွှားကာ မထီမဲ့မြင် မပြုကြပါစေလင့်။
ကိုယ်နှုတ်တို့ဖြင့် စော်ကားပုတ်ခတ်ခြင်း၊ ဒေါသအာဃာတဖြင့် အချင်းချင်း သူတပါးဒုက္ခရောက်သည်ကို အလိုမရှိကြပါစေကုန်လင့်။

၉။မာတာ ယထာ နိယံပုတ္တ၊
မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။

**တစ်ဦးတည်းသော သားရှိသော မိခင်သည် မိမိသားအပေါ် ဘေးရန်မကျရောက်အောင် အသက်ပေးကာ စောင့်ရှောက်သကဲ့သို့ အကျိုးကျေးဇူးအနန္တများပြားလှသော မေတ္တာစိတ်ကို သတ္တ၀ါအားလုံးတို့အပေါ်တွင် ဖြန့်ကျက်နေနိုင်ကြပါစေ..

၁၀။မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ္ဗာဓံ အဝေရ မသပတ္တံ။

**အထက်ဘ၀ဂ် အရူပဗြဟ္မာ့ဘုံတိုင်အောင်၊ အောက်အ၀ီစိအပါယ်ဘုံတိုင်အောင်၊ အလယ်အလတ် လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ရူပဗြဟ္မာ့ဘုံ အပါအ၀င် နေရာမလပ် အကျိုးအနန္တများပြားလှသော၊ အတိုင်းအဆပမာဏ မရေတွက်နိုင်သော မေတ္တာစိတ်ကို ပွားများနိုင်ကြပါစေ၊ အပိုင်းအခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းမရှိ၊ ကိုယ်တွင်းဘေးရန်လဲ မရှိ၊ ပြင်ပရန်သူလဲ မရှိပဲ အေးချမ်းစွာ နေနိုင်ကြပါစေသတည်း၊

၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊
သယာနော ယာဝတာဿ ၀ီတမိဒ္ဓေါ။
ဧတံ သတႎ အဓိေ႒ယ်၊
ဗြဟ္မ မေတံ ၀ိဟာရ မိဓ မာဟု၊

**ရပ်နေစဉ်၊ လမ်းလျောက်နေစဉ်၊ ထိုင်နေစဉ်၊ ခန္ဓာကိုယ်လဲလျောင်းနေစဉ် ဘယ်အချိန်မှာမဆို စိတ်ပျံ့လွင့်မှုကင်း ကြည်လင်ရွှင်ပြစွာဖြင့် မေတ္တာစိတ်နှင့်ယှဉ်သော သတိကို ထားနိုင်ကြပါစေ.. ထိုကဲ့သို့ မေတ္တာစိတ် ဖြန့်ကျက်ကာ နေခြင်းကိုပင် မြင့်မြတ်သော ဗြဟ္မာကြီးတို့၏ နေထိုင်ခြင်း ဗြဟ္မ၀ိဟာရဟူ၍ ပညာရှိအပေါင်းတို့ ဆိုကြပေ၏။

၁၂။ ဒိဋ္ဌိဉ္စ အနု ပဂ္ဂမ္မ၊
သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနယ ဂေဓံ၊
န ဟိ ဇာတု ဂ ဗ္ဘသေယျ ပုန ရေတိ။
မေတ္တသုတ္တံ နိဋ္ဌိတံ။

**အမြဲမပြတ် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပွားများလေ့ ရှိသူသည်၊ အယူလွဲမှား ဖောက်ပြန်သောဘ၀သို့ မရောက်နိုင်တော့ပဲ လောကုတ္တရာသီလများနှင့် ပြည့်စုံပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ်များကိုပင်မျက်မှောက်ပြုရတတ်သည်၊ သက်ရှိ၊ သက်မဲ့ ၀တ္တုအာရုံ ကာမဂုဏ်ငါးပါးတို့၌ မက်မောတွယ်တာမှုများ ကင်းကွာကာ နောင်တဖန် ပဋိသန္ဓေတည်နေရခြင်း ဇာတိဒုက္ခကိုပင် မခံစားရတော့ပေ။
(မေတ္တာသုတ် မြန်မာပြန်အဓိပ္ပါယ် ပြီးပါပြီ)

“မေတ္တာအကျိုး ( ၁၁ )မျိုး”
===============
၁။ ချမ်းချမ်းသာသာ အိပ်ပျော်ခြင်း၊
၂။ ရွှင်ရွှင်ပြပြ အိပ်ရာနိုးခြင်း၊
၃။ မကောင်းသော အိပ်မက်ဆိုးများ မမက်ခြင်း၊
၎။ ပတ်ဝန်းကျင်မှ လူများ၏ချစ်ခင်မှု ရရှိခြင်း၊
၅။ လူမှတပါး အခြားသော ပရလောကမှပုဂ္ဂိုလ်များ ချစ်ခင်ခြင်း၊

၆။ ဘုန်းတန်ခိုးကြီးမားသော နတ်ဗြဟ္မာများ စောင့်ရှောက်မှု ခံရခြင်း၊
၇။ မီးဘေး၊ အဆိပ်ဘေး၊ ဒုတ် ၊ ဓားလက်နက် မှန်သမျှ မထိရောက်နိုင်၊
၈။ ကမ္မဋ္ဌာန်းတခုခုကို အာရုံပြုလျင် စိတ်တည်ကြည် သမာဓိရလွယ်ခြင်း၊
၉။ မေတ္တာစိတ်ကြောင့် အမြဲတမ်း မျက်နှာကြည်လင်နေခြင်း၊
၁၀။ သေခါနီးဝယ် ကြည်ကြည်လင်လင် ရွှင်ရွှင်ပြပြ သေနိုင်ခြင်း၊
၁၁။ ယခုဘ၀တွင် မဂ်ဖိုလ်မရလျင်တောင် မေတ္တာဈာန်ဖြင့် ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း၊

( မေတ္တာအကျိုး ဆောင်ပုဒ် )
မေတ္တာဂုဏ်ရည် , ဆယ့်တစ်လီကား , အညီသတ္တ၀ါ , မလပ်ပါအောင် , ခါခါနေ့စဉ် , မေတ္တာယှဉ်မှု , ကြည်လင်အိပ်ပျော် ထချိန်တော်၍ , နိုးသော် ရွှင်ရွှင် , အိမ်မက်မြင်လည်း , အစဉ်ကောင်းစွာ , မြင်မက်ရာ၏ ။ ပြည်ရွာလူသား , နတ်အများလည်း , မြင်ကြားသမျှ , ချစ်ခင်ကြသဖြင့် , ဒေ၀ထွေထွေ စောင့်ရှောက်လေ၏ ။ မီး , ရေ , ခိုးသူ , များရန်သူလည်း , မယူမဖျက် , မနှောက်ယှက်တည်း ။ စိတ်ဓာတ်လည်းတည် , မျက်နှာကြည်၍ , သေမည်ခါချဉ်း , တွေဝေကင်း၏ ။ မှန်းရင်းဓမ္မ , မဂ်မရလည်း , ဈာန်ရလေလစ် , ဗြဟ္မာဖြစ်သည် ... ဆယ့်တစ်မေတ္တာအကျိုးတည်း

“မေတ္တသုတ်တော်လာ လိုက်နာသင့်ဖွယ် ( ၁၅ )ချက်”
=============================
၁။ သက္ကောစ= တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊
၂။ ဥဇု စ= ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်သည်၊
၃။ သုဟုဇု စ= သာမာန်မဟုတ်ပဲ အလွန်ကောင်းစွာ ဖြောင့်မတ်သင့်၏။
၎။ သုဝစော စ= ဆိုဆုံးမ လွယ်သူဖြစ်သင့်၏၊
၅။ မုဒု စ= စိတ်ထား နူးညံ့သိမ်မွေ့သင့်၏၊

၆။ အနတိမာနီ စ= ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊ သူတပါးကို အထင်သေးခြင်း မာန်မာန မထားသင့်ရာ၊
၇။ သန္တုဿကော စ= ရောင့်ရဲလွယ်သင့်သည်၊
၈။ သုဘရော စ=အသက်မွေးမှုအတွက် မွေးမြူလွယ်သင့်သည်၊
၉။ အပ္ပကိစ္စော စ= အမှုကိစ္စ မှန်သမျှ နည်းပါးသင့်၏၊
၁၀။ သလ္လဟုက၀ုတ္တိ စ= ပေါ့ပါးသော အသက်မွေးခြင်းလဲ ရှိသင့်၏၊

၁၁။ သန္တိန္ဒြိယော စ= ငြိမ်သက်သော ဣနြေ္ဒရှိသင့်၏၊
၁၂။ နိပကော စ= ရင့်ကျက်သော တည်ငြိမ်သော ပညာဥာဏ်လဲ ရှိသင့်၏၊
၁၃။ အပ္ပဂဗ္ဘော= ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
၁၄။ ကုလေသု အနနု ဂိဒ္ဓေါ= အမျိုးလေးပါးတို့၌ တပ်မက်မှုမရှိသင့်ပေ၊
၁၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ - ဒုစရိုက်ကို အနည်းငယ်မျှလည်း မပြုကျင့်ရာ။


Special Thanks for your precious post – “ဗုဒ္ဓဘာသာစောင့်ရှောက်သူများအသင်း”

နှလုံးသားအာဟာရ